← Chapters

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၃)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၀၈၁) ချိုးဖျက်လိုက် တည်ဆောက်လိုက်။

"ဘာတွေ ဖြစ်နေတာလဲတော့ ငါလည်း မသိဘူး။ ငါ့ရဲ့အင်မော်တယ် စိတ်ဝိညာဉ်နဲ့ ဝိညာဉ်နတ်ဘုရားမရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ပေါင်းစပ်သွားခဲ့ပြီ။ ပြန်ပြီး ခွဲခွာလို့ မရတော့ဘူး။" ရှရှန်းယုက ပြောသည်။

"စိတ်ဝိညာဉ်တွေ ပေါင်းစပ်သွားပြီလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မှန်တယ်။ သူမရဲ့စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကြောင့် ဖြစ်သင့် တယ်။ သူမရဲ့ နတ်ဘုရား စိတ်ဝိညာဉ်နဲ့အတူ ငါလည်း သန္ဓေပြောင်းသွားခဲ့ပြီ။ အခု ငါတို့ က သီးခြား လွတ်လပ်စွာ တည်ရှိနေကြပေမယ့်၊ ငါတို့က ချိတ်ဆက်မူတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ။ ငါတို့က ဘယ်တော့မှ မခွဲခွာနိုင်တော့ဘူး" ရှရှန်းယုက ပြောသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး "ဒါဆို သူမက မင်းကို ထပ်ပြီး ဝါးမျိုတော့မှာ မဟုတ်ဘူးလား?"။

"မဟုတ်ဘူး၊ သူမက ငါ့ကို ဝါးမျိုဖို့ ကြိုးစားနေတာ သုံးလလောက်ရှိပြီ။ ဒါပေမယ့် သူမ မအောင်မြင်နိုင်ဘူး။ သူမအနေနဲ့ ငါ့ကို အတင်းအကြပ် ဝါးမျိုခဲ့ရင် သူမရဲ့ စိတ်ဝိညာဉ် လည်း သေဆုံးသွားရလိမ့်မယ်။ ဒါပေမယ့် သူမရဲ့စိတ်ဝိညာဉ်က ငါ့ထက် အများကြီး သန်မာတယ်။ ဒါကြောင့် သူမက အမြဲတမ်း ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမယ်, ရံဖန်ရံခါမှာတော့ ငါလည်း ငါ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်အောင် ကြိုးစားနိုင်ပါသေးတယ်။" ရှရှန်းယုက ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ဝါးမျိုခံရခြင်းမရှိသရွှေ့ အဆင်ပြေနေပါသေးသည်။

သို့သော်လည်း ရှရှန်းယုနှင့် ဝိညာဉ်နတ်ဘုရားမတို့သည် ယခုအခါ တစ်ကိုယ်တည်း ရှိနေသည့် အချက်က ချင်ယွင်ကို ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

"ခင်ပွန်း၊ ငါ မင်းကို ခင်ပွန်းလို့ ခေါ်လို့ရမလား?" ရှရှန်းယုသည် ရှက်ရွံ့သော အရိပ်အမြွက်ဖြင့် မေးလိုက်သည်။

"သေချာပေါက် ရတာပေါ့။ မင်း ငါ့ကို အဲဒီလို ခေါ်ရမှာ မဟုတ်ဘူးလား?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

ရှရှန်းယု၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ သူမ၏လှပသော မျက်နှာသည် ကောင်းကင်နတ်ဘုရား တောင်တန်းများတွင် ပွင့်လန်း နေသော နှင်းကြာပန်းကဲ့သို့ သန့်ရှင်းပြီး လှပသည်။

ချင်ယွင် ရုတ်တရက် မှင်သေသေ ဖြစ်သွားခဲ့ရသည်။ ယခင်က ရှရှန်းယုသည် အေးစက်ပြီး သီးခြားနေလိုဟန် ရှိသည်။

ချင်ယွင်သည် သူမက လှပသည်ဟု ခံစားမိသော်လည်း သူ၏နှလုံးသားထဲတွင် ခံစားချက် များစွာ မရှိခဲ့ပေ။ ယခုမူ ရှရှန်းယု၏ ချိုမြိန်သော အပြုံးကို မြင်လိုက်ရသောအခါ၊ ချင်ယွင် သည် သူ၏နှလုံးသားက ရုတ်ချည်း အရည်ပျော်သွားသည်ကို သိလိုက်ရပါသည်။

ရှရှန်းယုသည် အမှန်တကယ် အေးစက်ပြီး မာနကြီးသူ မဟုတ်သော်လည်း သူမ၏ နှလုံးသားထဲသို့ မည်သူမျှ အမှန်တကယ် ဝင်ရောက်ဖူးခြင်းမရှိကြောင့် ပေါ်လွင်နေသည်။ ယခု သူမသည် ချင်ယွင်ကို ချစ်မိသွားခဲ့ပြီး သဘာဝအတိုင်း မိန်းမငယ်လေးတစ်ယောက်လို ဖြစ်လာခဲ့သည်။ ဟုတ်ပါသည်။ သူမသည် အပြင်လူများကို အေးစက်သည့် အမူအရာဖြင့် ဆက်ဆံနေဆဲပင်။

"ရှန်းယု၊ မင်းရဲ့အပြုံးက တကယ်ကို လှတယ်။" ချင်ယွင်က ပြုံးပြီး သူ့လက်ကို ဆန့်တန်းကာ ရှရှန်းယုကို ပွေ့ဖက်လိုက်သည်။ သူ၏လက်နှစ်ဖက်က ပျော့ပျောင်းပြီး အရိုးမဲ့ခါးကို တိုက်ရိုက် ထိထားလိုက်သည်။

သို့သော်လည်း ရှရှန်းယု၏ ခန္ဓာကိုယ်မှ ထွက်လာသော ရနံ့ကို ခံစားရပြီး ယစ်မူးနေစဉ်မှာ၊ ကြောက်မက်ဖွယ်ရာ အအေးဓာတ်က သူ၏ရင်ခွင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ရေခဲမြစ်ထဲသို့ ချက်ခြင်း ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

"ယုံချင်ယုံ မယုံချင်နေ, ငါ နင့်လက်ချောင်းတွေကို ခုတ်ပိုင်းပစ်မယ်နော်"

သေချာပါသည်။ ချင်ယွင် မလွှတ်နိုင်ခင်မှာ သူ၏ရင်ခွင်ထဲမှ ရေခဲတမျှ အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာပါသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုက သူ့ကို ချက်ချင်း တွန်းထုတ်လိုက်ပြီး၊ သူသည် အဝေးမှ ကန်ရေပြင်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

"အယုတ်တမာကောင်လေး၊ နင်နဲ့သူမ ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ နောက်တစ်ခါ နင့်ကို ဒီခန္ဓာကိုယ်ကို ထိတွေ့ခွင့် မပေးနိုင်ဘူး။ နောက်တစ်ကြိမ် နင် ထပ်ထိရင် ငါ့ရဲ့စိတ်ဝိညာဉ်ကို စွန့်လွတ်ရမယ်ဆိုရင်တောင် ငါ နင့်ကို သတ်ပစ်မယ်။" ဝိညာဉ်နတ်ဘုရားမသည် အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် အေးစက်သော လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ သည်။

ချင်ယွင်သည် ရေကန်ထဲမှ တွားသွားတက်လာကာ ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက် သည်။

ဝိညာဉ်နတ်ဘုရားမသည် သူမ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း ထင်ရှားသည်။

"ငါ စောင့်ကြည့်ရုံပဲတတ်နိုင်ပြီး မထိမတွေေ့နိုင်မှာကို ကြောက်မိတယ်။" ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။

အကယ်၍, သူသည် ရှရှန်းယုကို အမှန်တကယ် ထိလိုက်သည်နှင့် ဝိညာဉ်နတ်ဘုရားမက ချက်ချင်း ခုန်ထွက်ပြီး သူ့ခန္ဓာကိုယ်၏ အစပြုမှုလှုပ်ရှားကို တွန်းလှန်ပစ်ပါလိမ့်မည်။ ချင်ယွင်သည် ရှရှန်းယုကို ထိမိသောကြောင့်၊ ဝိညာဉ်နတ်ဘုရားမ၏ စိတ်ဝိညာဉ်သည် လည်း ၎င်းကို သဘာဝအတိုင်း ခံစားရပါလိမ့်မည်။

ချင်ယွင်သည် ရှရှန်းယု၏ခါးပေါ်သို့ သူ၏လက် ရောက်သွားသည့် မြင်ကွင်းကို ပြန်တွေးရင်း၊ အတင့်ရဲသော အကြံက မဝင်ရောက်ဘဲ မနေနိုင်ခဲ့ပါချေ။

ဝိညာဉ်နတ်ဘုရားမကိုတောင် အနိုင်ယူခြင်း…။

သို့သော် ဤရဲရင့်သော အကြံအစည် ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် ၎င်းကို ဖိနှိပ်လိုက်ရသည်။ သူသည် အထွတ်အထိပ်အခြေအနေတွင် ရှိနေစဉ်မှာပင်၊ သူသည် ဤဝိညာဉ်နတ်ဘုရားမအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါ။ သူသည် ယခုလို ပျော့ညံ့သော သေမျိုးတစ်ယောက် ဖြစ်နေချိန်မှာ စကားထဲပင် ထည့်ပြောစရာမလိုတော့ပေ။

ထို့အပြင်၊ ဝိညာဉ်နတ်ဘုရားမသည် သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်နှင့်, ပို၍ များပြားသော အထွက်အထိပ် တန်ခိုးစွမ်းအားက သူမ၏ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ယင်းက ချင်ယွင်သည် သူမကိုအနိုင်ယူရန် ပို၍ပင် ခက်ခဲလာခဲ့သည်။ သူတိုဟူးကို မစားရခင်မှာ အရင်ဆုံး အရိုက်ခံရမည်ကို သူ ကြောက်ရွှံ့ပါသည်။

"ဟင်း…။ ငါ ဒီအကြောင်းတွေ မတွေးချင်တော့ဘူး။ ငါ ငါ့ခွန်အားတွေ မြန်မြန် ပြန်ကောင်း လာအောင် လုပ်ရမယ်။" ချင်ယွင်က သက်ပြင်းချပြီး သိပ်ပြီးမတွေးရဲတော့ပေ။

ယခုအချိန်တွင် ထိုအတွေးများကို ဖိနှိပ်ထားပြီး၊ အရေးကြီးဆုံးအရာက သူ၏ခွန်အားကို ပြန်လည်ရရှိရန်နှင့် သူ၏အင်မော်တယ်စိတ်ဝိညာဉ်ကို ပြန်လည်ကုစားရန် ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာပြီး၊ သူ၏စိတ်ဝိညာဉ် ပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ၊ သူသည် ကနဦးစကြာဝဠာကို တစ်ဖန်ပြန်လည် ခံစားနိုင်ပြီး သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်နိုင်မည်ဟု ယုံကြည်ထားသည်။ သူသည် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရုံသာမက နယ်ပယ်သစ်တစ်ခုသို့ပင် ဖြတ်ကျော် ကာ ရပ်တည်နိုင်မည် ဖြစ်သည်။

"ငါရဲ့ခန္ဓာကိုယ်ကို အရင်ကြံ့ခိုင်အောင် လုပ်ကြရအောင်။" ချင်ယွင်၏ အကြည့်များသည် ချက်ချင်းပင် တည်ငြိမ်လာပြီး ရှရှန်းယု၏ရှေ့ရှိ ကျောက်ဆောင်ကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ကောင်းကင်နှင့်မြေကြီး၏ အဝါရောင်စွမ်းအင်ကို စုပ်ယူလိုက်သည်။

အပြင်ကမ္ဘာရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအားသည် အတွင်း အခန်းကျဉ်း လေးထဲမှာထက် ပိုမိုသိပ်သည်းနေသော်လည်း၊ ၎င်းသည် ချင်ယွင် ယခင်က နေထိုင်ခဲ့သည့် သေမျိုးကမ္ဘာထက်ပင် များစွာ အားနည်းနေသေးသည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနယ်ပယ်၏ သတ္တမအဆင့်သည် မည်မျှ အစွမ်းထက် သနည်း?။ ဤအရှိန်ဟုန်ဖြင့်ဆို, သူသည် သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက် ရန် နှစ်တစ်ရာ အချိန်ယူရပေမည်။ သို့သော် ချင်ယွင်တွင် ဤနည်းလမ်းကို ရွေးချယ်ရန်မှတပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ရေတံခွန်၏အထက်မှာ ရှရှန်းယု၏ လှပသော ရုပ်အသွင်ပြင်က လေထဲမှာ ရပ်နေပါသည်။ သူမသည် ရှုပ်ထွေးနေသော မျက်လုံးများဖြင့် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်ကို ငုံ့ကြည့်မိသည်။

“အဲဒါမှပြဿနာ, စိတ်ဝိညာဉ်တွေက ပိုပိုပြီး ပေါင်းစည်းလာနေတယ်။ ငါ့ရဲ့ စိတ်ခံစားချက် တွေတောင် သက်ရောက်မူရှိလာခဲ့ပြီး အဲဒါကို ငါတောင် ဘာမှ မလုပ်နိုင်ဘူး။" ရှရှန်းယုက သူမကိုယ်သူမ ရေရွတ်ရင်း သူမ၏မျက်လုံးများတွင် ဒေါသတွေနှင့် ပြည့်နေခဲ့သည်။

အကယ်၍များ, အတိတ်တုန်းက တစ်စုံတစ်ယောက်က သူမကို ယခုလို ပေါ့ပေါ့တန်တန် ဆက်ဆံရဲသည်ဆိုလျှင်, သူမသည် ထိုလူ၏ စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီးသည်မှာ ကြာပါပြီ။ ယခုတော့ ဘယ်လို ဖြစ်လာရတာလဲ?။ သူမ၏တုန့်ပြန်မူက ချင်ယွင်ကို အဝေးကို တွန်းထုတ်ပြီး အမှန်တကယ် ခြိမ်းခြောက်မှု မဟုတ်ကြောင်း ပြောပြနေသည်။ ဤအရာအားလုံးက သူမ၏ စိတ်ဝိညာဉ်နှင့် ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်တို့ တဖြည်းဖြည်း ပေါင်းစပ်သွားခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက, သူမသည် ရှရှန်းယုနှင့် အနှေးနှင့်အမြန် ရောနှောသွားလိမ့်မည်။

"ဟမ့်၊ နင့်ရဲ့လက်ရှိ အမြန်နှုန်းနဲ့ဆို၊ နင့်ရဲ့ခွန်အားကို အနှစ်တစ်ရာအတွင်း ပြန်မရ နိုင်တော့မှာကို ငါ ကြောက်မိတယ်။ မေ့လိုက်ပါ၊ နင့်ကို ငါ တစ်ခါလောက် ကူညီပေးလိုက် မယ်။ ငါ့အသက်ကို ကယ်တင်ဖို့ နင့်ရဲ့ စွန့်လွှတ်အနစ်နာခဲ့တဲ့ ကြင်နာမှုကို ပြန်ပေးဆပ် တယ်ပေါ့" အခုချိန်ကစပြီး ငါတို့ အချင်းချင်း ပြန်ပေးဆယ်ပြီးပြီ။ ငါတို့ကြားမှာ တစ်ယောက်ကို တစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး။" ရှရှန်းယုက ချင်ယွင်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူမရုပ်အသွင်က ဖျတ်ခနဲ လင်းလက်ပြီး ပျောက်ကွယ်သွားပြန် သည်။

ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို တိတ်တဆိတ် တရားထိုင်ပြီး စုပ်ယူနေသည့် ချင်ယွင်တစ်ယောက်သာ ကျန်ရစ်ခဲ့ပါသည်။

ခပ်လှမ်းလှမ်းမှ ကလေးများသည် ချင်ယွင်နှင့် ရှရှန်းယုကြားမှ ဖြစ်ပျက်ခဲ့သမျှကို မြင်လိုက်ရပြီး သူတို့၏ မျက်နှာများသည် အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာ များ ထွက်ပေါ်လာကြသည်။

ရှရှန်းယု အစောပိုင်းက ပြသခဲ့သော နည်းလမ်းများသည် ၎င်းတို့အား အဆုံးမရှိ တုန်လှုပ် သွားစေပြီး ရှရှန်းယုသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါး ဖြစ်ကြောင်း သူတို့၏စိတ်ထဲတွင် ပို၍ပင် သေချာလာခဲ့သည်။

"ဒါဆို ဒီသစ်သားလူက အရေထူထူနဲ့ နတ်သမီးအစ်မကို လိုက်ချင်နေတာပေါ့။ မင်းတို့ မြင်တဲ့အတိုင်းပဲ၊ သူမက သူ့ကို သေလုနီးပါး ရိုက်နှက်ခဲ့တယ်" ခပ်လှမ်းလှမ်းမှ ကောင်ဇိုးလေးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်ကို လှမ်းကြည့်ကာ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

"မှန်တယ်။ ဒီသစ်သားလူက ရုပ်ဆိုးလွန်းလို့ နတ်သမီး အစ်မနဲ့ လုံးဝ မထိုက်တန်ပါဘူး။ နတ်သမီးအစ်မက တကယ်ကို လှပလွန်းတယ်။ ငါ ကြီးလာတဲ့အခါ နတ်သမီးအစ်မလို ဇနီးမယားနဲ့ လက်ထပ်ချင်ပါတယ်" ကျန်တစ်ဦးမှာ ချွဲကပ်နေသည့်အသံဖြင့် ပဲ့တင်ထပ် အောင်ပင် ပြောလိုက်ပါသည်.

သို့သော် သူ၏စကားကြောင့် အနီးနားရှိ အခြားသူငယ်ချင်းငယ်များက ညည်းတွားကြ သည်။

အကယ်၍, ချင်ယွင်သာ ထိုစကားများကို ကြားလိုက်မည်ဆိုလျှင် သူသည် စကားမပြောဘဲ သွေးအန်နေမည်မှာ သေချာပါသည်။

သို့သော်, အကယ်၍, သူသည် မှန်ထောင်ပြီး သူ့ရုပ်သူ ပြန်ကြည့်မိမည်ဆိုလျှင်, သူသည် ယခင်ကလို ချောမောခန့်ညားသည့် လူငယ်တစ်ဦးမဟုတ်တော့ဘဲ၊ မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် ဦးလေးတစ်ဦး ဖြစ်နေကြောင်းကို သေချာပေါက် သိလာပါလိမ့် မည်။

All Chapters