အခန်း ၁၀၇၄
Vol. 72 Ch. 1074
အခန်း (၁၀၇၄) စိတ်ဝိညာဉ်များ တိုက်ခိုက်ခြင်း။
ချင်ယွင်သည် ပြူးကျယ်သော မျက်လုံးတစ်စုံဖြင့် မစိုက်ကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။ သူ၏ စိတ်နှလုံးသည် ပို၍ပင် တုန်လှုပ်သွားသည်။
အထွက်အထိပ်ပုဂ္ဂိုလ် ဆယ်ယောက်ထက်မနည်းဟာ သူမလက်ထဲမှာ ကြေကွဲဖွယ် ကောင်းလောက်အောင်ပင် သေဆုံးသွားခဲ့ရသည်လား?။ ထိုလူက တကယ်ကို ကြောက်စရာမကောင်းလွန်းဘူးလား?။
"စီနီယာ ဟောက်ချင်း, ဒီဝိညာဉ်နတ်ဘုရားမက အရမ်းကြောက်ဖို့ ကောင်းတယ်လား?။ အထွက်အထိပ် ကျွမ်းကျင်ပညာရှင် တော်တော်များများကို သတ်ခဲ့တားလား?" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။
"ကောင်စုတ်လေး၊ ဒါက ကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး။ အထွက်အထိပ် ကျွမ်းကျင်ပညာရှင်တွေ ဘယ်လောက်များများ သေသွားတယ်ဆိုတာရော မင်းသိလား" ဧကရာဇ် ဟောက်ချင်းက မေးသည်။
ပစ္စည်းဝိညာဉ်တစ်ခုအနေနှင့်၊ ၎င်းတို့၏ စွမ်းအားသည် အများဆုံး အင်မော်တယ် ဧကရာဇ် အဆင့်သို့သာ ရောက်ရှိနိုင်သည်။ ထို့ကြောင့်၊ သူတို့သည် အထွက်အထိပ် ကျွမ်းကျင် ပညာရှင်များကို အနည်းနှင့်အများ ကြောက်ရွံ့ခဲ့ကြသည်။
"သုံးဆယ်လောက်လား…?" ချင်ယွင်က ရဲဝံ့စွာ ခန့်မှန်းလိုက်သည်။
"တစ်ရာထက်မနည်းဘူးကွ” ဧကရာဇ် ဟောက်ချင်းက ပြောသည်။
"ဘာ…။ တစ်ရာထက်မနည်းဘူး။ ဟုတ်လား?။ ဘာလို့ အထွက်အထိပ်ကျွမ်းကျင်ပညာရှင် တွေ အများကြီး ရှိနေတာလဲ" ချင်ယွင်က ထိတ်လန့်စွာ မေးလိုက်သည်။
အမှန်တကယ်ဆို အထွက်အထိပ် ကျွမ်းကျင်ပညာရှင် အရေအတွက်သည် တစ်ရာအောက် ပင် အလွန်မင်း ရှားပါးနေပြီဟု သူ အမြဲတမ်း ယုံကြည်ခဲ့သည်။ ယခုမူကား၊ ဧကရာဇ် ဟောက်ချင်းသည် ထိုနှစ်တွင် အထွက်အထိပ်ကျွမ်းကျင်ပညာရှင် အယောက်တစ်ရာသည် ကပ်ဘေးတစ်ခုတွင် သေဆုံးခဲ့သည်ဟု ပြောနေခဲ့သည်။ ဤအရာက သူ့ကို အဆုံးမရှိ အံ့သြသွားစေခဲ့သည်။
"ကောင်စုတ်လေး၊ မင်းရဲ့မိုးကုတ်စက်ဝိုင်းက အရမ်းကို သေးလွန်းသေးတယ်။ ဒီစကြဝဠာ ထဲမှာ အင်မော်တယ် ကမ္ဘာတစ်ခုပဲ ရှိနေတယ်လို့ မင်း ထင်နေတာလား?။ ဒါက ဒီအင်မော်တယ်ကမ္ဘာမှာ မွေးဖွားတဲ့ အထွက်အထိပ်ပုဂ္ဂိုလ်တွေပဲ။ တခြား အင်မော်တယ် ကမ္ဘာတွေမှာရော မမွေးဖွားနိုင်ဘူးလား။ ဒါကို မင်း အရင်က မတွေးဖူးဘူးလား" ဧကရာဇ် ဟောက်ချင်းက ပြောသည်။
ချင်ယွင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းပင် သူ့ခေါင်းတစ်ခုလုံး လွတ်သွားသလို ခံစားလိုက်ရသည်။
မှန်ပါသည်။ စကြာဝဠာထဲမှာ တခြားအင်မော်တယ်ကမ္ဘာများ ရှိနေသည်ကို သူ မည်သည့် အခါမှ သံသယမရှိခဲ့ပုံရပါသည်။ သူသည် ဤအင်မော်တယ်ကမ္ဘာတွင် နေထိုင်ခဲ့သော ကြောင့် ဤစကြဝဠာတွင် အင်မော်တယ်ကမ္ဘာတစ်ခုသာရှိမည်ဟု သူ့မသိစိတ်မှ တွေးတောမိနေခြင်း ဖြစ်ပါသည်။
၎င်းသည် သုံးရာသီသာ ရှင်သန်နိုင်သော နှံကောင်တစ်ကောင်နှင့် တူနေပါသည်။ ၎င်းသည် တစ်နှစ်တွင် ရာသီသုံးရာသီသာ ရှိနေသည်ဟု ယုံကြည်ထားပြီး လေးရာသီရှိမည်ဟု မယုံကြည်ပေ။ ယခုအချိန်တွင် ချင်ယွင်သည် ထိုနှံကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
"ကောင်စုတ်လေး၊ အခု မင်း ဘာကြောင့် အင်မော်တယ်ကမ္ဘာတိုက်ကြီးနဲ့ သေမျိုးကမ္ဘာ တွေ မွေးဖွားလာလဲဆို မင်း သိသင့်တယ်။ ဒါပေမယ့် မင်းရဲ့စကြာဝဠာထဲက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတရားတွေက အခုထိ ပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ မိုးကုတ်စက်ဝိုင်းတွေက တကယ်ကို မလုံလောက်သေးလို့ပဲ။ တကယ်တော့, အင်မော်တယ်ကမ္ဘာအနည်းငယ်က အရေးကြီးကိစ္စမဟုတ်ဘူး။ အရေးကြီး အဆုံးအရာက စကြဝဠာအပေါ် မင်းရဲ့နားလည်သဘောပေါက်မူအဆင့်က ဘယ်ဆင့်အထိ ရောက်နေပြီလဲဆိုတာပဲ” ဧကရာဇ် ဟောက်ချင်းက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက် ရပါသည်။
ယခင်က, သူသည် အစစ်အမှန် စကြာဝဠာတစ်ခုကို ဖန်ဆင်းလိုလျှင် စုစုပေါင်း နယ်ပယ်ကြီးလေးခု ရှိရမည်ဟု နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင် ဝင်္ကပါမှတဆင့် နားလည်ထားပြီး ဖြစ်သည်။
အကန့်အသတ်မဲ့နယ်ပယ်၊ ထိုက်ကျိနယ်ပယ်၊ ယန်ယင်နယ်ပယ်၊ အနန္တနယ်ပယ်၊ ဤနယ်ပယ်လေးခု…။
မူလက သူသည် ထိုက်ကျိနယ်ပယ်သို့ ရောက်နေပြီဟု ထင်ခဲ့သော်လည်း ယခုမူ၊ သူသည် အကန့်အသတ်မဲ့နယ်ပယ်တွင်သာ ရှိနေသေးပုံရသည်။
"ကြည့်ရတာ ဒီကိစ္စပြီးသွားရင်, ငါ့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ငါ စဉ်းစားဖို့ လိုနေပုံပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
စကြဝဠာ ဖန်ဆင်းခြင်း လမ်းစဉ်ကို မည်သူမျှ မဖြတ်ကျော်ဖူးသောကြောင့်၊ ချင်ယွင်သည် ရှေ့ဆက်ဖိုအတွက် သူ့ကိုယ်ပိုင်ရှာဖွေခြင်းအပေါ်သာ အားကိုးနိုင်သည်။ အကယ်၍, သူသာ အခြေမချနိုင်ခဲ့ပါက လမ်းဆုံလမ်းခွတွင် လျှောက်လှမ်းနေရမည် ဖြစ်သည်။
ဤနယ်ပယ်ကြီးလေးခုသည်လည်း သူကိုယ်တိုင် ရှာဖွေပြီး နားလည်ထားသည့်အရာများ ဖြစ်သည်။
ယခု ဧကရာဇ် ဟောက်ချင်း ပြောစကားအရဆို, ချင်ယွင်သည် လမ်းဆုံလမ်းခွထဲ လျှောက်လှမ်းမိနေပြီဆိုသည်ကို သိလိုက်ရသည်။
အကယ်၍, သူသာ ဒီလမ်းကြောင်းအတိုင်း ရှေ့ဆက်သွားနေပါက, သူ့ကိုယ်ပိုင် စကြဝဠာ သည် တကယ့်အစစ်အမှန် စကြဝဠာမဟုတ်တော့ဘဲ လွတ်လပ်သည့် ကမ္ဘာငယ်လေး တစ်ခုအဖြစ် ဖွံ့ဖြိုးလာတော့မည် ဖြစ်ပါသည်။
"ဟမ့်၊ အယုတ်တမာကောင်လေး၊ မင်းက ငါ့ရှေ့လာပြီး အာရုံပျံ့လွင့်နေသေးတယ်ပေါ့။ မင်းရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို ငါ အခုချက်ချင်း ဖြိုခွဲပစ်လိုက်မှာကို မကြောက်ဘူး လား" ဤအခိုက်အတန့်တွင် အေးစက်စက် လေသံက ရုတ်တရက် ချင်ယွင်၏ အတွေးရထားကို နှောင့်ယှက်ကာ စကြဝဠာအကြောင်း ချင်ယွင်၏ တွေးခေါ်မှုကို အပြင်းအထန် အနှောင့်အယှက်ပေးလိုက်သည်။
ချင်ယွင်၏ စိတ်အစဉ်သည် ပြန်လည်အသိဝင်လာပြီး သူ့ကိုယ်သူ “ဝိညာဉ်နတ်ဘုရားမ” ဟု ခေါ်သည့် သူ့ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်ပါသည်။
"စီနီယာ၊ အရင်က စီနီယာဟာ ကြောက်စရာကောင်းမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် အခု စီနီယာရဲ့စိတ်ဝိညာဉ်အများစုက စည်းတံဆိပ်ခတ်ထားခံရဆဲပဲ။ စည်းတံဆိပ် မပွင့်သေးသရွေ့ ရှရှန်းယုကို လုံးလုံးလျားလျား ဝါးမျိုးပြီး သူမခန္ဓာကိုယ်ကို လုံးလုံး သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ပြောတာ မှန်တယ်မလား?" ချင်ယွင်က ရယ်မောလိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ?။ အခုတော့၊ သူမရဲ့ အင်မော်တယ် စိတ်ဝိညာဉ်က ငါ့ရဲ့ အကျဉ်းထောင်ထဲ ကျရောက်နေပြီလေ။ အခု ငါလုပ်ရမှာက မင်းကို သတ်ပြီး နတ်ဘုရား ခေါင်းတလားကို ဖွင့်လိုက်ရုံပဲ။ အဲဒီအခါ ငါ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က လုံးဝကို သဘာဝအတိုင်း နိုးထလာပြီး၊ နောက်ဆုံးတော့ မင်းရဲ့ ချစ်သူလေးကို ငါ့က ဝါးမြိုနိုင် လိမ့်မယ်။" ဝိညာဉ်နတ်ဘုရားမက လှောင်ပြောင်လိုက်သည်။
"စီနီယာ, ခင်ဗျား ရှရှန်းယုကို အလွတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုလိုတာလား?။" ချင်ယွင်၏ မျက်လုံးများသည် ဒေါသများ ရုတ်တရက် ပေါက်ထွက်သွားသည်။
"ဟမ့်၊ ဒါက ဖြစ်နိုင်မယ်ရော ထင်လား" ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ နှာခေါင်းရှုံ သည်။ သူမမျက်လုံးများသည် ဆွဲမက်ဖွယ် ခမ်းနားထည်မူကို ဖော်ပြနေသည်။
"ဒါဆိုလည်း ဒီဂျူနီယာက ခင်ဗျားကို ပြစ်မှားမိပြီ” ချင်ယွင်က အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့်၊ သူသည် တိုက်ရိုက် ပျံထွက်ပြေးပြီး၊ ဝိညာဉ်နတ်ဘုရားမ၏ စိတ်ဝိညာဉ်အမျှင်ဆီသို့ ပျံသန်းသွားသည်။
ဤဝိညာဉ်နတ်ဘုရားမသည် ရှရှန်းယု၏ စိတ်ဝိညာဉ်ကို ဝါးမြိုပြီး သူမခန္ဓာကိုယ်ကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ချင်ယွင် သိသည်။ ဤအရာက သူမ အရင်ကတည်းက ချမှတ်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်သည်။ သူမအနေဖြင့် ချင်ယွင်၏စကားတစ်ခွန်းကြောင့် မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။
ထို့ကြောင့်၊ ယခုအခါ နည်းလမ်တစ်ခုသာ ရှိပါတော့သည်သည်။ ၎င်းမှာ ဝိညာဉ် နတ်ဘုရားမ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖြိုခွဲပြီး ရှရှန်းယုကို ဤနေရာမှ ခေါ်ထုတ်ရန် ဖြစ်သည်။ ဤနည်းဖြင့် ရှရှန်းယု၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်။
“အထွက်အထိပ်ပုဂ္ဂိုလ် ဖြစ်လာနိုင်မည့် အခွင့်အရေး”ဟု ခေါ်ဆိုနေကြသည့် အရာအတွက် မူ, အရာအားလုံးက ဖုံးကွယ်ထားရုံ သက်သက်သာဖြစ်သည်။ ထိုပညာရှင်သည် ထိုအချိန် က အဓိပတိဉသျှောင်နယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ ဝိညာဉ်နတ်ဘုရားမ၏ လျှို့ဝှက်လမ်းညွှန်မှုကြောင့်ဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် သူသည် အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။
ဝှီး...။
ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ဝိညာဉ်နတ်ဘုရားမ၏ နတ်ဘုရားစိတ်ဝိညာဉ် အမျှင်တန်းဆီသို့ ပြေးသွားခဲ့သည်။ ၎င်းသည် သူ့ရှေ့တွင် နတ်ဘုရားစိတ်ဝိညာဉ် အမျှင်တန်းမျှသာ ဖြစ်သော်လည်း၊ သူမသည် အဓိပတိဉသျှောင်နယ်ပယ်တွင် ရှိနေသေး သည်။ သူမ၏ စိတ်ဝိညာဉ်သည် အလွန်အစွမ်းထက်သည်။
"ဟမ့်၊ မာနကြီးတဲ့ ပုရွက်ဆိတ်တစ်ကောင်ကများ။ မင်းက သေခြင်းတရားကို တောင်းခံနေ တာ မဟုတ်လား။" ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမ၏ လက်ဝှေ့ရမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအား တစ်ခုက ချက်ခြင်း ထွက်ပေါ်လာပြီး ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို တိုက်ရိုက် လွင့်ပျံသွားစေခဲ့သည်။
ခြားနားချက်က ကြီးမားလွန်းသည်။ နတ်ဘုရားစိတ်ဝိညာဉ်နှင့် အင်မော်တယ် စိတ်ဝိညာဉ် ကြားက ခြားနားချက်က ဆုံးဖြတ်ချက်ချဖို့ပင် ခက်ခဲသည်။
ယခင်က ချင်ယွင်သည် ရှရှန်းယု၏ကိုယ်ခန္ဓာကို အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင် ခဲ့ပြီး ဝိညာဉ်နတ်ဘုရားမသည် ရှရှန်းယု၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား မထိန်းချုပ်နိုင် သေသောကြောင့် ဖြစ်သည်။ ယခု သူသည် ရှရှန်းယု၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ရင်ဆိုင်နေသောကြောင့် ရလာဒ်သည် သဘာဝအတိုင်း ကွဲပြားသွားခဲ့သည်။
ချင်ယွင်ကို ပျံသန်း စေလွှတ်ခဲ့ပြီး သူ၏ အင်မော်တယ် စိတ်ဝိညာဉ်တစ်ခုလုံး ကွဲကြေသွား သကဲ့သို့ ခံစားခဲ့ရသည်။ အကယ်၍ သူ၏ စိတ်ဝိညာဉ်သာ သာမန်လူများထက် သန်မာခြင်း မရှိပါက၊ သူ၏အင်မော်တယ် စိတ်ဝိညာဉ်သည် ယခုအချိန်တွင် ကွဲအက်သွားပေလိမ့်မည်။
"ဘယ်လောက်တောင်မှ တန်ခိုးကြီးလိုက်လဲ။ ဒါက စိတ်ဝိညာဉ်ရဲ့ စွမ်းအားလား။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ်ဟူသည် အဓိပတိဉသျှောင်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အင်မော်တယ် ဧကရာဇ်တစ်ပါးအား ပေးထားသောအမည် ဖြစ်သည်။ ထို့ကြောင့် အထွက်အထိပ်ပုဂ္ဂိုလ်များ၏ ခွန်အားသည် အထွက်အထိပ်ပုဂ္ဂိုလ်ဟူသော စကားလုံးလောက်ဖြင့် မရိုးရှင်းပေ။ ဤနတ်ဘုရား စိတ်ဝိညာဉ်သည်လည်း ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
"ချင်ယွင်၊ မြန်မြန်ထွက်သွား၊ ငါ့အတွက် စိတ်မပူနဲ့။" ရှရှန်းယုသည် ချင်ယွင် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ စိုးရိမ်မှုအပြည့်ဖြင့် အော်ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ရှရှန်းယုက သူ့ကို သိပ်ပြီး ဂရုစိုက်နေမည် ဟု သူ မမျှော်လင့်ထားပေ။ ဤအရာက သူ့ကို ရှရှန်းယုကို ကယ်တင်လိုစိတ်ကို ပိုပြီး သေချာစေခဲ့သည်။
"အိုး.. သိပ်ကို ချစ်နေကြတယ်ပေါ့။ ကောင်းပြီလေ။ မင်းတို့စုံတွဲကို ဒုက္ခသည် ဘဲနှစ်ကောင် ဖြစ်အောင် ငါလုပ်ပေးမယ်။" ဝိညာဉ်နတ်ဘုရားမက လှောင်ပြောင်သည်။ ထို့နောက်တွင်၊ အစွမ်းထက်သော နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည် သူမခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ ရှေ့တွင် ရုတ်တရက် ရပ်နေသည့် ကြောက်မက်ဖွယ် နတ်တောင်ကြီးအတိုင်းပင်။
ချင်ယွင်၏စိတ်နှလုံးသည် တုန်လှုပ်သွားသည်။ ဤအရာသည် မပြည့်စုံသော နတ်ဘုရား စိတ်ဝိညာဉ် အမျှင်တန်းတစ်ခု၏ ဖိအားမျှသာ ဖြစ်သည်ကို တွေးကြည့်ရန် ခက်ခဲသည်။ ပြီးပြည့်စုံသော နတ်ဘုရား စိတ်ဝိညာဉ်များ ဖြစ်နေလျှင် သူသည် ချက်ချင်းပင် အသတ်ခံရလိမ့်မည်။
"ကြည့်ရတာ စကြဝဠာရဲ့အလိုဆန္ဒကိုပဲ အသုံးပြုရတော့မယ့်ပုံ။" ချင်ယွင်၏ အကြည့်များ သည် ရုတ်တရက် ပြင်းထန်လာခဲ့ပြီး ပြင်းထန်သော ဖိအားတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ ဝိညာဉ်နတ်ဘုရားမ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို တခဏချင်း ဖိနှိပ်လိုက်သည်။