← Chapters

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း (၁၀၇၈) အုပ်စိုးရှင် ကျည်ပွေ့။

နတ်ဘုရားခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းပြီးသည်နှင့် သတ်ဖြတ်ရန် အလွန်မင်း ခက်ခဲပေလိမ့် မည်။ တန်ခိုးကြီးသော အထွက်အထိပ် ကျွမ်းကျင်ပညာရှင်၏ တန်ခိုးအစွမ်းကို မပိုင်ဆိုင် ပါက သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။

သို့သော် ယခုအချိန်တွင်၊ ဝိညာဉ်နတ်ဘုရားမသည် ရှရှန်းယု၏ခန္ဓာကိုယ်ကို သိမ်းပိုက် ထားပြီး သူမ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်း၌ အထွက်အထိပ် တန်ခိုးစွမ်းအားသည် အလွန်မင်း ရှားပါးနေပြီး၊ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားကို သတ်ဖြတ်ရန် မလုံလောက်တော့ပါ။

"အရှင် ဝိညာဉ်နတ်ဘုရားမ၊ သခင်ကြက်သွေးရောင် နတ်ဘုရားက မင်း ပြန်လည် မွေးဖွားလာမှာကို အချိန်အကြာကြီးကတည်းက မျှော်လင့်ထားခဲ့တယ်။ အခု မင်းရဲ့ ခွန်အားက အလွန်မင်း အားနည်းလွန်းနေတယ်။ ဒါကြောင့် သူက ငါ့ကို နတ်ဘုရား ခန္ဓာကိုယ်ဖြစ်ပေါ်လာအောင် ကျင့်ကြံရာမှာ ကူညီပေးခဲ့ပြီး၊ မင်းကို လုံးလုံး ချေမှုန်းနိုင်ဖို့ အတွက် အုပ်စိုးရှင် ကျည်ပွေ့ကိုလည်း ပေးခဲ့တယ်" ဟောင်ဟိုင်က ရယ်မောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ထဲမှာ နီမြန်းသည့် သတ္တုကျည်ပွေ့တစ်ခု ပေါ်လာပါ သည်။

သတ္တုကျည်ပွေ့ ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းထံမှ အထွက်အထိပ် ကျွမ်းကျင် ပညာရှင်များ၏ ကြောက်မက်ဖွယ် အငွေ့အသက်များက ချက်ချင်း ထွက်ပေါ်လာပြီး၊ လူအများ၏ မျက်ခွံများကို အရူးအမူး လှုပ်ခါသွားစေသည်။

"အုပ်စိုးရှင်ကျည်ပွေ့လား?။ ကြည့်ရတာ ကြက်သွေးရောင် နတ်ဘုရားက ငါ့ကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ သူက မင်းကို သူ့ရဲ့ သူတော်စင် ပစ္စည်းကိုတောင် တကယ်ပေးခဲ့တာပဲ" ဝိညာဉ်နတ်ဘုရားမ၏ လှပသောမျက်နှာသည် အေးခဲပမာ အေးစက်သည့် အမူအရာဖြင့် ပြောလိုက်ရင်း၊ အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ချက်ချင်း ဖော်ပြလာသည်။

"ဟား…၊ ဟား…၊ မှန်တယ်။ အရှင် သခင်ကြက်သွေးရောင် နတ်ဘုရားက မင်းကို လုံးဝ ချေမှုန်းဖို့ အုပ်စိုးရှင်ကျည်ပွေ့ကို ချီးမြှင့်ခဲ့တယ်။" ဟောင်ဟိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အသံက မောက်မမူအပြည့်နှင့်ပင်။

သူ၏လက်ကို အနည်းငယ် ရွေ့လျားမှုနှင့်အတူ အုပ်စိုးရှင် ကျည်ပွေ့သည် ကြက်သွေးရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ကြီးမားပြင်းထန်လှသည့် တန်ခိုးစွမ်းအားက ၎င်းအထက်မှ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ မိုင်တစ်သောင်း ဧရိယာအတွင်း ရှိ အအေးဓာတ် စွမ်းအင်အားလုံးကို ချက်ချင်း ချေဖျက်ပစ်လိုက်ပါသည်။

ဝိညာဉ်နတ်ဘုရားသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမ၏အမူအရာက လေးနက်လာခဲ့သည်။

"စီနီယာ ဟောက်ချင်း၊ ဒီအုပ်စိုးရှင် ကျည်ပွေ့ဆိုတာ ဘာလဲ?" ချင်ယွင်သည် အပျက်အစီးများ ကြားထဲမှ ရုန်းထွက်လာခဲ့သည်။ ယခုအချိန်မှာ သူ၏ဒဏ်ရာတွေက သက်သာလုနီးပါး ဖြစ်နေပါပြီ။

ချင်ယွင် ထွက်လာချိန်မှာ, ဝိညာဉ်နတ်ဘုရားမက ဟောင်ဟိုင်ကို မြေကြီးပြိုကျစေသော ခုတ်ပိုင်းချက်ဖြင့် ခုတ်ပိုင်းလိုက်သည်ကို သူ မြင်လိုက်ရသည်။ သို့သော် ချင်ယွင်ကို အဆုံးမရှိ ထိတ်လန့်စေသည့်အရာက ၎င်းခုတ်ပိုင်းချက်သည် ဟောင်ဟိုင်ကို မသတ်နိုင်ခဲ့ ပေ။

ယခုအခါ အဓိပတိဉသျှောင် တစ်ပိုင်းအဆင့်တစ်ဦးက ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်း သော ရတနာတစ်ပါးကို ထုတ်ယူလိုက်သောကြောင့် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ အတွက်သာ စိတ်ပူနေခဲ့သည်။

ဟုတ်ပါသည်။ ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို အမှန်တကယ် စိတ်ပူခြင်းမဟုတ်ဘဲ, ရှရှန်းယုအတွက် စိတ်ပူနေခြင်း ဖြစ်ပါသည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ အသတ်ခံရမည်ဆိုလျှင် ရှရှန်းယုလည်း ပျက်သုဉ်းသွား မည် ဖြစ်ပါသည်။ ဤအရာက ချင်ယွင် မမြင်ချင်သည့် အရာပင်။ တစ်နည်းအားဖြင့် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမကို မရှုံးနိမ့်စေလိုပါ။

"အုပ်စိုးရှင် ကျည်ပွေ့ဆိုတာက အထွက်အထိပ် သူတော်စင်လက်နက်တွေနဲ့ ပတ်သက်နေ တယ်။ အဲဒါက ငါတို့ရဲ့ ဖရိုဖရဲ သူတော်စင်လက်နက်တွေနဲ့တော့ ကွဲပြားတာပေါ့။ ငါတို့ရဲ့ ဖရိုဖရဲ သူတော်စင်လက်နက်တွေက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာခဲ့ကြတယ်။ အထွက်အထိပ် သူတော်စင်လက်နက်တွေကတော့ အဲဒီ အထွက်အထိပ် ကျွမ်းကျင် ပညာတွေရဲ့ စွမ်းအားနဲ့ စဉ်ဆက်မပြတ် သန့်စင်ပေးရပြီး၊ အထွက်အထိပ် ကျွမ်းကျင် ပညာရှင်တွေအပေါ် အားကိုးအားထား ပြုကြရတယ်။ အထွက်အထိပ် သူတော်စင် လက်နက်တွေမှာ အထွက်အထိပ် ကျွမ်းကျင်ပညာရှင်တွေရဲ့ တန်ခိုးစွမ်းအားတွေ ပါ၀င်နေပြီး၊ ၎င်းရဲ့စွမ်းအားက အလွန်မင်း အစွမ်းထက်လွန်းတယ်။" ဧကရာဇ် ဟောက်ချင်းက စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်ပါသည်။

"ဒီလိုလား?" ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ထိုအုပ်စိုးရှင် ကျည်ပွေ့မှ အထွက်အထိပ်ပုဂ္ဂိုလ်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သူ ခံစားနေရ သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ၎င်းသည် အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ ကိုယ်ပိုင်တန်ခိုးအစွမ်းဖြင့် ပြုစုပျိုးထောင်ပေးသည့် ရတနာတစ်ခု ဖြစ်လာပုံရပါသည်။

"စီနီယာ, စီနီယာတို့ရဲ့ ဖရိုဖရဲ ရတနာတွေကရော အထွက်အထိပ် ဖရိုဖရဲ သူတော်စင် လက်နက်တွေအဖြစ် ပြန်လည် သန့်စင်ပေးနိုင်မလား?" ချင်ယွင်က မေးသည်။

"သေချာတာပေါ့၊ ငါတို့ရဲ့ ဖရိုဖရဲ ရတနာတွေကိုတွေကို အထွက်အထိပ် ဖရိုဖရဲ သူတော်စင် လက်နက်တွေအဖြစ် သန့်စင်ထားနိုင်ရင်၊ ငါတို့ရဲ့စွမ်းအားက တခြား အထွက်အထိပ် သူတော်စင်လက်နက်တွေထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်။" ဧကရာဇ် ဟောက်ချင်းက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ၏စိတ်ထဲမှာ အနည်းငယ် အံ့သြသွားသည်။

ရှေးဟောင်း ဖရိုဖရဲရတနာများသည် ၎င်းတို့၏ အစွမ်းထက်ဆုံး အခြေအနေတွင် ရှိနေခြင်း မဟုတ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့ကို ရှေးဟောင်း ဖရိုဖရဲ သူတော်စင်လက်နက် အဖြစ် သန့်စင်ပြီးနောက် မည်သို့စွမ်းအားမျိုး ပိုင်ဆိုင်မလာမလဲဆိုသည်ကို သူ တကယ်ဘဲ မြင်ချင်နေမိပါသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်း တစ်ခု က ချင်ယွင်၏ အတွေးရထားကို အနှောင့်အယှက်ပေးလိုက်သည်။

ဟောင်ဟိုင်သည် သူ၏လက်ထဲမှ အုပ်စိုးရှင် ကျည်ပွေ့ကို ဝှေ့ယမ်းကာ ဝိညာဉ် နတ်ဘုရားမ ရှေ့တွင် တစ္ဆေတစ်ကောင်လို တဖန်ပြန်ပေါ်လာသည်။

"အယ်…."

ဝိညာဉ်နတ်ဘုရားမ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီးနောက် ၎င်းအား တားဆီးရန် သူမ၏ကိုယ်ခန္ဓာရှိ အထွက်အထိပ်တန်ခိုးစွမ်းအားကို အလျင်အမြန် လှုံ့ဆော်ရန်သာ တတ်နိုင်ပါတော့သည်။

"ဘုန်း..”။

အုပ်စိုးရှင် ကျည်ပွေ့သည် ဝိညာဉ်နတ်ဘုရားမထံမှ ပေါင်းစပ်သိပ်သည်းထားသည့် ကြောက်မက်ဖွယ်ကောင်းသော အထွက်အထိပ်တန်ခိုးစွမ်းအင် အတက်အကျလှိုင်းများနှင့် အပြင်းအထန် တိုက်မိသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အထွက်အထိပ် တန်ခိုး စွမ်းအားသည် အချင်းချင်း ပြင်းထန်စွာ တိုက်မိသွားကြပါသည်။

"ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ပြီး၊ တောင်တန်းကြီးကို ချက်ချင်း ဖျက်ဆီးသွားကာ မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် ဤကြောက်စရာကောင်းသော စွမ်းအားလှိုင်းများ ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အလွန်မင်း ကြောက်လန့်သွားပြီး ကနဦး စကြဝဠာ အတွင်းမှာ အလျင်အမြန် ပုန်းအောင်းလိုက်ရသည်။ ထိုစွမ်းအားများ ပျောက်ကွယ်သွား သော အခါမှသာ သူသည် ကနဦးစကြဝဠာထဲမှ ထွက်လာဝံ့သည်။

ထိုသို့မဟုတ်လျှင်, ထိုကြောက်စရာကောင်းသည့် စွမ်းအားများ၏ နောက်ဆက်တွဲ လှိုင်းလုံးကြီးက သူ့ကို သေသည်အထိ လှုပ်ခါသွားစေလိမ့်မည်။

"ပူး!"

ထိုအချိန်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏ ပါးစပ်ထောင့်မှ သွေးစများ စိမ့်ထွက်လာပြီး၊ သူမ၏ ခန္ဓာကိုယ်သည် လွင့်ပျံသွားခဲ့သည်။

ချင်ယွင်သည် ကနဦးစကြာဝဠာထဲမှ ထွက်လာပြီးနောက် ဤမြင်ကွင်းကို မြင်လိုက်ရ သည်။ ချက်ချင်းပင် သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော အမျက်ဒေါသတစ်ခု ပေါ်လာ သည်။

"သောက်ကောင်၊ မင်းက ငါ့မိန်းမကို ရိုက်ဖို့ တကယ်ကို သတ္တိတွေ ရှိနေတယ်ပါ့။" ချင်ယွင်က အံကြိတ်ကာ ပြောလိုက်သည်။

ရှရှန်းယု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူမှာ ရှရှန်းယု အစစ်အမှန် မဟုတ်သော်လည်း ၎င်းမှာ ရှရှန်းယု၏ခန္ဓာကိုယ် ဖြစ်နေဆဲပင်။ ယခုအချိန်တွင် ဝိညာဉ်နတ်ဘုရားမသည် ဒဏ်ရာရသွားသောကြောင့် ရှရှန်းယုလည်း သွယ်ဝိုက်သောအားဖြင့် ရိုက်နှက်ခံရခြင်း ဖြစ်သည်။

သို့သော် ချင်ယွင်သည် ထိုတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ခဲ့ပေ။ အစောပိုင်း က နောက်ဆက်တွဲ သက်ရောက်မူကပင် သူ့ကို ချေမှုန်းပစ်ရန် လုံလောက်နေပါပြီ။ ထို့ကြောင့် သူသည် ဘေးမှာ မတ်တပ်ရပ် စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး၊ သူလုပ်နိုင်သည့်အရာ ဘာမှမရှိခဲ့ပါဘူး။

သို့သော် ဤမကျေနပ်ချက်က ချင်ယွင်ကို အလွန်စိတ်မချမ်းသာစေခဲ့ပေ။

"ဟား..၊ ဟား…၊ ဝိညာဉ်နတ်ဘုရားမ၊ မင်းက နတ်ဘုရားခန္ဓာကိုယ် မဟုတ်သေးဘူး။ အခု ငါ့လက်ထဲမှာ သခင်ကြက်သွေးရောင် နတ်ဘုရားရဲ့ အထွက်အထိပ် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ မင်းကိုသတ်ဖို့က လက်ဖဝါးကို ပြောင်းပြန်လှန်သလို လွယ်ကူသွား လိမ့်မယ်။ သေလိုက်တော့။" ဟောင်ဟိုင်က ဟက်ဟက်ပက်ပက် ရယ်မောပြီးနောက် သူ၏ရုပ်အသွင်သည် လွင့်ပျံသွားသော ဝိညာဉ်နတ်ဘုရားမနောက်သို့ လိုက်ပါသွားခဲ့သည်။ သူ၏လက်ထဲမှ အုပ်စိုးရှင် ကျည်ပွေ့သည် လင်းလက်တောက်ပနေပြီး အထွက်အထိပ် တန်ခိုးစွမ်းအားသည် ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းလို ကြောက်မက်ဖွယ်ကောင်းနေ၏။

ဝိညာဉ်နတ်ဘုရားမ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ အထွက်အထိပ် တန်ခိုးစွမ်းအားသည် အားကောင်းလွန်းပြီး သူမ၏လက်ရှိ ခွန်အားဖြင့် ၎င်းကို ဆန့်ကျင် ရင်ဆိုင်ရန် အမှန်တကယ် မစွမ်းနိုင်ခဲ့ပေ။

"သောက်ပြဿနာကောင်" ဝိညာဉ်နတ်ဘုရားမသည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး၊ မည်သည့် တုန့်ဆိုင်းမူမှ ရှိမနေတော့ဘဲ သူမသည် အထွက်အထိပ် တန်ခိုးစွမ်းအားကို တွန်းလှန်ရန် သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်လိုက်ရ သည်။

သူမသည် သူမ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို အသုံးမပြုလိုခဲ့ပေ။ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုလိုက်သည်နှင့်၊ သူမသည် သူမ၏နတ်ဘုရားစွမ်းရည်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်တော့ပေ။ ထို့အပြင်, ဤနည်းအားဖြင့်၊ သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သေချာပေါက် ပြင်းပြင်းထန်ထန် ပျက်စီးသွားလိမ့်မည်။

ဝိညာဉ်နတ်ဘုရားမသည် အုပ်စိုးရှင်ကျည်ပွေ့ကို လှုပ်ခါရန် သူမ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်ရသည်။ နတ်ဘုရားစိတ်ဝိညာဉ်၏ အငွေ့အသက် သည် အုပ်စိုးရှင် ကျည်ပွေ့မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ် အငွေ့အသက်နှင့် အပြင်းအထန် တိုက်ရိုက် တိုက်မိသွားခဲ့သည်။

"ဘုန်း..”။

နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည် အထွက်အထိပ်ပုဂ္ဂိုလ်၏ တန်ခိုးစွမ်းအားနှင့် အပြင်းအထန် တိုက်မိပြီး၊ အုပ်စိုးရှင် ကျည်ပွေ့ကို ချက်ခြင်း ဟန့်တားနိုင်ခဲ့ကာ၊ ကောင်းကင်တုန်လှုပ်စေသည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။

"ဟမ့်၊ အရှင် ဝိညာဉ်နတ်ဘုရားမ၊ မင်းက မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို တကယ်ကြီး အသုံးပြုလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကံမကောင်းစွာပဲ၊ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ရင်တောင် ဒီနေ့ မင်း သေမှာ သေချာပါ တယ်။" ဟောင်ဟိုင်က ရယ်မောလိုက်ပြီး၊ သူ၏လက်ထဲမှ အုပ်စိုးရှင် ကျည်ပွေ့က တောက်ပစွာ လင်းလက်နေပါသည်။

ကြောက်မက်ဖွယ်ရာ အထွက်အထိပ် တန်ခိုးစွမ်းအားသည် အထက်မှ ထွက်ပေါ်လာခဲ့ပြီး၊ ဝိညာဉ်နတ်ဘုရားမ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ဖြိုခွဲပစ်လိုက်ပါသည်။

"ဖူး….။"

ဝိညာဉ်နတ်ဘုရားမသည် သွေးများကို ထွေးထုတ်လိုက်ပြီး၊ သူမ၏စိတ်ဝိညာဉ်စွမ်းအား လည်း ပြိုကွဲသွားခဲ့သည်။ သူမတစ်ကိုယ်လုံး ချက်ခြင်းဆိုသလို အလွန်မင်း အားနည်းလာခဲ့ ပြီး၊ သူမခန္ဓာကိုယ်က အောက်သို့ ပြိုလဲကျသွားသည်။

"အဆုံးသတ်ဖို့ အချိန်ရောက်ပြီ၊ အရှင် ဝိညာဉ်နတ်ဘုရားမ။ ဒီနတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းက မင်းရဲ့သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ်။" ဟောင်ဟိုင်က ရယ်မောလိုက်ပြီး၊ သူ၏လက်ထဲမှ အုပ်စိုးရှင် ကျည်ပွေ့ကို ဝှေ့ယမ်းလိုက်ပြန်သည်။ ၎င်းအထက်မှ အရှိန်ဟုန် ကြီးမားလှသော အထွက်အထိပ် တန်ခိုးစွမ်းအားကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။

ဝှီး…။

ဟောင်ဟိုင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြက်သွေးရောင် အုပ်စိုးရှင် ကျည်ပွေ့၏ ကြီးမားသော ပုံအရိပ်ကြီးတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ ၎င်းသည် အောက်သို့ကျဆင်းနေသော ဝိညာဉ်နတ်ဘုရားမဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

အကယ်၍ ထိုကြီးမားလှသော အုပ်စိုးရှင် ပုဆိန်ပုံအရိပ်ကြီးသာ ကျရောက်သွားပါက၊ ကီလိုမီတာတစ်သောင်း အကွာအဝေးအတွင်းရှိ အရာအားလုံး လုံးဝ ပျောက်ကွယ်သွား မည် ဖြစ်ပါသည်။

"လခွမ်းပေါ့..”။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, ချင်ယွင်သည် အလွန်မင်း ဒေါသထွက်နေသည့် အမူအရာကို ထုတ်ဖော်လာပါသည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ သေဆုံးသွားပါက, ရှရှန်းယုသည်လည်း ရှင်သန်နိုင် မည် မဟုတ်တော့ပေ။ ချင်ယွင်က ထိုကဲ့သို့အဖြစ်မျိုးကို မည်သို့ ခွင့်ပြုနိုင်မည်နည်း?။

ထို့ကြောင့် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ ဦးတည်ရာဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။ သူသည် ဤဝိညာဉ်နတ်ဘုရားမကို သူ၏ ကနဦးစကြဝဠာထဲသို့ ထည့်သွင်းပြီး ခေါ်ဆောင်ထားချင်သည်။ ဤနည်းဖြင့်သာ ရှရှန်းယုကို ကာကွယ်နိုင်မည် ဖြစ်သည်။

သို့သော်, သူသည် ရှရှန်းယုနှင့်တွေ့ပြီး သူမကို ကနဦးစကြဝဠာထဲသို့ ဆွဲထည့်ခါနီးတွင် ကြောက်စရာကောင်းသော ပုဆိန်အရိပ်ကြီးက ဆင်းသက်နေခဲ့ပြီး ဖြစ်သည်။

ထို့နောက် ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပြီး၊ ယင်းကြောင့် ချင်ယွင်လည်း သတိလစ်သွားခဲ့သည်။

သူ၏အသိစိတ် ပျောက်ကွယ်သွားသည့် အခိုက်တန့်တွင် ချင်ယွင်သည် ရှရှန်းယု၏ နူးညံ့သိမ်မွေ့သော အကြည့်ကို မြင်လိုက်ရပါသည်။

All Chapters