← Chapters

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း (၁၀၇၅) လေနှင့်တိမ်တိုက်များတဖန် မြင့်တက်လာခြင်း။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" နတ်ဝိညာဉ်ဘုရားမသည် သူမ၏စိတ်ဝိညာဉ် ဖိနှိပ်ခံရ သည်ဟု ခံစားခဲ့ရပြီး သူ၏မျက်နှာသည် အလွန်မင်း တုန်လှုပ်ခြောက်ခြားဟန် အမူအရာကို ပေါ်လွင်စေသည်။

သူမ၏ စိတ်ဝိညာဉ်သည် နတ်ဘုရားနယ်ပယ်၌ ရှိနေပါသေးသည်။ ၎င်းသည် အကြွင်းအကျန် စိတ်ဝိညာဉ် အမျှင်တန်းတစ်ခုမျှသာ ဖြစ်သော်လည်း၊ သာမာန် အင်မော်တယ် စိတ်ဝိညာဉ်များသည် ဆန့်ကျင်ဘက်ပြုနိုင်သည့်အရာ မဟုတ်သည်မှာ သေချာပါသည်။ ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ်အဆင့်ရှိ အင်မော်တယ် စိတ်ဝိညာဉ်များသည်ပင် သူမ၏ရှေ့တွင် ချက်ချင်းပင် အသတ်ခံရနိုင်သည်။ သို့သော်၊ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် အင်မော်တယ် စိတ်ဝိညာဉ်ဖြင့် အမှန်တကယ် ဖိနှိပ်ခံ ခဲ့ရသည်။ သူမအနေဖြင့် မည်သို့ မတုန်လှုပ်ဘဲနေမည်နည်း?။

ဝိညာဉ်နတ်ဘုရားမသည် သူမရှေ့တွင်ရှိနေသည့် ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ကြည့်ရှုနေခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် သူမ၏နှလုံးသားအောက်ခြေမှ ကြောက်ရွံ့မှုကို ခံစားရပါသည်။ သူမသည် မထိန်းနိုင်ဘဲ ဒူးထောက်ချင်လာမိသည်။ သူမသည် လူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံနှင့် ရင်ဆိုင်နေရ ပုံသည်။

"ကောင်းကင်ဘုံ... ဒါက ကောင်းကင်ဘုံရဲ့တန်ခိုးအစွမ်းများ ဖြစ်နိုင်မလား?။ မင်းက ဘယ်သူလဲ။" ချင်ယွင်ကို ရိုသေစွာကြည့်ရင်း ဝိညာဉ်နတ်ဘုရားမပင် စကားထစ်သွားရပါ သည်။

ရှရှန်းယုသည် အလွန်မင်း တုန်လှုပ်ခြောက်ခြားနေသည့် မျက်နှာဖြင့် လှောင်အိမ်ထဲတွင် ထိုင်နေပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် ပြိုင်ဘက်ကင်း ဧရာမနတ်ဘုရားနှင့် တူနေပြီး၊ မြင့်မြတ်သထက် မြင့်မြတ်နေပါသည်။ ကမ္ဘာပေါ်ရှိလူတိုင်းသည် သူ့အား ဉီးညွှတ်လိုရဟန်ပါသည်။

"ဒီလောက်ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို သူ ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ" ရှရှန်းယုက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်ပြီး မောက်မာနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စကြဝဠာ၏အလိုဆန္ဒ၏ ပံ့ပိုးမှုဖြင့် ၎င်းသည် ဒေါသထွက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမရှိလျှင်ပင် ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ပေးစွမ်းသည်။ ၎င်းက ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်များ ကဲ့သို့ ခံစားသွားရသလိုပင်။

"ကျုပ်က ကျုပ်ပဲပေါ့။ ဒါပေမယ့် ကျုပ်က ကောင်းကင်ဘုံထက်မှာ ရှိတယ်။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဝိညာဉ်နတ်ဘုရားမ၏ စိတ်ဝိညာဉ်ဆီသို့ ပျံထွက်သွားပြီး၊ သူမကို ချက်ချင်းပင် ချေမွသွားခဲ့သည်။

"မဟုတ်ဘူး" ဝိညာဉ်နတ်ဘုရားမ၏ အကြွင်းအကျန် စိတ်ဝိညာဉ်အမျှင်တန်းသည် သနားစရာဖွယ် အော်ဟစ်သံကို ထုတ်အော်ရင်း ချင်ယွင်၏ စကြာဝဠာ၏အလိုဆန္ဒ ကြောင့် အပိုင်းပိုင်း ကြေကွဲသွားခဲ့သည်။

သူမ၏ စိတ်ဝိညာဉ်သည် တန်ခိုးကြီးမားသော်လည်း စကြာဝဠာ၏ အလိုဆန္ဒနှင့် ယှဉ်လျှင် အလှမ်းဝေးနေပါသေးသည်။

ဝှီး….။

ချင်ယွင်သည် သူ၏ဝတ်စုံလက်မောင်းကို ထပ်မံ ဝှေ့ယမ်းပြီး ရှရှန်းယု၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် လှောင်အိမ်အား ဖြိုခွဲပစ်လိုက်သည်။

နတ်ဘုရား စိတ်ဝိညာဉ်လှောင်အိမ် ပြိုကွဲသွားပြီး ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ် သည် ၎င်း၏လွတ်လပ်မှုကို ချက်ချင်း ပြန်လည်ရရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ်…" ရှရှန်းယုက ချင်ယွင်ကို ပြောသည်။ တကယ်ဆို, သူမမျက်နှာက ရှက်ရွံ့မှု အရိပ်အယောင်တွေ ရှိနေပါသည်။

ချင်ယွင်က ပြုံးပြီး ပြောလိုက်ပါသည် "ဒီနေရာကနေ အရင်ထွက်သွားရအောင်။ ဒီနတ်ဘုရား ခေါင်းတလားထဲက နတ်ဘုရားဝိညာဉ်သာ ရုတ်တရက် နိုးထလာခဲ့ရင်၊ ကြောက်စရာကောင်းလိမ့်မယ်။ ငါ့ရဲ့ လက်ရှိခွန်အားနဲ့၊ သူမကို ဆန့်ကျင်ဖို့ တော်တော် ခက်ခဲလိမ့်မယ်"။

ရှရှန်းယုက ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်မှာ သူမသည် ယခင်ကလို အေးစက်ပြီး မာနမကြီးတော့ပါဘူး။ ယင်းအစား သူမသည် မိန်းမငယ်လေးတစ်ယောက်၏ ကိုယ်ဟန် အနေအထားမျိုး ရှိနေပါသည်။ သို့သော်လည်း သူမ၏ ကိုယ်ဟန်အနေအထားသည် သူမအတွက် ထူးဆန်းသောအလှပကို တိုးလာစေပြီး ချင်ယွင်သည်ပင် နစ်မြောသွားရ သည်။

"စကားမစပ်၊ ဒါကို မင်းကို ငါ ပေးထားမယ်။ အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းရဲ့ အသက်ကို ငါ ကယ်နိုင်ကောင်း ကပ်နိုင်လိမ့်မယ်။" ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲမှာ ပုံရိပ်ယောင်ဆန်ဆန် အစိမ်းရောင်ကြာပန်းတစ်ပွင့် ပေါ်လာပါသည်။

မှန်ပါသည်။ ဤအရာသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို အသုံးပြု၍၊ ချင်ယွင်ကိုယ်တိုင် ဖွဲ့စည်းထားသော အစိမ်းရောင်ကြာပန်း ဖြစ်ပါသည်။ ၎င်းသည် ပြင်းထန်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံနိုင်သည်။ ၎င်းသည် နတ်ဘုရား စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကို လုံးလုံးလျားလျား မတားဆီးနိုင်သော်လည်း၊ အထိုက်အလျောက် တားဆီးနိုင်ပါသေးသည်။

ရှရှန်းယုက ခေါင်းညိတ်ပြပြီး သူမလက်ကို ဆန့်ထုတ်ကာ အစိမ်းရောင်ကြာပန်းကို ယူလိုက်ပြီး၊ သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှာ ပေါင်းစပ်လိုက်ပါသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်သည် စိတ်သက်သာရာရသွားပြီး ရှရှန်းယု၏ နီဝမ်နန်းတော်မှ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်သို့ ပြန်ရောက်လာသောအခါ၊ ချင်ယွင်၏ ခန္ဓာကိုယ် သည်လည်း တဖန် လှုပ်ရှားလာခဲ့သည်။ သူသည် သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ ရှရှန်းယုသည် သူမ၏ လှုပ်ရှားသက်ဝင်နေသော မျက်လုံးများကို ဖွင့်ကာ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လှပသော မျက်နှာသည် သိမ်ငယ်သော အပြုံးကို ဆောင်ထားသော်လည်း ဖော်မပြနိုင်သော အလှတရားများ ရှိနေပါသည်။

"ဘာကြည့်နေတာလဲ?" ချင်ယွင်က ရယ်မောကာ မေးသည်။

"ချင်ယွင်၊ ငါ နင့်ရဲ့အမျိုးသမီး ဖြစ်ပါစေ" ရှရှန်းယု ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ယင်သွားပြီး၊ သူ၏မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။ အမြဲတမ်း မာနကြီးသော ရှရှန်းယုက ယခုလိုစကားမျိုး အမှန်တကယ် ပြောလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။

"မင်းလည်း သိပါတယ်။ ငါ့မှာ မယားလေးယောက်ရှိနေပြီ။ ငါကလည်း သူမတို့ကို အရမ်းချစ်တယ်" ချင်ယွင်က ပြောသည်။

"ငါ ဂရုမစိုက်ဘူး။" ရှရှန်းယုသည် ချင်ယွင်ကို အလျင်အမြန် ဟန့်တားလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။

ချင်ယွင် နောက်ဆုံးအကြိမ် ထွက်သွားပြီးကတည်းက ချင်ယွင်၏ပုံရိပ်သည် သူမစိတ်ထဲမှာ အမြဲပေါ်လာသည်။ သူမသည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း အ၀င်ဝတွင် ချင်ယွင်ကို ထပ်မံတွေ့လိုက်ရစဉ်မှာ, သူမသည် ဤလူကို ချစ်နေမိပြီဟု အမှန်တကယ် နားလည်သွား သည်။

ချင်ယွင်သည် ရှရှန်းယု၏ ပြတ်သားသော အကြည့်ကို ကြည့်ပြီး သူ၏နှလုံးသားထဲတွင် လှိုင်းထန်ခြင်းကို မခံစားရဘဲ မနေပေ။ ထူးဆန်းသော ခံစားချက်တစ်ခုက သူ့အလိုလို ပေါ်လာပါသည်။

ရိုးရိုးသားသားပြောရလျှင်, ရှရှန်းယုသည် အင်မော်တယ်ကမ္ဘာတွင် ပွင့်လန်းနေသော အလှပန်းတစ်ပွင့် ဖြစ်ပါသည်။ ချင်ယွင်သည် ဤစကားက လိမ်ညာမှုသက်သက်ဟု မခံစားခဲ့ရသည့်အပြင်, သူကိုယ်တိုင်ကလည်း အပေါ်ယအရေခွံကိုသာ ကြည့်တတ်သည့် လူ့တိရစ္ဆာန် မဟုတ်ပါဘူး။ သူ အမှန်တကယ် ဂရုစိုက်ခဲ့သည်က သူတို့နှစ်ယောက်ကြားက ခံစားချက်များ ဖြစ်ပါသည်။

ယခင်က ချင်ယွင်သည် ရှရှန်းယုအပေါ် မည်သည့်ခံစားချက်မျှ မရှိသောကြောင့် ရှရှန်းယု နှင့် ပတ်သက်၍ မည်သည့်အတွေးမျိုးမှ မရှိခဲ့ပေ။ သို့သော် သူတို့၏ ယခင်က ဆက်ဆံရေးမှတဆင့် အထူးဆက်ဆံရေးတစ်ခုကို ထူထောင်လာခဲ့ကြသည်။

ရှရှန်းယုက ချင်ယွင်ကို ကယ်တင်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို, ချင်ယွင်က သူမကို ကယ်တင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်. သူတို့နှစ်ယောက်ကြားမှ ခံစားချက်များသည် အတူခံစားခံစားခဲ့သည့် ဒုက္ခတွေကြောင့်လည်း ပို၍နွေးထွေးလာခဲ့ပါ သည်။

"ကောင်းပြီလေ..” ချင်ယွင် သဘောတူလိုက်သည်။ ရှရှန်းယုကိုယ်တိုင်က ပြောလာခဲ့ သည်။ ထို့ကြောင့် ယောက်ျားတစ်ယောက်အနေဖြင့် သူကရော အဘယ့်ကြောင့် ငြင်းဆန်ရမည်နည်း?။

ထိုစကားကို ကြားလျှင် ရှရှန်းယုလည်း ဝမ်းသာအားရ ပြုံးပြသည်။ လှပနေပြီဖြစ်သော သူမ၏ မျက်နှာသည် ချက်ချင်းပင် အနှိုင်းမဲ့ ဝင်းလက်တောက်ပလာသည်။

ယခင်က ရှရှန်းယုသည် ပြုံးရယ်ခြင်းမရှိလျှင်ပင်, အလွန်လှပနေပြီဖြစ်သော်လည်း ယခုအခါတွင် သူမ၏အပြုံးသည် ကောင်းကင်နတ်သမီးတစ်ပါးထက်ပင် ပိုမိုလှပလာခဲ့ သည်။

"ဒီနေရာကနေ အရင်ထွက်သွားရအောင်။" ချင်ယွင်က ရှရှန်းယု၏လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

ရှရှန်းယုသည် သူမ၏ လက်ဖဝါးမှတဆင့် ထွက်ပေါ်လာသော အပူချိန်ကို ခံစားလိုက်ရပြီး သူမ ခေါင်းမညိတ်ခင်မှာ သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပါသည်။

"ဘုန်း..’။

သို့သော်လည်း ချင်ယွင်နှင့် ရှောင်ရှောင်ယုတို့သည် တောင်ထိပ်ပေါ်မှ ဆင်းခါနီးတွင် ကြောက်မက်ဖွယ်ရာ ကျယ်လောင်သော အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ချင်ယွင်နှင့် ရှရှန်းယုတို့ဆီသို့ ကောင်းကင်ဘုံကြီး ပြိုကျလာသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခု ကျရောက်လာပါသည်။

"ဖျစ်… ဖျစ်..”။

ချင်ယွင်နှင့် ရှရှန်းယုတို့၏ ခြေရင်းအောက်ရှိ တောင်ထိပ်သည် ရုတ်တရက် ပြိုကျသွားပြီး ၎င်းတို့အားလုံး ပြိုကျသွားပါသည်။

ချင်ယွင်နှင့် ရှရှန်းယုတို့သည် လေထဲတွင် ရပ်နေကြသည်။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် အလွန်ကြောက်စရာကောင်း၏။ သူတို့အပေါ် ကျဆင်းလာသော ထိုဖိအားကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ နစ်မြုပ်သွားခဲ့ သည်။

တောင်ခြေမှ လူတွေအားလုံး အဝေးကို ပျံထွက်ပြေးသွားကြသည်။ သူတို့သည် ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ရင်း ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်ခဲ့ကြပေ။

"ဘုန်း..”။

ချင်ယွင်သည် ရှရှန်းယုကို ပွေ့ဖက်ပြီး ကြီးမားသော ကျောက်ဆောင်အပျက်အစီးများကြား ထဲသို့ ပြင်းပြင်းထန်ထန် ပစ်ရိုက်ကျသွားခဲ့ပြီး၊ မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖန်တီးကာ ကောင်းကင်တစ်ခုလုံး ဖုန်မှုန့်များ လွင့်ပျံသွားခဲ့သည်။

ရှရှန်းယုသည် ချင်ယွင်၏ခန္ဓာကိုယ်ကို အကာကွယ်တစ်ခုအဖြစ် ယူထားသောကြောင့် သူမသည် ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ပေ။ သို့သော် ချင်ယွင်သည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ယခုလေးတင် ဝင်ရောက်တိုက်ခတ်သွားကာ သူ၏အတွင်းအင်္ဂါ အားလုံး နီးပါး ကွဲအက်သွားခဲ့သည်။

"ချင်ယွင်, နင် အဆင်ပြေရဲ့လား?" ရှရှန်းယုက စိုးရိမ်တကြီး မေးသည်။

ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ပြုံးရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"သေလိုက်တော့”။

ထိုအချိန်မှာပင် ကောင်းကင်ကြီးသည် ရုတ်တရက် ဆုတ်ပြဲသွားခဲ့သည်။ ဧရာမ လက်ဖဝါးကြီးတဖက်သည် ကောင်းကင်ယံမှ ဆန့်ထွက်လာကာ ချင်ယွင်နှင့် ရှရှန်းယုဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ၎င်းတွင်ပါရှိသော စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးခဲ့ပြီး နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်လဲ?။ ဒါက ဘယ်နယ်ပယ်က ပညာရှင်မျိုးလဲ။" ချင်ယွင်သည် ကောင်းကင်ပေါ်က ဧရာမလက်ဖဝါးကြီး ကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။

အကယ်၍, ထိုလက်ဖဝါးကြီးသာ သူ၏ခန္ဓာကိုယ်ပေါ် အမှန်တကယ် ကျရောက်ခဲ့မည်ဆို လျှင်၊ သူသည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိတော့ဟု သူ ခံစားရပါသည်။

ရှရှန်းယုလည်း အလွန်မင်း တုန်လှုပ်ခြောက်ခြားနေသော အမူအရာကို ထုတ်ဖော်လာ သည်။ သေချာသည်မှာ သူမသည် ဤလက်ဖဝါးရိုက်ချက်၏ ကြောက်မက်ဖွယ်ကောင်းပုံ ကို ခံစားနိုင်သည်။

ဘန်း…။

သို့သော်၊ ချင်ယွင်သည် ရှရှန်းယုကို ကနဦးစကြဝဠာထဲသို့ ဆွဲထုတ်ခါနီးတွင်, နတ်ဘုရား ခေါင်းတလားသည် ရုတ်တရက် လင်းလာခဲ့သည်။ နတ်ဘုရား၏ ခေါင်းတလားမှ ထုတ်လွှတ်သော အငွေ့အသက်သည် ပျက်သုဉ်းခြင်းရှစ်မျိုးကိုပင် တုန်လှုပ်သွားစေနိုင် သည်။

All Chapters