← Chapters

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း (၁၀၆၈) ရှေးဟောင်းတာအို၏ နားလည်နိုင်ခြင်း။

"သူက ဘယ်သူလဲ?။ သူက တကယ် ကောင်းကင်လှေကားကို တက်ဖို့ သတ္တိရှိတာလား?" ရှေးဟောင်းတာအို လှေကားထစ်ပေါ် တက်သွားသည်ကို ကြည့်ပြီး တစ်စုံတစ်ယောက်က အော်ပြော လိုက်သည်။

လူနှစ်ယောက်တောင် သေပြီးသွားပြီ။ ဤအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးသားများ သည် ကောင်းကင်လှေကားများနှင့် ပတ်သက်ပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပါ သည်။ ရှေးဟောင်းတာအို ထွက်လာသည်ကို မြင်တော့ သူတို့သည် သဘာဝအတိုင်း အလွန်မင်း အံ့ဩသွားကြပါသည်။

"မင်းက သူ့ကိုတောင် မသိဘူးလား?။ သူက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀၀ က ပြိုင်ဘက်ကင်း ပါရမီ ပညာရှင်တစ်ယောက်ပဲ" "သူက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀၀ ကတည်းက ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း စွမ်းအားကို ပိုင်ဆိုင်ထားပြီး သားပဲ။ ဒါပေယ့် သူက သူ့ရဲ့တပည့် နယ်သာဧကရာဇ်ယူကို ရှုံးနိမ့်ခဲ့ပြီး၊ သူရဲ့ခန္ဓာကိုယ် လည်း ဖျက်ဆီးခံလိုက်ရတယ်။ ဒါကြောင့်သာ သူ ပျောက်ကွယ်သွားခဲ့ရတာ။ ယခု, သူက သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး တစ်ဖန် ထွက်ပေါ်လာတာဆိုတော့ သူ့ရဲ့ ခွန်အားက အရင်လို အဆင့်မျိုးမှာပဲ ရှိနေဦးမလားဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမယ်, သူရဲ့ ယခင်အဆင့်မှာ ရှိနေရင်တောင်၊ သူက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်တွေထက် အားနည်းမှာတော့ မ‌ဟုတ်ဘူး။" တစ်စုံတစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။

အဆုံးတွင်၊ ရှေးဟောင်းတာအိုသည် လွန်ခဲ့သော မျိုးဆက်တစ်ခုမှ ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦး ဖြစ်သည်။ မျိုးဆက်တစ်ခုက ကိုးကွယ်ဆည်းကပ်ရသည့် ရုပ်တုတစ်ခုဟု ပင် ဆိုနိုင်ပါသည်။

သံသယဝင်သူ ထိုလူသည် ထိုစကားကို ကြားပြီး၊ ရှေးဟောင်းတာအိုကို ငေးကြည့်ရင်းနှင့် ရှေးဟောင်းတာအိုက ဘယ်လောက်အထိ သွားနိုင်မလဲဆိုကို သိချင်လာမိသည်။

“အဖေ, စီနီယာ ရှေးဟောင်းတာအိုက ထိပ်ဆုံးကို အောင်အောင်မြင်မြင် တက်နိုင်မယ်လို့ ထင်လား?" လူအုပ်ထဲတွင် ရှရှန်းယုက ရှဟောင်ချင်းကို မေးလိုက်ပါသည်။

ရှေးဟောင်းတာအိုသည် ချင်ယွင်၏ ဆရာသခင်ဖြစ်သောကြောင့်, ရှရှန်းယုက ချင်ယွင်လို တပည့်တစ်ယောက်ကို ကောင်းကင်ဘုံကို အံတုနိုင်သည့် ပုံရိပ်တစ်ခုဖြစ်လာအောင် မည်သို့ သင်ကြားပေးနိုင်လဲဆိုသည်ကို သိချင်နေခဲ့ပါသည်။

ရှဟောင်ချင်းသည် ရှရှန်းယု၏မေးခွန်းကို ကြားသောအခါ သူက ခေါင်းခါပြီး ပြောသည် "စီနီယာ ရှေးဟောင်းတာအိုက နာမည်ကြီးနေတာ ကြာပြီ။ သူ ကောင်းကင်လှေခါးကနေ တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်လှမ်းနိုင်စွမ်း ရှိမရှိဆိုတာကတော့ ပြောရခက် တယ်။ တကယ်လို့, သူသာ ဟိုတချိန်တုန်းက ရှေးဟောင်းတာအိုရဲ့ အထွတ်အထိပ် အနေထားမှာဆိုရင်တော့ သူ ယုံကြည်မှုပိုရှိလိမ့်မယ်။ အခုတော့ သူ… သူက... ဟင်း..”။

ရှရှန်းယုသည် ထိုစကားကို ကြားလိုက်သောအခါ သူမစိတ်ထဲတွင် ချက်ချင်း နားလည် သဘောပေါက်သွားခဲ့သည်။ သေချာသည်မှာ၊ သူမအဖေသည် ရှေးဟောင်းတာအိုကို မကြိုက်သလို တောင်ထိပ်သို့ အမှန်တကယ် ရောက်နိုင်မည်ဟုလည်း မထင်ထားပေ။

ရှရှန်းယုသည် ချင်ယွင်က ရှေးဟောင်းတာအိုကို ယုံကြည်မှုအပြည့်နှင့် ကြည့်နေသည်ကို အလိုအလျောက် ကြည့်လိုက်မိသည်။ ယင်းက သူမကို အနည်းငယ် အံ့အားသင့်စေသည်။

ချင်ယွင်သည် လွန်ခဲ့သည့်အချိန်က သူမအတွက် အဆိပ်ဖြေဆေးရှာဖွေရန် ကောင်းကင် ရေနန်းတော်ထဲကို တစ်ယောက်တည်း ဝင်ရောက်ခဲ့သည်ဆိုသည့်ကို သတင်းကို သူမ ကြားပြီးကတည်းက သူ၏နှလုံးသားသည် တည်ငြိမ်မူမရှိတော့သည်ကို သူမ တွေ့ရှိလိုက်ရ ပါသည်။ ချင်ယွင်၏ ပုံရိပ်သည် သူမ၏ နှလုံးသားထဲတွင် မကြာခဏ ပေါ်လာတတ်သည် ကို သူမ သတိထားမိသည်။

သို့သော်လည်း၊ ချင်ယွင်သည် အဘယ်ကြောင့် ထိုသို့ပြုရခဲ့သနည်းဆိုသည့် အကြောင်း အရင်းကို သူမအနေဖြင့် သိပါသည်။ အဓိကအားဖြင့် သူသည် သူမ၏ ကျေးဇူးကို ပြန်လည် ပေးဆပ်လိုသောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့်ပင်, ယင်းက သူမကို စိတ်ပျက်မူ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါသည်။ (ချင်မင်ရှီကို ကယ်တင်ရန်အတွက် သူမသည် အဆိပ်မိသွားခဲ့သည်။ ထိုကျေးဇူးကို ပြန်လည်ပေးဆပ်ရန်အတွက် ချင်ယွင်သည် ကောင်းကင်ရေနန်းတော်သို့ သွားခဲ့ခြင်းဖြစ်ပါသည်။)

အမြဲတမ်း မာနကြီးခဲ့သည် သူမသည် ချင်ယွင်ကို မည်သို့ရင်ဆိုင်ရမှန်းတောင် မသိတော့ ပါဘူး ။

ဘန်း…။

ရှေးဟောင်းတာအိုသည် နောက်ဆုံးတွင် ပထမဆုံး ကောင်းကင်ဘုံလှေကားသို့ တက်လှမ်းလိုက်သည်။

ရှေးနှစ်ယောက်ဖြစ်သည့် အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်နှင့် မတူတာ, ယခုတစ်ကြိမ်, ရှေးဟောင်းတာအို ဆရာသခင် လှေကားထစ်ပေါ် ခြေလှမ်းလိုက်စဉ်မှာ နတ်ဘုရားအလင်းတန်းများ ထုတ်လွှတ်လာခြင်းအပြင် လှေကားပေါ်တွင် လျှို့ဝှက် ဆန်းကြယ်သော ပုံစံတစ်ခုလည်း ပေါ်လာပါသေးသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော တော်ဝင်တာအို မြည်ဟီးက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"အမ်... ဘာလို့ ဒီလိုဖြစ်နေတာလဲ" လူတိုင်းက အံ့အားသင့်သွားသည့် အမူအရာများ ချက်ချင်း ပေါ်လာကြပြီး၊ အဘယ့်ကြောင့် ယခုလိုအခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်ကို နားမလည်ကြပေ။

ရှေးဟောင်းတာအို၏ မျက်လုံးများသည် လှေကားထစ်ကို ရှေ့ဆက်တက်သွားရင်း တောက်ပနေသည်။

သူ ခြေလှမ်းထွက်လာသည်နှင့်အမျှ လှေကားပေါ်ရှိ အလင်းရောင်သည် ပိုမို တောက်ပ လာခဲ့ပြီး လှေကားပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများလည်း ပိုမိုရှုပ်ထွေးလာသည်။

ဘန်း…။

ရှေးဟောင်းတာအိုသည် အဆင့် ၁၀၀၀ သို့ တက်လှမ်းသောအခါ တော်ဝင်တာအို၏ အသံများသည် ဆည်းလည်းသံနှင့် ဗုံသံများကဲ့သို့ ပဲ့တင်ထပ်ကာ ကောင်းကင်နှင့် မြေကြီး အနှံ့ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။ နတ်တောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

လူတိုင်း၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပိုမိုပြင်းထန်လာကာ ရှေးဟောင်း တာအိုကိုကြည့်သည့် သူတို့၏ အကြည့်များက ရိုသေလေးစားမှု အပြည့်နှင့် ဖြစ်လာသည်။

ရှေးဟောင်းတာအိုသည် ကြီးမားသော ခြေလှမ်းများဖြင့် လှေကားကို ဆက်တက်နေခဲ့ သည်။ လှေကားထစ်များကို တည့်တည့်တက်ရင်း သူ၏ခြေထောက်တွေက အလွန်သက် သောင့်သက်သာ ဖြစ်နေပါသေးသည်။

ရှေးဟောင်းတာအို၏ အရှိန်က အရမ်းကိုမြန်ပြီး၊ ခဏလေးအတွင်းမှာပင် လှေကားထစ် ၅၀၀၀၀ ကျော်သွားပါပြီ။

ဤလှေကားပေါ်တွင် လှေကားထစ်ပေါင်း တစ်သိန်းရှိသည်၊ ဆိုလိုသည်မှာ သူသည် သူ့ခရီး၏ တစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်သည်။

လူတိုင်း တုန်လှုပ်သွားကြသည်။ အစောပိုင်းတွင် ထိုအင်မော်တယ်ဘုရင်သည် ကောင်းကင်ဘုံလှေကား တစ်ထောင်အထိသာ လျှောက်လှမ်းခဲ့သော်လည်း ယခုအခါတွင် ရှေးဟောင်းတာအိုသည် လှေကားထစ်ပေါင်း ငါးသောင်း အမှန်တကယ် လျှောက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။ သူ တကယ်ပဲ ထိပ်ဆုံးကို အောင်အောင်မြင်မြင် တက်နိုင်ပါ့မလား?။

သို့သော် လူတိုင်းက ရှေးဟောင်းတာအို ရှေ့ဆက်တက်မည်ကို စောင့်မျှော်နေကြစဉ်၊ ရှေးဟောင်းတာအိုသည် တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ပင် ရပ်တန့်သွားကာ သူ၏ မျက်ခုံးများက တွန့်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက တုန်လှုပ်သွားကြသည်။ ရှေးဟောင်းတာအို လုပ်ဆောင်နေသည့်အရာကို သူတို့ နားမလည်ကြပါဘူး။

"ဟား..., ဟား..၊ ငါ နားလည်ပြီ" အားလုံးက ပဟေဠိဖြစ်နေကြစဉ်မှာ, လှေကားထစ်မှာ ရပ်နေသည့် ရှေးဟောင်းတာအိုက ရယ်မောလိုက်ပါသည်။

ဤရှေးဟောင်းတာအိုကို မည်သည့်အရာ နားလည်သွားသည်ကို မသိဘဲ လူတိုင်း ပို၍ပင် ရှုပ်ထွေးလာကြသည်။

ဝှီး...။

အားလုံးက ဝေခွဲမရဖြစ်နေကြစဉ်မှဦ, ရှေးဟောင်းတာအိုသည် တောင်ပေါ်ကနေ လွင့်ပျံလာသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လူအုပ်ကြီဆီသို့ ပြန်လာခဲ့ပါ သည်။

"အယ်၊ ဘာလို့ တော်ထိပ်ကို ဆက်ပြီး မတက်တော့တာလဲ?။ သူက စွန့်လွှတ်လိုက်တာ လား?။" လူတိုင်း ဝေခွဲမရဖြစ်စွာ မေးလိုက်ကြပါသည်။

သို့သော် ဤမေးခွန်းကို မည်သူမျှ မဖြေနိုင်ခဲ့ပါ။ ရှေးဟောင်းတာအိုသာ သူ၏စိတ်ထဲမှာဘဲ သိနိုင်သည်။

"ဆရာ ဘာဖြစ်လို့လဲ?" ချင်ယွင်က ရှေ့ကို လျှောက်လာပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

တကယ်လည်း, ရှေးဟောင်းတာအို ဆရာသခင်က အဘယ့်ကြောင့် ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့်ကို ရုတ်တရက် စွန့်လွှတ်လိုက်ရသည်ကို သူ နားမလည်ခဲ့ပါဘူး။ ဖြစ်နိုင်တာက သူ အထွက်အထိပ်နယ်ပယ်သို့ ဖြတ်ကျော်ရမည့်နည်းလမ်းကို သိပြီးသား ဖြစ်သွားခြင်းကြောင့်လား?။

"တောင်ထိပ်ကို တက်သွားတာက တကယ်ပဲ အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ အခွင့်အရေး ရနိုင်တယ်။ ဒါပေမယ့် အဲဒါက ငါ့အတွက် မသင့်တော်ဘူး၊ ဒါကြောင့် ငါ လက်လျှော့လိုက်တာ။" ရှေးဟောင်းတာအိုက ပြုံးပြီး ပြောသည်။

ရှေးဟောင်းတာအိုက သူ လက်လျှော့ခဲ့သည်ဟု ပြောခဲ့သော်လည်း သူ၏မျက်နှာက ခါးသီးဟန် အမူအရာမျိုး မပြခဲ့ပါဘူး။ ယင်းအစား၊ သူသည် ရုတ်တရက် ဉာဏ်အလင်းကို ခံစားလိုက်ရသည်။

ရှေးဟောင်းတာအို၏ စကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

သူက အထွက်အထိပ် နယ်ပယ်ကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကိုတောင် မလိုချင်ခဲ့ ဘူး။ ဤအရာက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်ခြင်းမျိုး မဟုတ်ဘူးလား?။ သူ တောင်ထိပ်ကိုတက်ဖို့ အကြောင်းပြချက် ရှာမ၍များလား?။

လူတိုင်းက ဆွေးနွေးနေကြသော်လည်း ရှေးဟောင်းတာအိုက ဂရုမစိုက်ဘဲ ကြီးစိုးသည့် အမူအရာ ရှိနေသည်။

ရှေးဟောင်းတာအို၏စကားများက မှန်သည်ဟု ချင်ယွင်က သဘာဝအတိုင်း ယုံကြည်ပါ သည်။ သူသည် ရှေးဟောင်းတာအို ဆရာသခင်ကို ကောင်းကောင်း နားလည်ထားသည်။ ရှေးဟောင်းတာအိုဆရာသခင်ကဲ့သို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူဝင့်ကြွားသူ တစ်စုံတစ်ယောက် သည် အကြောင်းအရာတစ်ခုကို ပြောသည်နှင့်, ထိုအကြောင်းအရာသည် ပြောသည့် အတိုင်း သေချာပေါက် ဖြစ်နိုင်ပါသည်။ သူသည် သူ၏မျက်နှာကို ကယ်တင်ရန် (သူမျက်နှာပျက်ရမည့်အရေးကို ကယ်တင်ရန်) ယခုလို ယုတ်မာသည့်နည်းလမ်းမျိုးကို အသုံးပြုမှာ မဟုတ်ပေ။ ထို့အပြင် အခြားသူများက မည်သို့ပင်ပြောစေကာမူ သူက ရှင်းပြမည့် လူစားမျိုးလည်း မဟုတ်ပေ။ ဤသည်မှာ သူ၏ ရှေးဟောင်းတာအိုဆရာသခင် ဖြစ်သည်။

"ချင်ယွင်၊ မင်း သွားကြည့်စမ်း။ မင်းနဲ့ ဟုကလေးမလေးကလွဲရင် တခြားဘယ်သူမှ အောင်အောင်မြင်မြင် မတက်နိုင်မှာကို ငါ ကြောက်မိတယ်။" ရှေးဟောင်းတာအိုက ပြောပါသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ရှေးဟောင်းတာအို ပြောနေသည့်လူက မည်သူလဲဆိုသည်ကို သူ သဘာဝကျကျ သိပါသည်။

ရှရှန်းယုလည်း ထိုအချိန်မှာ အံ့သြသွားသည်။ ရှင်းရှင်းပြောရရင်၊ သူမသည် ရှေးဟောင်းတာအိုက သူမကို ထုတ်ဖော်ပြောမည်ဟု မမျှော်လင့်ထားသည်မှာ ထင်ရှားပါ သည်။ သူမသည် သူမ၏လေးစားမှုကိုပြသရန် ရှေးဟောင်းတာအိုကို အနည်းငယ် ခေါင်းညိတ်ပြသည်။

"ဆရာ၊ ဆရာက ကျွန်တော့်ကို အပေါ်ကို တက်ခွင့်ပြုတယ်လို့ ဆိုလိုတာလား?။" ချင်ယွင် က မေးသည်။

"အင်း၊ မင်းနဲ့ ရှရှန်းယုကလွဲလို့ ကျန်တဲ့သူတွေဟာ ဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ အခွင့်အရေးထဲမှာ ပါဝင်နိုင်ခြင်းမရှိမှဦ ငါ ကြောက်မိတယ်။" ရှေးဟောင်းတာအိုက ပြောသည်။

ချင်ယွင် မှင်သက်သွားခဲ့သည်။ သူသည် အလွန်မင်း အံ့သြသွားရသည်။ ရှေးဟောင်းတာအို ဆရာသခင် အဘယ့်ကြောင့် ဒီလောက်သေချာနေမှန်း သူ မသိပါဘူး။

ရှရှန်းယုလည်း အလွန်အံ့သြသွားပြီး သူမ၏မျက်နှာက ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ သည်။

ပတ်ဝန်းကျင်ရှိလူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ ရှရှန်းယုသည် တောင်ထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည်ဟု ပြောခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။ ရှရှန်းယုသည် အင်မော်တယ်ကမ္ဘာတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ခဲ့ပါသည်။ သို့သော်, ချင်ယွင်နှင့်ပတ်သက်၍မူ လူတိုင်းသည် သူတို့၏ နှလုံးသားထဲတွင် မယုံကြည်နိုင်လောက် အောင် ခံစားရစေခဲ့သည်။

"ဟမ့်၊ ဒီလိုကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေက ခင်ဗျားရဲ့ လှည့်ကွက်တွေဆိုတာ ရှင်းလင်းသေချာနေတာပဲ။ နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် အနေနဲ့, ဒီလှေကားလေးကိုတောင် အနိုင်မယူနိုင်ဘူးဆိုတာ ကျုပ် မယုံဘူး။ ဒီနေ့ ခင်ဗျားရဲ့ လိမ်ညာမှုကြီးကို ကျုပ်ဖော်ထုတ်ပြမယ်။"

သို့သော် ဤအခိုက်အတန့်တွင် အေးစက်စက် နှာခေါင်းရှုံ့သံက ထွက်ပေါ်လာသည်။ လဲ့ထန်းလုံသည် ပေါက်ကွဲသံဖြင့် အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ စွမ်းအားအငွေ့အသက်က သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး လှေကားထစ်ဆီသို့ လျှောက်သွားခဲ့သည်။

All Chapters