အခန်း ၁၀၇၁
Vol. 72 Ch. 1071
အခန်း (၁၀၇၁) စိတ်ကူး၍ပင်မရနိုင်သော။
ချင်ယွင်နှင့် ရှရှန်းယုတို့ကို တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက် သူတို့ကို စောင့်ကြိုနေသည့် သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
သူတို့ရှေ့တွင် ကြီးမားသော ကြေးနီရောင် ခေါင်းတလားကြီးတစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ ဤခေါင်းတလားကြိးသည် အလျားနှစ်မီတာခန့် ရှိပြီး အနံတစ်မီတာခန့် ရှိသည်။ ၎င်းပေါ်တွင် ထူးဆန်းသော အစီအရင် ပုံစံများ ထွင်းထုထားသည်။ ၎င်းတို့တွင် အကန့်အသတ်မဲ့ စွမ်းအားများ ပါဝင်နေပြီး၊ အလွန်ရှေးကျသော စာလုံးများနှင့် ဆင်တူသည်။
ခေါင်းတလား၏ အောက်တွင် ထူထပ်သိပ်သည်းသော အစီအရင် ပုံစံများဖြင့် ဖုံးလွှမ်းထား သည့် ဧရာမ အစီအရင်ဝင်္ကပါစင်မြင့်ကြီးတစ်ခု ရှိနေသည်။ အချင်းဝက် မီတာတစ်ရာနီးပါး ရှိသော ထိုအလင်းတန်းသည် ဤအစီအရင်ဝင်္ကပါမှ ထွက်ပေါ်နေပြီး ခေါင်းတလားကို ဖုံးအုပ်ထားသည်။
"ဒီခေါင်းတလားက ဒဏ္ဍာရီလာ အထွက်အထိပ် နတ်ဘုရားရဲ့ ခေါင်းတလားများ ဖြစ်နေမလား?။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
ဘေးနားတွင် ရှန်းယုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ သိမ်မွေ့သော မျက်လုံးများသည် အဝေးမှ နတ်ဘုရား၏ ခေါင်းတလားအား စိုက်ကြည့်ကာ သူမ၏ အမူအရာက အလွန်မင်း ဆိုးရွားလာပါသည်။
"ဘာဖြစ်နေတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ထိုအချိန်မှစ၍ ရှရှန်းယု၏ မျက်လုံးများသည် ခေါင်းတလားကို ဘယ်သောအခါမှ မခွာတော့ဘဲ၊ သူမ၏မျက်နှာပေါ်ရှိ အမူအရာလည်း အလွန်မင်း လေးနက်နေခဲ့သည်။ ဤအချက်ကြောင့် ရှရှန်းယုသည် တစ်ခုခုမှားယွင်းနေပြီစု ချင်ယွင်ကို ခံစားရစေပါသည်။
"အရင်က ဒီနေရာကို ရောက်ဖူးသလိုပဲ။ ပြီးတော့, ဒီခေါင်းတလားက ရင်းနှီးတဲ့ အငွေ့အသက်ကို ခံစားရတယ်။ ဒါပေမယ့် ဘယ်လိုပဲ စဉ်းစားပါစေ, အဲဒါကို မမှတ်မိဘူး" ရှရှန်းယုက သူမသည် သတိပြန်ရအောင် အတတ်နိုင်ဆုံး ကြိုးစားနေသကဲ့သို့ ခေါင်းယမ်း ကာ ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်က တုန်လှုပ်ချောက်ချားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ရှရှန်းယု မွေးဖွားခဲ့သည်မှာ နှစ်တစ်ရာအောက်သာ ရှိပါသေးသည်။ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသည် လွန်ခဲ့သည့် အနှစ်တစ်သိန်းက ရှိခဲ့လျှင် တစ်ကြိမ်သာ ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ရှရှန်းယုသည် ယခင်က ဤနေရာတွင် မည်သို့ ရှိနေခဲ့သနည်း?။ ယခုမူ ရှရှန်းယု က သူမသည် ဤခေါင်းတလားနှင့် ရင်းနှီးကြောင်း ပြောဆိုနေခဲ့သည်။ ဘာဖြစ်နေသလဲ?။
ဘန်း..။
ထိုအချိန်တွင် ရှရှန်းယုသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး အလင်းတိုင်ကြီး ရှိရာ ခေါင်းတလားဆီသို့ လျှောက်သွားပါသည်။
"မသွားနဲ့။" ချင်ယွင်က အမြန် တားလိုက်သည်။
သို့သော် ရှရှန်းယုသည် ထိုစကားကို မကြားတော့ဘဲ ခေါင်းတလားဆီသို့ တည့်တည့် လျှောက်သွားသည်။
ဤအစီအရင်ဝင်္ကပါအလင်းတိုင်ကြီးတွင် အနှိုင်းမဲ့ စွမ်းအင်ပမာဏများစွာ ပါရှိနေသည်မှာ ထင်ရှားပါသည်။ ဤကဲ့သို့ အမှန်တကယ် လျှောက်သွားပါက ဤအစီအရင်ဝင်္ကပါ၏ အစွမ်းဖြင့် ညှစ်သတ်ခံရမည်မှာ သေချာပါသည်။
"ရှရှန်းယု နိုးထစမ်း..?" ချင်ယွင်သည် ရှရှန်းယုကို အမြန် တားဆီးလိုက်ချင်သည်။
သို့သော်လည်း ရှရှန်းယုသည် ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချရင်း, သူမ၏ အမူအရာက အေးစက်သွားခဲ့သည်။
ချင်ယွင်က သူ၏ရင်ဘတ်ကို အုပ်ထားပြီး ပါးစပ်ထောင့်မှ သွေးများ စီးထွက်နေသည်။ သူ၏မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာပါသည်။
ရှရှန်းယုသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်တွင်သာ ရှိပါသေးသည်။ သူမ၏ နည်းလမ်းများကို အသုံးပြုခဲ့လျှင်ပင်, သူမသည် အများဆုံး ကောင်းကင်တာအို နယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်ပါသည်။ သို့သော်, အစောပိုင်းက ထိုလက်ဖဝါး ရိုက်ချက်သည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ တွင် ရှိနေသည်မှာ ထင်ရှားပါသည်။ ထိုသို့မဟုတ်လျှင်, ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ခွန်အားဖြင့်ဆို, သူနေရာမှာ ရပ်နေလျှင်ပင်, ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ ကျွမ်းကျင်သူတစ်ဦးက သူ့ကို သတ်နိုင်မည် မဟုတ်ပေ။
"ရုတ်တရက်ကြီး သူမ ဘယ်လိုလုပ် သန်မာလာရတာလဲ?" ချင်ယွင် အံ့ဩသွားသည်။
ဝှီး....။
ထိုအချိန်တွင် ရှရှန်းယု၏ရုပ်အသွင်သည် ချက်ချင်း ပျံထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မီတာတစ်ရာကျော်ရှိ အလင်းတိုင်လုံးကြီး ရှေ့သို့ ရောက်ရှိလာသည်။
ဘန်း..။
ချင်ယွင်ကို အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့ပါသည်။ ရှရှန်းယု၏ ခန္ဓာကိုယ်သည် အတားအဆီးမရှိဘဲ အလင်းတိုင်လုံးကြီးကို ထိုးဖောက်ကာ လွင့်မျောနေ သော ခေါင်းတလားဆီသို့ တိုက်ရိုက် သွားပါတော့သည်။
ဤမြင်ကွင်းကို ကြည့်နေချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ပြူးကျယ်နေပြီး၊ သူ၏ မျက်နှာက အံ့အားသင့်နေသည့် အမူအရာများ ပေါ်လွင်နေသည်။
လက်ရှိ ရှရှန်းယုသည် ယခင်က ရှရှန်းယု မဟုတ်တော့ဘဲ သူ့အပေါ် ကြီးမားသော ဖိအားတစ်ခု ရှိနေသကဲ့သို့ ခံစားလာရသည်။
ဘန်း…။
ထိုအချိန်တွင် ရှရှန်းယု၏ လက်များသည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်သင်္ကေတ များကို စတင် ဖွဲ့စည်းလိုက်ပါသည်။ ရှရှန်းယု၏လက်မှ ထူးထူးခြားခြား စွမ်းအင် အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် အလင်းတိုင်လုံးကြီးသည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။
"ဒါ...ဒါက လက်ဟန်သင်္ကေတနဲ့ အစီအရင်ဝင်္ကပါကို ဖြိုခွင်းလိုက်တာလား?" ချင်ယွင်က အံ့သြစွာ ပြောသည်။
ပုံမှန်အားဖြင့် အစီအရင်ဝင်္ကပါများကို ချိုးဖြတ်ရန်အတွက် အစီအရင်ဝင်္ကပါနှင့် သက်ဆိုင်သော လက်ဟန်သင်္ကေတများ လိုအပ်ပါသည်။ သို့သော်လည်း အစီအရင်ဝင်္ကပါ ကို ဖန်တီးသူများသာ ဤအကြောင်းကို သိနိုင်မည် ဖြစ်သည်။ ယခုမူ ရှရှန်းယုသည် ဤအစီအရင်ဝင်္ကပါ၏ လက်ဟန်သင်္ကေတများကို အမှန်တကယ် ထုတ်လွှတ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူမသည် ဤအစီအရင်ဝင်္ကပါကို ချမှတ်ခဲ့သူဟု ဆိုနိုင်ပါသည်။
ဤအကြောင်းကို တွေးတောရင်း၊ ချင်ယွင်သည့် မယုံနိုင်စရာ ခံစားချက်တစ်ခု ရှိလာခဲ့သည်။
ရှရှန်းယုသည် နှစ်တစ်ရာအောက်သာ အသက်ရှင်နေထိုင်ခဲ့သော်လည်း ဤအစီအရင် ဝင်္ကပါသည် အနည်းဆုံး နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ။ ယခုလို ဤအစီအရင်ဝင်္ကပါ တစ်ခုကို သူမ မည်သို့ တည်ဆောက်နိုင်မည်နည်း?။
"ဒါက အထွက်အထိပ်နတ်ဘုရား ခန္ဓာကိုယ်နဲ့ ပတ်သက်မှု ရှိနေနိုင်မလား?" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အလွန်အတင့်ရဲ့သော အကြံတစ်ခုကို မတွေးမိဘဲ မနေနိုင်ခဲ့ပါချေ။
ထို့ကြောင့်သာ ရှရှန်းယုသည် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်ဘဝက အထွက်အထိပ်နတ်ဘုရား တစ်ပါး ဖြစ်ခဲ့ဖူးလိမ့်မည်။ သို့သော်လည်း သူမသည် အတင်းအကြပ် လူပြန်ဝင်စားရန် ကောင်းကင်ဘုံကို အံတုသော နည်းလမ်းများကို အသုံးပြုခဲ့သည်။ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်း၏သင်္ချိုင်းသည် သူမ ပြန်လည်မမွေးဖွားခင် သူမကိုယ်တိုင် ချမှတ်ထားသော ထောင်ချောက်တစ်ခု ဖြစ်နိုင်ချေများပါသည်။ ထိုသို့ဖြစ်မှသာ သူမသည် ပြန်လည်ရှင်သန် ပြီးသည်နှင့် အဓိပတိဉသျှောင်နယ်ပယ်ထဲသို့ ပြန်လည်းတက်လှမ်းနိုင်လိမ့်မည်။
ချင်ယွင်၏ နှလုံးသားထဲတွင် ထိုအတွေး ပေါ်ထွက်လာသည်နှင့်၊ ချင်ယွင်သည် တုန်လှုပ်ချောက်ချားမူကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။
ထိုသို့ဆိုလျှင် ရှရှန်းယုသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေလိမ့်မည်။
ယခု ရှရှန်းယုသည် လူပြန်ဝင်စားပြီးနောက်တွင် သူမတွင် စိတ်ဝိညာဉ်အသစ်တစ်ခု ရရှိလာခဲ့သည်။ အကယ်၍ အတိတ်က အထွက်အထိပ်ကျွမ်းကျင်သူသည် ပြန်လည် ရှင်သန်လိုပါက, ရှရှန်းယု၏စိတ်ဝိညာဉ်အသစ်ကို လုံးဝ ဝါးမျိုရပေလိမ့်မည်။ ထိုအချိန်တွင် ရှရှန်းယုသည် မတည်ရှိနိုင်တော့ပါ။
ချင်ယွင်သည် ရှရှန်းယုကို နှစ်သက်သဘောကျသည့် အဆင့်အထိ မတိုးတက်သေးသော် လည်း၊ သူသည် သူမနှင့် အချိန်အတော်ကြာ လက်တွဲပြီးနောက် ရှရှန်းယုကို ကောင်းမွန်သည့် အမြင်ရှိပါသည်။ ထို့ကြောင့် ချင်ယွင်သည် ရှရှန်းယု ဝါးမျိုခံရမည်ကို မမြင်လိုသည်မှာ သေချာပါသည်။
ဘန်း...
ချင်ယွင်က သူ၏နှလုံးသားထဲတွင် မှန်းဆချက်များက ကျယ်လောင်သံနှင့်အတူ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထွက်ပေါ်လာပါသည်။ ရှရှန်းယုသည် ခေါင်းတလားရှေ့သို့ လျှောက်သွားပြီး လက်တစ်ဖက်ဖြင့် ကြမ်းကြုတ်စွာ ပုတ်လိုက်သည်။
ခေါင်းတလားသည် ချက်ချင်းဆိုသလို ပြင်းထန်သော ကျယ်လောင်သည့် အသံကို ထုတ်လွှတ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်း တစ်ခုက ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ သူသည် ၎င်းအား တားဆီးရန် သူ၏ခွန်အားအားလုံးကို ဆောလျင်စွာ စုစည်းထားသော်လည်း ဤကြောက်မက်ဖွယ် ကောင်းသော တွန်းကန်အားကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်နေရဆဲ ဖြစ်သည်။
သူ၏ခြေဖဝါးအောက်က တောင်ထိပ်သည် ပြိုကျလာပြီး အက်ကြောင်းများသည် တောင်ထိပ်မှတဆင့် အောက်ကို ပြန့်နှံ့သွားခဲ့သည်။ တခဏအတွင်းမှာပင် ၎င်းတို့သည် လုံးဝ ပြိုကျလုနီးပါးဖြစ်သည်အထိ တောင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။ ဤသည်မှာ နတ်တောင်ဖြစ်ပြီး အစွမ်းထက်သော တန်ခိုးအစွမ်းများ ပါရှိနေသည်။ ၎င်းသည် ထိုကဲ့သို့ ပြိုကွဲသွားတော့မည် လား?။
ခေါင်းတလားကို တစ်ချက်ကြည့်လိုက်တော့၊ ထိုအချိန်မှာ ရှရှန်းယု၏ လက်ဖဝါးက ခေါင်းတလား အက်ကွဲကြောင်းကို ဖွင့်လိုက်ပြီး ခေါင်းတလားအဖုံးကို ဖွင့်တော့မည့်ပုံပင်။
ခေါင်းတလားရှိ အက်ကွဲကြောင်းများမှ ပျံ့နှံ့ထွက်ပေါ်လာသော ရှေးဟောင်း အငွေ့အသက် တစ်ခုက ချင်ယွင်သည် ရေခဲခန်းထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး၊ သူမကို အခေါင်းကို ဖွင့်ခွင့် လုံးဝ ပေးလို့မရဘူး။" ချင်ယွင်သည် တုန်လှုပ်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းတလားအတွင်းရှိ ကြီးမားသော စိတ်ဝိညာဉ်အငွေ့အသက်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ချက်ချင်း နိုးထလာတော့မည်ကဲ့သို့ သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ဘန်း…။
ရှရှန်းယုသည် သူမ၏လက်ကို တစ်ဖန်ဆန့်ထုတ်ကာ လုံးလုံးလျားလျား ဖွင့်လိုဟန်ဖြင့် ခေါင်းတလားအဖုံးဆီသို့ ရိုက်ချလိုက်သည်။
ဝှီး...။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ရှရှန်းယု၏ဘေးမှာ ပေါ်လာခဲ့သည်။ သူသည် သူမ၏လက်ကို ဆွဲကာ ရိုက်တော့မည့် လက်ဖဝါးကို တားဆီးလိုက်သည်။
"ရှရှန်းယု နိုးထစမ်း...။ ဒီခေါင်းတလားကို ဖွင့်လို့မရဘူး။" ချင်ယွင်က စိတ်လှုပ်ရှားစွာ အကြံပေးလိုက်သည်။
သို့သော် ရှရှန်းယုသည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ သူမသည် ချင်ယွင်ကို ကြည့်ပြီးနောက် သူမ၏မျက်လုံးများမှ ပြင်းထန်သော အေးစက်မှုက ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခုက သူမ၏လက်ဖဝါးကို ချက်ချင်း ဖုံးအုပ်သွားပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးလေလှိုင်းသည် အလွန်မင်း ကြောက်မက်ဖွယ် ကောင်းသည့် အအေးဓာတ်များ ပါရှိသည်။ ချင်ယွင်တောင်မှ ထိုလက်ဖဝါးရိုက်ချက်ကို မခုခံရဲပါဘူး။
ထို့ကြောင့် ချင်ယွင်သည် ဤလက်ဖဝါးရိုက်ချက်အား ရင်ဆိုင်ရန် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားကို အလျင်အမြန် စုဆောင်းလိုက်သည်။
"ဘုန်း..”။
ချင်ယွင်နှင့် ရှရှန်းယု နှစ်ဦးစလုံးသည် ဤကြောက်စရာကောင်းသော စွမ်းအင်အတက် အကျလှိုင်းကြောင့် နောက်ပြန် ဆုတ်သွားခဲ့သည်။