အခန်း ၁၀၇၇
Vol. 72 Ch. 1077
အခန်း (၁၀၇၇) ကြောက်မက်ဖွယ်ကောင်းသော ခွန်အား။
ဝိညာဉ်နတ်ဘုရားမ၏ အအေးဓာတ်သည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။ အဝေးမှလူတွေအားလုံး အဝေးကို ဆုတ်သွားကြပြန်သည်။ ပတ်ဝန်းကျင်ရှိ တောင်ထိပ်များအားလုံးသည် ချက်ချင်းပင် ရေခဲတောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဤကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကြောင့် ရှေးဟောင်း သစ်ပင်များ ကွဲအက်ပြိုကျကုန်သည်။
ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် အဖြူရောင်ပြောင်းသွားပြီး၊ အင်မော်တယ် ဧကရာဇ်များသည် အထပ်ထပ် ဆုတ်ခွာသွားကြသည်။
ကောင်းကင်တွင် အေးစက်သောလေများ တဟုန်ထိုး တိုက်ခတ်နေကာ၊ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်က ကောင်းကင်ယံရှိ ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသား ဆီသို့ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုအသွင် ရိုက်ခတ်သွားပါသည်။
ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားသည် ထိုမြင်ကွင်းကို မြင်တော့ ဖျတ်ခနဲ ပြုံးလိုက်သည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင်၊ သူ၏ခန္ဓာကိုယ်မှ နီမြန်းသော မီးတောက်တစ်ခုက လျှံထွက်လာကာ မီးလျှံဒိုင်းတစ်ခုကို ဖန်တီးလိုက်ပါသည်။
"ဘုန်း..”။
ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းသည် နီမြန်းသော မီးလျှံဒိုင်းနှင့် အပြင်းအထန် တိုက်မိကာ ကောင်းကင်ယံကို တုန်ခါ ပေါက်ကွဲစေခဲ့သည်။
သို့သော်လည်း မီးလျှံဒိုင်းကို မဖြိုခွဲနိုင်ခဲ့ပါ။ ယင်းအစား၊ အအေးလှိုင်းတွင် ပါဝင်နေသည့် အအေးဓာတ် စွမ်းအင်သည် အနီရောင်မီးလျှံဒိုင်းပေါ်ရှိ လောင်မြိုက်သော အပူချိန်ကြောင့် လုံးဝ အရည်ပျော်သွားခဲ့သည်။
“အရှင် ဝိညာဉ်နတ်ဘုရားမ၊ မင်းရဲ့ ခွန်အားက အရင်ကလောက် မပြင်းထန်တော့ဘူးလို့ ထင်ရတယ်။ ဒီလို တိုက်ခိုက်မှုမျိုးက ငါ့ကို ထိခိုက်နိုင်စွမ်းမရှိမှာ ငါကြောက်မိတယ်။ ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားက ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် ဆော့ကစားလိုက်ဟန် အပြုံးများဖြင့် ပြည့်နေခဲ့ပါသည်။
ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ လောင်ကျွမ်းလာခဲ့ပြီး၊ သူမ၏စိတ်နှလုံးထဲသို့ ပြင်းထန်သော အမျက်ဒေါသများက တိုးဝင်လာခဲ့သည်။
အကယ်၍ သူမ၏စိတ်ဝိညာဉ်သည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ရခြင်းကြောင့်သာ မဟုတ်ပါ က, သူမအနေဖြင့် ပြန်လည်မွေးဖွားရန် မည်သို့ ရွေးချယ်နိုင်မည်နည်း?။ ယခု သူမသည် အုပ်စိုးသူတစ်ပိုင်း၏ အနိုင်ကျင့်ခြင်း ခံနေခဲ့ရသည်။
"ဟမ့်၊ ငါ့စွမ်းအားတွေ ပြန်ကောင်းမလာသေးဘူးဆိုရင်တောင် ငါ့ကို သင်ခန်းစာပေးဖို့ မင်း အလှည့် မရောက်သေးဘူး" ဝိညာဉ်နတ်ဘုရားမက ကျယ်လောင်စွာ ဟစ်ကြွေးပြီး သူမ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပါသည်။ အအေးစွမ်းအင်က ချက်ချင်းဆိုသလို ကောင်းကင်ယံမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့ကာ၊ သောင်းနှင့်ချီသည့် ရေခဲဓားရှည်များသည် လေထဲတွင် သိပ်သည်းသွားခဲ့သည်။
ဘန်း…။
ရေခဲဓားများ ပြည့်စုံသွားသည်နှင့် ပြင်းထန်သော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကြောင့် လူတိုင်း၏နှလုံးသားကို ကြောက်ရွံ့မူနှင့် အတူ တုန်လှုပ်သွားစေသည်။
ထို့နောက် မြူနှင်းဓားများသည် ကြက်သွေးရောင်ဆံပင်နှင့်အမျိုးသားဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။ သန်းပေါင်းများစွာသော မြူနှင်းဓားများသည် ကောင်းကင်တစ်ခု လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ?။ ဒါက အထွက်အထိပ် အဆင့် တိုက်ပွဲတစ်ခုလား။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။"
"ဟုတ်တယ်၊ ငါဆို ဓားတစ်ချောင်းတောင် မတားနိုင်ဆီးဘူး။ အခု ဓားတွေအများကြီးပဲ"
အဝေးမှ အင်မော်တယ် ဧကရာဇ်များသည် ဤဓားမိုးရွာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများသည် ထိတ်လန့်သည့် အမူအရာများ ထွက်ပေါ်လာသည်။ ယခုလိုတိုက်ပွဲမျိုးက သူတို့၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပါပြီ။
ကောင်းကင်ယံမှ ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားသည် ခပ်ဖျော့ဖျော့ ပြုံးနေသည်။ ကောင်းကင်မှာ ပြည့်နေသော ဓားမိုးများကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာတွင် မထင်မရှား အပြုံးရိပ်က ပေါ်လွင်လာသည်။
"ဒါက ဟိုတုန်းက ဝိညာဉ်နတ်ဘုရားမရဲ့ စိတ်ဝိညာဉ် နည်းနည်းပါးပါးလေးပဲ၊ ဒါပေမယ့် ဒါကလည်း မလုံလောက်သေးဘူး။" ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားက ရယ်မောလိုက်သည်။ ကြောက်မက်ဖွယ် မီးတောက်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲက ရူးသွပ်စွာ ထွက်ပေါ်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မြူနှင်းဓား သန်းပေါင်းများစွာဆီသို့ အရူးအမူး ခုန်ထွက်သွားသည့် ဧရာမမီးနဂါး ဆယ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။
မီးလျှံနဂါးဆယ်ကောင်သည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး ထောင်ပေါင်းများစွာ သော ဓားရှည်များနှင့် အပြင်းအထန် တိုက်မိသွားသည်။
"ဟင့်အင်း!"
မီးတောက်များနှင့် ရေခဲများသည် ပြင်းထန်စွာ တိုက်မိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပါသည်။ အအေးဓာတ်နှင့် ပူပြင်းသည့် မီးတောက်တွေက ကမ္ဘာကြီးကို လွှမ်းခြုံသွားပါသည်။
သိပ်မကြာခင်မှာဘဲ သန်းနှင့်ချီသော မြူနှင်းဓားများသည် လုံး၀ ပိတ်ဆို့ခံလိုက်ရပါသည်။
ဝှီး….။
ဝိညာဉ်နတ်ဘုရားမ၏ ပုံသဏ္ဍာန်သည် ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသား၏ အနားတွင် ထူးဆန်းစွာ ပေါ်လာသည်။ သူမ၏ရုပ်အသွင်က ချက်ချင်းပင် ပုံရိပ်ကိုးခု အဖြစ် သို့ ပြောင်းလဲသွားသည်။ ပုံရိပ်ကိုးခုသည် ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားကို တပြိုင်နက် တိုက်ခိုက်သည်။ ပုံရိပ်တစ်ပုံချင်းစီတွင်ပါရှိသော အအေးစွမ်းအားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။
ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသား၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် တွန့်ကွေး သွားခဲ့ပြီး၊ သူ၏လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာသည်။ လှိုင်းလုံးတစ်ခုက လှံကို ဖြတ်သန်းသွားပါသည်။ လှံမှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ၎င်း၏ ပုံရိပ်သည် သဏ္ဍာန်ရှစ်ခုအဖြစ် ချက်ချင်း ကွဲထွက်သွားပါသည်။
ထို့နောက် လှံသည် မီးနဂါးတစ်ကောင် ဂူထဲထဲမှမှ ထွက်လာသကဲ့သို့ ဝိညာဉ် နတ်ဘုရားမ၏ မူလကိုယ်ခန္ဓာဆီသို့ ထိုးဖောက်သွားပါသည်။
ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများသည် အေးစက်သွားကာ သူမ၏လက်ထဲမှ အေးခဲနေသော အအေးစွမ်းအင်က ရစ်ဝဲသွားပြီး ကြောက်မက်ဖွယ် ကောင်းသော မီးလျှံလှံကို တားဆီးလိုက်ပါသည်။
လှံသည် ချက်ခြင်းပင် ကွေးညွှတ်သွားကာ လှံထိပ်ရှိ မီးလျှံစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ရန် လုံလောက်သော်လည်း ထိုရေခဲကမ္ဘာထဲသို့ အနည်းငယ်မျှ မဝင်ရောက်နိုင်ခဲ့ပေ။
ဘန်း…။
ဝိညာဉ်နတ်ဘုရားမ၏ လက်ချောင်းများသည် ပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံ လှုပ်ရှား လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်စွမ်းအားက တစ်ဖန်ပြန်လည် ထွက်ပေါလာသည်။ ၎င်းစွမ်းအားသည် အမှန်တကယ်ပင် မီးလျှံလှံပေါ်ရှိ မီးလျှံစွမ်းအားကို တွန်းအားပေးနိုင်ခဲ့ပြီး၊ ပြင်းထန်စွာ လွင့်ပျယ်သွားစေကာ အေးစက်သည့် အေးခဲစွမ်းအား က မီးလျှံလှံတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သိပ်သည်းသွားခဲ့သည်။
ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသား၏ အမူအရာသည် ပြောင်းသွားပါသည်။ သူသည် လှံကို အလျင်အမြန် စွန့်လွှတ်ပြီး အမြန် နောက်ပြန်ဆုတ်သွားခဲ့သည်။
"ဟမ်၊ အခုမှ ထွက်ပြေးဖို့ နောက်ကျနေပြီ မဟုတ်ဘူးလား"
သို့သော် ဤအခိုက်အတန့်တွင်၊ ဝိညာဉ်နတ်ဘုရားမက အေးစက်သော အပြုံးကို ထုတ်ဖော်လာခဲ့သည်။ သူမလက်ထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက် လာပြီး လှံကို ချက်ချင်းပင် ဖြိုခွင်းလိုက်သည်။ ထို့နောက်တွင် သူမ၏ရုပ်အသွင်သည် ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသား၏ ရှေ့တွင် ပေါ်လာသည်။ သူမသည် ထိုကြက်သွေးရောင်ဆံပင်နှင့်အမျိုးသား၏ ခန္ဓာကိုယ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
"ဘုန်း..”။
ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားသည် တုံ့ပြန်ရန်ပင် အချိန် မရှိခဲ့ပေ။ သူသည် ထိုလက်ဖဝါး ရိုက်ချက်ကြောင့် လွင့်ပျံသွားခဲ့ပြီး၊ တောင်ထိပ်ကို ပစ်ရိုက်ကာ၊ တောင်ထိပ် သည်ပင် ပြိုကျပြီး၊ တောင်တန်းအောက်သို့ ပစ်ကျသွားပါသည်။
ဘုရားမြုပ်နှံခြင်းတောင်တန်းတစ်ခုလုံး မြေပြိုကျသလို ခံစားရလိုက်သည်။
ဘန်း..။
ဤအဖြစ်ပျက် မပြီးဆုံးခင်မှာ ဝိညာဉ်နတ်ဘုရားမ၏ လက်ချောင်းများသည် သူမ၏ ပတ်ဝန်းကျင်တွင် တဝဲလည်လည်နှင့် လှုပ်ရှားသွားပြီး၊ ရေခဲစွမ်းအင် အထွက်အထိပ် တန်ခိုးစွမ်းအင် အငွေ့အသက်က ထွက်ပေါ်လာပြီး တောင်တန်းကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
သူမသည် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ကြောက်စရာကောင်းသော အထွက်အထိပ်ပညာရှင်၏ အအေးစွမ်းအင်သည် သူမ၏ လက်ချောင်းများပေါ်တွင် ရစ်ဝဲနေပြီး၊ သူမ၏ လက်ချောင်းများမှ ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ချက် ထွက်ပေါ်လာ ကာ၊ ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။
လူတိုင်း အသက်ရှူကျပ်သလို ခံစားရသည်။ သူတို့သည် ဤဓားဆန္ဒ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ခံစားနိုင်သည်။
ဤဓားချက်သည် မည်မျှ အစွမ်းထက်မည်ကို သူတို့ မတွေးဝံ့ကြပေ။
"ဟမ့်၊ ပုရွက်ဆိတ်နဲ့တူတဲ့ လူတစ်ယောက်ကများ?။ သွား သေလိုက်တော့" ဝိညာဉ် နတ်ဘုရားမက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ လှပသော မျက်နှာမှ သတ်ဖြတ်လို သည့်ဆန္ဒက တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သူမသည် သူမ၏လက်ချောင်းကို ဓားအဖြစ်အသုံးပြုကာ ဓားအလင်းတစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်သည်။
ဓားအလင်းသည် နဂါးငွေ့တန်း၏ ဆေဘာအလင်းနှင့်တူပြီး၊ ကီလိုမီတာ ထောင်ပေါင်းများ စွာအထိ ပျံ့နှံ့သွားကာ ထိုတောင်ထိပ်ပေါ်မှ ချက်ချင်း ဆင်းသက်လာပါသည်။
"ဘုန်း..။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ မြေပြင်သည် ကွဲအက်သွားပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမကောင်းကင်ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အင်မော်တယ် ဧကရာဇ်များသည် လေကို ပါးစပ်ထဲ ရူသွင်းလိုက်ပြီး၊ မိုင် ၁၀,၀၀၀ ရှည်လျားသော ကောင်းကင်ချောက်နက်ကြီးကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
"ဒါက ဘယ်လို အဖျက်စွမ်းအားမျိုးလဲ" အချိန်အတော်ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်သည် အသိအာရုံများ ပြန်ကပ်လာပြီး ထိတ်လန့်တကြား ပြောလိုက် သည်။
အင်မော်တယ်ကမ္ဘာ၏ မြေကြီးသွေးကြောများနှင့် တောင်တန်းများသည် သေမျိုး ကမ္ဘာထက် အဆပေါင်းများစွာ မာကြောပါသည်။ အင်မော်တယ်ဧကရာဇ် အဆင့် ကျွမ်းကျင်သူများသည် တောင်ထိပ်တစ်ခု သို့မဟုတ် တစ်စုံတစ်ခုကို လက်သီး တစ်ချက် တည်းဖြင့် ဖျက်ဆီးနိုင်သော်လည်း၊ မိုင် ၁၀၀၀၀ အကွာဝေးရှိသည့် ကောင်းကင် ချောက်နက်တစ်ခု ဖွင့်လှစ်ရန်အတွက် လက်ချောင်းများ၏ ဓားရောင်ခြည်အလင်းတန်းကို အသုံးပြုခြင်းက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပါသည်။
ဝိညာဉ်နတ်ဘုရားမသည် လေဟာနယ်ထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေပြီး၊ သူမ၏ လှပသော မျက်နှာသည် အကန့်အသတ်မရှိ ဘုန်းတန်ခိုးအာနုဘော်ကို ထုတ်လွှတ်ထားပါ သည်။
သူမ၏ ကြံ့ခိုင်မှုသည် ပြန်လည်ကောင်းမွန်လာသော်လည်း သူမ၏ အထွတ်အထိပ် အခြေအနေနှင့် အလှမ်းကွာဝေးနေပါသေးသည်။ အကယ်၍, သူမသာ ယခင်အခြေအနေ မှာဆိုလျှင်, မိုင် ၁၀,၀၀၀ အကွာအဝေးရှိ ကောင်းကင်ချောက်နက်ကြီးကို ဖွင့်လှစ်ခြင်းကို မပြောနှင့်ဦး၊ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းကြီးတစ်ခုလုံးကိုပင် သူမ၏ လက်ချောင်း များကို လှုပ်ရှားလိုက်ရုံဖြင့် မြေကြီးပေါ်သို့ ဖြိုချပစ်လိုက်နိုင်ပါသည်။
ဘန်း..။
ကြက်သွေးရောင်ဆံပင်နှင့်အမျိုးသားသည် ဘယ်တော့မှ အသက်မရှင်နိုင်တော့ဟု လူတိုင်း ထင်နေကြစဉ်မှာ၊ မီးတောက်များသည် ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားခဲ့ သည်။ အဆုံးတွင် ကောင်းကင်၌ အခြားပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။ အတိအကျဆိုရသော် ၎င်းပုံရိပ်သည် ကြက်သွေးရောင်ဆံပင်နှင့်အမျိုးသား ဖြစ်ပါသည်။
'"ဝိညာဉ်နတ်ဘုရားမ, မင်းက ဝိညာဉ်တော်ဘုရားမဆိုတဲ့နာမည်နဲ့ အမှန်တကယ် ထိုက်တန်ပါပေတယ်။ ဒီဓားချက်က ငါ့ကို သတ်နိုင်လုနီးပဲ။ ဒါပေမယ့် မင်းက အထွက်အထိပ် တန်ခိုးအစွမ်းကို မွေးဖွားပေးရုံပဲ ရှိသေးတယ်။ အခု ငါ့ခန္ဓာကိုယ်က နတ်ဘုရားခန္ဓာကိုယ်အဖြစ် လုံးလုံးလျားလျား ရောက်ရှိသွားပြီ။ ဒါကြောင့် မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ကို တကယ်မသတ်ဖြတ်နိုင်တော့ဘူး။" ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားက ရယ်မောလိုက်သည်။
အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အဓိပတိဉသျှောင်နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက် သောအခါ၊ ထိုသူ၏ခန္ဓာကိုယ်သည် နတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီး မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ အထွက်အထိပ်တန်ခိုးအစွမ်းဖြင့် လုံး၀ သုတ်သင်ရှင်းလင်းခြင်း မပြုပါက၊ နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်သူတစ်ဦးကို သတ်ပစ်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ (ဤနေရာ၌ နတ်ဘုရားခန္ဓာကိုယ်ဟူသည် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသောအခါ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သလိုမျိုး နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခြင်း ဖြစ်ပါသည်။ သီးသန့်ကျင့်ကြံခြင်းမျိုး မဟုတ်ပါ။)
ဟောင်ဟိုင်သည် အဓိပတိဉသျှောင်နယ်ပယ် တစ်ပိုင်းမျှသာ ဖြစ်ခဲ့သော်လည်း၊ သူ၏ ခန္ဓာကိုယ်သည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပါပြီ။ ထို့ကြောင့် ဝိညာဉ်နတ်ဘုရားမ၏ တိုက်ခိုက်မှုက သူ့ကို အမှန်တကယ် မသတ်နိုင်ခဲ့ပေ။ (ဟောင်ဟိုင်သည် ထိုကြက်သွေး ရောင်ဆံပင်နှင့် အမျိုးသား၏ နာမည်ဖြစ်ပါသည်။ ပါသည့်အတိုင်း ဆက်လက်ပြန်ဆိုပါ မည်။)
ဝိညာဉ်နတ်ဘုရားမသည် ကောင်းကင်ယံမှာ ပြန်ပေါ်လာသော ကြက်သွေးရောင် ဆံပင်နှင့်အမျိုးသားကို ကြည့်လိုက်ရင်း, သူမမျက်လုံးတွေက လေးနက်မှု အရိပ်အယောင် ကို ပေါ်လွင်စေပါသည်။