အခန်း ၁၀၈၂
Vol. 73 Ch. 1082
အခန်း (၁၀၈၂) ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အချိန်ခြောက်လတာ ကုန်ဆုံးသွားခဲ့သည်။ ဤသုံးလအတွင်းမှာ ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပြန်လည်ရရှိရန် ရေတံခွန်အောက်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူသည် ထိုနေရာမှ ခြေလှမ်း တစ်ဝက်လောက်ပင် မထွက်ခဲ့ဖူးပါဘူး။
သို့သော် အကျိုးသက်ရောက်မှုက အလွန်ဆိုးရွားခဲ့ပါသည်။ ခြောက်လကြာ ကျင့်ကြံမှုတွင် သူ၏ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်စွမ်းအား၏ တစွန်းတစကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။ ဖင်းဂေါ့ဂ် ခန္ဓာကိုယ်သန့်စင်ခြင်းတွင် သတ္တမအဆင့်၌ရှိနေသော ချင်ယွင်အတွက်မူ၊ ဤ ဖင်းဂေါ့ဂ်စွမ်းအား တစွန်းတစသည် ရေပုံးထဲမှ တစ်စက်မျှသာ ဖြစ်သည်။
ဖင်းဂေါ့ဂ်စွမ်းအားကို အားကိုးနိုင်ခြင်း မရှိဘဲ၊ သူသည် လေဟာနယ်ကို ဖြတ်သန်းပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်သွားနိုင်မည် မဟုတ်ပါ။
ထို့အပြင်၊ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ပျက်စီးသွားပြီး၊ သူ၏ ဒန်တန်သည် လုံးဝ ဗလာဖြစ်နေသည်။ သူသည် ကနဦးစကြဝဠာကို အမှန်တကယ် မခံစားနိုင်သောကြောင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုလည်း မလှုံ့ဆော်နိုင်ပေ။
"ငါ ဘာလုပ်သင့်လဲ?။ ငါ တကယ်ပဲ ဆုတ်ယုတ်ပျက်ဆီးနေတဲ့ ဒီဂြိုလ်ကမ္ဘာပေါ်မှာ အနှစ်တစ်ရာလောက် ကျင့်ကြံနေရတော့မှာလား?။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် ခါးသီးစွာ ပြုံးကာ သူ့ကိုယ်သူ ပြန်ပြောလိုက်မိသည်။
အနှစ်တစ်ရာသည် သူ့အတွက် ရှည်လျားလွန်းလှသည်။ သူသည် ယခု အနှစ်တစ်ရာထက် မနည်း ကျင့်ကြံခဲ့သူဖြစ်သဖြင့် ဤသေမျိုးကမ္ဘာတွင် အနှစ်တစ်ရာ နေထိုင်ရခြင်းသည် အမှန်တကယ် နှိပ်စက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် သူ၏ကလေးကို အမှန်တကယ် မြင်ချင်နေမိသည်။ တစ်နှစ်နီးပါးကြာပြီဆိုတော့ သူ၏ကလေးလည်း မွေးဖွားသင့်ပြီ။ ယောက်ျားလေးလား မိန်းကလေးလားဆိုသည်ကို သူ အမှန်တကယ် သိချင်နေသည်။ သူသည် သူကိုယ့်သူ အနှစ်တစ်ရာလောက် နေခွင့်ပြုရတော့မည်။ သို့သော်, ဤအရာက သူ့ကို ရူးသွပ်သွားစေမှာကိုပင် သူ ကြောက်မိသည်။
"လွန်ခဲ့တဲ့ ခြောက်လတုန်းက ရှရှန်းယု ဘယ်ကို သွားနေတာလဲ?၊ သူမ အင်မော်တယ် ကမ္ဘာကို ပြန်ရောက်နေပြီများ ဖြစ်နိုင်မလား?" ချင်ယွင်က ကောင်းကင်ကို မော့ကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ရှရှန်းယုသည် နောက်ဆုံးအကြိမ် ထွက်သွားပြီးကတည်းက, သူမသည် ပြန်ပေါ်မလာတော့ ပါ။ ယင်းက ချင်ယွင်သည် စွန့်ပစ်ထားသလို ခံစားရပါသည်။
သို့သော် ရှရှန်းယု၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် ဝိညာဉ်နတ်ဘုရားမအကြောင်းကို တွေးကြည့်သောအခါတွင် သူသည် စိတ်သက်သာရာရသွားသည်။
"မေ့လိုက်ပါ၊ ငါရဲ့ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ဆက်ပြီး မြှင့်တင်သင့်တယ် မဟုတ်လား?" ချင်ယွင်သည် သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများကို မှိတ်ကာ၊ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်နှင့်မြေကြီး၏ အဝါရောင်စွမ်းအားကို စုပ်ယူရန် ကြံရွယ်လိုက်ပါသည်။
"ဟမ်၊ နင် အနှစ်တစ်ရာလောက် ကျင့်ကြံနေရင်တောင်, နင်ရဲ့ ခွန်အားကို ပြန်မရနိုင်တော့ ဘူး။" သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကြားမှ အေးစက်စက် နှာချေသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လှပသော ခန္ဓာကိုယ်သည် ချင်ယွင်၏ ရှေ့တွင် လွင့်မျောလာပြီး သူ၏ရှေ့မှ ကန်ရေပြင်ပေါ်သို့ ဆင်းသက်လာသည်။
ချင်ယွင်သည် ထိုရုပ်အသွင်ကို မြင်သောအခါ ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ရှရှန်းယု အကြောင်းကို အခုလေးတင် တွေးမိပါသည်။ သို့သော်, နောက်အခိုက် အတန့်မှာဘဲ ရှရှန်းယုက ပေါ်လာမည်ဟု သူ မမျှော်လင့်ထားပေ။ ထိုသို့မဟုတ်လျှင်, ထိုလူက ဝိညာဉ်နတ်ဘုရားမ ဖြစ်နိုင်သည်.
"ဒီမှာ၊ ဒါက ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးပဲ။ အထဲမှာ အားကောင်းတဲ့ ရှေးဟောင်း ဖင်းဂေါ့ဂ်စွမ်းအားတွေ ပါဝင်နေတယ်။ အဲဒါကို သန့်စင်လိုက်ရင် နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက နင့်ရဲ့ အထွတ်အထိပ် အခြေအနေအထိ ပြန်ကောင်း လာလိမ့် မယ်။" ရှရှန်းယုက ချင်ယွင်ဆီသို့ လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးကို ပစ်ပေးပြီး၊ အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် ကျောက်တုံးကို ယူလိုက်စဉ်, သူ၏လက်မောင်းက ချက်ချင်း နစ်မြုပ်သွားသ လို ခံစားလိုက်ရပါသည်။
သူ၏ ဖင်းဂေါ့ဂ်စွမ်းအားသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသော်လည်း၊ သူ၏ ခန္ဓာကိုယ်သည် သာမန် အစစ်အမှန် အင်မော်တယ်များထက် ပိုမိုအားကောင်းနေဆဲ ဖြစ်သည်။ သို့သော်, ထိုကျောက်တုံးလေးကို သူသည် လက်တစ်ဖက်တည်းဖြင့် ကိုင်နိုင်စွမ်း မရှိခဲ့ပါဘူး။ လက်ဖဝါးအရွယ် ကျောက်တုံးတစ်တုံးတည်းက ဂျင်သန်းနဲ့ချီပြီး လေးလံနေပါ သည်။
ထိုကျောက်တုံးသည် နက်မှောင်သည့် အရောင်ရှိပြီး၊ ခပ်ဖျော့ဖျော့ မီးခိုးရောင်အလင်းကို ထုတ်လွှတ်နေကာ၊ အနှိုင်းမဲ့ နက်ရှိုင်းပြီး ရှေးကျသော အငွေ့အသက်ကို ပေါ်လွင်စေသည်။
သို့သော်၊ ချင်ယွင်သည် ဤကျောက်တုံးအတွင်း ပါ၀င်သော ပြင်းထန်သော စွမ်းအားကို ခံစားနိုင်သည်။ သူ၏လက်ထဲတွင် ကိုင်ထားလိုက်ရုံဖြင့်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပို၍သက်တောင့်သက်သာ ဖြစ်သွားသည်ကို ခံစားလိုက်ရပါသည်။
"ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး၊ ငါ ဘာလို့ မကြားဖူးတာလဲ?။ မင်း ဒါကို ဘယ်က ရလာတာလဲ?" ချင်ယွင်သည် ရှရှန်းယုကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဟမ့်၊ မသိနားမလည်တဲ့လူပဲ၊ ဒီရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးက နတ်ဘုရား ကမ္ဘာမှာတောင် ထူးခြားတယ်။ မင်း တစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး" ရှရှန်းယုက အေးစက်စွာ ပြောလိုက်သည်။
"နတ်ဘုရားကမ္ဘာ, နတ်ဘုရားကမ္ဘာ တကယ်ရှိနေတာလား?" သူသည် ကမန်းကတမ်း မေးလိုက်ရင်း, ချင်ယွင်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။
အင်မော်တယ် ကမ္ဘာထက် ပို၍အဆင့်မြင့်သည့် ဂြိုဟ်ကမ္ဘာတစ်ခု ရှိနေမည်ရဟု သူ ခန့်မှန်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း နတ်ဘုရားကမ္ဘာသည် မည်သည့်နေရာတွင် ရှိနေသည်ကို သူ မသိပေ။
"ဟမ့်၊ နင် ဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေကို ဘယ်နေရာကနေ ရလာတာလဲ?။ အခု နင်က ဒီရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးကို စုပ်ယူရမှာလေ။" ရှရှန်းယုသည် အေးစက်စွာ ဟစ်အော်လိုက်သော်လည်း သူမစကား မဆုံးခင်တွင် သူမ၏ ပါးစပ်ထောင့်မှ သွေးစများ စီးထွက်လာသည်။
"မင်း ဒဏ်ရာရခဲ့တာလား?" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ရှရှန်းယုသည် ချင်ယွင်ကို အေးစက်စွာ ကြည့်ပြီးနောက် ချက်ခြင်း ပျောက်သွားသည်။
ချင်ယွင်သည် ရှရှန်းယု ထွက်ခွာသွားသော နေရာကို ကြည့်လိုက်ရင်း၊ သူ၏မျက်ခုံးများက တွန့်သွားခဲ့သည်။ ထို့နောက် သူ၏အကြည့်က သူ၏လက်ထဲမှ ကျောက်တုံးပေါ် ကျရောက် သွားသည်။
"မင်းက ငါ့ကို ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံး ရရှိအောင် ကူညီပေးတာများ ဖြစ်နိုင်မလား?" ချင်ယွင်သည် မှန်းဆ၍ မရတော့ဘဲ သူ၏နှလုံးသားထဲတွင် အံ့ဩခြင်းများ ဖြင့် ပြည့်နှက်နေသည်။
အကယ်၍, ရှရှန်းယု အမှန်တကယ် ယခုလိုမျိုး လုပ်ခဲ့လျှင်, ချင်ယွင်သည် အံ့သြနေမှာ မဟုတ်သော်လည်း၊ အခုအချိန်မှာ ရှရှန်းယု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်လူက ဝိညာဉ်နတ်ဘုရားမ ဖြစ်နေပါသည်။ ဝိညာဉ်နတ်ဘုရားမက ယခုလိုမျိုး လုပ်ဆောင်ခဲ့သည် ဆိုလျှင်, ချင်ယွင်အနေဖြင့် နားလည်ရခက်လိမ့်မည်။
သူ၏အမြင်တွင်၊ ဝိညာဉ်နတ်ဘုရားမက သူ့ကိုမသတ်ခြင်းကပင် ကောင်းမွန်သည့် အရာဟု ယူဆထားပြီး ဖြစ်သည်။ သူ၏ခွန်အားများ ပြန်လည်ရရှိလာရန် သူ့အတွက် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကို ရယူရန်အတွက် သူမအသက်ကို အဘယ်ကြောင့် စွန့်လွှတ်ရမည်နည်း?။
"မေ့လိုက်ပါ၊ ငါ ဒါတွေကို မတွေးချင်တော့ဘူး။ ငါ အရင်ဆုံး ဒါကို သန့်စင်ရမယ်။" ချင်ယွင်က ခေါင်းယမ်းလိုက်ပြီး ခေါင်းထဲမှာ အရိုင်းဆန်နေသည့် အတွေးများ အားလုံးကို လွှင့်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများကို မှိတ်ပြီး ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးကို စတင် သန့်စင်တော့သည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးကို ကိုင်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို တိတ်တဆိတ် ဖြန့်ကျက်လိုက် သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ စုပ်ယူမှု စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ထို့နောက်တွင် သန့်စင်သော ရှေးဟောင်း ဖင်းဂေါ့ဂ်စွမ်းအားတစ်ခုသည် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးမှ ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွား သည်။
ဤဖင်းဂေါ့ဂ်စွမ်းအား တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ အကန့်အသတ် မရှိသော စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား သည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များအားလုံးသည် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးပေါ်မှ ဖင်းဂေါ့ဂ်စွမ်းအားကို အရူးအမူးမျိုချကာ အသက် ရှင်သန်လာနေပုံရသည်။
ချင်ယွင်၏ ဆဲလ်များသည် သူ့ကို အရူးအမူး ဝါးမြိုလိုက်သကဲ့သို့ ဖြစ်နေစဉ်မှာ၊ ချင်ယွင်၏ စိတ်ဝိညာဉ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပါတော့သည်။
ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းတွင် လုံးလုံး လျားလျား ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ ဆဲလ်၏စွမ်းအားသည် အဆက်မပြတ် ပြန်လည် ကောင်းမွန်လာသောကြောင့် သဘာဝအတိုင်း၊ အင်မော်တယ် စိတ်ဝိညာဉ်၏ စွမ်းအားသည်လည်း ကြီးထွားလာပါသည်။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်သည် အဆက်မပြတ် အဆင့်းချိုးဖြတ် ဝင်ရောက်လာပါတော့သည်။
ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ ပထမအဆင့်။
ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ ဒုတိယအဆင့်။
ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှု တတိယအဆင့်။
…
ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ဖင်းဂေါ့ဂ်စွမ်းအားသည် ဆက်လက် တိုးမြင့်လာနေပြီး၊ သူသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။
ချင်ယွင်သည် ဤအခိုက်အတန့်တွင် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီး၊ အစွမ်းထက်သော ခံစားချက်က ပြန်လည်ရောက်ရှိလာသောကြောင့် သူ့ကို ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်စေသည်။
"ဘုန်း..”။
ကျယ်လောင်သောတုန်ခါသံဖြင့်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနယ်ပယ်၏ သတ္တမအဆင့် နှောင်းပိုင်းအထိ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီး၊ သူသည် ယခင်အထွတ်အထိပ် အချိန်ကထက် မြင့်မားသော နယ်ပယ်တစ်ခုသို့ပင် ရောက်ရှိသွားခဲ့သည်။
"ငါ အဆင့်ချိုးဖြတ်လိုက်ပြီ၊ ငါ တကယ်ကို အဆင့်ချိုးဖြတ်ကျော်ခဲ့တာပဲ”။ ချင်ယွင်၏ မျက်နှာသည် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာပါသည်။
“အခုတစ်ကြိမ်, ဒီကပ်ဘေးဆိုးကြီးကနေ အမှန်တကယ် အကျိုးရှိလိမ့်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါက ဖင်းဂေါ့ဂ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ။ နောက်တလှမ်း လှမ်းလိုက်ရင်, ငါက ဖင်းဂေါ့ဂ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်”။
ဤအခိုက်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှာ အလွန်မင်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ရှိနေကြောင်း ခံစားလိုက်ရသည်။ ယခု သူသည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လျှင်ပင် သူ၏အောက်ရှိ သေမျိုး ဂြိုလ်ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။
ယခုအချိန်တွင်၊ သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် အင်မော်တယ် ဧကရာဇ်များထက် အားမနည်းတော့ပေ။ တစ်နည်းဆို ရသော်, ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အား တစ်ခုတည်းကပင် ကောင်းကင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို ချေမှုန်းပစ်ရန် လုံလောက်ပါသည်။
ကောင်းကင်နှင့် မြေကြီးသည် အဆုံးမဲ့ မြည်ဟီးလာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံး လုံးဝ မှောင်မိုက်သွားခဲ့သည်။
ချင်ယွင်သည် သေမျိုးကမ္ဘာမှ နိယာမတရားများက သူ့ကို ငြင်းပယ်လိုက်သကဲ့သို့ ပြင်းပြင်း ထန်ထန် ငြင်းနေသည့်စွမ်းအားကို ခံစားခဲ့ရသည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် အမှုန့်ဖြစ်သွားသော ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ကြည့်လိုက်ရင်း သူ၏မျက်နှာသည် ပျော်ရွှင်နေသည့် အမူအရာ ပေါ်လွင်နေပါသည်။
ဤရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကြောင့်သာ, ထိုသို့မဟုတ်ပါက သူ့အတွက် နောက်နယ်ပယ်တစ်ခုကို ဖြတ်ကျော်နိုင်ရန် အသာထား၊ သူ၏ခွန်အားကို ပြန်လည်ရရှိရန် ပင် ခက်ခဲပါလိမ့်မည်။
"ဝိညာဉ်နတ်ဘုရားမ၊ ငါချင်ယွင်က မင်းရဲ့ဒီကြင်နာမှုကို သတိရနေပါ့မယ်။" ချင်ယွင်က သူ့ကိုယ်သူ ပြတ်သားစွာ ပြောလိုက်သည် ။
ဘန်း..။
ထိုအခိုက်တန့်တွင်, ချင်ယွင်၏နှလုံးသည် တုန်လှုပ်သွားပြီး၊ သူ၏မျက်နှာက စိတ်အား တက်ကြွသည့်အမူအရာ ပေါ်လာပါသည်။
ယခုလေးတင်, သူ၏စိတ်သည် ကနဦးစကြာဝဠာနှင့် ချိတ်ဆက်မိသွားပါပြီ။