အခန်း ၁၀၇၀
Vol. 72 Ch. 1070
အခန်း (၁၀၇၀) တောင်ထိပ်သို့ အောင်မြင်စွာတက်သွားခြင်း။
ချင်ယွင်သည် ရှရှန်းယုကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်ပါသည်။
ယခုအချိန်မှာ ရှရှန်းယုက ရှေ့ကို လျှောက်လှမ်းလာပြီး ကောင်းကင်ဘုံလှေကားကို ဖြတ်ကျော်ရန် တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ဒါဆို ငါ ရှေ့က လျှောက်လိုက်မယ်။ မင်းက ငါ့နောက်ကနေ လိုက်ခဲ့ပေါ့။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ?" ချင်ယွင်က ပြောသည်။
ရှရှန်းယု အနည်းငယ် ဆွံ့အသွားသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။
ထို့ကြောင့် ချင်ယွင်နှင့် ရှရှန်းယုတို့သည် ကောင်းကင်ဘုံလှေခါးဆီသို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာခဲ့ကြသည်။
"ချီးပဲ..၊ သူတို့က ဘာလို့ ဒီလောက်ရင်းနှီးနေကြတာလဲ?" ဆံပင်ဖြူ အဘိုးကြီးဘေးမှာ ရပ်နေသည့် ဟူဖန်းက သူမမျက်လုံးထဲတွင် ပြင်းထန်သော သတ်ပစ်ချင်စိတ်နှင့်အတူ အဝေးမှာ ကောင်းကင်ဘုံလှေကားပေါ်ကို တက်သွားကြသည့် အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ရင်း ပြောလိုက်ပါသည်။
အမျိုးသမီးတစ်ယောက်အနေဖြင့်, သူမသည် ယခုလေးတင်, ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်စဉ်မှာ ရှရှန်းယု၏ မျက်လုံးများတွင် နူးညံ့သိမ်မွေ့မှုကို အလွယ်တကူ ခံစားနိုင်ပါသည်။ ဤအရာက စိတ်ခံစားမှု၏ လက္ခဏာဆိုသည်မှာ သိသာလှပါသည်။
သူမ၏အမြင်အရဆို၊ ဤမျှမာနကြီးသော ရှရှန်းယုသည် ထိုကဲ့သို့ အမျိုးသားတစ်ယောက် ၏ ဆွဲဆောင်မူကို မည်သို့ခံသွားရသနည်း?။
သို့သော်လည်း သူမရှေ့မှ အဖြစ်မှန်က ရှရှန်းယုသည် ချင်ယွင်အပေါ် အမှန်တကယ် ခံစားချက်ရှိနေကြောင်း သူမကို ယုံကြည်စေခဲ့သည်။
"စိတ်မပူနဲ့။ ချင်ယွင်က အခုတကြိမ်မှာ သေချာပေါက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလူကလည်း လှုပ်ရှားဖို့ သဘောတူထားပြီးသားပါ။ အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ ခေါင်းတလားက ထွက်ပေါ်လာခဲ့ပြီ။ သူတို့လည်း ထိုင်ပြီး စောင့်ကြည့်နေရုံနဲ့ မရတော့ဘူး။ အခုအချိန်မှာ ငြိမ်ငြိမ်လေးပဲ ထိုင်စောင့်ရမှာ။." ဆံပင်ဖြူ အဘိုးကြီးသည် လမ်းလျှောက် တုတ်ကိုထောက်ကာ ဟူဖန်းထံသို့ အသံလွှင့်၍ ပြောလိုက်ပါသည်။
ဟူဖန်းက ခေါင်းညိတ်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်ချင်စိတ်က သူမမျက်လုံးထဲတွင် ထွက်ပေါ်လာခဲ့သည် "ချင်ယွင် ငါ နင့်ကို အချိန်ပိုကြာအောင် အသက်ရှင်ခွင့် ပေးလိုက်ဦး မယ်။ အချိန်တန်ရင် နင့်ခေါင်းကို သေချာပေါက် ဆုံးရှုံးရအောင် ငါ လုပ်ပစ်မယ်" သူမက အေးစက်စွာ ပြောသည်။
...
ဟူဖန်းသည် တိတ်တဆိတ် ရက်စက်ကြမ်းကြုတ်မူ ဖြစ်နေစဉ်မှာ, ချင်ယွင်နှင့် ရှရှန်းယုတို့ သည် ကောင်းကင်လှေကားပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘန်း…။
ချင်ယွင် ကောင်းကင်ဘုံလှေကားပေါ်သို့ တက်သွားသောအခါ ထူးဆန်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
တော်တင်တာအို၏ ကြောက်မက်ဖွယ်အသံများ ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ် သော ကောင်းကင်တာအို ပုံစံများသည် လှေကားများမှ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ချင်ယွင် နားမလည်နိုင်သော ဥပဒေသအမျိုးမျိုး ရှိနေပုံရသည်။
သို့သော်လည်း ဤစွမ်းအားသည် အတားအဆီးတစ်ခု မဟုတ်ခဲ့ပေ။ ထို့ကြောင့် ချင်ယွင် သည် တက်လှမ်းလာပြီးနောက် ၎င်းစွမ်းအားသည် ခုခံတားဆီးမှု လုံးဝ မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်, လှေကားထစ်များသည် အစိပ်စိပ်မွှာမွှာ ကွဲအက်နေသည့် လက္ခဏာများ ပြသနေပုံရသည်။
ရှရှန်းယုသည် ချင်ယွင်၏ နောက်မှ လိုက်ပါလာကာ လှေကားထစ်ပေါ်သို့ တက်လာခဲ့ သည်။ သူမတက်လှမ်းလိုက်သည်နှင့် လှေကားထစ်သည် ချက်ချင်းဆိုသလို ကွဲထွက်သွား ပါသည်။
"သွားရအောင်!"
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ရှရှန်းယုကို လှေကားဆီ အလျင်အမြန် ဆွဲခေါ်သွားပြီး၊ သူတို့နင်းလျှောက်ထားသည့် လှေကားထစ်တွေအားလုံး ကွဲအက်ပြီး ပြိုကျသွားပါသည်။
မြင့်မြတ်သော တောင်ကြီးတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေပြီး ပြိုကျမည့် အရိပ်အယောင်များ ပြသနေပုံရသည်။
တောင်ခြေမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ထိတ်လန့်သွားကြသည်။
တစ်ဖက်တွင်မူ၊ ချင်ယွင်နှင့် ရှရှန်းယုတို့သည် ထိုလှေကားထစ်များကို ရိုင်းစိုင်းစွာ ပြေးသွား ကြသည်။ လှေကားထစ်တစ်သောင်း၊ လှေကားထစ်နှစ်သောင်း… လှေကားထစ် ခုနစ်သောင်း၊ လှေကားထစ် ရှစ်သောင်း၊ လှေကားထစ် ကိုးသောင်း။
ချင်ယွင်နှင့် ရှရှန်းယုတို့သည် တောင်ထိပ်ဆီသို့ တည့်တည့် တက်သွားကြသည်။ အောက်မှ လူတွေအားလုံး အံသြနေကြပါသည်။
ယခင်က လဲ့ထန်းလုံနှင့် အခြားလူများသည် ဤလှေကားထစ်များကို ဖြတ်ကျော်ရန် ဆန္ဒရှိခဲ့သော်လည်း နောက်ဆုံးရလာဒ်မှာ အလွန် ဆိုးရွားခဲ့ကြသည်။ သို့သော် ယခုအချိန် တွင် ချင်ယွင်နှင့် ရှရှန်းယုတို့သည် မည်သည့်အတားအဆီးမှ မရှိဟု ထင်ရသည်။
"ဖြစ်နိုင်တာက, ရှေးဟောင်းတာအို ပြောခဲ့သလိုပဲ၊ သူတို့နှစ်ယောက်က တကယ်ပဲ တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်တော့မှာလား?" ချင်ယွင်နှင့် ရှရှန်းယုတို့ကို စိတ်ရှုပ်ထွေးဟန် အကြည့်များဖြင့် ကြည့်နေရင်း အောက်ရှိလူတိုင်း အံ့ဩသွားကြသည်။
ချင်ယွင်လည်း အံ့သြနေသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ကောင်းကင်ဘုံ လှေကားသည် ဤမျှလောက် အဆင်ပြေချောမွေ့နေလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ အခု သူတို့သည် တောင်ထိပ်နှင့် လှေကားထစ်သုံးထောင်သာ ကျန်ပါတော့သည်။ ထိုလှေကားထစ် သုံးထောင်ကို ဖြတ်ကျော်ပြီးသည်နှင့် သူတို့သည် တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်လှမ်းနိုင်တော့မည်။
ဘန်း…။
သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်လုံးသည် အဝေးမှ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်ပါသည်။
ချင်ယွင်သည် ထိုတိုက်ခိုက်မှုကို တားဆီးရန် လှည့်ကြည့်လိုက်ရင်း သူ၏အမူအရာက ပြောင်းလဲသွားသည်။
သို့သော် ဤစွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ချင်ယွင်၏ စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်နှင့်အမျှ, ၎င်းတို့သည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများကြောင့် ကွဲအက်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်လာခဲ့ ပြီး၊ သူ၏အရေပြားမှ သွေးများ စိမ့်ထွက်လာသည်။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းကို ဖိညှစ်နေမှန်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သို့သော် သူသည် နောက်ပြန် ဆုတ်သွား၍ မရနိုင်ပေ။ အကယ်၍, သူ နောက်ပြန် ဆုတ်သွားလျှင် သူ၏ နောက်တွင်ရှိသော ရှရှန်းယုပါ ဒုက္ခရောက်လိမ့်မည်။
"ချင်ယွင်" ရှရှန်းယုသည် ချင်ယွင်၏အပြောင်းလဲကို သဘာဝအတိုင်း မြင်နိုင်ပြီး၊ သူမ၏ မျက်လုံးများက ထိတ်လန့်နေသော အမူအရာ ဖြစ်ပေါ်လာရင်း အမြန်အော်လိုက်သည် ။
ထိုမြင်ကွင်းကို အောက်မှ လူအုပ်ကြီး မြင်လျှင် သက်ပြင်းအနည်းငယ် ချမိကြပါသည်။
အဆုံးမှာတော့, သူတို့လည်း မအောင်မြင်သေးပေ။ ဤကောင်းကင်ဘုံလှေကားကို မည်သူမှ ထိပ်ဆုံးရောက်အောင် တက်နိုင်မှာ မဟုတ်တော့ပါဘူး။
သို့သော်၊ ဤစွမ်းအားက ချင်ယွင်ကို ဝါးမြိုသွားလိမ့်မည်ဟု လူတိုင်းက ထင်မြင်နေစဉ်မှာ၊ ချင်ယွင်၏ ရင်ဘတ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာ သည်။ ထို့နောက် ထိုကြောက်မက်ဖွယ်ကောင်းသော အတားဆီး စွမ်းအင်အတက်အကျ လှိုင်းသည် အရည်ပျော်သွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားပုံရသည်။ ချင်ယွင်လည်း လွတ်မြောက်ခဲ့သည်။
"အကောင်ငယ်လေး၊ မင်းက ငါ့ကို ထပ်ပြီး ကယ်လိုက်ပြန်ပြီလား?" ချင်ယွင်သည် သူ၏ရင်ခွင်ထဲကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယခုလေးတင် စွမ်းအင်အတက်အကျ လှိုင်းက သူ၏ရင်ခွင်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် ဤအကြပ်အတည်း ကြုံနေရသည့် အခိုက်အတန့်မှာ, ဤကောင်လေးက သူ့ကို ကယ်တင်နိုင်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
ချင်ယွင်နှင့်အတူ ရှရှန်းယုလည်း အံ့သြသွားသည်။ သူမသည် ချင်ယွင်အတွက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းကို တားဆီးရန်၊ သူမ၏ အကန့်သတ်မဲ့ သူတော်စင်ခန္ဓာကိုယ်၏ စွမ်းအားကို စုစည်းရန် ကြိုးပမ်းနေသော်လည်း ဤစွမ်းအားသည် ထူးထူးခြားခြား ပျောက်ကွယ်သွားသည်ကို သူမ တွေ့ရှိခဲ့ရသည်။
"ဘာတွေ ဖြစ်နေတာလဲ?" အောက်ခြေမှ လူတိုင်းလည်း အလွန်အံ့သြသွားကြသည်။
"သွားရအောင်၊ ရှေ့ဆက်ကြရအောင်။" ချင်ယွင်သည် ရှရှန်းယု၏လက်ကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။ အလွန်လျင်မြန်စွာပင်, သူတို့သည် တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ။
သူတို့ တောင်ထိပ်ကို ရောက်သွားသည်နှင့် တောင်ထိပ်ပေါ်သို့ တက်လှမ်းရာ လှေကားများ လုံးဝ ပြိုကျပြီး ပျောက်ကွယ်သွားပါသည်။ အခြားလူများ တောင်ထိပ်ပေါ် တက်ရောက်နိုင် မည့် လမ်းကြောင်းကို လုံးဝ ဖြတ်တောက် ပစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း အလွန် အံ့သြသွားကြပါသည်။ အဆုံးတွင်၊ ရှေးဟောင်းတာအို ပြောခဲ့သည့်အတိုင်းပင် ၎င်းတို့နှစ်ဦးသည် အမှန်တကယ်ပင် တောင်ထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။
ရှေးဟောင်းတာအိုသည် သူ၏မျက်လုံးများတွင် အပြုံးမပျက် ဂုဏ်ယူစွာဖြင့် ရပ်နေလေသည်။
"ဆရာကြီး၊ ဂျူနီယာမောင်လေးနဲ့ ရှရှန်းယုတို့ပဲ တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်မယ်ဆိုတာ ဆရာ ဘယ်လိုလုပ် သိနေတာလဲ?" လျှိုထန်းက မတတ်နိုင်ဘဲ မေးလိုက်သည်။
ရှေးဟောင်းတာအိုသည် လျှိုထန်း၏မေးခွန်းကို ကြားသောအခါ ပြုံးပြီး ပြောသည် "အစကတည်းက ဒီလှေကားကို ထိပ်တန်းရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူသာ တက်နိုင်လိမ့်မယ်။ အဲဒီရုပ်ခန္ဓာကိုယ်ကလည်း အကန့်သတ်မဲ့ သူတော်စင်ရုပ်ခန္ဓာကိုယ်ပဲ ဖြစ်ရမယ်။ ဒီရှရှန်းယုက အကန့်သတ်မဲ့ သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် သူမက တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တယ်"။
"ဒါဆို ဂျူနီယာ မောင်လေးကကော၊ သူက အကန့်သတ်မဲ့ သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်မထားဘူး မဟုတ်ဘူးလား?" လျှိုထန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မှန်တယ်။ ချင်ယွင်က တကယ်ပဲ အကန့်သတ်မဲ့ သူတော်စင်ခန္ဓာကိုယ် ပိုင်ရှင်မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ခုနက သူဟာ အဲဒီစွမ်းအားရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတာ။ ပြီးတော့ ဒီတိုက်ခိုက်မှုကို သူ့ကိုယ်ပိုင်စွမ်းအားက ခုခံနိုင်တာ မဟုတ်ဘူး။ သူ့လက်ထဲက ကောင်လေးကြောင့်ပဲ။ အဲဒီကောင်လေးက အထွက်အထိပ် ပုဂ္ဂိုလ်တွေတောင် ကြောက်လန့်ရတဲ့အရာလေး ဖြစ်တယ်" ရှေးဟောင်းတာအိုက အရာအားလုံးကို သူ၏ လက်ဖမိုးကဲ့သို့ သိနေသည့်အလား ပြုံးရွှင်စွာ ပြောလိုက်သည်။
"အထွက်အထိ ပ်ပုဂ္ဂိုလ်တွေတောင် ကြောက်လန့်ရတဲ့အရာလား?" လျှိုထန်းက မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည်။
ချင်ယွင်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော နတ်ဆိုးလေးတစ်ကောင်ကို သူမ မြင်ဖူး သော်လည်း ဂရုမစိုက်ခဲ့ပေ။ ရှေးဟောင်းတာအို ပြောသည်ကို သူမ ကြားလိုက်ရတော့ ဤစကားက အကျိုးအကြောင်း မဆီလျော်ဟုပင် သူမ ခံစားလိုက်ရသည်။
ချင်ယွင်သည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း သို့မ၀င်မီ၊ သူ၏လက်ထဲတွင် နတ်ဆိုး အကောင်ငယ်လေး မရှိခဲ့ပေ။ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသို့ ဝင်ရောက်ပြီးမှသာ ထိုနတ်ဆိုးကောင်ငယ်လေးသည် သူ၏လက်ထဲတွင် ပေါ်လာခြင်း ဖြစ်သည်။ ဆိုလိုသည် မှာ ဤနတ်ဆိုးသားရဲလေးသည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းရောက်မှသာ သူ ကြုံတွေ့ခဲ့ရသည့် အရာလေးဖြစ်သည်။ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းမှာ နေထိုင်နိုင် သည့် နတ်ဆိုးသားရဲ တစ်ကောင်သည် ရိုးရှင်မည်တဲ့လား?။
လျှိုထန်းသည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ရှေးဟောင်းတာအိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်။ အဲဒါ ရှေးဟောင်း သူတော်စင် သားရဲလေးပဲ။" ရှေးဟောင်းတာအိုက စိတ်ရှုပ်ထွေးဟန် အမူအရာဖြင့် တောင်ထိပ်ကို ကြည့်ရင်း ပြောလိုက်သည်။
လျှိုထန်းသည် ဒဏ္ဍာရီတစ်ခုကို သတိရမိသောကြောင့် မျက်မှောင်ကြုတ်မိသည်။ ထိုဏ္ဍာရီက “အကယ်၍ ရှေးဟောင်း သူတော်စင်သားရဲ ထွက်ပေါ်လာခဲ့မည်ဆိုလျှင်, ကောင်းကင်နှင့်မြေကြီးသည် ဘေးဆိုးကြီးများ ထွက်ပေါ်လာလိမ့်မည်”ဟူ၏။