← Chapters

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း (၁၀၈၀) အတိအကျ ဘယ်သူလဲ။

အချိန်သုံးလက အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။

ဤသုံးလအတွင်း ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို စုပ်ယူနေခဲ့ သည်။

သို့သော် သူသည် စောင့်ဆိုင်းနေခဲ့ရသည်။ ဤကမ္ဘာ၏ စွမ်းအားသည် အလွန်ပါးလွှာပြီး ပြန်လည်ကုစားရေး၏ အရှိန်ဟုန်က နှေးကွေးလွန်းလှသည်။ ချင်ယွင်သည် မြေပြင်ပေါ်မှ လမ်းလျှောက်နိုင်ရန်ပင် အချိန်သုံးလတာ ကြာငြောင်းခဲ့ပါသည်။

ဤသုံးလတွင် ရှရှန်းယုသည် ချင်ယွင်ဆီသို့ တစ်ကြိမ်တစ်ခါမျှ လာရောက် လည်ပတ်ခြင်း မရှိသည့်အတွက် ချင်ယွင်တွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။

"ကျွီ….."

ချင်ယွင်သည် အားနည်းသော ခန္ဓာကိုယ်ကို တွန်းလှန်ကြိုးစားပြီး အခန်းထဲမှ ထွက်လာခဲ့ သည်။ နေရောင်ခြည်က သူ၏ခန္ဓာကိုယ်ပေါ် ထွန်းလင်းလာသဖြင့် မျက်လုံးများကိုပင် မဖွင့်နိုင် ဖြစ်နေသည်။

သုံးလအတွင်း ဤသည်မှာ ချင်ယွင်၏ နေရောင်ခြည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးလုနီးပါးဖြစ်နေရာမှ ရုတ်တရက် ပြန်လည်ရှင်သန်လာသကဲ့သို့ပင်။

ထို့နောက် ချင်ယွင်၏ နားထဲတွင် ရယ်မောသံ ထွက်ပေါ်လာသည်။ မြက်ခင်းပြင်မှာ ကစားနေသည့် ကလေးတချို့ကို သူ မြင်လိုက်ရသည်။

ချင်ယွင်သည် လူစုလူဝေးကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ထိုလူများသည် သာမန် သေမျိုးများသာ ဖြစ်ကြပြီး၊ လက်တွေ့တွင် ကျင့်ကြံသူများ မရှိသည်ကို တွေ့ရှိခဲ့ရသည်။

"ကြည့်စမ်းပါဦး၊ သစ်သားလူကြီး အပြင်ထွက်လာပြီ။" ထိုအချိန်မှာ ကလေးငယ်တစ်ဦးက ချင်ယွင်ကို လက်ညှိုးထိုးပြပြီး လှမ်းအော်သည်။

ချက်ခြင်းပင် လူတိုင်းက ချင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ သူတို့၏မျက်နှာများတွင် အံ့အားသင့်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

ချင်ယွင်သည် သူတို့၏မျက်နှာပေါ်မှတဆင့် စကားလုံးနှစ်လုံးကို တွေ့နိုင်ပါသည်- အံ့ဖွယ်ဖြစ်ရပ်…..။

သူတို့၏အမြင်တွင်မူ, ချင်ယွင်၏ ခန္ဓာကိုယ်သည် အသားပြားဖြစ်သည်အထိ ရိုက်နှက်ခံရပြီး၊ အမှန်တကယ် အသက်ရှင်နိုင်ခဲ့သည်။ အခုဆို မြေကြီးပေါ်မှာတောင် လမ်းလျှောက်နိုင်နေပြီ။ ဤအရာက အံ့ဖွယ်ဖြစ်ရပ်တစ်ခု မဟုတ်ပေဘူးလား?

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ သူသည် ရွာသားများ၏ အံ့အားသင့်နေသည့် အကြည့်များကို လျစ်လျူရှုကာ ထိုကလေးငယ်များဆီသို့ လျှောက်သွားခဲ့သည်။

ထိုကလေးငယ်များသည် ချင်ယွင်ဆီကို အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ဖူးပါသည်။ အစောပိုင်းမှာတော့, သူတို့သည် သူ့အနီးသို့ မချဉ်းကပ်ရဲကြပါဘူး။ နောက်ပိုင်းမှာတော့ ချင်ယွင်ဆီမှ ရန်လိုသည့် ရည်ရွယ်ချက်မျိုး မရှိဘူးဆိုသည်ကို တွေ့ရှိခဲ့ပြီး၊ သူနှင့် စကားပြောရန် သူ၏အိပ်ရာအနားကို မကြာခဏ ပြေးလာတတ်ပါသည်။ သူတို့က သူ့ကို သစ်သားလူသားဟုပင် နာမည်ပြောင်ပေးထားသည်။

ချင်ယွင်သည် ဤကလေးများထံမှတဆင့် ဤကမ္ဘာကြီးအကြောင်းကို အကြမ်းဖျင်း နားလည်ထားသည်။ အများစုကတော့ ရွာ၏အခြေအနေ ဖြစ်သည်။

ထို့ကြောင့် ဤရွာတွင် သူ့အား ပြုစုစောင့်ရှောက်ပေးထားသော အဘွားကြီးမှလွဲ၍ ချင်ယွင်သည် ဤအရုပ်လေးများနှင့် အရင်းနှီးဆုံး ဖြစ်သည်။

"တုန်းဇီ၊ မင်း အဲဒီနတ်သမီး အစ်မကို မြင်ဖူးလား?" ချင်ယွင်က ကလေးတစ်ယောက်၏ နာမည်ကို တိုက်ရိုက်ခေါ်ပြီး မေးလိုက်သည်။

ရှရှန်းယုသည် လှပလွန်းသောကြောင့် ရွာရှိလူတိုင်းက သူမအား နတ်သမီးဟု ခေါ်ကြပြီး ထိုကလေးများကလည်း သူမကို နတ်သမီးအစ်မဟုပင် ခေါ်ကြသည်။

သို့သော် ရှရှန်းယု၏ ပင်ကိုယ်စရိုက်သည် အေးစက်လွန်းနေပုံရသည်။ ထို့ကြောင့် ဤကလေးများသည် အဝေးမှ ချောင်းကြည့်ရုံမျှသာ ဖြစ်ပြီး၊ ချဉ်းကပ်ရန် မဝံ့ရဲကြသော ကြောင့် ၎င်းတို့၏ဆက်ဆံရေးသည် အလွန်မင်း ရင်းနှီးခြင်း မရှိခဲ့ပေ။

"နတ်သမီးအစ်မက ရှေ့က တောအုပ်ထဲက ရေတံခွန်မှာ ရောက်နေတာ။ သူမက အဲဒီမှာ ဆယ်ရက်လောက် မလှုပ်မယှက် ထိုင်နေတယ်။" တုန်းဇီဟုခေါ်သော အရုပ်ကလေးက ရှေ့မှတောအုပ်ကို ညွှန်ပြရင်း နူးညံ့သည့်အသံဖြင့် ပြောသည်။

ချင်ယွင်သည် အဝေးက တောအုပ်ကို ကြည့်ကာ ခေါင်းညိတ်ပြီး သစ်တောဆီသို့ လျှောက်သွားသည်။

သူ၏စွမ်းအားနှင့် အင်မော်တယ်စိတ်ဝိညာဉ်သည် ပြန်လည် ကောင်းမွန်လာခြင်း မရှိသော် လည်း၊ သူ၏အကြားအာရုံသည် သာမန်လူများထက် သာလွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် တောနက်ကြီးမှ ကျယ်လောင်သော အသံကို ကြားရသဖြင့် ရေတံခွန်၏ တည်နေရာကို သိရှိနိုင်ပေသည်။

ချင်ယွင်သည် ရေတံခွန်ဆီသို့ လျှောက်သွားသည်။ သူသည် အဆင်းနေရာဖြစ်သဖြင့် မြငန်မြန် လျှောက်မသွားနိုင်ပါဘူး။

ကလေးများသည်လည်း 'သစ်သားလူ'နှင့် နတ်သမီးနှမတို့ကြား ဆက်ဆံရေးကို သိချင်ဟန်ဖြင့် ချင်ယွင်၏နောက် မလှမ်းမကမ်းမှ လိုက်လာကြသည်။

ချင်ယွင်သည် တုန်းဇီ ပြောပြခဲ့သော ရေတံခွန်ဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။

ပေတစ်သိန်းမြင့်သော ရေတံခွန်သည် ကောင်းကင်မှ ကျဆင်းနေခဲ့သည်။ နေရောင်ခြည် သည် သက်တံရောင်အလင်းကို ယောင်ဝါးဝါး မြင်နိုင်စေသည်။ ရေတံခွန်အိုင်၏ အလယ်မှာ ကျောက်တုံးကြီးတစ်တုံးရှိနေပြီး၊ ထိုကျောက်တုံးပေါ်တွင် မိန်းမလှတစ်ဦး တင်ပျဉ်ခွေထိုင်နေတယ်။ သူမ၏ မျက်နှာသည် လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး သူမ၏ အငွေ့အသက်က အနှိုင်းမဲ့ အေးစက်ပြီး မောက်မာသည်။ သူမ၏ ခန္ဓာကိုယ်မှလည်း ဂုဏ်သိက္ခာကြီးမာသည့် ခံစားချက်မျိုးကို ထုတ်လွှတ်နေသောကြောင့် လူများသည် သူမကို တိုက်ရိုက် မကြည့်ဝံ့ကြပါဘူး။

မြူခိုးများက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး၊ သူမ၏နုနယ်သောမျက်နှာသည် နေရောင်အောက်တွင် ပြီးပြည့်စုံနေပုံရသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် အမျိုးသမီးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ချင်ယွင်ကို စူးရှသော အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ချင်ယွင်၏ နှလုံးက တစ်ချက်ခုန်သွားသည်။ အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက် တစ်ခု သူ၏နှလုံးထဲသို့ တိုးဝင်လာခဲ့ပြီး၊ သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန် မဆုတ်ဘဲ မနေနိုင်ခဲ့ပေ။

ဝှီး….။

အမျိုးသမီး၏ ရုပ်အသွင်သည် ရုတ်တရက် အေးစက်သော လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ရှေ့တွင် ပြန်ပေါ်လာသည်။ သေးသွယ်ပြီး လက်ရာမြောက် လှသော လက်တစ်ဖက်က ချင်ယွင်၏ လည်ပင်းပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့ပြီး၊ မမျှော်လင့်ဘဲ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲသို့ မြှောက်တင်လိုက်ပါသည်။

ချင်ယွင်သည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးသောကြောင့် ယခုအချိန် တွင် သဘာဝအတိုင်း ထိုအမျိုးသမီး၏လက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ဘဲ၊ သူ၏ မျက်နှာ သည် နီမြန်းလာခဲ့သည်။

"မင်း... မင်းက ဝိညာဉ်​နတ်ဘုရားမလား?" ချင်ယွင်က ပြူးကျယ်သော မျက်လုံးများဖြင့် အမျိုးသမီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

မှန်ပါသည်။ သူ၏ရှေ့မှ ဤအမျိုးသမီးသည် သဘာဝအတိုင်း ရှရှန်းယု ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် စိတ်ဝိညာဉ်သည် ရှရှန်းယု ဖြစ်ပုံမပေါ်ပေ။

"ဘာလဲ? နင် အံ့သြသွားတာလား?။ ဒီခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်က မင်းရဲ့ ချစ်သူလေး လို့ ထင်နေတာလား?" ရှရှန်းယုက ပြုံးပြီး သူမမျက်နှာပေါ်တွင် ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ရှရှန်းယုရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို မင်း ဘာလုပ်လိုက်လဲ?။" ချင်ယွင်က အလျင်စလို မေးလိုက်ပြီး၊ သူ၏မျက်လုံးများတွင် ဒေါသများ အပြည့်ရှိနေခဲ့သည်။

"နောက်ထပ် ဘာဆက်လုပ်ရမှာလဲ?။ ငါ သူမကို သေချာပေါက် ဝါးမျိုလိုက်ပြီပေါ့။ သူမက အစကတည်းက ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ရဲ့ သားကောင်ပဲလေ။" ရှရှန်းယုက ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးများတွင် အထင်သေးရှုံ့ချမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ မင်းကို သတ်မယ်…" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာကာ ပြင်းထန်သော အမျက်ဒေါသက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

သူနှင့် ရှရှန်းယုတို့၏ ဆက်ဆံရေးသည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်သာသာ တိုတောင်းလှသော အချိန်လေးတစ်ခု ဖြစ်ခဲ့သော်လည်း, သူသည် ရှရှန်းယုနှင့် သဘောတူ ပြီးကတည်းက ရှရှန်းယုက သူ့မိန်းမပင် ဖြစ်ပါသည်။

ယခု ရှရှန်းယုသည် ဝါးမျိုးခံလိုက်ရသဖြင့် ချင်ယွင်သည် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။

"ငါ့ကို သတ်မယ်…၊ မင်းရဲ့ လက်ရှိ အားနည်းတဲ့ပုံစံနဲ့ နင်က ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား?" ရှရှန်းယုသည် ချင်ယွင်ကို ကြည့်ရင်း၊ သူမ၏မျက်လုံးများတွင် လှောင်ပြောင် ရယ်မောခြင်းဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် လူကို ဝါးစားတော့မတတ် ရှရှန်းယုကို စိုက်ကြည့်နေသည်။

"ဟမ့်၊ အခု ငါ နင့်ကို သတ်ပြီး၊ နင့်ကို သူမနဲ့ ပြန်ပေါင်းစည်းနိုင်ဖို့ မြေအောက်ကမ္ဘာကို ပို့လွှတ်ပေးလိုက်မယ်။" ရှရှန်းယု၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားကာ ချင်ယွင်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော သူမလက်၏ အင်အားသည် အနည်းငယ် တိုးမြင့်လာခဲ့သည်။

ချင်ယွင်သည် ရုတ်တရက် အသက်ရှူကျပ်သွားသော်လည်း၊ သူ မည်မျှပင် ရုန်းကန်နေ ပါစေ၊ သူသည် ရှရှန်းယု၏လက်မှ မလွတ်မြောက်နိုင်ပေ။

ဘန်း…။

သို့သော်လည်း ချင်ယွင်သည် အသက်ရှုကြပ်ပြီး သေခါနီးတွင် ရှရှန်းယု၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး သူမ၏ စူးရှသော မျက်လုံးများက ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်များက နူးညံ့လာသည်။

ရှရှန်းယုသည် ချင်ယွင်ကို အမြန်လွှတ်လိုက်ပြီး ပွေ့ဖက်လိုက်သည်။ သူမက စိုးရိမ်တကြီး ကြည့်ကာ ပြောသည် "ခင်ပွန်း၊ မင်း အဆင်ပြေရဲ့လား?"

"အဟွတ်.. အဟွတ်…" ချင်ယွင်သည် ချက်ချင်းပင် ပြင်းထန်စွာ ချောင်းဆိုးလာသည်။ ပထမအချက်၊ သူသည် အသက်ရှူကျပ်ခြင်းကြောင့် ချောင်းဆိုးခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယ အချက်ကတော့ ရှရှန်းယု၏ စကားများကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် ရှရှန်းယုကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပြီး၊ ရှရှန်းယု၏ မျက်လုံးများတွင် ထက်ရှမှုနှင့် အေးစက်မှု အရိပ်အယောင်မျှ မရှိသည်ကို သိလိုက်ရသည်။ ဤအခိုက်အတန့် တွင် သူမသည် လုံးဝကို စိုးရိမ်ပူပန်နေပုံရသည်။

"မင်းက တကယ်ပဲ ရှရှန်းယုလား?" ချင်ယွင်က ဆုံးဖြတ်ချက်မချဝံ့ဘဲ မေးလိုက်သည်။

"မှန်တယ်၊ ငါပဲပေါ့။ ခင်ပွန်း" ရှရှန်းယုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ရှရှန်းယု ရှက်ရွံ့နေသည်ကို မြင်လိုက်ရတော့, ချင်ယွင်သည် သူမက ရှရှန်းယု အစစ်အမှန်ဟု ချက်ခြင်းဆိုသလို နိဂုံးချုပ်လိုက်ပါသည်။ အကြောင်းရင်းကတော့ ဝိညာဉ်နတ်ဘုရားမသည် ယခုလိုအမူအရာမျိုး ထုတ်ဖော်ပြမည် မဟုတ်သောကြောင့်ပင် ဖြစ်ပါသည်။

"ရှန်းယု၊ ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် ရှရှန်းယုကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

စာစဉ် (၇၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters