← Chapters

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း (၁၀၇၃) ဝိညာဉ်နတ်ဘုရားမ။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများကဲ့သို့ သူ့ဆီသို့ ရောက်ရှိလာသော ကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်ကို ခံစားလိုက်ရသည်။ ၎င်းတွင်ပါရှိသော အေးစက်သော အငွေ့အသက်များက သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေခဲ့သည်။

"ဘုန်း..”။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက်လိုက်ရင်း၊ သူ၏ သွေးများက လျင်မြန်စွာ မြင့်တက်လာကာ၊ ဤကြောက်မက် ဖွယ် အအေးဒဏ်မှ သူ၏ခန္ဓာကိုယ် အေးခဲသွားခြင်းကို တားဆီးပေးထားသည်။

ဘန်း….။

အေးစက်နေသော ကန့်လန့်ကာတစ်ခုကဲ့သို့ ရုတ်တရတ် ထိုးထွက်လာသော လက်တစ်ဖက်က ချင်ယွင်၏ မျက်ခုံးကြားသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ ၎င်းတွင် ပါရှိသော အေးစက်သော စွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ပင် ကြောက်စရာ ကောင်းနေသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် ကန့်သတ်ခြင်းမရှိတော့ဘဲ၊ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ ထိုလက်ဖဝါး ဆီသို့ တိုက်ခိုက်လိုက်သည် ။

"ဘုန်း….”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံး လွင့်ပျံသွားကာ သူ၏ရုပ်အသွင်သည် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ယခုအချိန်တွင် သူ၏လက်တစ်ဖက်လုံး အေးခဲနေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ဘူး။

"ဖျစ်…”။

ချင်ယွင်သည် သူ၏လက်ကို တိုက်ရိုက် ချေမွပြီး၊ သူသည် လက်မောင်း ပြန်လည် ကြီးထွားရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို ပြန်လည် အသုံးပြုသည်။

ဝှီး….။

ထိုအခိုက်အတန့်တွင်, ရှရှန်းယုသည် ခေါင်းတလားကို လုံးလုံးလျားလျား ဖွင့်ချင်နေသည့် အလား ခေါင်းတလားဆီသို့ ပျံသန်းသွားသည်ကို ချင်ယွင် တွေ့လိုက်ရပါသည်။

ထိုအခိုက်တန့်တွင်, နတ်ဘုရားစိတ်ဝိညာဉ် အမျှင်တန်းတစ်ခုကသာ ရှရှန်းယု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပါသည်။ ရှရှန်းယု၏ ခန္ဓာကိုယ်ကို အမှန်တကယ် သိမ်းပိုက်နိုင်ရန်အတွက်, သူမသည် ဤခေါင်းတလားကို လုံးလုံး ဖွင့်ထားရမည် ဖြစ်သည်။

"ဒီခေါင်းတလားကို ဖွင့်ခွင့်မပေးနိုင်ဘူး" ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားရင်း ခေါင်းတလားကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည့် ထောင်ပေါင်းများစွာသော သစ်ပင်အကိုင်းအခက်များက သူ့ခြေရင်းအောက်ရှိ ရေခဲတောင်မှ ချက်ချင်း ထွက်လာပါ သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ရှရှန်းယု၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ ဒေါသလှိုင်းလုံးက သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"ဟမ်!" ရှရှန်းယုသည် ညင်သာစွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူမ၏ လက်ဖဝါးကို ခေါင်းတလား ပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်ရာ သစ်ပစ်အကိုင်းအခက်များသည် အစိပ်စိပ်မွှာမွှာ ပြိုကွဲပြီး၊ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

ထိုသစ်ပင်အကိုင်းအခက်များသည် ချင်ယွင်အသုံးပြုခဲ့သော အသက်သစ်ပင်၏ အကိုင်းခက်များ ဖြစ်ပါသည်။ ၎င်းတို့သည် အလွန်မာကျောသည်ဟု ဆိုနိုင်သော်လည်း ရှရှန်းယု၏ရှေ့တွင် အားနည်းနေဆဲ ဖြစ်သည်။

ဝှီး….။

ချင်ယွင်၏ ရုပ်အသွင်သည် သုံးကိုယ်ခွဲအဖြစ် ပြောင်းလဲသွားပြီး ကိုယ်ပွားနှစ်ခုသည် တစ်ချိန်တည်းတွင် ပေါ်လာပါသည်။ ၎င်းတို့သည် ချက်ချင်း ပေါင်းစပ်လိုက်ကြပြီး၊ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရှရှန်းယုဆီသို့ ဦးတည်ပြေးသွားခဲ့သည်။

"ဘုန်း..၊ ဘုန်း…၊ ဘုန်း… ဘုန်း…”။

ချင်ယွင်နှင့် ရှရှန်းယုတို့သည် နောက်တကြိမ် တိုက်ခိုက်ကြပြန်သည်။ သူတို့နှစ်ဦးသည် အမှန်တကယ် လက်ရည်တူ တိုက်ခိုက်နေကြပြီး၊ ယင်းက ချင်ယွင်ကို အလွန်မင်း အံ့သြသွားစေခဲ့သည်။

သူ၏အစစ်အမှန်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ကိုယ်ပွားနှစ်ခု၏ တိုက်ပွဲစွမ်းအား သည် ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ်အဆင့်ရှိ သာမန် အင်မော်တယ် ဧကရာဇ်နယ်များထက် သာလွန်နေပြီ ဖြစ်သည်။ သို့သော် ရှရှန်းယုနှင့် လက်ရည်တူ ဖြစ်နေခဲ့သည်။

"ဘုန်း….”။

ချင်ယွင်သည် ရှရှန်းယုနှင့် ထပ်မံ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်း၏ တွန်းအားကြောင့် သူ၏ခန္ဓာကိုယ်သည် နောက်ပြန် တွန်းထုတ်သွားခဲ့သည်။

ချင်ယွင်သည် သူ့ကြောင့် နောက်ပြန် တွန်းထုတ်ခံလိုက်ရသော ရှရှန်းယုကို ကြည့်ရင်း၊ သူ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။

"ဒါက နည်းလမ်းမဟုတ်သေးဘူး။ သူမရဲ့ခွန်အားတွေ ဒီအတိုင်းသာ ဆက်ပြီးတိုးနေရင် ငါ သူမကို တားဆီနိုင်မှာ မဟုတ်တော့ဘူး။" ချင်ယွင်က စိုးရိမ်တကြီး ပြောလိုက်ပါသည်။

"ကောင်စုတ်လေး၊ မင်း သူမကို ဒီလိုပုံစံမျိုးနဲ့ မကယ်နိုင်တော့ဘူး။ ဒီလိုအနေထားဖြစ်နေမှ တော့, မင်းက သူမရဲ့ နီဝမ်နန်းတော်ထဲကို ဝင်ရောက်ပြီး သူမခန္ဓာကိုယ်ထဲကို ကျူးကျော် ဝင်ရောက်လာတဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရုံသာ တတ်နိုင်တော့တယ်။ မဟုတ်လို့, ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်, သူမဟာ လုံး၀ ဝါးမြိုခံရလိမ့်မယ်။ အဲဒီအချိန်ရောက် ရင်, သူမကို ဘယ်သူမှ မကယ်တင်နိုင်တော့ဘူး"။

ဤအခိုက်အတန့်တွင်, ချင်ယွင်၏စိတ်ထဲ ဧကရာဇ်ဟောက်ချင်း၏ အသံက ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီး၊ သူ၏မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။ ရှရှန်းယု၏ နီဝမ်နန်းတော်ထဲ ဝင်ရောက်ရန် သူ အဘယ့်ကြောင့် မတွေးမိခဲ့ရသနည်း?။

“ဒါပေမယ့်၊ ဒီနည်းလမ်းက မင်းကိုယ်တိုင်လည်း အန္တရာယ်အကြီးကြီး ရင်ဆိုင်ရလိမ့်မယ်။ ဒါက အထွက်အထိပ် ကျွမ်းကျင်သူတစ်ဦးရဲ့ စိတ်ဝိညာဉ်ဖြစ်တယ်ဆိုတာ မင်း သိထားသင့် တယ်။ စိတ်ဝိညာဉ်အမျှင်တန်းလေးတစ်ခုသာ သူမခန္ဓာကိုယ်ထဲ ကျူးကျော် ဝင်ရောက် ခြင်း ဖြစ်ပေမယ့်၊ ဒါတောင်မှ သာမန် အင်မော်တယ် ဧကရာဇ် အထွက်အထိပ်အဆင့်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တာ သေချာတယ်။ ဒါကြောင့်ကြောင့် မင်းလုပ်နိုင်မလုပ်နိုင်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။” ဧကရာဇ်ဟောက်ချင်းက ပြောသည်။

ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ၎င်းသည် ရှရှန်းယုကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် သူသည် ရှရှန်းယု၏ နီဝမ် နန်းတော်ထဲသို့ ချက်ချင်း ဝင်ရောက်တော့သည်။

ဝှီး…။

ရှရှန်းယုသည် နတ်ဘုရားခေါင်းတလားဆီသို့ တဟုန်ထိုး ပြေးသွားပြန်သည်။ သူမသည် နတ်ဘုရား ခေါင်းတလားကို ဖွင့်ကာ အတွင်း၌ စည်းတံဆိပ်ခတ်ထားသော နတ်ဘုရား စိတ်ဝိညာဉ်တော်ကို လွှတ်ပေးရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် နဂါးနတ်ဘုရား စိတ်ဝိဉာဉ်၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သည့် အချိန်ရပ်တန့်ခြင်း တိုက်ရိုက် အသုံးပြုခဲ့သည်။

တခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် ရုတ်တရက် ရပ်တန့်သွားပါသည်။ အရာအားလုံးသည် လျှပ်တစ်ပြက်အတွင်း အေးခဲသွားပြီး ကောင်းကင်နှင့် မြေကြီးသည် လုံးဝ တိတ်ဆိတ်သွားသည်။

"အခုပဲ” သူသည် ရှရှန်းယု၏ ရှေ့မှာ ရုတ်တရက် ပေါ်လာရင်း၊ ချင်ယွင်၏ မျက်လုံးတွေက ရုတ်တရက် စူးရှသွားသည်။

ထို့နောက် ချင်ယွင်သည် လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ရှရှန်းယု၏ နဖူးဆီသို့ ညွှန်ပြလိုက်သည်။

ဘန်း….။

သက်တံ့ရောင် အလင်းတန်းတစ်ခုသည် ချင်ယွင်၏ မျက်ခုံးကြားမှ ချက်ချင်း ဖြတ်သန်း သွားကာ ရှရှန်းယု၏ မျက်ခုံးဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

ရှရှန်းယု၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး၊ သူမသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

…

ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ရှရှန်းယု၏ နီဝမ်နန်းတော်သို့ ဝင်ရောက် ပြီးနောက်၊ သူသည် အုံ့ဆိုင်းနေသော ကမ္ဘာတစ်ခုတွင် တိုက်ရိုက် ပေါ်လာသည်။

"ဒါက ရှရှန်းယုရဲ့ စိတ်ဝိညာဉ် ကမ္ဘာလား?" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ချင်ယွင်သည် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ အလွန်လျင်မြန်စွာပင်၊ ချင်ယွင်သည် ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်ကို တွေ့လိုက်ရသည်။

ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်သည် လက်ရှိတွင် သူ၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူမပတ်ဝန်းကျင်တွင် သူမ၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ဖုံးအုပ်ထားသည့် အလင်းတန်းကြီးတစ်ခု ရှိနေခဲ့သည်။

အင်မော်တယ် စိတ်ဝိညာဉ် အရင်းမြစ်များသည်သည် သူမတို့၏ နယ်ပယ်သို့ ရောက်ရှိ သောအခါတွင်၊ ၎င်းသည် လူသားအသွင်သဏ္ဍာန်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ယခုအချိန်တွင် သာမန်လူသားပုံစံ ဖြစ်နေပါပြီ။

သူမသည် ချင်ယွင်၏ချဉ်းကပ်လာမှုကို အာရုံခံမိပုံ ရပါသည်။ ရှရှန်းယု ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​ပြီး ချင်​ယွင်​ကို အံ့သြ​သောအမူအရာဖြင့် ​ကြည့်​လိုက်​သည်​။

"ချင်ယွင်, နင် ဘာလို့ ဝင်လာတာလဲ?" ရှရှန်းယု အံ့အားသင့်စွာ ပြောသည်။

"ဟုတ်တယ်၊ ငါ မင်းကို ကယ်ဖို့ ရောက်လာတာ" ချင်ယွင်က ပြန်ဖြေသည်။

ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ် အခြေအနေကောင်းကြောင်းကို မြင်ရသောအခါ၊ သူ ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်သည် မမျှော်လင့်ထားသည့် အရာတစ်ခုခု ဖြစ်လာမည်ကို သူ အမြဲတမ်း စိုးရိမ်နေခဲ့သော်လည်း ယခုအခါ သူမသည် အကျဉ်းချခံနေရပြီး သူမကို အမှန်တကယ် ဝါးမျိုးစားခံရခြင်း မရှိသေးပုံရပါသည်။

"မြန်မြန် ထွက်သွား။ နင် ငါ့ကို မကယ်နိုင်ဘူး။" ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်က ကမန်းကတန်း ပြောလိုက်သည်။

"ဟမ့်၊ သူ ထွက်သွားလို့ မရတော့ဘူး။"

ထိုအချိန်မှာ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှရှန်းယုနှင့် ရုပ်ရည်ချင်း ဆင်တူသည့် အမျိုးသမီးတစ်ဉီးသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာသည်။ သူမသည်လည်း စိတ်ဝိညာဉ်အခြေအနေတွင် ရှိနေခဲ့သည်။ သို့သော်၊ သူမ၏ အငွေ့အသက်သည် ရှရှန်းယု ထက် များစွာ ပြင်းထန်ပြီး သူမသည် ပို၍ အေးစက်ပြီး အလှမ်းဝေးကွာလွန်းသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း တန်ခိုးကြီးသော ဂုဏ်သိက္ခာကို သယ်ဆောင်လာသည်။

"ခင်ဗျားက အဲဒီအထွက်အထိပ် ကျွမ်းကျင်သူရဲ့ စိတ်ဝိညာဉ် အမျှင်တန့်ပဲလား?" ချင်ယွင်သည် ရှရှန်းယုကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင်၊ ဤအရာအားလုံးကို ဤလူက ဖန်တီးထားခြင်းဖြစ်ကြောင်း သူ လုံးဝ သေချာနေပြီး၊ ရှရှန်းယုသည် ဤကစားပွဲ၏ သားကောင်သက်သက်သာ ဖြစ်ပါသည်။

"ချာတိတ်လေး၊ မင်းက နည်းနည်းတော့ သိထားပုံရတယ်။ မှန်တယ်၊ ငါက ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်အစစ်ပဲ။ သူမရဲ့ ရုပ်ရည်အသွင်အပြင်က ငါ့ခန္ဓာကိုယ်ကို လူပြန်ဝင်စားဖို့အတွက် ငါ့ရဲ့နတ်ဘုရားစွမ်းရည်ကို အသုံးပြုထားတဲ့ စတေးခံတစ်ခုသက်သက်ပဲ။ ငါ့နာမည် အရင်း က ဝိညာဉ်နတ်ဘုရားမပဲ" အမျိုးသမီးက မောက်မာစွာ ပြောသည်။

"ဝိညာဉ်နတ်ဘုရားမလား..?" ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါ သည်။ ထိုနာမည်က အရမ်းကို လွှမ်းမိုးနိုင်းစွမ်း ရှိနေပုံပင်။

"ဝိညာဉ်နတ်ဘုရားမ၊ ဒါဆို သူမက ဝိညာဉ်နတ်ဘုရားမလား?" ထိုအချိန်တွင်၊ ဧကရာဇ် ဟောက်ချင်း၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"အယ်။ စီနီယာ ဧကရာဟောက်ချင်းက သူမကို သိလို့လား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ကြည်လင်ကောင်းကင်ဓား၏ ပစ္စည်းဝိညာဉ်သည် သူနှင့်ချိတ်ဆက်ထားသောကြောင့် ချင်ယွင်သည် စိတ်ဝိညာဉ်အသွင်ဖြင့်ပင် ရှိနေလျှင်ပင် သူနှင့်ဆက်သွယ်နိုင်ဆဲ ဖြစ်သည်။

"ဟုတ်တယ်၊ သေချာပေါက် ငါသိတာပေါ့။ ဝိညာဉ်နတ်ဘုရားမဆိုတဲ့ နာမည်က အဲဒီအချိန် တုန်းက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေခဲ့တယ်။ သူမလက်ထဲ မှာ သေဆုံးသွားတဲ့ အထွက်အထိပ်ပုဂ္ဂိုလ် ဆယ်ယောက်ထက်မနည်း ရှိနေနိုင်တယ်လေ။" ဧကရာဇ်ဟောက်ချင်း၏အသံက ထွက်ပေါ်လာသည်။

"ဘာ…?" ချင်ယွင်၏မျက်နှာသည် မယုံကြည်နိုင်မူနှင့်အတူ ရှရှန်းယုနှင့် တစ်ထပ်တည်း တူသော ဤအမျိုးသမီးကို ကြည့်လိုက်ရင်း, အံ့အားသင့်သည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်မိပါသည်။

All Chapters