← Chapters

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း (၁၀၇၂) ရှရှန်းယု၏ အကျပ်အတည်း။

"အယ်၊ သူတို့ တိုက်ပွဲဖြစ်နေပုံရတယ်။ ဘာတွေ ဖြစ်နေတာလဲ?" တောင်ထိပ်မှ ထွက်ပေါ် လာသော ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ် အသံများကိုကြားပြီး အောက်ခြေမှ တစ်စုံ တစ်ယောက်က အော်ပြောလိုက်သည်။

လူတိုင်း တောင်ထိပ်ကို လှမ်းကြည့်ရင်း အောက်မှလူတွေအားလုံးလည်း ဝေခွဲမရဖြစ်သည့် အမူအရာတွေ ပေါ်လာပါသည်။

"ဆရာ၊ ဘာဖြစ်နေတာလဲ?။ ဂျူနီယာမောင်လေးနဲ့ ရှရှန်းယုတို့က ဘာလို့ ရုတ်တရက် တိုက်ခိုက်ကြတာလဲ?။" လျှိုထန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဤအခိုက်တွင် ရှေးဟောင်းတာအို၏ မျက်ခုံးများ ပွင့်သွားသည်။ သေချာသည်မှာ သူသည် ပင် ထိုကဲ့သို့သော မြင်ကွင်းကို မမျှော်လင့်ခဲ့ပေ။

ရုတ်တရက် သူ၏သူငယ်အိမ်များ ကျုံ့ဝင်သွားကာ သူ၏မျက်နှာက အလွန်အံ့သြသည့် အမူအရာ ပေါ်လာပါသည်။ "တကယ်တော့ ငါ ဒါကို တွေးနေတာ ကြာပြီ။ ဒါတွေ အားလုံးက ထောင်ချောက်တစ်ခုသက်သက်ပဲ" ဟု ညည်းညူပြောလိုက်သည်။

"ထောက်ချောက်လား..?" လျှိုထန်း၏ မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် ရှုပ်ထွေးလာ သည်။ ရှေးဟောင်းတာအိုဆရာသခင်၏ စကားကြောင့် သူမ အလွန် အံသြသွားသည်။

"တကယ်လို့ ငါ ခန့်မှန်းသာ မမှားရင် တောင်ထိပ်ပေါ်က ခေါင်းတလားထဲမှာ အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ အလောင်းက ရှိမနေခဲ့ဘူး။ အဲဒီအထွက်အထိပ်ရဲ့ အလောင်းက ပြန်လည်ဝင်စားသွားပြီ။" ရှေးဟောင်းတာအိုက ရှင်းပြသည်။

"ပြန်လည်မွေးဖွားပြီးပြီလား...?" လျှိုထန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မှန်တယ်၊ အဲဒီရုပ်ခန္ဓာကိုယ်က လူပြန်ဝင်စားသွားပြီ" ရှေးဟောင်းတာအိုက ပြောပါသည်။

လျှိုထန်းသည် အလွန်မင်း အံ့သြသွားရသည်။ အင်မော်တယ် စိတ်ဝိညာဉ်များသည် လူပြန်ဝင်စားနိုင်သည်ဟု သူမကြားဖူးသော်လည်း၊ ရုပ်ခန္ဓာကိုယ်က ပြန်လည်ဝင်စားသည် ကိုတော့ သူမအနေဖြင့် တခါမှ မကြားဖူးပါဘူး။

"သံသရာကူးပြောင်းလဲခြင်းဆိုတာက ဆမ်ဆာရာရဲ့ ရိုးရာပုံစံတစ်ခု မဟုတ်ဘူး၊" ၎င်းက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်တယ်။ အမြင့်ဆုံး နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့အတွက် ရှေးဟောင်းနတ်ဘုရား တချို့ဟာ သူတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်တွေနှင့် တန်ခိုးအစွမ်းတွေကို စည်းတံဆိပ်ခတ်ဖို့အတွက် ယခုလို နည်းလမ်းမျိုးကို အသုံးပြုပြီး၊ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လူပြန်ဝင်စားဖို့ ခွင့်ပြုပေးခဲ့ကြတယ်။ အချိန်ရောက်တာနဲ့ သူတို့ဟာ စည်းတံဆိပ်ကို ပြန်ဖွင့်ပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ (ပြန်လည်ဝင်စားတဲ့ခန္ဓာကိုယ်ကို ရည်ညွှန်းပါသည်။) အင်မော်တယ် စိတ်ဝိညာဉ်များကို ဝါးမြိုသွားကာ အဲဒီခန္ဓာကိုယ်ကို ပြန်လည်းသိမ်းယူပြီး သူတို့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားကြတယ်။" ဟု ရှေးဟောင်းတာအို က ရှင်းပြသည်။

"ရက်စက်လွန်းပါတယ်၊ ဘယ်လောက်တောင်မှ ရက်စက်လွန်းတဲ့ နတ်ဘုရား စွမ်းရည်မျိုး လဲ?" လျှိုထန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

အကယ်၍၊ သူတို့၏ခန္ဓာကိုယ်ကို ပြန်လိုချင်သည်ဆိုလျှင်, သူတို့ခန္ဓာကိုယ်ထဲမှာ အသစ် မွေးဖွားလာသည့် အင်မော်တယ် စိတ်ဝိညာဉ်ကို ဝါးမျိုချရမည်။ ယခုလိုနည်းလမ်းဖြင့် သူတို့ခန္ဓာကိုယ်ထဲမှာ အသစ်မွေးဖွားလာသည့် အင်မော်တယ် စိတ်ဝိညာဉ်သည် ဆက်လက်တည်ရှိမှာ မဟုတ်တော့ပါဘူး။ ယင်းက ထိုလူ၏အသက်သည် ဆုံးရှုံးသွားပြီဟု ဆိုလိုပါသည်။

“ဘာလို့ ဒီလိုလုပ်တာလဲ?" လျှိုထန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရှေးဟောင်းတာအိုက ခေါင်းခါပြီး ပြောသည် "အတိအကျတော့ မသိဘူးပေါ့။ အဲဒီကျွမ်းကျင်ပညာရှင်ရဲ့ စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ပျက်စီးသွားလို့ ဖြစ်နိုင်သလို, ဘေးဥပါဒ်တစ်ခုခုကို ရှောင်ရှားဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။”

လျှိုထန်းသည် မှိန်းမောတွေဝေသွားခဲ့သည်။ သူမသည် ယခုလို ကောင်းကင်ဘုံကို အံတုနိုင်သည် ထိုကဲ့သို့ နတ်ဘုရား စွမ်းရည်မျိုးကို မည်သည့်အခါမှ မကြားဖူးပါဘူး။ ၎င်းသည် သူမတို့လို အင်မော်တယ် ဧကရာဇ်တွေတောင် စိတ်ကူးရခက်သည့် တစ်စုံတစ်ခု ဖြစ်ပုံရသည်။

ရုတ်တရက် လျှိုထန်းသည် တစ်ခုခုကို တွေးမိသွားပုံရပြီး အလောတကြီး မေးလိုက်ပါသည် "ဒါဆို အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ လူဝင်စားတဲ့ ခန္ဓာကိုယ်က ရှရှန်းယုတော့ မဖြစ်သင့်ဘူး ဟုတ်တယ် မဟုတ်လား"။

''တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်နေရင် အဲဒါမ သူမ ဖြစ်သင့်တယ်။ ခန္ဓာပိုင်ရှင် အသစ် သေသွားဆုံးသွားတာနဲ့ အဲဒီမူလဇစ်မြစ်ရဲ့ ခန္ဓာကိုယ်က ဆက်ပြီး လူပြန်ဝင်စား နေဦးမှာပဲ။ အချိန် မစေ့မချင်း, လူပြန်ဝင်စားတဲ့ ခန္ဓာကိုယ်ကလည်း ကံကြမ္မာရဲ့ ဒဏ်ခတ်ခြင်းကိုခံခဲ့ရပြီး၊ အဲဒီနတ်ဘုရားစွမ်းရည် စတင်အသုံးပြုတဲ့ နေရာကို ပြန်ရောက် လာလိမ့်မယ်။ အဲဒီနတ်ဘုရား စွမ်းရည်ကို အသုံးပြုတဲ့လူကပဲ အဲဒီခန္ဓာကိုယ်ကို ပြန်၍ ရှင်ပြန်ထမြောက် စေနိုင်တယ်။” ရှေးဟောင်းတာအိုက ပြောပါသည်။

လျှိုထန်းသည် အသက်ပြင်းပြင်း ရှူလိုက်မိပါသည်။ ရှေးဟောင်းတာအို ဆရာသခင်၏ မှန်းဆချက်က သူမအတွေးနှင့် တူညီပါသည်။

ရှရှန်းယုသည် အကန့်သတ်မဲ့သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍, ထိုအတိုင်း မှန်ကန်နေမည်ဆိုလျှင်, ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး လူပြန်ဝင်စားသည့် ကျွမ်းကျင်ပညာရှင်သည် သူမသာ ဖြစ်နိုင်ပါသည်။

"ဒါဆို ရှရှန်းယုက ဝါးမျိုးခံရမှာ မဟုတ်ဘူးလား?။ ဂျူနီယာမောင်လေးရော အန္တရာယ် ရှိနေမှာမဟုတ်လား။" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ကမန်းကတန်း မေးလိုက် သည်။

'"ပြောဖို့ ခက်တယ်။ အခုချိန်မှာတော့ ချင်ယွင်လည်း ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရတယ်။ ရှရှန်းယုရဲ့ အင်မော်တယ် စိတ်ဝိညာဉ်က ဖိနှိပ်ခံထားရသင့်ပြီး၊ သူမရဲ့ ကြံ့ခိုင်မှုက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပြီ။ သူမ အဲဒီအခေါင်းကိုဖွင့်ရင် အမှန်တကယ် အန္တရာယ်ရှိမှာကို ငါ ကြောက်မိတယ်။ တကယ်လို့ အခေါင်းကို မဖွင့်ဘူးဆိုရင်တော့ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနေတုန်းဘဲ။ ဒါပေမယ့် အချိန်အကြာသွားရင်တော့ အဲဒီလို လုပ်ဖို့က မဖြစ်နိုင်တော့ဘူး။" ရှေးဟောင်းတာအို က ပြောပါတယ်။ (သူမ၏ကြံ့ခိုင်မူ၌ သူမသည် အခေါင်းထဲမှ ကျွမ်းကျင်ပညာရှင်ကို ရည်ညွှန်းပါသည်)။

အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် မျက်မှောင်ကြုတ်ကာ “နတ်ဘုရားခေါင်းတလား ထဲမှာ အတိအကျ ဘာနေရှိလဲ” ဟု မှိုင်းညို့သော အမူအရာဖြင့် မေးလိုက်ပါသည်။

"အဲဒီနတ်ဘုရား ခေါင်းတလားက စည်းတံပိတ်ထားတဲ့ သေတ္တာလိုအရာတစ်ခုပဲ။ နတ်ဘုရား ခေါင်းတလားကို ဖွင့်လိုက်တာနဲ့ အထဲက နတ်ဘုရားစိတ်ဝိညာဉ်က နိုးထလာ လိမ့်မယ်။ အချိန်ရောက်တာနဲ့…" ရှေးဟောင်းတာအိုလည်း စကားကို တဝက်မှာတင် ရပ်လိုက်ပါသည်။

ဟိုးယခင်ကတည်း ချင်ယွင်နှင့် ရှရှန်းယုတို့သည် ဆိုးဝါးသည့် ကံကြမ္မာက သတ်မှတ်ထား သည်ဟု ပြော၍ရသော်လည်း, ယခုမူ အမှန်တကယ် ဖြစ်လာတော့မည်ဟု ထင်ရပါသည်။

တစ်ခါတရံမှာ ကံကြမ္မာဆိုတာက လူသားတွေ အမှန်တကယ် ရုန်းမထွက်နိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။

ရှေးဟောင်းတာအိုက သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပါသည် "ကံကြမ္မာလား?။ ချင်ယွင် က အဲဒီကံကြမ္မာကို ရှင်းပစ်နိုင်ပါ့မလား...?" ဟု စိတ်ထဲမှ မျှော်လင့်တကြီးဖြင့် တောင်ထိပ် ဆီသို့ လှမ်းကြည့်လိုက်ပါသည်။

တစ်ချိန်တည်းမှာပင် ဆံပင်ဖြူအဖိုးအိုနှင့် ဟူဖန်းတို့လည်း ဤကိစ္စကို ဆွေးနွေးကြသည်။

"ဖန်းအာ၊ အဲဒီလူက လှုပ်ရှားစရာ မလိုတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီချင်ယွင်ဟာ သေဆုံးပြီး မြေအောက်ကမ္ဘာကို ရောက်သွားနိုင်တယ်။" ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြုံးလေး ပြောသည်။ သူ၏ သွေ့ခြောက်နေသော မျက်နှာပေါ်တွင် စဉ်းလဲကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

"အဲဒီလူကို လှုပ်ရှားတာက ပိုလုံခြုံလိမ့်မယ် (ပိုစိတ်ချရလိမ့်မယ်)" ဟူဖန်းက ပြောသည်။

"မင်း၊ မင်း၊ မင်းရဲ့ နှလုံးသားထဲက အမုန်းတရားတွေက တကယကို နက်ရှိုင်းလွန်းနေ တယ်။ တကယ်တော့ မင်း သူ့ကို လုံးဝ ဂရုစိုက်နေစရာ မလိုပါဘူး။ သူ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ, အထွက်အထိပ် ကျွမ်းကျင်သူ မဟုတ်သရွေ့ သူဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ သူ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" ဆံပင်ဖြူ အဖိုးအိုက ခေါင်းယမ်းပြီး သက်ပြင်းချသည်။

"ဟမ့်၊ ချင်လန်ကို သူသတ်ပြီးတဲ့နောက်, ကျွန်မက သူ့အသက်ကို သတ်ပစ်မယ်လို့ ကျိန်ဆိုခဲ့တယ်။ သူ့ကို ဒီလောက်ကြာအောင် အသက်ရှင်ခွင့် ပေးလိုက်တာက သူ့အတွက် တော်တော်လေး သက်ညှာပေးတာလို့ ပြောလို့ရတယ်" ဟူဖန်းက သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အပြည့်ဖြင့် ပြောလိုက်ပါသည်။

ဆံပင်ဖြူ အဘိုးအိုသည် သက်ပြင်းချကာ ကူရာမဲ့ ပြောလိုက်ပါသည် "စိတ်မပူပါနဲ့။ ဒီလူက လမ်းမှာ ရောက်နေလောက်ပြီ။ သူ မကြာခင် ရောက်လာတော့မှာပါ။ တကယ်လို့, သူမ ပြန်လည်မွေးဖွားချင်ရင် အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်က ဘယ်လိုလုပ် ထိုင်ကြည့်နေမှာလဲ?။ ကောင်းကင်ဘုံကို တုန်လှုပ်စေမယ့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမှာတောင် ငါ ကြောက်မိတယ်။ ဒါလည်း ကောင်းပါတယ်။ ချင်ယွင်က အထွက်အထိပ်ကို မရောက်နိုင် တော့ဘူးပေါ့။ အခု သူက ဝဲဂယက်ကြီးထဲ ကျရောက်နေပြီ။ သူ ဘယ်လိုလုပ် လွတ်မြောက် နိုင်မှာလဲ?”။

ဟူဖန်းက ခေါင်းညိတ်ပြပြီး သူမမျက်နှာပေါ်တွက် ခက်ထန်သော အပြုံးနှင့်အတူ တောင်ထိပ်ဆီသို့ ကြည့်လိုက်သည်။

...

အောက်မှလူတိုင်း အသီးသီးမှန်းဆ‌နေပြီး ပဟေဠိဖြစ်နေစဉ်မှာ, ချင်ယွင်သည် ရှရှန်းယုနှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။

ဘန်း..။

ရှရှန်းယု၏ လက်များကို အေးစက်သော အလင်းရောင်ဖြင့် ဖုံးအုပ်ထားသည်။ ကြောက်မက်ဖွယ် စွမ်းအားများက သူမ၏လက်မှ ထွက်ပေါ်လာနေသည်။ သူမ၏ မာနကြီးသော ရုပ်မသွင်သည် လေထဲတွင် ရပ်နေကာ သူမ၏ အလှသည် ပြိုင်ဘက်ကင်း တည်ရှိမူဖြစ်နေသော်လည်း သူမ၏ မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေလေသည်။

ချင်ယွင်၏ အမူအရာသည် နှိုင်းစာ၍မရအောင် လေးနက်နေပါသည်။ ထိုအချိန်တွင်၊ သူသည် ရှရှန်းယုနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ အခုလေးတင် တိုက်ပွဲမှ ပြင်းထန်သော ပြဿနာတစ်ရပ်ကို သူ ရှာတွေ့ခဲ့ပါသည်။ ရှရှန်းယု၏ ခွန်အားသည် မျဉ်းဖြောင့်အတိုင်း မြင့်တက်လာနေခြင်း ဖြစ်သည်။

အခုလေးတင် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ မှ စတင်ခဲ့သည့် စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်ထက် အားမနည်းတော့ပါဘူး။ ထို့အပြင်၊ ၎င်းသည် စဉ်ဆက်မပြတ် တိုးမြင့်လာနေပြီး ချင်ယွင်ကို အနည်းငယ် ဖိနှိပ်ရန်ပင် စွမ်းအားရှိလာနေပြီ။

"မဟုတ်ဘူး၊ ငါ သူမကို အခေါင်းကို ဖွင့်ခွင့် လုံးဝ မပေးနိုင်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့်ရှိနေသည်။

အစောပိုင်းက၊ သူသည် ဤနတ်ဘုရားခေါင်းတလားကို သူ၏ကနဦးစကြဝဠာထဲသို့ ထည့်သွင်းရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ သို့သော် မုန်းစရာကောင်းသည်မှာ ဤနတ်ဘုရား ခေါင်းတလားသည် လေဟာနယ်ထဲမှာ ချည်နှောင်းထားပုံရပြီး၊ အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့ပေ။

"ဘေးကို ထွက်သွားစမ်း” ယခုအချိန်တွင် ရှရှန်းယုသည် ရေခဲတမျှ အေးစက်သော အသံကို ထုတ်ဖော်လိုက်ပြီး၊ သူမ၏ လေသံသည် ပို၍လွှမ်းနိုင်စွမ်းရှိလာကာ ငြင်းဆန်ရန် ခက်ခဲစေသည်။

ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤလေသံထဲမှ ထူးဆန်းမှုကို သူ ခံစားနိုင်သည်။ ရှရှန်းယု၏ခန္ဓာကိုယ်ကို ထိန်းကျောင်းနေသူမှာ သူမ မဟုတ်ကြောင်း သူ သေချာသည်။

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ရှရှန်းယုရဲ့ ခန္ဓာကိုယ်ကို ခင်ဗျား ထားခဲ့ရ မယ်။" ချင်ယွင်က ရှရှန်းယုကို ပြောပြီး သူ၏မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့်ပင်။

"ဟမ့်၊ ဒီနတ်ဘုရားက မင်းနဲ့ဆွေးနွေးနေတာ မဟုတ်ဘူး၊ မင်းက ပုရွက်ဆိတ်တစ်ကောင် ပဲ။ ရှရှန်းယုက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး၊ ချင်ယွင်ဆီသို့ ပြေးသွားလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် ကမ္ဘာမြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ ပြီး နတ်တောင်တစ်ခုလုံးသည် ချက်ချင်းပင် ရေခဲတောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters