အခန်း ၁၀၈၆
Vol. 73 Ch. 1086
အခန်း (၁၀၈၆) နေသာဧကရာဇ်။
"နတ်ဘုရားကမ္ဘာဆိုတာက ဒီစကြာဝဠာကြီးထဲမှာ အဆင့်အမြင့်ဆုံး ဂြိုဟ်ကမ္ဘာတစ်ခု ဖြစ်တယ်။ ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ သတ္တဝါ အမျိုးမျိုး ရှိကြတယ်။ နင်တို့ အင်မော်တယ်ကမ္ဘာမှာ ပျောက်ကွယ်သွားတဲ့ နတ်ဘုရားသားရဲတွေနှင့် ဖင်းဂေါ့ဂ်တွေ လည်း နတ်ဘုရားကမ္ဘာမှာ ရှိနေတယ်။ “ ဝိညာဉ်နတ်ဘုရားမက ပြောသည်။
"အဲဒီလိုလား?။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။
ထိုရှေးဟောင်းနတ်ဘုရားသားရဲများ၊ ဖင်းဂေါ့ဂ်များနှင့် သတ္တဝါများအားလုံးသည် နတ်ဘုရားကမ္ဘာသို့ ရောက်သွားကြသည်ကို တွေ့ရှိရသည်။ အင်မော်တယ်ကမ္ဘာ၌ နတ်ဘုရားသားရဲများ သို့မဟုတ် ဖင်းဂေါ့ဂ်များ သဲလွန်စပင် မရှိတော့သည်မှာ အံ့သြစရာ မဟုတ်ပေ။
"ဒါဆို နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်ရှိလဲ။" ချင်ယွင်က ဆက်မေးမြန်းသည်။
"အများကြီးပဲ၊ ၁၀၀၀၀ ထက် မနည်းဘူး" ဝိညာဉ်နတ်ဘုရားမက ပြန်ဖြေသည်။
"ဒီလောက်တောင်များလား?" ချင်ယွင်သည် သူ၏မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ မူလက သူသည် နတ်ဘုရားကမ္ဘာ၌ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ အလွန်နည်းပါးသည်ဟု ထင်ခဲ့သော်လည်း ထိုမျှလောက်များနေမည်ဟု သူ မမျှော်လင့်ခဲ့ ပေ။
"ဒါကို များတယ်လို့ ပြောမရဘူး။ နတ်ဘုရားကမ္ဘာဆိုတာက နှစ်သန်းပေါင်း ရာနဲ့ချီပြီး မွေးဖွားလာခဲ့ပဲ။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တွေ ဘယ်လောက်များများ မွေးဖွားပေးထားဆိုတာ ငါတောင် မသိဘူး။ ဒါပေမယ့် သူတို့ထဲက ကိုးဆယ်ရာခိုင်နှုန်းက နတ်ဘုရား ကပ်ဘေးဒုက္ခအောက်မှာ သေဆုံးသွားကြတယ်။ ငါပြောတဲ့ တစ်သောင်း လောက်ဆိုတာက နတ်ဘုရားတစ်ပိုင်းတွေ ပါဝင်တယ်လို့ ယူဆလို့မရဘူး။ နတ်ဘုရား တစ်ပိုင်းအရေအတွက်ပါ ထည့်ပေါင်းလိုက်ရင် သုံးသောင်းထက်မနည်း ရှိလိမ့်မယ်လို့ ခန့်မှန်းရတယ်။” ဝိညာဉ်နတ်ဘုရားမက ပြောသည်။
ချင်ယွင်သည် ချက်ခြင်းဆိုသလို အသက်ပြင်းပြင်း ရှူလိုက်မိသည်။ မူလက အင်မော်တယ် ဧကရာဇ်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ကပင် အလွန်အစွမ်းထက်နေပြီဟု သူ ထင်ထားခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ထက်တွင် ကျွမ်းကျင်ပညာရှင်များစွာ ရှိလာ လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ဤအဆင့်သည်ပင် စိတ်ဆင်းရဲမူကြားမှာ ရှင်နေခဲ့ရသည်။
"အဲဒီနတ်ဘုရားကပ်ဘေးဒုက္ခဆိုတာက အတိအကျ ဘာလဲ?။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေကရော ဘာကြောင့် ဒီလောက်အများကြီး သေဆုံးသွားကြတာလဲ?။ ချင်ယွင်က မေးသည်။
အစောပိုင်းတွင်၊ ဧကရာဇ်ဟောက်ချင်းသည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ရာကျော် ကပ်ဘေးဆိုးထဲ ကျရောက်ခဲ့ကြောင်း သူ့ကို ပြောပြဖူးသည်။ သူသည် အရမ်းကို အံ့သြသွား ရသည်။ သို့သော် ယခု သူသည် ဝိညာဉ်နတ်ဘုရားမ၏ နှုတ်ထွက်စကားများကို ကြားလိုက်ရသဖြင့် ဧကရာဇ် ဟောက်ချင်းသည် အသေးအမွှားကိစ္စလေးအကြောင်း ပြောနေသေးသည်ကို သူ သိလိုက်ရသည်။ နောက်ထပ် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ များသည် ကပ်ဘေးဒုက္ခကြောင့် သေဆုံးသွားမည်ကိုပင် သူ ကြောက်ရွံ့မိသည်။
"ဒီနတ်ဘုရားကပ်ဘေးဒုက္ခက အနှစ်တစ်သန်းပြည့်တိုင်းမှာ ဖြစ်ပေါ်လာတယ်။ အဲဒီ ကပ်ဘေးဒုက္ခ မွေးဖွားလာတိုင်း မရေမတွက်နိုင်တဲ့ လူတွေ သေကြေ ဒဏ်ရာရကြလိမ့် မယ်။ နတ်ဘုရားကမ္ဘာဖြစ်စေ ဒါမှမဟုတ် အင်မော်တယ်ကမ္ဘာ ဖြစ်နေပါစေ၊ အဲဒီကပ်ဘေး ဒဏ်ကို ခံကြရလိမ့်မယ်။ အဲဒီအချိန်မှာ ကျွမ်းကျင်ပညာရှင်တွေ ပိုပြီး သေကြရလိမ့်မယ်။ အဲဒီကပ်ဘေးဆိုးကြီးကြောင့် ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး၊ ငါ့ရဲ့ စိတ်ဝိညာဉ် လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်။ ဒါ့ကြောင့် ငါလည်း ဒီနတ်ဘုရားခန္ဓာကိုယ် ပြန်လည်ဝင်စားခြင်းနည်းလမ်းကို အသုံးပြုရန်ကလွဲပြီး ရွေးချယ်စရာလမ်း မရှိတော့ဘူး။" ဝိညာဉ်နတ်ဘုရားမက အေးစက်သည့် လေသံဖြင့် ပြောလိုက်ပါသည်။ ထင်ရှားသည်မှာ၊ ထိုအချိန်တုန်းက ထိုနတ်ဘုရား ကပ်ဘေးဒုက္ခသည် သူမအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်မှာ သိသာပါသည်။
"နှစ်တစ်သန်းပြည့်တိုင်း တစ်ကြိမ် မွေးဖွားလာပြီး၊ အဲဒါက အင်မော်တယ်ကမ္ဘာအပေါ် အကျိုးသက်ရောက်မူ ရှိလာမှာလား?။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"မှန်တယ်၊ ဒီကပ်ဆိုးကြီးက စကြဝဠာတစ်ခုလုံးကို သက်ရောက်မှုရှိလိမ့်မယ်။ ဒါပေမဲ့၊ ဂြိုလ်ကမ္ဘာတွေက အဆင့်နိမ့်လေ၊ သက်ရောက်မှုက သေးငယ်လေပဲ။ နတ်ဘုရား ကမ္ဘာက တော့ အထိခိုက်ဆုံး ဖြစ်လိမ့်မယ်။" ဝိညာဉ်နတ်ဘုရားမက ဆက်ပြောသည်။
"စကြာဝဠာတစ်ခုလုံးကို သက်ရောက်မူရှိတယ်ဆိုတော့, အဲဒါက ဘယ်လိုကပ်ဘေးဒုက္ခ အမျိုးစားလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
သို့သော်၊ ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ အော်ပြောလိုက်ပါသည်၊ "ဒါတွေကို နင် သိဖို့ မလိုအပ်ဘူး။ နင်သိထားရမှာက နောင်လာမယ့် နတ်ဘုရားကပ်ဘေးဒုက္ခက နောက်ထပ် ဆယ်နှစ်မတိုင်ခင် ရောက်လာနိုင်တယ်။ ဒီဆယ်နှစ်အတွင်း နင့်ရဲ့ ခွန်အားကို အရူးအမူး တိုးမြင့်လာအောင် လုပ်ထားဖို့ပဲ။ ဒီလိုမှမဟုတ်ရင် နင်ကိုယ်တိုင် အသက်မရှင်သန် နိုင်ရုံ တင်မက၊ နင့်ရဲ့ဆွေမျိုးတွေလည်း ဒီနတ်ဘုရား ကပ်ဘေးဒုက္ခကြောင့် ပျက်သုဉ်းသွားနိုင် တယ်။ ငါပြောသင့်သမျှ အားလုံးကို ပြောပြီးသွားပြီ။ နင် အခု ထွက်သွားနိုင်ပြီ။ ငါလည်း နတ်ဘုရားခန္ဓာကိုယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရယူပြီး၊ ဒီနတ်ဘုရား ကပ်ဘေး ဒုက္ခကို ရင်ဆိုင်ဖို့ ငါ့စွမ်းအားကို ပြန်လည်ရအောင် လုပ်ရဦးမယ်”။
ထိုစကားပြောပြီးနောက်၊ ဝိညာဉ်နတ်ဘုရားမသည် ဆိတ်ငြိမ်ရာအရပ်၌ ဆက်လက် ကျင့်ကြံလိုသည့် ရည်ရွယ်ဖြင့် ချင်ယွင်ကို ထွက်သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
"နောက်ဆုံး မေးခွန်းတစ်ခုပါ။ စကြဝဠာရဲ့ နက်ရှိုင်းတဲ့အရပ်မှာ နတ်ဘုရားကမ္ဘာကို သွားတဲ့ ဝင်ပေါက်ရှိနေသလား?။ ချင်ယွင်က မေးသည်။
ဝိညာဉ်နတ်ဘုရားမသည် ခန်းမဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် သူမသည် စကားလုံးတစ်လုံး ထုတ်ပြောလိုက်ပါသေးသည် "အင်း..”။
ချင်ယွင်သည် ကျေးဇူးတင်ဟန် အမူအရာဖြင့် ခေါင်းညိတ်ပြပြီးနောက်၊ ဝိညာဉ်နတ်ဘုရား မ နေထိုင်ရာ နန်းတော်ထဲမှ ထွက်လာခဲ့သည်။
ယနေ့ ဝိညာဉ်နတ်ဘုရားမနှင့် စကားပြောဆိုခြင်းက သူ့ကို ဤကမ္ဘာလောကကြီး အကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်စေခဲ့သည်။
ဝိညာဉ်နတ်ဘုရားမ ပြောခဲ့သော နတ်ဘုရားကမ္ဘာဖြစ်စေ, သို့မဟုတ် နတ်ဘုရားနယ်ပယ် အကြောင်းဖြစ်စေ၊ ၎င်းတို့သည် သူ၏မိုးကုတ်စက်ဝိုင်းအား ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးလိုက်သည်ဟု ခံစားရစေသည်။
သို့သော်၊ ဝိညာဉ်နတ်ဘုရားမ ပြောဆိုခဲ့သော နတ်ဘုရားကပ်ဘေးဒုက္ခက ချင်ယွင်အား အနည်းငယ် စိုးရိမ်သွားစေခဲ့သည်။ သူ့ကိုအသာထား၊ ဝိညာဉ်နတ်ဘုရားမကဲ့သို့ တန်ခိုးကြီး သူ တစ်ဦးပင်လျှင်၊ ဤနတ်ဘုရားကပ်ဘေးဒုက္ခမှ မလွတ်မြောက်နိုင်ခဲ့ပေ။
"ဆယ်နှစ်လား။ ဒီဆယ်နှစ်အတွင်းမှာ ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ထားဖို့ လိုနေပုံရတယ်။ အဖေနဲ့အမေကရော ဘယ်မှာလဲ?။ သူတို့ရော နတ်ဘုရားကမ္ဘာကို သွားကြပြီလား?။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
အခုတော့ သူ၏အဖေနှင့်အမေသည် နတ်ဘုရားကမ္ဘာကို ရောက်သွားပြီဟု သူ သံသယ ဝင်သွားသည်။ ထိုသို့မဟုတ်လျှင်၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာ သူတို့နှင့်ပတ်သက် သည့် သတင်းစကား မည်သို့ မရှိဘဲနေမည်နည်း?။
"ကြည့်ရတာ, ငါလည်း နတ်ဘုရားကမ္ဘာကို သွားရမယ့်ပုံပဲ" ချင်ယွင်၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
နောက်ထပ် အချိန်သုံးလ ထပ်ကြာသွားခဲ့သည်။ ဤသုံးလတွင် ချင်ယွင်သည် စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်နှင့် အလုပ်ရှုပ်နေခဲ့သည်။ သို့သော် သုံးလကြာအောင် ကြိုးစား လုပ်ဆောင် ပြီးနောက် စကြဝဠာကြီးသည် တဖြည်းဖြည်း ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။ အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူသည် အကန့်အသတ်မဲ့နယ်ပယ်ကနေ ထိုက်ကျိနယ်ပယ်ဆီ သို့ တက်လှမ်းနိုင်ပါလိမ့်မည်။
ချင်ယွင်၏အတွေးအရ၊ သူသည် ထိုက်ကျိနယ်ပယ်သို့ ဝင်ရောက်ချိန်မှာ, အဆင့်ချိုးဖြတ် နိုင်ရန်အတွက် နတ်ဘုရားကမ္ဘာသို့ သွားမည် ဖြစ်သည်။
ဘန်း…။
သို့သော် ချင်ယွင်သည် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများရှိရာ လင်းကြည်တောင်သို့ သွားရန် ပြင်ဆင်နေချိန်၌ သူ၏ သတင်းပို့သည့်အဆောင်မှ သတင်းအသစ်များ ထွက်ပေါ်လာခဲ့ သည်။ အထက်ပါ သတင်းစကားကြောင့် လင်းကြည်တောင်သို့ သွားမည့် သူ၏ စိတ်ကူးကို ပယ်ချခဲ့ရသည်။
သူ့ထံ သတင်းပို့သူမှာ သူ၏ဆရာသခင် ရှေးဟောင်းတာအိုမှလွဲ၍ အခြားလူ မဟုတ်ပေ။ ပေးပို့လာသည့် သတင်းအချက်အလက်များက သူ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသည့် သူ၏ စီနီယာအစ်ကို နေသာဧကရာဇ်နှင့် ပတ်သက်နေသည်။
နေသာဧကရာဇ်သည် စည်းတံဆိပ်ကို ချိုးဖျက်ပြီး၊ ယခု ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်တွင် ရှိနေကြောင်း သတင်းစကားမှာ ဖော်ပြထားသည်။ သူက သူ၏ ဂျူနီယာညီကို တွေ့ချင်သည်ဟု ပြောနေခဲ့သည်တဲ့။
ထို့ကြောင့် ရှေးဟောင်းတာအိုဆရာသခင်ဆိုလိုသည်က သူသည် နေသာဧကရာဇ်ထံ သွားရောက်ပြီး တွေ့ဆုံသင့်သည်ဟု အဓိပ္ပါယ်ရပါသည်။
ချင်ယွင်သည် နေသာဧကရာဇ်ကို အလွန်သိချင်သောကြောင့် သူ ချက်ချင်းပင် သဘောတူ လိုက်သည်။
မိန်းကလေးများကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်ဆီသို့ ပြေးသွားခဲ့သည်။
နေသာဧကရာဇ် အင်မော်တယ်ကမ္ဘာသို့ ပြန်လာခြင်းသည် အင်မော်တယ်ကမ္ဘာတစ်ခုကို ထိတ်လန့်သွားစေသည်မှာ သေချာပါသည်။
ဟိုတချိန်တုန်းက၊ နေသာဧကရာဇ်သည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုအဖြစ် ဖြစ်ခဲ့ဖူးသည်။ သူသည် ကောင်းကင် တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အကယ်၍, သူ၏မာန်မာန ထောင်လွှားမူနှင့် လူပေါင်းများစွာကို ပြစ်မှား စော်ကားခဲ့ခြင်း မရှိခဲ့ဘူးဆိုလျှင်, ကျွမ်းကျင်သူပေါင်းများစွာက သူ့ကို စည်းတံဆိပ် ခတ်ထားလိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်, သူသည် ယခုအချိန်မှာ နတ်ဘုရားနယ်ပယ်သို့ပင် ဝင်ရောက်ပြီး ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။
ထို့ကြောင့်၊ ချင်ယွင်သည် နှစ်ပေါင်း ၁၀၀၀၀ ကျော်လွန်ပြီးနောက် သူ၏စီနီယာအစ်ကိုကြီး မည်သည့် နယ်ပယ်သို့ ရောက်ရှိခဲ့သည်ကို အလွန် သိချင်နေခဲ့သည်။
ချင်ယွင်သည် နေသာဧကရာဇ်၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာသည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ဤစီနီယာအစ်ကိုသည် သူ့ကို တွေ့လိုကြောင်း ကြားသောအခါ ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
ချင်ယွင်၏ အမြန်နှုန်းက အလွန့်လွန်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ဆီသို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။
သူ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သို့ ရောက်ရှိလာပြီးနောက် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် သူ၏စီနီယာအစ်မ လျှိုထန်းတို့၏ အငွေ့အသက်ကို လျင်မြန်စွာ ခံစားလိုက်ရသည်။ ဟုတ်ပါသည်၊ သူတို့အနားမှာ အစွမ်းထက်သည့် အငွေ့အသက်တစ်ခုလည်း ရှိနေခဲ့ပါသည်။
အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်ရှိရာ ခန်းမဆီသို့ ချက်ချင်း ရောက်ရှိလာသည်။
"ချင်ယွင်, မင်း ဒီကို ရောက်လာပြီလား" ရှေးဟောင်းတာအိုသည် ခန်းမ၏ ပထမခုံပေါ်တွင် ထိုင်နေကာ၊ ခန်းမထဲတွင် ချင်ယွင်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် မထင်မရှား ပြုံးလိုက်သည်။
စီနီယာအစ်မ လျှိုထန်းလည်း ဘေးမှာထိုင်နေပြီး၊ ချင်ယွင်ကို နှုတ်ဆက်ကာ ခေါင်းညိတ်ပြသည်။
"ဆရာကြီး၊ အကြီးတန်းညီမ လျှိုထန်း" ချင်ယွင်က ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။ သူစကားပြောပြီးသည်နှင့် ပင်မခန်းမဘေးတွင် ထိုင်နေသော အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဆီသို့ ချင်ယွင်၏ အကြည့်များသည် ကျရောက်သွားခဲ့သည် ။
ဤလူသည် အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ သူသည် လူငယ်တစ်ယောက်နှင့်တူပြီး သူ၏ခန္ဓာကိုယ်သည် ထူးဆန်းသော နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် အမျက်ဒေါသမထွက်ဘဲ ကြီးစိုးနေသော အငွေ့အသက်ကို သယ်ဆောင်ထားသည်။ အထူးသဖြင့် ကြယ်ရောင်စုံသည့် ကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းသည့် သူ၏မျက်လုံးတစ်စုံက နားမလည်နိုင်အောင်ပင်။
ချင်ယွင်က ထိုလူကို ကြည့်နေစဉ်မှာ အနက်ရောင်ဝတ် လူငယ်က ချင်ယွင်ကို ကြည့်ပြီး သူ၏မျက်လုံးတစ်စုံက ချင်ယွင်ကို ထွင်းဖောက်ပြီး မြင်နိုင်ပုံရသည်။
"ဟား....၊ ဟား...၊ မင်းက ဆရာကြီးပြောတဲ့ ဂျူနီယာ အလုပ်သင် ညီလေးပဲ ဖြစ်လိမ်မယ်။ ဟုတ်တယ် မဟုတ်လား?။ ဒီနေ့ မင်းကို တွေ့လိုက်တာနဲ့၊ မင်းက တကယ်ကို ထူးထူး ခြားခြားပဲ။ မင်းက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခင်းရဲ့ သတ္တမအဆင့်ဖြစ်တဲ့ ရှေးဟောင်း နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကိုတောင် ရောက်ရှိနေပြီပဲ။ စွမ်းရည်သုံးပါးနှင့် ကောင်းကင် တာအိုစွမ်းအင်ခုနစ်ပါးကိုလည်း ပိုင်ဆိုင်ထားတယ်။ မင်းက တကယ်ကို မွန်းစတား တစ်ကောင်လို ပါရမီရှိသူပဲ။” အနက်ရောင်ဝတ်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက် သည်။ (စွမ်းရည်သုံးပါးဟူသည် လေစွမ်းရည်, လျှပ်စီးစွမ်းရည်, သစ်သားစွမ်ရည်တို့ကို ရည်ညွှန်းပြီး၊ ကောင်းကင်တာအိုစွမ်းအားခုနှစ်ခုကတော့ လေစွမ်းရည်သုံးမျိုး၊ လျှပ်စီး စွမ်းရည် သုံးမျိုးနှင့် သစ်သားစွမ်းရည် တစ်မျိုးတို့ကို ရည်ညွှန်းပါသည်)။
ချင်ယွင်၏ နှလုံးသားက တုန်လှုပ်သွားခဲ့ပြီး၊ သူ၏မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။