← Chapters

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း (၁၀၇၉) အသက်ရှင်လျက်။

"အား.....နာတယ်…."

အချိန်အနည်းငယ် ကြာပြီးနောက် ချင်ယွင်သည် သတိမေ့မြောရာမှ နိုးလာသည်။ သို့သော် သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက် ရပြီး သူ့အလိုအလျောက် အော်ဟစ်လိုက်မိသည်။

ယခုအချိန်မှာ သူ၏တစ်ကိုယ်လုံး ကွဲအက်သွားသလိုပင်။ သူသည် ကုတင်ပေါ်တွင် လှဲနေရင်း သူ၏တစ်ကိုယ်လုံး လုံးဝ မလှုပ်မယှက် ဖြစ်နေသည်။ သူ လှုပ်ရှားလိုက်တိုင်း သူ၏တစ်ကိုယ်လုံး အက်ကွဲသွားသည့် ဝေဒနာကို ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ လှုပ်ရှားနိုင်သည့် တစ်ခုတည်းသောအရာက သူ၏ မျက်လုံးတစ်စုံသာ ကျန်ပါတော့သည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ သူသည် ရိုးရှင်းပြီး အကြမ်းထည်ဆန်သော ကြွေပြားခင်းထားသည့် အခန်းထဲတွင် လဲလျောင်းနေကြောင်း တွေ့ရှိခဲ့ရသည်။ အခန်းထဲတွင် ပရိဘောဂအဟောင်းအချို့သာ ရှိနေခဲ့သည်။

ကမ္ဘာကြီးသည် အင်မော်တယ်စွမ်းအင်များနှင့် ပြည့်နှက်နေခြင်း မဟုတ်ဘဲ၊ ပါးလွှာသော ဝိညာဉ်စွမ်းအင်များဖြင့်သာ ပြည့်နေခဲ့သည်။

"အယ်၊ ငါက အုပ်စိုးရှင် ကျည်ပွေ့အောက်မှာ သေမသွားခဲ့ဘူးလား?။ ငါ ဘာလို့ ဒီကို ရောက်နေတာလဲ?" ချင်ယွင်သည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ သင်္ချိုင်းတွင်း၌ ဖြစ်ပျက်ခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

သူသည် အုပ်စိုးရှင်ကျည်ပွေ့ပေါ်မှ အထွက်အထိပ် တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်ခံရသည် မှာ ထင်ရှားပါသည်။ ယုတ္တိဗေဒအရပြောရရင်, ၎င်းတိုက်ခိုက်မူသည် သူ့အတွက် အသက်ရှင်လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။ ထို့အပြင်, သူသည် အဘယ့်ကြောင့် ဤနေရာမှာ ပေါ်လာရသနည်း?။

ထို့အပြင်၊ ဤနေရာ၌ အင်မော်တယ် စွမ်းအင် လုံးဝင်မရှိဘဲ၊ ပါးလွှာသော ဝိညာဉ်စွမ်းအင် များသာ ရှိနေပါသည်။ ဤနေရသည် သေမျိုးကမ္ဘာတစ်ခုများ ဖြစ်နိုင်ပါသလား?။

ချင်ယွင်၏ နှလုံးသားသည် အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူ မေ့မြောနေစဉ် အတွင်းမှာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပါ။

"အယ်!"

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး အလွန်မင်း ထိတ်လန့်သည့် အမူအရာက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။

"ကနဦးစကြာဝဠာကော ဘယ်ရောက်သွားလဲ?။ ငါ ကနဦးစကြာဝဠာရဲ့ တည်ရှိမှုကို ဘာကြောင့် ခံစားလို့မရနိုင်တာလဲ?။" ချင်ယွင်သည် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။

ကနဦးစကြာဝဠာသည် ချင်ယွင်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး၊ ချင်ယွင်၏ ကလေးလိုပင်။ ဤအခိုက်အတန့်တွင် သူသည် ၎င်းကို လုံးဝ မခံစားနိုင်တော့ပေ။ ယင်းက ချင်ယွင် ရုတ်တရက် စိုးရိမ်သွားစေခဲ့သည်။

ချင်ယွင်၏ ကိုယ်ပိုင်စကြာဝဠာတင် မကဘဲ၊ မိုးပြာဧကရာဇ်၏ ကနဦးစကြာဝဠာပင်လျှင် ထိုအခိုက်တန့်၌ မခံစားနိုင်တော့ပေ။ ယင်းက ချင်ယွင်၏နှလုံးသားကို ရူးသွပ်သွားစေခဲ့ပါ သည်။

"စိတ်အေးအေးထား၊ စိတ်အေးအေးထားစမ်း၊ ဘာတွေဖြစ်နေလဲဆိုတာ အရင်ဆုံး ရှာကြည့်ရမယ်။" ချင်ယွင်သည် စိတ်တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်ပါသည်။

ချင်ယွင်သည် သူ၏ကိုယ်ပိုင်စွမ်းအားကို စမ်းသပ်ရန် စတင်ကြိုးစားခဲ့သော်လည်း သူ၏အင်မော်တယ် ဝိညာဉ်သည်လည်း ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီး၊ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ရုန်းမထွက်နိုင်တော့ကြောင်း သူ တွေ့ရှိခဲ့ရသည်။

သူ၏ခန္ဓာကိုယ်က ပို၍ပင် ပျော့ဖတ်နေသည်။ သူ၏ခန္ဓာကိုယ်တွင် မပျက်ဆီးသည့် အစိတ်အပိုင်း တစ်ခုမှ မရှိပါဘူး။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖင်းဂေါ့ဂ်စွမ်းအားသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ချင်ယွင်ကို ပို၍အံ့သြသွားစေသည်က သူ၏ကိုယ်ပွားနှစ်ခု သည် သူ၏အစစ်အမှန် ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် ပေါင်းစပ်သွားပြီး ပြန်လည် မခွဲခွာနိုင်တော့ခြင်း ဖြစ်ပါသည်။

ထိုအချက်များကို ခံစားမိပြီးနောက်, ချင်ယွင်၏ စိတ်ထဲတွင် စကားလုံးနှစ်လုံးက ကူရာမဲ့ ပေါ်လာခဲ့ပါသည်- သေမျိုး…။

ဤအချိန်တွင် သူသည် လုံးဝ သေမျိုးတစ်ဦးအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် သူသည် လှုပ်ရှားနိုင်စွမ်း လုံးဝ မရှိသော သေမျိုးတစ်ဦး ဖြစ်နေပါသည်။

ထိုအချက်ကို သဘောပေါက်ပြီးနောက်၊ ချင်ယွင်သည် သူ၏စိတ်ထဲတွင် စိတ်ပျက် လက်ပျက်ဖြစ်မူကို ခံစားလိုက်ရသည် ။

သူ၏အင်မော်တယ် စိတ်ဝိညာဉ် စွမ်းအားသည် ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး၊ ကနဦး စကြဝဠာသည် သူနှင့်အဆက်အသွယ်ပြတ်သွားခြင်းက အဆင်ပြေပါသေးသည်။ ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်ထဲမှာ ဖင်းဂေါ့ဂ်စွမ်းအား၏ သဲလွန်စကိုယ်ပင် မတွေ့ရသည့်အတွက် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုစားရန် အလွန်မင်း ခက်ခဲပေလိမ့် မည်။

ကံကောင်းထောက်မစွာ၊ အသက်သစ်ပင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပေါင်းစပ်သွားပြီး၊ အားနည်းသော အသက်စွမ်းအင်သည် ချင်ယွင်၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြုပြင်နေပါသည်။

"ငါမသေပေမယ့် ရလာဒ်က သေတာထက် ပိုကောင်းပုံမရဘူး" ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"အခု, ရှရှန်းယု ဘယ်လိုနေမလဲဆိုတာ ငါ သိချင်လိုက်တာ?" ရှရှန်းယုကို စိတ်ပူစ ပြုလာပြီး၊ ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူ သတိလစ်သွားသည့် အခိုက်တန့်တွင် ရှရှန်းယု၏ မျက်လုံးများအတွင်းမှ နူးညံ့ သိမ်မွေ့သော အကြည့်ကို သူ မြင်လိုက်ရသည်။ ၎င်းအကြည့်သည် ဝိညာဉ်နတ်ဘုရားမ ထံမှ မဟုတ်ကြောင်း ချင်ယွင် သေချာပါသည်။

"ဖြစ်နိုင်တာက ဝိညာဉ်နတ်ဘုရားမရဲ့ စိတ်ဝိညာဉ် ဖျက်ဆီးခံရပြီးနောက် ရှရှန်းယုက သူမ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းများလား?။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မှန်းဆလိုက်သည်။

"ကျွီ…"

ထိုအခိုက်တွင် ပျက်စီးနေသော တံခါးကို တွန်းဖွင့်သံနှင့်အတူ အဘွားအိုတစ်ယောက် အပြင်ဘက်မှ ဝင်လာခဲ့သည်။

ချင်ယွင်က သူမကို ကြည့်နေသည်ကို မြင်လိုက်ရလျှင်, သူမသည် ခဏလောက် မှင်သက် သွားပြီး သူမ၏မျက်နှာက ရွှင်လန်းသည့်အမူအရာ ပေါ်လာပါသည်။ "ကလေး၊ နောက်ဆုံး တော့ မင်း နိုးလာပြီပေါ့။ မင်း အသက်မရှင်နိုင်တော့ဘူးလို့ ငါ ထင်နေတာ"။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ခါးသီးသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက အဘွားကြီးကို ကြည့်ပြီး "အဘွား၊ ဒီနေရာက ဘယ်နေရာလဲ?။ ကျွန်တော်ကရော ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ" ဟု မေးလိုက်သည်။

"လူမိုက်ကလေး၊ ဒါက လျူမျိုးနွယ်ရွာလေ။ မင်း ဒီနေရာကို ဘယ်လိုရောက်လာလဲတော့ ငါလည်း မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ အဲဒီမိန်းကလေးက ကောင်းကင်ကနေ ပြုတ်ကျလာပြီး၊ မြေပြင်ပေါ်မှာတောင် တွင်းနက်ကြီးတစ်ခု ဖန်တီးသွားသေးတယ်။ မင်းရဲ့ တစ်ကိုယ်လုံးလည်း အသားပြားဖြစ်တဲ့အထိ ရိုက်ချိုးပစ်ထားသလိုပဲ။ တကယ်လို, မင်း အသက်ရှူနေတာ ငါ မမြင်ဘူးဆိုရင်, ငါ မင်းကို မြုပ်နှံပြီးနေတာ ကြာလှပြီ။” အဘွားအိုက ပဲစေ့များ သွန်ချနေသည့်အလား ရုတ်တရက် စကားအများကြီး ပြောလိုက်ပါသည်။

ထိုစကားကို ကြားလိုက်ရတော့, ချင်ယွင်သည် သူ၏စိတ်ထဲတွင် ငိုအားထက် ရယ်အား သန်လာသည်။ သူ၏ပါးစပ်ထောင့်က မထိန်းနိုင်ဘဲ တွန့်သွားခဲ့သည်။ အဘွားအိုက သူ့ကို မသင်္ဂြိုဟ်လိုက်သည့်အတွက် သူ ဝမ်းသာမိနေသည်။ မဟုတ်ရင်, သူသည် မြေကြီးအောက် မှ နိုးထလာရလိမ့်မည်။ ယင်းက သူ့ကို သေသည်အထိ စိတ်ဓာတ်ကျနေစေလိမ့်မည်။

ခဏနေပါဦး, မိန်းကလေးလား..?။

ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအချိန်တုန်းက သူ၏ဘေးတွင် ရှရှန်းယု သာ ရှိနေခဲ့သည်။ အဘွားအိုပြောနေသည့် မိန်းကလေးက ...

"အဘွား၊ အဘွားပြောနေတဲ့ ကောင်မလေးကကော?။ သူမ ဘယ်မှာလဲ?။ သူမရော အဆင်ပြေရဲ့လား" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

ချင်ယွင်၏ စကားကိုကြားတော့၊ အဖွားကြီးက ရယ်မောရင်း၊ သူမသည် ပဲစေ့များကဲ့သို့ စကားလုံးများကို စတင်သွန်ချတော့သည် "မင်းကိုမင်းလည်း ပြန်ကြည့်စမ်းပါဦး။ မင်းက အခုလိုပုံစံမျိုး ဖြစ်နေပြီ။ တခြားကောင်မလေးကို ဂရုစိုက်နေတုန်းပဲလား။ မင်း သူမကို စိတ်ဝင်စားတာ ငါ မြင်နိုင်ပါတယ်။ မင်းတို့ ကောင်းကင်ကနေ ပြုတ်ကျလာချိန်မှာ, မင်းက အဲဒီမိန်းကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတုန်းဘဲ။ ဒါပေမယ့်, မိန်းကလေးက တကယ်ကို လှပလွန်းတယ်။ ငါ အသက်ခုနှစ်ကျော် အသက်ရှင်နေထိုင်ခဲ့တာတောင် ဒီလောက်လှတဲ့ မိန်းကလေးမျိုး တခါမှ မတွေ့ခဲ့ဖူးဘူး။ လူငယ်လေး.. မင်းတော့ တကယ် ကံကောင်းတာပဲ…”။

“အဖွား၊ အဓိကလိုရင်းကို ပြောရအောင်။” ချင်ယွင်က မနေနိုင်တော့ဘဲ ကြားဖြတ် ပြောလိုက်ရပြီး၊ သူ၏စိတ်ထဲတွင် ပြင်းထန်သော အကူအညီမဲ့ခြင်းကို ခံစားလိုက်ရသည်။

အဘွားအိုသည် သူမ စကားအလွန်အကျွံ ပြောနေမိသည်ကို သဘောပေါက်ပုံရသည်။ သူမက ပြုံးပြီး ပြောသည် "စိတ်မပူပါနဲ့၊ ဒီကောင်မလေးက အဆင်ပြေပါတယ်။ သူမက အသက်ရှင်တဲ့အပြင်၊ ကန်ကျောက်နိုင်နေပြီ။ သူမက အိမ်အပြင်မှာ နေပေမယ့်၊ သူစိမ်းတွေ ချဉ်းကပ်တာကို မကြိုက်ဘူး။ လူငယ်လေး, မင်း သူမကို အမှားတစ်ခုခု လုပ်မိလို့များ လား?။ ဒီကောင်မလေးက မင်းကိုတွေ့တဲ့အချိန်တိုင်း သူမမျက်နှာက ဒေါသထွက်တဲ့ အမူအရာ အမြဲရှိနေခဲ့တယ်" "ငါလည်း နှစ်အတော်ကြာအောင် နေလာခဲ့တာပါ။ ငါက လူတွေကို အကဲဖြတ်ရာမှာ အရမ်းကို တိကျတယ်။ မင်း သူမကို အမှားတစ်ခုခု လုပ်မိလို့ ဖြစ်လိမ့်မယ်..."။

အဘွားအိုသည် မရပ်မနား ပြောနေသော်လည်း ချင်ယွင်သည် အဘွားအို၏စကားကို နားမထောင်တော့ဘဲ သူ၏စိတ်ထဲတွင် ကိုယ်ပိုင်အတွေးကမ္ဘာထဲ နစ်မွန်းသွားခဲ့သည်။

ရှရှန်းယု အဆင်ပြေနေခြင်းက ကောင်းသည့်အရာ ဖြစ်သည်။ ဤစကားက သူ၏ နှလုံးသားထဲမှ လေးလံနေသည့် ကျောက်တုံးကြီးကို ပြုတ်ကျစေခဲ့သော်လည်း, ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် သံသယအသစ်တွေ ဝင်ရောက်လာခဲ့ပါသည်။

ယခုအချိန်တွင် ရှရှန်းယု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားနိုင်သူသည် တန်ခိုးကြီးလှသည့် ဝိညာဉ်နတ်ဘုရားမလား သို့မဟုတ် ရှရှန်းယုလားဆိုတာ သူ တကယ်ကို သိချင်နေပါသည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ ဖြစ်နေမည်ဆိုလျှင်, သူသည် မည်သို့ အသက်ရှင် နေနိုင်မည်နည်း?။ သူမက သူ့ကို သတ်ပစ်မှာကိုပင် သူ ကြောက်ရွှံ့မိသည်။ သို့သော်, အကယ်၍ ရှရှန်းယုဆိုလျှင်လည်း အဘွားကြီး၏ ပါးစပ်မှ ထုတ်ပြောလာသည့် ဒေါသထွက်နေသည့်စကားက ဘာများဖြစ်နေမလဲ?။

ချင်ယွင်သည် ခဏမျှ စိတ်ရှုပ်ထွေးသွားပြီး သူ၏နှလုံးသားသည် ပို၍ပင် ဝေခွဲမရ ဖြစ်လာခဲ့ သည်။

"မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ငါ အရင်ဆုံး ပြန်ကောင်းလာအောင် လုပ်ရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ရှရှန်းယု၏ ခန္ဓာကိုယ်အတွင်း၌ မည်သူရှိသည်ကို သူ သိချင်မိသည်။ သူ၏ခန္ဓာကိုယ် ပြန်ကောင်းလာသည့်အခါ, သူ အပြင်ထွက်ပြီး ကြည့်ရလိမ့်မည်။ အခုအချိန်မှာ အရေးကြီးဆုံးက သူ၏ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ကောင်းလာအောင် လုပ်ဆောင်ရန်ပင်။

ထို့ကြောင့် ချင်ယွင်သည် သူ၏မျက်လုံးများကို မှိတ်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ လျှို့ဝှက်ဆန်းကြယ် အဝါရောင်စွမ်းအင်ကို စုပ်ယူရန်ကြိုးစားကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စတင်ပြုပြင်လိုက်သည်။

သို့သော်၊ ကောင်းကင်နှင့် မြေကြီးကြားတွင် အဝါရောင်စွမ်းအင်သည် အနည်းငယ်သာ ရှိပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် အဝါရောင်စွမ်းအင်အား ဖြည်းဖြည်းချင်းသာ စုပ်ယူနိုင်ခဲ့ပါသည်။

ချင်ယွင်သည် မျက်လုံးများ မှိတ်သွားသည်ကို မြင်လျှင်, အဘွားအိုသည် ချင်ယွင် ပင်ပန်း နေပြီဟုထင်ပြီး တခြားမည်သည့်စကားမှ မပြောတော့ဘဲ အခန်းထဲမှ တိတ်တဆိတ် ထွက်သွားခဲ့ပါသည်။

All Chapters