အခန်း ၁၀၆၉
Vol. 72 Ch. 1069
အခန်း (၁၀၆၉) လူတစ်ယောက် နိမ့်ကျသည့်အချိန်မှာ သူနှင့်အတူ လိုက်ပါနှိမ့်ချခြင်း။
လဲ့ထန်းလုံ၏ စကားများသည် လူအများ၏နှလုံးသားကို တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။ ရှေးဟောင်းတာအိုနှင့် ခေတ်ပြိုင်မဟုတ်သူများသည် ရှေးဟောင်းတာအိုသည် လူအုပ်ကြီး ကို ဆိုးရွားသော စကားလုံးများဖြင့် လှည့်ဖြားနေသည်ဟု ခံစားမိကြပါ သည်။
ကျင်းရှန်၊ ရှဟောင်ချင်းနှင့် ရှေးဟောင်းတာအို၏ အထွတ်အထိပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့သော ဆံပင်ဖြူ အဘိုးကြီးတို့သာလျှင် ရှေးဟောင်းတာအိုသည် ထိုကဲ့သို့ ယုတ်မာသည့် နည်းလမ်းများကို အထင်သေးကြောင်း နားလည်ကြသည်။ သို့သော် သူတို့သည်လည်း ရှေးဟောင်းတာအို၏ စကားကို သံသယဖြစ်ခဲ့ကြသည်။
ရှေးဟောင်းတာအိုသည် သူ့ပတ်ဝန်းကျင်မှ လူအများ၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ဘူး။ သူသည် သူ၏မျက်နှာပေါ်တွင် အပြုံးဖြင့် တောင်ထိပ်ပေါ် တက်နေသော လဲ့ထန်းလုံကိုသာ ကြည့်နေသည်။
ရှေးဟောင်းတာအို၏ အမူအရာကို ကြည့်ရင်း, လဲ့ထန်းလုံ၏ မျက်လုံးများသည် ဒေါသနှင့် အတူ ချက်ချင်း တောက်ပလာရင်း, သူသည် လှေကားပေါ်သို့ တက်လှမ်းလိုက်ပါသည်။
နတ်နဂါးနှင့် အနီးစပ်ဆုံးဖြစ်သော နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးသည် သေးငယ်လှသည့် လှေကားထစ်များကိုကို အနိုင်ယူနိုင်စွမ်းမရှိဟု သူ မထင်ခဲ့ပေ။
ဘန်း…။
လဲ့ထန်းလုံသည် လှေကားပေါ်မှ ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။ လှေကားပေါ်ရှိ အေးစက်သော အလင်းရောင်သည် တော်ဝင်တာအို၏ဟစ်အော်သံနှင့်အတူ ပဲ့တင်ထပ်နေ သည်။ သို့သော် လှေကားပေါ်ရှိ ကောင်းကင်တာအိုပုံစံများက ထွက်ပေါ်မလာခဲ့ပါ။
"ဟမ့်၊ ဒီလှေကားက ဒီထက်ဘာမှ မပိုပါဘူး။ ငါလဲ့ထန်းလုံက ဒီတောင်ထိပ်ကို မရောက်နိုင် ဘူးလို့ ငါ မယုံဘူး။" လဲ့ထန်းလုံက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ပုံရိပ်က တောင်ထိပ်ရှိ လှေကားထစ်များဆီသို့ ရိုင်းစိုင်းစွာ ပြေးသွားခဲ့သည်။
မှန်ပါသည်၊ သူသည် ရိုင်းစိုင်းစွာ ပြေးနေခဲ့သည်။ သူလဲ့ထန်းလုံက ဤကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့်ဟုခေါ်သည့် ဤလှေကားကို လွယ်လင့်တကူ အောင်နိုင်သည်ဟု ထိုလူတွေကို အသိပေးချင်နေခဲ့သည်။
ဝှီး…။
လဲ့ထန်းလုံ၏ အရှိန်ဟုန်သည် နှေးသည်ဟု မပြောနိုင်ပေ။ သူသည် အသက်တစ်ရှိုက် အတွင်းမှာ လှေကားထစ် ၁၀,၀၀၀ ကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ သူသည် နည်းနည်းလေးမှ အဟန့်အတား ဖြစ်ပုံမပေါ်ပါဘူး။
"ဟား...။ ဟား...၊ ဒီလှေကားက ကြီးကြီးမားမား ဘာပြဿနာမှ မရှိပါဘူး၊ ဒီနေ့တော့ မင်းတို့ အမြင်ကျယ်ဖို့အတွက် ငါ တောင်ထိပ်ကို အောင်မြင်စွာ တက်လှမ်းလိုက်မယ်။" လဲ့ထန်းလုံက ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ၏ယုံကြည်မှုက တိုးမြင့်လာခဲ့သည်။
ဤလှေကားပေါ်တွင် အမှန်တကယ် မည်သည့်အန္တရာယ်မှ မရှိသည်ကို မြင်လိုက်ရသည့် အခါ, လူတိုင်းက အံ့ဩခြင်း အမူအရာများကို ထုတ်ဖော်လာကြသည်။
ဝှီး….။
လဲ့ထန်းလုံသည် အထက်လှေကားထစ်များကို ရူးသွပ်စွာ ပြေးသွားကျော်ဖြတ်နေခဲ့သည်။
နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း၊ ငါးသောင်း။
လဲ့ထန်းလုံသည် ယခင်က ရှေးဟောင်းတာအို ရပ်နေခဲ့သည့်နေရာကို ချက်ချင်း ကျော်သွားခဲ့သည်။
"ဟမ့်၊ ဒီမစင်သာသာ ကောင်းကင်ဘုံလှေကားထစ်တွေက လုံးဝ အန္တရာယ်မရှိဘူး။ အသတ်ခံရတာက မင်းတို့ရဲ့အရည်အချင်းက မလုံလောက်ဘူးလို့ ဆိုလိုတာပဲ။" လဲ့ထန်းလုံ သည် သူ၏စိတ်ထဲတွင် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ ဤကောင်းကင်ဘုံ လှေကားသည် သူ့အပေါ် သက်ရောက်မှုမရှိဟု ပို၍ပင် သေချာလာသောကြောင့် သူသည် လှေကားထစ်များကိုပင် အလျင်အမြန် တက်လာခဲ့သည်။
သို့သော် လဲ့ထန်းလုံသည် လှေကားထစ်ပေါင်း ၆၀၀၀၀ သို့ ရောက်သောအခါတွင် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ဤရုတ်တရက် ထွက်ပေါ်လာသော ကြောက်စရာကောင်းသော စွမ်းအားကို တွန်းလှန်ရန် သူသည် လေဟာနယ်စွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။
"ဘုန်း..”။
ကြီးမားပြင်းထန်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် လေဟာနယ် စွမ်းအားကို အပိုင်းပိုင်း ဖြတ်တောက်ကာ ချက်ချင်း ချေမှုန်းလိုက်ပြီး၊ ထို့နောက်တွင် လဲ့ထန်းလုံ၏ ခန္ဓာကိုယ်သည် ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် ချက်ချင်း ကွဲအက်သွားခဲ့သည်။
ဝှီး…။
လဲ့ထန်းလုံ၏ နဂါးစိတ်ဝိညာဉ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျံထွက်သွားခဲ့သည်။
လဲ့ထန်းလုံ၏ နဂါးစိတ်ဝိညာဉ်သည် ထိတ်လန့်တုန်လှုပ်သွားသည်။ အကယ်၍, သူ၏ ရုပ်ခန္ဓာသာ အသက်ရှင်နေသေးလျှင်, သူ၏အမူအရာက အလွန်မင်း ကြည့်ရဆိုးနေသည် မှာ သေချာပါသည်။ ယခုမူကား၊ သူ၏ရုပ်ခန္ဓာသည် ပျက်စီးသွားခဲ့ပြီး နဂါးစိတ်ဝိညာဉ် တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။
အောက်ခြေမှ လူအုပ်ကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး အေးစက်သည့် လေကို ရှုရှိုက်လိုက်ကြပါသည်။
မူလက လဲ့ထန်းလုံသည် တောင်ထိပ်သို့ အောင်မြင်စွာ တက်လျမ်းနိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ဤအရာက တကယ့်ကို ကြေကွဲဖွယ်ကောင်းပြီး ဝမ်းနည်းစရာပင်။
"လခွမ်းကွာ" လဲ့ထန်းလုံက ကျိန်ဆဲလိုက်ပါသည်။ သူသည် တောင်ထိပ်ကို ရောက်အောင် တက်လှမ်းရန် မအောင်မြင်ခဲ့သလို၊ သူ၏မျက်နှာကိုပင် ဖြတ်ရိုက်ခံရသည်။ ယင်းက သူ့ကို မျက်နှာပျက်စေသည်။
ယခုအခါတွင် သူ၏ရုပ်ခန္ဓာသည် ပျက်စီးသွားခဲ့ပြီး၊ သူ၏ ခွန်အားများသည် အလွန်မင်း ပျက်စီးသွားခဲ့သဖြင့် သူ၏ နှလုံးသားသည် အဆုံးမဲ့ နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။
"ဟမ့်၊ လဲ့ထန်းလုံ၊ ကျုပ်ဆရာပြောတာ မှားတယ်လို့ ခင်ဗျား မထင်ခဲ့ဘူးလား?" ထိုအချိန်တွင် လီတန်လုံ၏ နားထဲသို့ အသံတစ်ခုက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သို့သော် ထိုအသံသည် သေမင်း၏အသံကဲ့သို့ လဲ့ထန်းလုံ၏နားထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
"ချင်ယွင်, မင်းက တခြားလူတွေ အန္တရာယ်ကြုံနေတာကို အသုံးချချင်နေတာလား။" လဲ့ထန်းလုံသည် အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်ကာ ကျယ်လောင်စွာ အော်ပြော လိုက်သည်။
ယခုအချိန်မှာ, သူသည် နဂါးစိတ်ဝိညာဉ်တစ်ခုအနေဖြင့်သာ ကျန်တော့ပြီး၊ သူ၏ ခွန်အားမှာလည်း ယခင်ကထက် များစွာ အားနည်းသွားခဲ့ပြီ။ အကယ်၍, ချင်ယွင်က သူ့ကို အခုချိန် သတ်ချင်သည်ဆိုလျှင်, သူ သေမှာ သေချာပါသည်။
'"သူတစ်ပါး အန္တရာယ်ကြုံနေတာကို အခွင့်ကောင်းယူတာလား?. ခင်ဗျား ဒီလိုထင်တယ် ဆိုရင်လည်း မှန်တယ်။ ကျုပ်က ခင်ဗျားကို သေချာပေါက် သတ်ပေးမယ်လို့ ဟွမ်းထန်းလုံ ကို ကတိပေးခဲ့ရတယ်။ ထုံးစံအတိုင်း ကျုပ်က ကျုပ်ကတိသစ္စာ ကျေပွန်အောင် လုပ်ရလိမ့် မယ်။?" ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး၊ သူ၏အကြည့်တွေက လဲ့ထန်းလုံကို ရယ်မောစရာအဖြစ် ချက်ချင်း ရူမြင်လာသည်။
ယခင် ချိုင့်ဝှမ်းထဲမှာ ရှိစဉ်တုန်းက လဲ့ထန်းလုံသည် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ယခု ချင်ယွင်သည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
ချင်ယွင်သည် ဟန်ဆောင်တတ်သည့်လူမျိုး မဟုတ်ပေ။ တစ်ခါတလေ ခွေးတစ်ကောင်ကို ရိုက်ရခြင်းက ပျော်စရာကောင်းပါသည်။
"စက်ဆုပ်စရာပဲ၊ မင်းက ငါ့ကို သေစေချင်မှတော့ ဒီနေ့ မင်းရဲ့ခန္ဓာကိုယ်ကို ငါ သိမ်းပိုက်ရ လိမ့်မယ်။ အောင်း...." လဲ့ထန်းလုံက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ နဂါးစိတ်ဝိညာဉ်သည် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
သိမ်းပိုက်ရန်။
လဲ့ထန်းလုံ၏ အကြံအစည်က ခန္ဓာယ်ကိုယ်ကို အပိုင်သိမ်းဆည်းရန် ဖြစ်ပါသည်။ သူသည် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ယခင်က မြင်ဖူးပြီး သူ့ထက်ပင် သာလွန်ချင်နေသည်။ ယခုအချိန်တွင် သူ၏ရုပ်ခန္ဓာသည် ပျက်စီးနေပြီ ဖြစ်သည်။ ဤချင်ယွင်၏ ခန္ဓာကိုယ်သည် သူ့အတွက် အလွန်သင့်တော်သည်။
ဝှီး…။
လဲ့ထန်းလုံ၏ နဂါးစိတ်ဝိညာဉ်သည် အလွန်လျင်မြန်ပြီး လျင်မြန်လွန်းသဖြင့် လူတိုင်းက နောက်ဆက်တွဲ ပုံရိပ်အဖြစ်သာ မြင်နိုင်သည်။ သာမန် အင်မော်တယ် ဧကရာဇ်များသည် ထိုအရာကို ဖမ်းဆုပ်မိရန် ခက်ခဲလိမ့်မည်။
"ဟား...၊ ဟား...၊ ချင်ယွင်၊ မင်း သေသင့်တယ်။ ငါ့ရဲ့ မွေးရာပါနတ်ဘုရား စွမ်းရည်က စိတ်ဝိညာဉ်ကို ဝါးမျိုးခြင်းဆိုတာ မင်း မသိသေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။" လဲ့ထန်းလုံ၏ အသံသည် တစ်ဖန်ပြန်၍ ထွက်ပေါ်လာကာ သူ၏လေသံက အဆုံးမဲ့ ထိန်းချုပ်မူကင်းမဲ့ခြင်းနှင့် ပြည့်နှက်နေသည်။
အနီရောင်နဂါးစိတ်ဝိညာဉ်သည် ချက်ချင်းဆိုသလို ကောင်းကင်ကို ပျံတက်သွားကာ ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ နေရာဆီသို့ စူးစူးစိုက်စိုက် ဝင်ရောက်သွားတော့မည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ နှုတ်ခမ်းများသည် ပြုံးရယ်ဟန်ဖြင့် တွန့်ကွေးသွားကာ၊ နတ်ကြာပွတ်တစ်ချောင်းက သူ၏လက်ထဲတွင် ချက်ချင်း ပေါ်လာ သည်။
"ဖျန်း..”
ကျယ်လောင်သော ကြာပွတ်သံနှင့်အတူ ချင်ယွင်၏နဖူးမှ ဆယ်ပေအောက်သာ ဝေးတော့သည့် နဂါးစိတ်ဝိညာဉ်သည် ပြင်းထန်စွာ လွင့်ပျံသွားခဲ့သည်။
"မဖြစ်နိုင်...မဖြစ်နိုင်ဘူး၊ အဲဒါက အတိအကျ ဘာလဲ" လဲ့ထန်းလုံ၏ မျက်နှာသည် အလွန်မင်း ထိတ်လန့်သော အမူအရာ ပေါ်လာသည်။
ယခုလေးတင်, ချင်ယွင်၏ကြာပွတ်သည် သူ၏နဂါးစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားပြီး သူ၏စိတ်ဝိညာဉ်သည် ပေါက်ကွဲထွက်တော့မည့် နာကျင်မူကို ခံစားရစေသည်။
နဂါးမျိုးနွယ်၏ နဂါးစိတ်ဝိညာဉ်များသည် အလွန်အစွမ်းထက်ကြောင်းကို သိရှိထားရမည်။ ထို့အပြင်၊ သူ၏ မွေးရာပါနတ်ဘုရားစွမ်းရည်သည် စိတ်ဝိညာဉ် ဝါးမျိုခြင်းပင် ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်သည် တုနှိုင်းမရလောက်အောင် အစွမ်းထက်ပြီး၊ သာမန် အင်မော်တယ် ပစ္စည်းများ ထိခိုက်ဒဏ်ရာရစေနိုင်မည့် အရာမဟုတ်သည်မှာ သေချာပါသည်။
"ဒါကို နတ်ကြာပွတ်လို့ ခေါ်တယ်။ နတ်ဘုရားစိတ်ဝိညာဉ်တွေအပေါ်မှာ အထူး သက်ရောက်မူ ရှိတယ်။ အခု ခင်ဗျား အေးအေးဆေးဆေး သေနိုင်ပြီ မဟုတ်လား?" ချင်ယွင်က တဟားဟား ရယ်မောလိုက်ရင်း၊ သူ၏လက်ထဲမှ နတ်ကြာပွတ်ကို ဝှေ့ယမ်းကာ နောက်တကြိမ် ပစ်လွှတ်လိုက်ပါသည်။
ရှည်လျားသော ကြာပွတ်သည် စိတ်ဝိညာဉ်မြွေကဲ့သို့ ပျံထွက်သွားပြီး လဲ့ထန်းလုံ၏ နဂါးစိတ်ဝိညာဉ်ဆီသို့ ဦးတည်သွားလေသည်။
“မဟုတ်ဘူး…”
လဲ့ထန်းလုံသည် အလွန်မင်း မလိုလားဟန်ဖြင့် အော်ဟစ်လိုက်ပြီး၊ ထို့နောက် ရှည်လျားသော ကြာပွတ်သည် သူ၏စိတ်ဝိညာဉ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး၊ သူ၏ နဂါးစိတ်ဝိညာဉ်ကို လုံးလုံး ဖြိုခွဲပစ်လိုက်လေသည်။
လဲ့ထန်းလုံ၏ စိတ်ဝိညာဉ်သည် ပျောက်ကွယ်သွားကာ သူ၏စိတ်ဝိညာဉ်သည် မြေပြင်ပေါ် သို့ ပျံ့ကြဲသွားသည့် စိတ်ဝိညာဉ်မိုးရေအဖြစ် ပြောင်းလဲသွားပါသည်။
အောက်မှာရှိနေကြသည့် လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ, သူတို့အားလုံး အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာများကို ထုတ်ဖော်လာ ကြသည်။
ဤသည်မှာ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပါသည်။ နဂါးမျိုးနွယ်စု၏ နောက်ကွယ်တွင် အထွက်အထိပ် ကျွမ်းကျင်သူတစ်ဦး ရှိနေပါသည်။ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်ကို သတ်လိုက်သည့်အတွက် အထွက်အထိပ်နဂါးမင်းက သူ့ကို ဒေါသထွက်သွားမှာ မကြောက်ပေဘူးလား?။
လူတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်မင်းပြင်းထန်သော ခံစားချက်များကို ခံစားခဲ့ရသည်။ သူတို့အားလုံးသည် လဲ့ထန်းလုံအတွက် သနားကြသော်လည်း၊ မည်သူကမျှ သူ့အတွက် မရပ်တည်ခဲ့ကြပေ။ သူတို့မျက်လုံးထဲတွင် ဤအရာအားလုံးသည် လဲ့ထန်းလုံ ၏ အပြစ်ဖြစ်သည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်ကြာပွတ်ကို ရုတ်သိမ်းလိုက်ပြီး၊ အနီးနားရှိ လူများ၏ အံ့သြသော အကြည့်များကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူသည် ကောင်းကင် လှေကားဟုခေါ်သည့်အရာကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်ပါသည်။
ဝှီး...။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လှေကားရှေ့သို့ တိုက်ရိုက် ပျံသန်းသွားသည်။
ဟုတ်ပါသည်။ သူသည် ကောင်းကင်ဘုံလှေကားကို တက်ရန် ပြင်ဆင်လိုက်ပါသည်။
"ငါ့ကို အရင် သွားခွင့်ပြုပါ။" သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံလှေကားသို့ တက်ခါနီး တွင် အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ရှရှန်းယုသည် ရုတ်တရက် လူအုပ်ထဲမှ လျှောက်ထွက်သွားပါသည်။