အခန်း ၁၀၈၅
Vol. 73 Ch. 1085
အခန်း (၁၀၈၅) နတ်ဘုရားဆိုတာ ဘာလဲ။
"ဝိညာဉ်နတ်ဘုရားမ၊ အထွက်အထိပ်ကျွမ်းကျင်သူတွေနှင့် နတ်ဘုရားနယ်ပယ်အကြောင်း ငါ့ကို တစ်ခုခု ပြောပြနိုင်မလား?။” ချင်ယွင်က ရှရှန်းယုကို ကြည့်ကာ ပြောလိုက်သည်။
ချင်ဖိုး မွေးပြီး အချိန်တစ်လ ကြာသွားခဲ့ပါပြီ။
ထိုတလအတွင်းမှာ အမျိုးသမီးလေးဦးနှင့် ချင်ဖိုးလေးတို့အပြင် ချင်ယွင်သည် သူ့အဒေါ်၏ ကောင်းကင်တာအိုဒဏ်ရာများကိုလည်း ကုသပေးခဲ့သည်။
ကောင်းကင်တာအိုသစ်ပင်သည် သစ်သားစွမ်းရည် ကိုယ်ပွားထဲသို့ လုံးလုံး ပေါင်းစပ်သွားခဲ့ သည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်တာအို သစ်သီးကို အသုံးမပြုဘဲ ကောင်းကင် တာအိုသစ်ပင်၏စွမ်းအားကို အသုံးပြု၍ သူ့အဒေါ်၏ ကောင်းကင်တာအို ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။
ကောင်းကင်တာအို သစ်သီးကတော့ ချင်ဖိုး၏ အစာအိမ်ထဲမှာပင် ကုန်ဆုံးသွားခဲ့ရသည်။
ပထမတော့ ချင်ယွင်သည် ဤကောင်လေး ခံနိုင်ရည်မရှိမှာကို စိုးရိမ်နေခဲ့သော်လည်း၊ စားပြီးသည့်အခါမှာ ထိုကောင်လေးသည် အဆင်ပြေနေပုံရပြီး၊ ယင်းကြောင့် ချင်ယွင်ပင် အလွန်အံ့သြသွားခဲ့ရပါသည်။
အကြောင်းတစ်ခုခုကြောင့် ချင်ယွင်၏ကိုယ်ပွားများသည်လည်း သူ နောက်ဆုံးအကြိမ် ဒဏ်ရာရပြီးကတည်းက မခွဲထုတ်နိုင်တော့ပါ။ သို့သော် ဤနည်းဖြင့်၊ သူ့ကိုယ်ပွားများ၏ စွမ်းအားသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားပြီး၊ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ထူးထူးခြားခြား အစွမ်းထက်လာစေသည်။
"နင်က အထွက်အထိပ်ကျွမ်းကျင်သူတွေ အကြောင်း သိချင်တာလား?။" ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ဘက်သို့ လှည့်ကာ မေးသည်။
"ဟုတ်တယ်၊ အထွက်အထိပ်ကျွမ်းကျင်သူနဲ့ နတ်ဘုရားနယ်ပယ်အကြောင်း ငါ သိထားချင် တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် ။
ယခုအချိန်တွင်၊ သူ၏ခွန်အားသည် သာမန် ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ် အဆင့်ရှိ အင်မော်တယ် ဧကရာဇ်များထက် သာလွန်နေပြီ။ အကယ်၍ သူသည် ဆံပင်ဖြူ အဘိုးအိုကို ထပ်မံတွေ့ဆုံးခဲ့လျှင်ပင်, ချင်ယွင်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်မည်ဟု ယုံကြည်ပါသည်။
သို့သော်၊ သူသည် အဓိပတိဉသျှောင်တစ်ပိုင်း ကျွမ်းကျင်သူများကို အနိုင်ယူရန် ယုံကြည်မှု မရှိသေးပေ။ ဟိုတခါတုန်းက ဟောင်ဟိုင်ပြသခဲ့သည့် စွမ်းအားသည် ပြင်းထန်လွန်းသည့် အတွက် ထိုအဓိပတိဉသျှောင်နယ်ပယ်က မည်သည့်အမျိုးစား ဖြစ်သည်ကို သူ အမှန်တကယ် သိချင်နေခဲ့ပါသည်။
"ငါ နင့်ကို ဘာလို့ ပြောရမှာလဲ?" သို့သော်၊ ဝိညာဉ်နတ်ဘုရားမ၏ နှုတ်တော်က ထွက်လာသည့် စကားက ချင်ယွင်ကို စကားမပြောနိုင် ဖြစ်စေခဲ့သည်။
ချင်ယွင် အံ့ဩသွားသည်။ ဝိညာဉ်နတ်ဘုရားမက သူ့ကို ငြင်းဆိုမည်ဟု သူ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။
"တကယ်တော့, ငါ နင့်ကို ငါပြောနိုင်တယ်။ ဒါပေမယ့် နင် ငါ့ရဲ့မေးခွန်းတွေထဲက တစ်ခုကို အရင် ဖြေရမယ်။" ဝိညာဉ်နတ်ဘုရားမက ပြောသည်။
"ဘာပြဿနာရှိလို့လဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို ကြည့်ပြီး သူမ၏အကြည့်တွေက ရုတ်တရက် လေးနက်လာသည်။ သူမက တိုးတိုးလေး ပြောသည်"မင်းရဲ့ချစ်သူ ရှရှန်းယုနဲ့ ငါက လုံးဝ ခွဲခွာလို့ မရတော့ဘူးဆိုရင်, မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ?။"
ထိုသို့ပြောပြီးနောက်၊ ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏အဖြေကို စောင့်မျှော်နေသ ကဲ့သို့ ချင်ယွင်ကို ကြည့်ရှုနေခဲ့သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ထိုမေးခွန်းကို သူ အမှန်တကယ် စဉ်းစားထားသားဖြစ်သော်လည်း အဖြေကတော့ ဖွင့်ပြောရန် ခက်ပါသည်။ ထို့ကြောင့်, သူသည် ဝိညာဉ်နတ်ဘုရားမ၏ မေးခွန်းကို ရင်ဆိုင်ရချိန်မှာ မည်သို့ပြောရမည်ကို မသိခဲ့ပေ။
"ငါ ရှရှန်းယုကို အဆုံးရှုံး မခံနိုင်ဘူး။" ချင်ယွင်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက်, နောက်ဆုံးတွင် လိမ္မာပါးနပ်စွာဖြင့် တစ်စုံတစ်ခုကို ပြောလိုက်သည်။
"ဒါဆို နင်က ငါ့ကိုပါ သိမ်းပိုက်ဖို့ စီစဉ်နေတာလား?။ ငါ နင့်ကို အခုချိန် ထသတ်မှာကို မကြောက်ဘူးလား?" ဝိညာဉ်နတ်ဘုရားမ၏ လေသံသည် ချက်ချင်းပင် ရေခဲပမာ အေးစက်သွားကာ ပတ်ဝန်းကျင် အပူချိန်သည်ပင် သိသိသာသာ ကျဆင်းသွားသည်။
ချင်ယွင်သည် ဤအေးစက်မှုကို ခံစားလိုက်ရပြီး၊ သူ၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံး တစ်ခု ပေါ်လာသည်။ သူမည်ကဲ့သို့ ပြန်ပြောသည်ဖြစ်စေ ဝိညာဉ်နတ်ဘုရားမကို အမျက်ဒေါသ ထွက်စေမည်ကို သူ သိပါသည်။ သို့သော်, သူ့အတွက် ရှရှန်းယုကို စွန့်လွှတ်ရန်မူ မဖြစ်နိုင်ပေ။
"ဟမ့်၊ စိတ်မပူနဲ့။ ငါ ရှရှန်းယုရဲ့ စိတ်ဝိညာဉ်ကို ငါနဲ့ ပေါင်းစပ်ခွင့် မပေးနိုင်ဘူး။ အနှေးနဲ့အမြန်ပဲ သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ နည်းလမ်းကို ငါ တွေးနိုင်လိမ့်မယ်။ ဒီအချိန်အတွင်းမှာ, နင် ဒီခန္ဓာကိုယ်ကို ထိဝံ့ရင် ငါ သေချာပေါက် နင့်ကို လုံးလုံး လျားလျား ချေမွှပစ်ရလိမ့်မယ်။" ဝိညာဉ်နတ်ဘုရားမသည် အေးစက်စွာ ပြောလိုက်သည်။
ပြီးခဲ့သောလတွင်၊ သူမ၏နတ်ဘုရား စိတ်ဝိညာဉ်နှင့် ရှရှန်းယု၏အင်မော်တယ် စိတ်ဝိညာဉ် သည် ပို၍ပို၍ ရောနှောသွားခဲ့ပြီး၊ ရှရှန်းယု၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုက ပို၍ပင် ပြင်းထန်လာခဲသည်။
ကျေးဇူးတင်စရာကောင်းတာက, သူမသည် ချင်ယွင်နှင့် ပတ်သက်၍ အခြားရှုထောင့်များ တွင် များစွာ ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်တွင် သူမသည် ချင်ယွင်နှင့်ပတ်သက်၍၊ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမျှ မခံစားနိုင်တော့ဘဲ၊ သူ၏အတွေးများကိုပင် ဂရုစိုက်လာခဲ့သည်။ အတိတ်တုန်းက အတိုင်းဆို, သူမသည် ယခုလိုမေးခွန်းမျိုး မည်သည့်အခါမှ မေးမြန်းမှာ မဟုတ်ပါဘူး။
အမြဲတမ်း သီးသန့်နေခဲ့သည့် သူမသည် ပြဿနာတွေကို ဖြေရှင်းရန်အတွက် သူမ၏ ခွန်အားကို မည်သို့မည်ပုံ အသုံးချရမလဲဆိုသည်လောက်သာ သိပါသည်။
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။" ချင်ယွင်လည်း ကူကယ်ရာမဲ့ သဘောတူလိုက်ရပါသည်။
ဤကိစ္စက သူ့ကို အဆုံးမဲ့ ခေါင်းကိုက်စေပါသည်။ သူ ရှရှန်းယုကို လက်ခံလိုက်သည်နှင့်ပင် ထိုသို့သော အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ရသည်။ သူသည် အနည်းငယ် စိတ်ရှုပ်ပြီး၊ အကြံအိုက်နေသည်။
ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်ရင်း, သူမ၏ ခန္ဓာကိုယ်ပေါ် မှ အေးစက်နေသည့် အအေးစွမ်းအားကို ဖယ်ထုတ်လိုက်ပြီး ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် "အထွက်အထိပ် ကျွမ်းကျင်သူတွေနဲ့ နတ်ဘုရားနယ်ပယ် အကြောင်း နင် သိချင်တာ မဟုတ်လား?။ ငါ သိတာ အကုန်ပြောပြလို့ ရတယ်။”
ထိုစကားကို ကြားလိုက်ရလျှင်, ချင်ယွင်၏ အမူအရာက သူသည် ဝိညာဉ်နတ်ဘုရားမ ပြောလာမည့် အကြောင်းကို ဂရုတစိုက် နားထောင်ရင်း ချက်ချင်းဆိုသလို လေးနက်လာပါ သည်။
"တကယ်တော့ နင်တို့ပြောပြောနေတဲ့ အထွက်အထိပ် ကျွမ်းကျင်သူတွေဆိုတာက ငါတို့ရဲ့အမြင်မှာတော့ နတ်ဘုရားနယ်ပယ်ပဲ" ဝိညာဉ်နတ်ဘုရားမက ပြောသည်။
"နတ်ဘုရားပယ်လား..?" ချင်ယွင်က အံ့သြစွာ ပြောသည်။
"မှန်တယ်။ နတ်ဘုရားကမ္ဘာမှာ အထွက်အထိပ် ကျွမ်းကျင်သူဆိုတာ မရှိဘူး။ အဲဒီစကားတွေ အားလုံးက နင်တို့ အင်မော်တယ်ကမ္ဘာက လူတွေက ငါတို့ကို ကြုံရာကျပန်းပေးထားတဲ့ ဘွဲ့တွေပါ။ နတ်ဘုရားနယ်ပယ်ကို အဓိက နယ်ပယ်ကြီးလေးခု ခွဲထားတယ်-။ အဲဒါတွေကတော့ ကြယ်နတ်ဘုရား၊ မြေကမ္ဘာနတ်ဘုရား၊ ကောင်းကင် နတ်ဘုရား၊ ဘိုးဘေးနတ်ဘုရားတို့ပဲ။" ဝိညာဉ်နတ်ဘုရားမက ဆက်ပြောသည်.
"ကြယ်နတ်ဘုရား၊ မြေကမ္ဘာနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ဘိုးဘေးနတ်ဘုရား လား?"။ ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ ၎င်းသည် ကြယ်အထွက်အထိပ်ပုဂ္ဂိုလ်, မြေကမ္ဘာ အထွက်အထိပ်ပုဂ္ဂိုလ်, ကောင်းကင် အထွက် အထိပ်ပုဂ္ဂိုလ်, ပြီးတော့ အထွက်အထိပ်နတ်ဘုရားတို့အကြောင်း ရှေးဟောင်းတာအို ဆရာသခင် ပြောခဲ့သည့်အတိုင်း အတူတူပင် ဖြစ်ပါသည်။ သူသည် အထွက်အထိပ် ကျွမ်းကျင်သူများကို နတ်ဘုရားများအဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်ပါသည်။
"နတ်ဘုရားနယ်ပယ်ကို နတ်ဘုရားလို့ ခေါ်ရတဲ့ အကြောင်းရင်းက နတ်ဘုရားနယ်ပယ်က နင်တို့ရဲ့ နတ်ဘုရားတန်ခိုးကို မွေးဖွားပေးနိုင်လို့ပဲ။ ဒါတင်မကသေးဘူး၊ နင် နတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်ပြီးတာနဲ့ နင့်ရဲ့ ခန္ဓာကိုယ်ကလည်း နတ်ဘုရားခန္ဓာကိုယ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်။ နတ်ဘုရားတန်ခိုးတော်ရဲ့ ဆေးကြော သန့်စင်မှု အောက်မှာ၊ နင့်ရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကလည်း နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်လာ ပြီး နတ်ဘုရား စိတ်ဝိညာဉ်အဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မယ်။" ဝိညာဉ်နတ်ဘုရားမက ဆက်ပြောပြသည်။
"ဒါဆို အင်မော်တယ် ဧကရာဇ်တစ်ပါးက နတ်ဘုရားနယ်ပယ်ကို ဘယ်လို ဖြတ်ကျော်နိုင်မှာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"တကယ်တော့၊ အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်တဲ့ နည်းလမ်းဆိုတာက လူအများစုက ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြလို့ပါ။ အရင်ဆုံး, သူတို့အနေနဲ့ ကောင်းကင်တာအို နယ်ပယ်ရဲ့ ပြီးပြည့်စုံမှုအဆင့်ကို ရောက်ဖို့လိုတယ်။ ဒုတိယအချက်ကတော့ သူတို့နားလည်ဆင်ခြင်ထားတဲ့ ကောင်းကင်တာအို စွမ်းအားကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်မော်တယ် စွမ်းအင်နှင့် ပေါင်းစပ်ဖို့ လိုအပ်တယ်။ အချိန်ရောက်တာနဲ့ သူတို့က နတ်ဘုရားတန်ခိုးကို ထုတ်ဖော်နိုင်လိမ့်မယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အင်မော်တယ် စွမ်းအင်ကို နတ်ဘုရားတန်ခိုးအဖြစ် ပြောင်းလဲပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်တစ်ခု အဖြစ်သို့ အပြီးအပိုင် ပြောင်းလဲလိုက်ပြီးနောက်၊ သူတို့ဟာ ကြယ်နတ်ဘုရားနယ်ပယ်ကို တိုက်ရိုက် ဝင်ရောက်သွားနိုင်ပြီပဲ"။
"ဒီလိုလား…" ချင်ယွင်၏ မျက်နှာက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည့် အမူအရာ ထုတ်ဖော်လာသည်။
နတ်ဘုရားနယ်ပယ်သည် နားလည်ဆင်ခြင်ထားသော ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းစွမ်းအားနှင့် အင်မော်တယ်စွမ်းအားကို ပေါင်းစပ်ခြင်းဖြင့် မွေးဖွားလာမည် ဟု သူ မျှော်လင့်မထားခဲ့ပေ။ ထိုအတွေးမျိုးကို မည်သူကရော တွေးမိမည်နည်း?။
အကယ်၍, ဤနည်းလမ်းသာ ပျံ့နှံ့သွားပါက, ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံ ခြင်းအဆင့်သို့ ရောက်ရှိနေကြသည့် မည်သည့် အင်မော်တယ် ဧကရာဇ်များမဆို, အဓိပတိ ဉသျှောင်နယ်ပယ်ကို ခြေချနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေဘူးလား?။
“အင်မော်တယ် စွမ်းအင်နှင့် ကောင်းကင်တာအိုစွမ်းအားကို ပေါင်းစပ်ခြင်းက နင် ထင်သလောက် မရိုးရှင်းဘူး။ ကံတရားပေါ်မှာလည်း မူတည်နေတယ်။ အချို့လူတွေဆို သူတို့ဘဝတစ်သက်တာလုံး နတ်ဘုရားတန်ခိုးအဖြစ် ပေါင်းစပ်နိုင်ခြင်းမရှိဘဲ၊ အချို့ကျ တော့ တစ်ကြိမ်တည်းနဲ့ အောင်မြင်နိုင်ကြတယ်။ ဒါပေမယ့်၊ ဒါကလည်း အလွန့်လွန် နည်းပါပါတယ်။ ယေဘုယျအနေနဲ့ ပြောရရင်၊ နတ်ဘုရားတန်ခိုးအဖြစ် ၎င်းတို့ကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ဖို့ နှစ်ထောင်ပေါင်းများစွာ ဒါမဟုတ် နှစ်သောင်းနဲ့ချီပြီး၊ အချိန်ယူရတယ်။” ဝိညာဉ်နတ်ဘုရားမက ချင်ယွင်၏ အတွေးများကို ခန့်မှန်းမိဟန်ဖြင့် ရှင်းပြသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏အတွေးများအတိုင်းဆိုလျှင် နတ်ဘုရားတစ်ပါး ဖြစ်လာရန် လွယ်ကူလွန်းလှပါသည်။
“ဒါဆို အဓိပတိဉသျှောင်တစ်ပိုင်း၊ အို၊ နတ်ဘုရားတစ်ပိုင်းတွေဆိုတာကရော သူတို့ရဲ့ နတ်ဘုရားတန်ခိုးကို လုံးလုံးလျားလျား မပြောင်းလဲနိုင်သေးပဲ၊ သူတို့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို အောင်မြင်အောင် ပုံမဖော်နိုင်ကြသေးတဲ့လူတွေလား?" ချင်ယွင်က မေးလိုက်သည်။
"နတ်ဘုရားတန်ခိုး မွေးဖွားခြင်းလုပ်ငန်းဖြစ်စေ, နတ်ဘုရားခန္ဓာကိုယ် အသွင်ပြောင်းခြင်း ကိစ္စဖြစ်စေ, ဒီလုပ်ငန်းစဉ်က အချိန်ကြာမြင့်လွန်းတယ်။ အဲဒီလို လူမျိုးတွေကိုတော့, ယေဘုယျအနေနဲ့ပြောရရင်, သူတို့ဟာ ကောင်းကင်တာအို နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိတဲ့ အင်မော်တယ် ဧကရာဇ်တွေထက် ပိုမို အားကောင်းကြပြီး၊ ကြယ်နတ်ဘုရားတွေ ထက် အားနည်းကြတယ်။ ဒါ့ကြောင့် သူတို့ဟာ နတ်ဘုရားတစ်ပိုင်းဆိုတဲ့ ဘွဲ့အမည်ကို သဘာဝအတိုင်း ပိုင်ဆိုင်လာကြတာပဲ။” ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြသည်။
ချင်ယွင်သည် နတ်ဘုရားနယ်ပယ်အကြောင်းကို အကြမ်းဖျမ်း နားလည်သွားသလို ရုတ်တရက် သဘောပေါက်သွားသည်။
“ဒါဆို နတ်ဘုရားကမ္ဘာမှာရော ဘာတွေဖြစ်နေတာလဲ” ချင်ယွင်က ဆက်မေးသည်။
ချင်ယွင်၏မေးခွန်းကို ကြားပြီး၊ ဝိညာဉ်နတ်ဘုရားမ၏ အမူအရာသည် လေးနက်လာပြန် သည်။