အခန်း ၁၀၇၆
Vol. 72 Ch. 1076
အခန်း (၁၀၇၆) အထွက်အထိပ် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲ။
"ဟမ့်၊ အထွက်အထိပ် တစ်ပိုင်းအဆင့်လေးက ငါ့အသားကို (ငါ့ခန္ဓာကိုယ်ကို) ဖျက်ဆီးချင် နေတယ်။ နင်က သေချင်နေတာပဲ?"။
နတ်ဘုရားခေါင်းတလားသည် ကြောက်မက်ဖွယ်ကောင်းဖွယ် အလင်းတန်းကို ထုတ်လွှတ် စဉ်၊ အေးစက်စက် အော်ဟစ်သံက ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်း တစ်ခုသည် နတ်ဘုရား ခေါင်းတလားထံမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံမှ ဧရာမ လက်ဖဝါးကြီး အား ချက်ချင်းဆိုသလို အစိပ်စိပ်မွှာမွှာ ခွဲခြမ်းပစ်လိုက်ပါသည်။
အဆုံးမဲ့ စွမ်းအားများပါရှိသော ကြောက်မက်ဖွယ် လက်ဖဝါးကြီးသည် ကမ္ဘာမြေတစ်ခွင် ဖြတ်ကျော်သွားသည့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကီလိုမီတာ ထောင်ပေါင်းများအထိ ပျံ့နှံ့သွားခဲ့ပါသည်။
ချင်ယွင်သည် ဤမြင်ကွင်း ကျရောက်လာစဉ်မှာ ဆိုးရွားသော ကြိုတင်သတိပေးချက်က သူ၏စိတ်နှလုံးထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။
ခေါင်းတလားအတွင်းရှိ ဝိညာဉ်နတ်ဘုရားမသည် အမှန်တကယ် နိုးကြားလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤနည်းအားဖြင့် သူသည် ကြီးစွာသောဒုက္ခကို ခံရပေလိမ့်မည်။
"မကောင်းတော့ဘူး အမြန်ထွက်သွားတော့.." ချင်ယွင်က ရှရှန်းယုကို အမြန်ပြောလိုက် သည်။
ထိုစကား ပြောပြီးသည်နှင့် သူသည် ရှရှန်းယုကို ကနဦးစကြဝဠာထဲသို့ ဆွဲသွင်းလိုက်ပါ သည်။
သို့သော်လည်း ရှရှန်းယု၏ အကြည့်များသည် တစ်ဖန် အေးစက်သွားသည်ကို သူ တွေ့ရှိခဲ့ရ သည်။
ချင်ယွင်၏ နှလုံးသည် ခုန်တက်သွားကာ အအေးဓာတ်က ချက်ချင်းပင် ဦးရေပြားပေါ်သို့ ပျံ့နှံ့လာခဲ့ပြီး၊ သူ၏ ဦးရေပြားကို ထုံကျင်လာစေသည်။
ရှရှန်းယု၏ ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး၊ သူမသည် လျှပ်စီးလက်သကဲ့သို့ လက်ကို ဆန့်ထုတ်ကာ ချင်ယွင်၏ ပခုံးကို တိုက်ရိုက် ရိုက်ချလိုက်ပါသည်။
အလွန်ကြောက်စရာကောင်းသည့် စွမ်းအားသည် ချင်ယွင်ကို ချက်ချင်း လွင့်ပျံသွားစေခဲ့ သည်။ သူသည် အဝေးမှ ကြီးမားသော တောင်တန်းတစ်ခုကို ပစ်တိုက်သွားကာ၊ ကောင်းကင်ယံ၌ ကျယ်လောင်သော ဆူညံသံကို ထွက်ပေါ်လာစေသည်။ တောင်ကြီးသည် ပြိုကျပြီး ကျောက်တုံးများ လိမ့်ကျလာသည်။
ထိုအခိုက်တန့်တွင် ချင်ယွင်သည် သူ၏တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရ သည်။ ဤလက်ဖဝါးချက်တွင် ပါရှိသော စွမ်းအားသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ၏ ဆယ်ပုံတစ်ပုံတွင် ကိုးပုံခန့်ကို ကြွေမွလုနီးပါး ဖြစ်ပေါ်စေခဲ့ပြီး၊ အလွန်မင်း ပြင်းထန်သည့် ဒဏ်ရာအခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။
၎င်းအခြေအနေသည် မည်သည့် အင်မော်တယ် ဧကရာဇ်မဆို, ဆယ်ယောက်လျှင် ရှစ်ယောက်ခန့် သေဆုံးသွားနိုင်ပါသည်။
"လခွမ်းကွာ" ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သူသည် ယခုလေးတင်မှ ရှရှန်းယု၏ ဝန်ခံစကားကို ရရှိခဲ့ပြီး၊ ၎င်းတို့နှစ်ဦးသည် အတူတူ နေနိုင်ရုံသာရှိပါသေးသည်။ သို့သော် တစ်မိနစ်အတွင်းမှာပင် ရှရှန်းယု၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်လည် သိမ်းပိုက်ခံခဲ့ရပြီး၊ ယခုတစ်ကြိမ်တွင် ၎င်းသည် ဝိညာဉ်နတ်ဘုရားမ၏ အစစ်အမှန် စိတ်ဝိညာဉ် ဖြစ်ပုံရသည်။
"ရှန်းယု၊ မင်း ထိန်းထားရမယ်။ ဝါးမျိုမခံရစေနဲ့။ ငါ မင်းကို သေချာပေါက် ကယ်တင်ပေး မယ်။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အော်ပြောလိုက်ပါသည်။
သူသည် ရှရှန်းယုကို သူ၏အမျိုးသမီးအဖြစ် ဖြစ်ခွင့်ပေးမည်ဟု ကတိပေးထားပြီး ဖြစ်သော ကြောင့်၊ သူသည် ရှရှန်းယု ဝါးမျိုခံရမည့်အရေးကို သေချာပေါက် ကူရာမဲ့ စောင့်ကြည့်နေ မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သူ့ကို ကယ်တင်လိုလျှင်ပင်, သူသည် ခွန်အား မရှိတော့ပေ။ ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံးသည် ရွှံ့ညွှန်ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ လှုပ်ရှား၍ပင် မရတော့ပါဘူး။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုး ပညာရပ် ဖြစ်လျှင်ပင်၊ သူသည် ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ် ယူရပါဦးမည်။
သို့သော် ရှရှန်းယုသည် ချင်ယွင်ကို ပစ်မှတ်မထားခဲ့ပါ။ ယင်းအစား, သူမသည် ခေါင်းမော့ ပြီး မီးခိုးရောင် ကောင်းကင်ကြီးကို ကြည့်လိုက်ပါသည်။ အေးစက်စက် မျက်လုံး တစ်စုံက ကောင်းကင်ယံသို့ မော့ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည် "ထွက်လာခဲ့စမ်း၊ မင်းရဲ့ ခေါင်းကို ဝှက်ပြီး မင်းရဲ့အမြီးကို ထုတ်ပြမနေနဲ့။ မင်းက ငါကိုယ်တိုင် ဖိတ်ခေါ် စေချင်လား?"။
အဝေးသို့ ဆုတ်ခွာသွားသည့် လူတိုင်းသည် ထိုစကားကိုကြားသောအခါ၊ သူတို့ခေါင်းကို ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပါသည်။
သူတို့ရှေ့မှ အရာအားလုံးက သူတို့ကို ဝေခွဲမရဖြစ်စေခဲ့သည်။ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူတို့ နားမလည်ခဲ့ကြပါဘူး။ အမှန်တရားကို သိရှိထားသည့် လူများလောက်သာ ဖြစ်ပျက်ခဲ့သည်ကို နားလည်ကြပါသည်။
"ဆရာကြီး၊ ကြည့်ရတာ, အထွက်အထိပ် ကျွမ်းကျင်သူက ရှရှန်းယုရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီးသားလို့ ထင်ရတယ်။ ဂျူနီယာမောင်လေးက မအောင်မြင်သေးဘူး။" လျှိုထန်းက ပြောသည်။
ရှေးဟောင်းတာအိုသည် မျက်ခုံးပင့်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် သူက ပြောသည် "ရှင်သန်ဖို့ အခွင့်အလမ်း ရှိကောင်းရှိနိုင်ပါသေးတယ်။ ဒီအချိန်မှာ ဒီအထွက်အထိပ် ကျွမ်းကျင်သူက ရန်သူကို တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေတယ်။ ရှရှန်းယုရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို ဝါးမျိုဖို့ အခွင့်အရေး မရရှိသေးဘူး။ ရှရှန်းယုရဲ့ အင်မော်တယ် စိတ်ဝိညာဉ်က ယာယီ အကျဉ်းချခံထားရတယ်။ နောက်ဆုံးရလာဒ်က ဘယ်လိုဖြစ်မလဲဆိုတာ ပြောဖို့ခက်တယ်။”
လျှိုထန်းက ခေါင်းညိတ်ပြသော်လည်း အဝေးမှ ရှရှန်းယုကို ကြည့်လိုက်စဉ်, သူမ၏ အမူအရာက အလွန်လေးနက်နေသည်။
လက်ရှိအခြေအနေအရ ရှရှန်းယုကို ကယ်တင်နိုင်ရန် အခွင့်အလမ်းက အလွန်မင်း နည်းပါးလွန်းသည်။
ရှေးဟောင်းတာအိုနှင့် လျှိုထန်းတို့၏ မျက်နှာအမူအရာက လေးနက်နေချိန်မှာ ဟူဖန်းနှင့် ဆံပင်ဖြူ အဖိုးအိုတို့သည် ထပ်ခါတလဲလဲ ပြုံးနေကြသည်။ အထူးသဖြင့် ရှရှန်းယုကြောင့် လွင့်ပျံသွားသော ချင်ယွင်ကို မြင်သောအခါတွင်, ဟူဖန်းသည် သူမ၏စိတ်ထဲတွင် ဖော်မပြနိုင်လောက်အောင်ပင် ပျော်ရွှင်သွားခဲ့သည် ။
"ဟား…၊ ဟား…၊ ချင်ယွင်၊ နင့်ရဲ့အမျိုးသမီးလက်ထဲမှာ နင် သေရလိမ့်မယ်လို့ မထင်ထားမိ ဘူး မဟုတ်လား?" ဟူဖန်းသည် လက်စားချေရခြင်း၏ ကျေနပ်မှုကို ခံစားရင်း, ကျယ်လောင်စွာ မရယ်မောဘဲ မနေနိုင်ခဲ့ပေ။
"စိတ်မပူပါနဲ့၊ ချင်ယွင်ရဲ့ အငွေ့အသက်က ပျောက်ကွယ်သွားမယ့်ပုံ မပေါ်သေးဘူး။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
ထိုစကားကို ကြားလိုက်ရလျှင်, ဟူဖန်း၏ မျက်နှာပေါ်မှ အပြုံးသည် တင်းမာသွားခဲ့သည်။
"ဒါပေမယ့် အခုအချိန်မှာ သူ့ရဲ့ အငွေ့အသက်က အရမ်းကို အားနည်းနေတယ်။ သူ ဒဏ်ရာပြင်းပြင်ထန်ထန် ရရှိနေမှာတောင် စိုးရတယ်။ တကယ်လို့ သူ အသက်ရှင်နေ ရင်တောင် ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားနေရလိမ့်မယ်။ အခု တိုက်ပွဲက စနေပြီဆိုတော့ တိုက်ပွဲတစ်ခုလုံးက ဒီတောင်တန်းကြီးကို သေချာပေါက် ထိခိုက်စေလိမ့်မယ်။ ဒီ ချင်ယွင်က ဒဏ်ရာအပြင်းအထန် ရထားပြီဆိုတော့ သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
"ဒါဆို ကောင်းလိုက်တာ။ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းက သူ့ရဲ့ သင်္ချိုင်းမြေ ဖြစ်စေရမယ်။" ဟူဖန်းက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
ဆံပင်ဖြူ အဘိုးကြီးသည် ကောင်းကင်ကို တစ်ဖန် ပြန်ကြည့်ရန် ခေါင်းမော့လိုက်သည်။ နောက်ပိုင်း အစီအစဉ်က တကယ့်တကယ်ကို အရေးပါသည့်အရာ ဖြစ်ပါသည်။
ဤအခိုက်အတန့်တွင် စိတ်အပူဆုံးလူက သဘာဝအတိုင်း ရှဟောင်ချင်း ဖြစ်ပါသည်။ သူသည် အဝေးမှ ရင်းနှီးကျွမ်းဝင်ခြင်းမရှိတော့သည့် သူ၏ သမီးငယ်ကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ခန္ဓာကိုယ်အတွင်းရှိ လူသည် သူ၏သမီး မဟုတ်တော့သည့်အကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
သူသည် သူ၏သမီးကို ကယ်တင်လိုသော်လည်း၊ ယခုလေးတင် ထိုလူ ပြသထားသည့် စွမ်းအားနှင့် အငွေ့အသက်ကြောင့် သူသည် ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်တော့ပေ။
"သမီးလေး အဆင်ပြေပါစေ။" ရှဟောင်ချင်းသည် သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
ကျင်းရှန်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူသည် နောက်ဆုံးတွင် ပြန်လှည့်သွားပြီး၊ ဤနေရာမှ ထွက်ခွာသွားခြင်းမပြုမီ တစ်ခဏမျှ စဉ်းစားနေသေးသည်။
…
ယခုအချိန်တွင်၊ ကောင်းကင်နှင့်မြေကြီးသည် အဆုံးမဲ့ ဖိအားများဖြင့် ပြည့်နေခဲ့ပြီး၊ ကြီးမားပြင်းထန်လှသော အငွေ့အသက်တစ်ခုသည် ကမ္ဘာမြေအနှံ့ ပျံ့နှံ့သွားခဲ့သည်။
"ဟား…၊ ဟား…၊ ဝိညာဉ်နတ်ဘုရားမကတော့ တကယ်ကို ဝိညာဉ်နတ်ဘုရားမပါပဲ။ အခုမှ ပြန်လည်မွေးဖွားလာတာတောင် သူမရဲ့ဂုဏ်သိက္ခာက လျော့မသွားခဲ့ဘူး။" မကြာခင်မှာ လျှို့ဝှက်ဆန်းကြယ်သော အသံနှင့်အတူ ဟက်ဟက်ပက်ပက် ရယ်မောသံများက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အရပ်ရှည်ရှည် သွယ်လျသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံမှ ထွက်လာခဲ့ သည်။ ထိုအခိုက်တန့်မှာ, ထိုလူ၏ဆံပင်များသည် နီရဲနေပြီး၊ သူ၏သူငယ်အိမ်များက ပို၍ပင် နီရဲနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည်လည်း အလားတူ ကြောက်စရာကောင်းလွန်းသည်။
ဝိညာဉ်နတ်ဘုရားမသည် ကောင်းကင်ယံမှ ထွက်ပေါ်လာသော ရုပ်အသွင်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမက "ကြက်သွေးရောင်နတ်ဘုရားက မင်းကို ဒီနေရာကို ပို့ခဲ့တာလား?"ဟု မေးလိုက်ပါသည်။
"ဟား…၊ ဟား… ၊ ဝိညာဉ်နတ်ဘုရားမက တကယ်ကို ထက်မြက်ပါတယ်။ မှန်ပါတယ်၊ အရှင်ဝိညာဉ်နတ်ဘုရားမကို ဆိတ်ကွယ်ရာကနေ ကြိုဆိုပေးဖို့ သခင် ကြက်သွေးရောင် နတ်ဘုရားက အမိန့်ပေးထားပါတယ်။" ကြက်သွေးရောင်ဆံပင်နှင့်အမျိုးသားက ပြုံးပြုံးလေး ပြောလိုက်ပါသည်။
"ကြိုဆိုဖို့လား?။ ဟမ့်၊ မင်းက အခုလေးတင် ငါ့ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးချင်နေတာ ရှင်းလင်းနေတာပဲ။ ကြည့်ရတာ, ကြက်သွေးရောင် နတ်ဘုရားက ဟိုတချိန်တုန်းက အဲဒီလက်ဖဝါးရိုက်ချက်အတွက် လက်စားချေချင်နေသေးပုံပဲ" ဝိညာဉ်နတ်ဘုရားမက လှောင်ပြောင်ပြောသည်။
"ဟား..၊ ဟား…၊ မှန်ပါတယ်။ အရှင် ကြက်သွေးရောင် နတ်ဘုရားက မင်းရဲ့ လက်ဖဝါး ရိုက်ချက်က သူ့နှလုံးကို ထိမှန်ခဲ့ပြီး၊ သူ့နှလုံးအပေါ်မှာ နက်ရှိုင်းတဲ့ စည်းတံဆိပ်တစ်ခု ချန်ထားခဲ့တယ်ဆိုတဲ့ စကားတစ်ခွန်းကို ငါ့ကို ပါးခိုင်းလိုက်ပါတယ်။ မင်း မသေးဘူးဆိုရင်, အဲဒီစည်းတံဆိပ်ကို ဘဝတစ်သက်တာလုံး ဘယ်တော့မှ ဖယ်ရှားနိုင်မှာ မဟုတ်တော့ဘူး တဲ့။" ကြက်သွေးရောင်ဆံပင်နှင့်အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ၏ပါးစပ်ထောင့်မှ မထင်မရှားအပြုံးက ပေါ်လွင်နေသည်။
"ဟမ့်၊ သူက ငါ့ကို အရမ်းလျှော့တွက်လွန်းတယ်။ သူက အထွက်အထိပ်တစ်ပိုင်း တစ်ယောက်ကို ဒီနေရာကို ပို့လိုက်တယ်။ ဖြစ်နိုင်တာက သူက မင်းကို သေစေချင်လို့ များလား?"။ ဝိညာဉ်နတ်ဘုရားသခင်မသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ၏ လေသံက မောက်မာမူ အပြည့်ရှိနေလေသည်။
ကောင်းကင်ယံမှ လူက ပြုံးသည်။ သူက ဝိညာဉ်နတ်ဘုရားမကို ကြည့်ပြီး ပြောသည် “တကယ်လို့ မင်းသာ မင်းရဲ့ ယခင် အခြေအနေကို ပြန်ရောက်နေမယ်ဆိုရင်တော့၊ သခင်ကြက်သွေးရောင် နတ်ဘုရားက ငါ့ကို အမိန့်ပေးရင်တောင်မှ လာဖို့ သတ္တိရှိမှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မင်းရဲ့ လက်ရှိခွန်အားက ဟိုတုန်းကထက် အဆ တစ်ထောင် အောက် နည်းနေမှာကို ငါ ကြောက်မိတယ်။ သခင်ကြက်သွေးရောင် နတ်ဘုရားက ဒါက ငါ လှုပ်ရှားဖို့ လုံလောက်တယ်လို့ ခံစားမိတယ်။ သခင်ကြက်သွေးရောင် နတ်ဘုရားကိုရော မင်း ဘယ်လိုထင်လဲ?”။
ထိုလူသည် သူမကို အရှင်ဝိညာဉ်နတ်ဘုရားမဟု ခေါ်နေသော်လည်း, သူ၏မျက်နှာက လေးစားမှု အရိပ်အယောင် မတွေ့ရပါဘူး။
"ပုရွက်ဆိတ်တစ်ကောင်က ငါ့ရှေ့မှာ မောက်မာရဲဖို့ သတ္တိရှိနေတယ်ပေါ့။ မင်းက သေချင်နေတာပဲ?" ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ဟစ်အော်ပြီး သူ၏ မျက်လုံးများမှ ပြင်းထန်သော အမျက်ဒေါက ပေါက်ကွဲထွက်လာပါသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် ကမ္ဘာမြေတစ်ခွင်သို့ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ အရပ်မျက်နှာ အသီးသီးသို့ ချက်ချင်းပင် ပြင်းထန်စွာ ပျံ့နှံ့သွားပါသည်.သည်။