← Chapters

အခန်း ၁၀၈၃

Vol. 73 Ch. 1083

အခန်း ၁၀၈၃

Vol. 73 Ch. 1083

အခန်း (၁၀၈၃) အတွေးတစ်ချက်ဖြင့် အင်မော်တယ်ကမ္ဘာသို့ ပြန်တက်လှမ်းခြင်း။

ချင်ယွင်သည် ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားပြီး ကနဦးစကြဝဠာထဲတွင် ပြန်ပေါ်လာသည်။

သို့သော်လည်း ချင်ယွင်သည် သူ၏မျက်လုံးထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းကြောင့် အံသြသွားခဲ့ရသည်။

မူလက ပေါင်းစည်းနေခဲ့သော ကောင်းကင်နှင့် မြေကြီး ကြယ်များသည် ပျောက်ကွယ်သွား ခဲ့ပြီ။ အင်မော်တယ်ကမ္ဘာတိုက်ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ စကြာဝဠာကြီး တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။ အရာအားလုံးသည် ပရမ်းပတာအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဤအရာက ချင်ယွင် အံ့အားသင့်သွားရသည့် အကြောင်းရင်း မဟုတ်ပါဘူး။ အမှန်တကယ် အံ့သြမိသည်မှာ သူ၏စကြဝဠာသည် စက်ဝိုင်းအပြည့်ဖြင့် အမှန်တကယ် ကျယ်ပြန့် လာခြင်းဖြစ်ပါသည်။ ထို့အပြင်၊ ကောင်းကင်တာအိုအပေါ် သူ၏ နားလည်နိုင်စွမ်းသည် လျော့ကျမသွားဘဲ၊ ဉပဒေသအားလုံးသည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"အယ်…၊ ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို တွေးနေပုံရသည်။ စူးစမ်းရန်အတွက် သူ၏စိတ်ကို အလျင်စလို လှုံ့ဆော်လိုက်ရာ၊ သူ၏မျက်နှာ အမူအရာက လုံးဝကို အံ့ဩသွားခဲ့သည်။

မိုးပြာဧကရာဇ်မှ ချန်ထားရစ်ခဲ့သော ကနဦးစကြာဝဠာသည် ပျောက်ကွယ်သွားခဲ့ပြီ။ သို့မဟုတ် ၎င်းသည် ချင်ယွင်၏ ကနဦးစကြာဝဠာနှင့် လုံးဝ ပေါင်းစပ်သွားခဲ့သည်။ ဤအရာသည်လည်း ချင်ယွင်၏ ကနဦးစကြဝဠာကြီး ရုတ်တရက် ပိုကြီးလာရသည့် အကြောင်းရင်း ဖြစ်ပါသည်။

ကနဦးစကြဝဠာကြီးသည် ရိုးရှင်းစွာဖြင့် ပိုမိုကြီးမားလာသည်နှင့်အမျှ, ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ စွမ်းအင်များလည်း ယခင်ကထက် ပိုမိုသိပ်သည်းလာကာ၊ အရည်အသွေးလည်း ယခင်က ချင်ယွင် အသုံးပြုခဲ့သော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားထက်ပင် ပိုမို မြင့်မားလာပါသည်။

တစ်နည်းဆိုရသော် ချင်ယွင်၏ ကနဦးစကြဝဠာသည် ကလေးငယ်အဖြစ်မှ မွေးကင်းစ ကလေးတစ်ဦးအဖြစ်သို့ ကျရောက်သွားသော်လည်း ဤမွေးကင်းစကလေးငယ်သည် ကလေးငယ်တစ်ဦးထက်ပင် သန်မာနေခဲ့ပါသည်။

"ဒါကိုပဲ ချိုးဖျက်ပြီးတော့ ပြန်လည်ဖြစ်တည်ခြင်း"လို့ ခေါ်တာလား?။ ချင်ယွင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ရှိမနေဘဲ ရွှင်လန်းမူများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ယခင်လမ်းစဉ်မှ ကွဲထွက်သွားခဲ့ပြီ။ ယခုအခါတွင် ကနဦးစကြာဝဠာသည် ၎င်း၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်၊ သူ၏ ကျင့်ကြံမူသည် ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ ဤအရာက ချင်ယွင်ကို ပြဿနာအများကြီးကို ဖယ်ရှား ပစ်ရာ ကျပါသည်။

"ကြည့်ရတာ, အခုတစ်ကြိမ်က ကောင်းချီးပေးခြင်းက တကယ်ကို ရုပ်ဖျက်ပြီး ရောက်လာ သလိုပဲ။" ချင်ယွင်သည် သူ၏ရင်ထဲတွင် ပျော်ရွှင်စွာ ပြောလိုက်သည်။

ကနဦး စကြဝဠာနှစ်ခုသည် ပေါင်းစပ်သွားခြင်းသည် ကနဦးစကြာဝဠာကို ပိုမိုအားကောင်း စေခဲ့သည်။

ဒါက တစ်နဲ့တစ်ပေါင်း နှစ်ခုမဟုတ်တော့ဘဲ၊ တစ်နဲ့တစ်အပေါင်း သုံးနဲ့ ညီမျှတယ်။ (၁+၁ = ၂ မဟုတ်ဘဲ။ ၁+၁+၃ နှင့် ညီမျှသည်ဟူလို)။

"အခု ငါ အကန့်အသတ်မဲ့ နယ်ပယ်ကို ပြန်ရောက်သွားခဲ့ပြီ။ ငါ ကနဦးစကြဝဠာကို သူ့ဘာသာသူ လည်ပတ်စေပြီး စကြဝဠာရဲ့ နိယာမတွေကို ဖန်တီးခွင့် ပြုလိုက်မယ်။ ကောင်းကင်နဲ့မြေကြီးကို ပြည်လည်စုစည်းပြီးတာနဲ့ ငါလည်း ထိုက်ကျိနယ်ပယ်ထဲကို ချောမွေ့စွာ လျှောက်လှမ်းနိုင်လိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

စကြဝဠာဖန်ဆင်းခြင်းနှင့်ပတ်သက်ပြီး, အကန့်အသတ်မဲ့နယ်ပယ်၊ ထိုက်ကျိနယ်ပယ်၊ ယင်ယန်နယ်ပယ်နှင့် အနန္တနယ်ပယ်ဟူ၍ လေးမျိုးခွဲထားပါသည်.

ဤနယ်ပယ်အားလုံးကို သူ ဖန်ဆင်းရမည် ဖြစ်ပါသည်။ ယခုမူကား ထိုလမ်းကြောင်းများ သည် မှုန်ဝါးသော လမ်းကြောင်းတစ်ခု ဖြစ်နေဆဲပင်။ အနာဂတ် လမ်းကြောင်းများ အတွက်မူ, ချင်ယွင်သည် အဖြေရှာရန် လိုအပ်နေပါသေးသည်။

ဘန်း..။

ချင်ယွင်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ ကောင်းကင်နှင့်မြေကြီး၏ ဖရိုဖရဲ စွမ်းအင်များသည် သူ့အလိုလို ပျံ့နှံ့လာပြီး စကြဝဠာ၏ နိယာမများလည်း ပြောင်းလဲလာပါသည်။

ချင်ယွင်ကိုယ်တိုင်ကမူ, သူသည် ကနဦးစကြဝဠာထဲမှ ထွက်ခွာလာခဲ့သည်။ ယခုအကြိမ်, သူ ကနဦးစကြဝဠာနှင့် ပြန်လည် ချိတ်ဆက်နိုင်သည့်အခါ, သူ၏စွမ်းအားသည် ပြန်လည် ကောင်းမွန်လာရုံသာမက ယခင်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။

ယခုအချိန်တွင်၊ သူ၏ရှေ့မှာဆိုလျှင်, ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်ရှိ အင်မော်တယ် ဧကရာဇ်များသည်ပင် ချက်ခြင်း အသတ်ခံရနိုင်သည်။

သို့သော် ချင်ယွင်သည် အဓိပတိဉသျှောင်တစ်ပိုင်း ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရာတွင် ယုံကြည်မူ မရှိသေးပေ။ အဆုံးတွင်၊ အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ်မှ အထွက်အထိပ် ကျွမ်းကျင်သူအဖြစ် ရောက်ရှိသွားခြင်းသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုပင် ဖြစ်နေပါသည်။

ချင်ယွင်သည် ကနဦးစကြဝဠာထဲမှ ထွက်လာခဲ့ပြီး၊ ရေတံခွန်ရေကန်အထက်တွင် တစ်ဖန် ပေါ်လာသည်။

ရေကန်ထဲမှာ ရောင်ပြန်ဟပ်နေသည့် သူ့ပုံရိပ်ကို ကြည့်လိုက်သည်. အတွေးတစ်ချက်ဖြင့် သူသည် မုတ်ဆိတ်မွေးဗရဗျစ်နှင့် ခပ်ဝဝ အသက်လတ်ပိုင်းအရွယ် ဦးလေးတစ်ဦး အဖြစ်မှ ချောမောသော လူငယ်တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ထို့နောက်တွင်၊ ရှေးဟောင်း ဖရိုဖရဲစွမ်းအင်မှ ဖြစ်ပေါ်လာသော အင်မော်တယ် ၀တ်စုံတစ်ထည်က သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တုနှိုင်းမရအောင် ချောမောခန့်ညားသွားစေသည်။

"ငါ့ရဲ့ ခွန်အားတွေ ပြန်ရလာတာ ခံစားလို့ကောင်းလိုက်တာ။" ချင်ယွင်က သူ၏ခန္ဓာကိုယ် ကို အပျင်းကြောတစ်ချက် ဆန့်လိုက်ပါသည်။

ဤကမ္ဘာ၏နိယာမများက သူ့ကို ငြင်းပယ်နေသော်လည်း၊ ချင်ယွင်၏ ကောင်းကင်တာအို အပေါ် နားလည်သဘောပေါက်မှုသည် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤငြင်းပယ်မှု စွမ်းအားသည် သူ့ကို အနည်းငယ်မျှ မထိခိုက်နိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် ဤကမ္ဘာ၏ နိယာမများကိုပင် ချက်ချင်း ချိုးဖျက်နိုင်သည်။

ထိုခံစားချက်ကို ခံစားလိုက်ရတော့, အင်မော်တယ် ဧကရာဇ်များသည် အဘယ့်ကြောင့် အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာကြားမှ အတားအဆီးများကို အလွယ်တကူ ခွဲထုတ်နိုင်ရသည် ချင်ယွင်သည် နောက်ဆုံးတွင် နားလည်သွားခဲ့ပါသည်။ အကယ်၍, သူသည် ထိုအတားအဆီးများကို ခွဲထုတ်လိုပါက ကောင်းကင်တာအို၏ဉပဒေသများကို သေချာစွာ နားလည်သဘောပေါက်ထားရပါမည်။

"အယ်?"

ရုတ်တရက် ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ ကျန်းထောင်ချီမြင့်မားသော ရေတံခွန်ကို မျှော်ကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏ရုပ်အသွင်သည် ရေတံခွန်၏ထက်တွင် ပေါ်လာသည်။

တောင်ထိပ်ပေါ်တွင် ရှရှန်းယုသည် ကျောက်တုံးပေါ်တစ်ခုပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေပါ သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး ပြင်းထန်သော ဒဏ်ရာများ ခံစားခဲ့ရကြောင်း ထင်ရှားသည်။

သူသည် ဘ ဝိညာဉ်နတ်ဘုရားမ၏ တန်ခိုးစွမ်းအားကို ယခင်က ကိုယ်တိုင်မြင်ခဲ့ဖူးသည်။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် မည်သူမျှ သူမကို မထိခိုက်စေနိုင်သော်လည်း, ယခုအခါ သူမသည် အတော်လေး ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သိသာလှပါသည်။ ဤအရာက ချင်ယွင်ကို အနှိုင်းမဲ့ အံ့သြသွားစေသည်။

အိုး!

ချင်ယွင်သည် ရှရှန်းယု၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးသွားပြီး၊ သူ၏မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ချင်ယွင် အနီးသို့ မရောက်ခင်မှာ, ရှရှန်းယု၏ ခန္ဓာကိုယ်မှ အအေးစွမ်းအင်က ထွက်ပေါ်လာပြီး ချင်ယွင်၏ ရုပ်အသွင်ကို တားဆီးလိုက်လေသည်။

"မလာခဲ့နဲ့။ နင် ငါ့ကို ဂရုစိုက်စရာ မလိုဘူး" ရှရှန်းယုက အေးစက်စွာ ပြောသည်။

ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။ ရှရှန်းယု၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူမှာ ဝိညာဉ်နတ်ဘုရားမ ဖြစ်ကြောင်း သူ သိလိုက်သည်။

"မင်း ငါ့ကို ဘာလို့ ကူညီပေးမှန်းကို မသိပေမယ့် ကျေးဇူးတင်စကား ပြောချင်လိုပါ" ချင်ယွင်က လေးလေးနက်နက် ပြောလိုက်သည်။

"ဟမ့်၊ နင့်ကို ကူညီချင်တဲ့လူက ငါ မဟုတ်ဘူး။ မင်းကို ကူညီချင်တဲ့လူက မင်းရဲ့ချစ်သူပဲ။ ငါနဲ့ ဘာဆိုင်လို့လဲ" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်၏ ချစ်ခြင်းမေတ္တာကို လုံးဝ လက်မခံဘဲ မောက်မာစွာ ပြောလိုက်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်ပါသည်။ ရှရှန်းယုသည် ဤကိစ္စရပ်တွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို သူသိသော်လည်း၊ အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ သဘောတူ ခွင့်ပြုချက် မရပါက၊ ရှရှန်းယုက သူ့ကိုကူညီလိုလျှင်ပင် သူမအနေဖြင့် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးကို ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ် နတ်ဘုရားမသည် အသံကောင်းဟစ်နေခြင်းဖြစ်ကြောင်း ချင်ယွင် သိလိုက်သည်။

"အင်မော်တယ်ကမ္ဘာကို ငါ့နဲ့အတူ ပြန်လိုက်ခဲ့ပါလား။" ချင်ယွင်က ထပ်ပြောသည်။

ထိုစကားများကို ကြားတော့ ရှရှန်းယုသည် ဆင်ခြင်စဉ်းစားနေဟန် အမူအရာကို ထုတ်ဖော်လိုက်သည်။ သိသာသည်မှာ၊ သူမ ချီတုံချတုံ ဖြစ်နေသည်။

"နတ်ဘုရားခန္ဓာကိုယ်ကို ဘယ်လို ပေါင်းစည်းသိပ်သည်းရမလဲဆိုတာ ငါ မသိပေမယ့် မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က ပြင်းထန်စွာ ပျက်စီးနေပြီ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အထွက်အထိပ် စွမ်းအားက အများကြီး မမွေးဖွားသေးပါဘူး။ သေမျိုးကမ္ဘာရဲ့ ဝိညာဉ် စွမ်းအင်က နည်းပါးလွန်းတယ်။ ဒါကြောင့် နတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစည်း သိပ်သည်းဖို့ မင်းအတွက် လွယ်ကူမှာ မဟုတ်ဘူး။ “သေမျိုးကမ္ဘာမှာ နေခြင်းက မင်းအတွက် လုံးဝ အကျိုးမရှိဘူး။ ဒါ့အပြင်၊ နတ်ဘုရားကမ္ဘာမှာရှိတဲ့ မင်းရဲ့ရန်သူတွေက ဒီနေရာကို မကြာမီ ရှာတွေ့လိမ့်မယ်လို့ ငါ ထင်တယ်။ အဲဒီအချိန်ရောက်ရင်, မင်းအနေနဲ့ သေချာပေါက် အန္တရာယ်အကြီးကြီး ကျရောက်လာလိမ့်မယ်။ မင်း ဘာလို့ ငါနဲ့အတူ မလိုက်ခဲ့တာလဲ?။ မင်းကို ငါ ကာကွယ်မယ်.." ချင်ယွင်က ပြုံးပြီး ပြောသည်။

ချင်ယွင်၏ စကားများသည် ဝိညာဉ်နတ်ဘုရားမ၏ နှလုံးသားကို တခဏအတွင်း ထိမှန် သွားသလိုပင်။

"ဟမ့်၊ နင်က နင့်ရဲ့ခွန်အားလေး ငါ့ကို ကာကွယ်ပေးမှာလား?။ နင်က ငါ့ကိုတောင် အနိုင်မယူနိုင်ဘူး။ နင့်မှာ ငါ့ကို ကာကွယ်ပေးဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ?။" ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာသည် အထင်အမြင်သေးသည့် အမူအရာ ပေါ်လွင်နေသည်။ "ဒါပေမယ့် နင်ပြောတာ မှန်တယ်။ ဒီသေမျိုးကမ္ဘာက ငါနတ်ဘုရား စိတ်ဝိညာဉ်နှင့် အထွက်အထိပ် တန်ခိုးစွမ်းအားကို ပြန်လည်ထူထောင်ဖို့ တကယ်ပဲ အထောက်အကူ မပြုနိုင်ဘူး။ ဒါ့ကြောင့် ငါ နင်နဲ့အတူ အင်မော်တယ်ကမ္ဘာကို ပြန်လိုက်နိုင်တယ်။"

ထိုစကားကို ကြားတော့ ချင်ယွင်သည် ထက်မြက်သော အပြုံးကို ထုတ်ဖော်ပြသလိုက် သည်။

အမှန်တကယ်ဆို, သူသည် ဝိညာဉ်နတ်ဘုရားမက ဤအခြေအနေကို သဘောတူမည်ကို သိထားပြီးသား ဖြစ်သည်။ အရေးကြီးဆုံး အကြောင်းပြချက်တစ်ခုက သူမကိုယ်တိုင်က အသံကျယ်ကျယ်နှင့် မပြောလိုခြင်းသာ ဖြစ်သည်။

ယင်းက ရှရှန်းယုကိုယ်တိုင်က ချင်ယွင်ဆီမှ ထွက်သွားရန် ဆန္ဒမရှိသောကြောင့် ဖြစ်ပါ သည်။ ဤဝိညာဉ်နတ်ဘုရားမသည် သူမခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော်လည်း၊ ရှရှန်းယု၏ အလိုဆန္ဒက သူမခန္ဓာကိုယ်အပေါ် သက်ရောက်မူရှိနေခဲ့သည်။ ထို့ကြောင့်, ဤဝိညာဉ် နတ်ဘုရားမက ထွက်သွားချင်သော်လည်း၊ သူမသည် ထွက်သွားနိုင်စွမ်းမရှိ ဖြစ်နေခဲ့သည်။

ထိုသို့မဟုတ်ပါက, ဝိညာဉ်နတ်ဘုရားမ၏ အစွမ်းဖြင့်ဆို, သူမသည် လေဟာနယ်ကို ချိုးဖျက်ပြီး အချိန်အတော်ကြာကတည်းက ထွက်သွားလောက်ပါပြီ။ ဝိညာဉ်စွမ်းအင် ကင်းမဲ့နေသည့် ဤဂြိုဟ်ကမ္ဘာပေါ်တွင် သူမ အဘယ့်ကြောင့် ရှိနေရမည်းနည်း?။

ဘန်း.....။

ချင်ယွင်သည် သူ၏လက်ချောင်းကို လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံမှာ လေဟာနယ် လမ်းကြောင်းတစ်ခု ပေါ်လာပါသည်။

ချင်ယွင်က ဦးစွာထွက်ခွာရန် ရှရှန်းယုကို လက်ဟန်ပြလိုက်သည်။

ရှရှန်းယုသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေဟာနယ်အက်ကြောင်းထဲ သို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်က ပြုံးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် အလင်းတန်းတစ်ခုကို သူ၏အောက်မှ ဂြိုလ်ကမ္ဘာထဲသို့ ပစ်ချလိုက်သည်။ ထိုမှသာ သူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး ထွက်ခွာသွားခဲ့သည်။

ချင်ယွင်ထုတ်လွှင့်ခဲ့သည့် အင်မော်တယ်အလင်းတန်း စိမ့်ဝင်သွားခြင်းသည် ဤသေမျိုး ကမ္ဘာကို ပြောင်းလဲစေနိုင်သည့် ဉပဒေသစွမ်းအားများ ဖြစ်ပါသည်။ ၎င်းသည် ဤသေမျိုး ဂြိုဟ်ကမ္ဘာ၏ ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်း ထူထပ်သိပ်သည်းလာစေနိုင်ပြီး၊ ဝိညာဉ်စွမ်းအင်၏ အထူထပ်ဆုံး အချက်ချာကျသည့်နေရာမှာ ဤရွာငယ်လေး ဖြစ်သည်။

ဤသည်မှာလည်း သူတို့၏အသက်များကို ကင်တင်ပေးခဲ့သည့် ဤကမ္ဘာမြေကြီးနှင့် ဤရွာလေးအတွက် ချင်ယွင်၏ ဆုလာဘ် ဖြစ်ပါသည်။

ချင်ယွင် မသိခဲ့သည့်အရာမှာ ဤဂြိုဟ်ကမ္ဘာလေးသည် သူ၏လှုပ်ရှားမူလေးကြောင့် ကောင်းကင်နှင့် မြေကြီးကိုပါ ပြောင်းလဲစေခဲ့ပြီး ကျင့်ကြံရေးဂြိုလ်ကမ္ဘာအဖြစ် တိုက်ရိုက် ဖြစ်လာခြင်းပင် ဖြစ်ပါသည်။

ဤကမ္ဘာမြေပေါ်တွင် ပထမဆုံးကျင့်ကြံရေးဂိုဏ်းကို ဤရွာငယ်လေးတွင် တည်ထောင်ခဲ့ သည်။ ဂိုဏ်းခေါင်းဆောင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏နှာခေါင်းကို ဆွဲဆွဲငင်ငင် လုပ်ခဲ့ဖူးသည့် ကောင်းဇိုးလေး ဖြစ်နေပါသည်။

All Chapters