← Chapters

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း (၁၀၈၇) နေသာဧကရာဇ် ကျန်းယူ။

ချင်ယွင် အံ့သြသွားခဲ့သည်။

သူ၏ရှေ့မှ ဤလူငယ်သည် အကြည့်တစ်ချက်ဖြင့်ပင် သူ၏ကိုယ်ပိုင်နယ်ပယ်နှင့် နားလည် နိုင်စွမ်းကို ပြောပြနိုင်ခဲ့သည်။ ဤအရာက သာမန်လူတွေ လုံးဝ မလုပ်နိုင်သည့် ကိစ္စပင်။

ရှေးဟောင်းတာအိုဆရာသခင်ပင်လျှင် သူ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားသည့် အကြောင်းနှင့် ကောင်းကင်တာအို၏ ပြီးပြည့်စုံခြင်းအဆင့်သို့ သူ ရောက်ရှိနေသည့် အကြောင်းကို မသိသေးပေ။ ထို့ကြောင့် ရှေးဟောင်းတာအိုဆရာသခင်က ပြောပြထားခြင်းမျိုး မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက သူသည် သူ့ကို ထိုးဖောက်၍ မြင်နိုင်စွမ်းရှိခြင်း ဖြစ်လိမ့်မည်။

"စီနီယာအစ်ကို ယူမင်က အမြင်အာရုံ တော်တော်ကောင်းတယ်။ စီနီယာအစ်ကို ရှေ့မှာ ကျွန်တော် ဘာမှ လျှို့ဝှက်ချက်ထားလို့ မရနိုင်ဘူးပဲ" ချင်ယွင်က အနက်ရောင်၀တ် လူငယ်ကို ပြောသည် ။

အကယ်၍, သူသာ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ပါက၊ အနက်ရောင်ဝတ် လူငယ်သည် သူ၏ ဂန္တဝင်ဆန်ဆန် စီနီယာ အစ်ကိုကြီး နေသာဧကရာဇ် ဖြစ်သင့်သည်။

"စီနီယာအစ်ကို ယူမင်လား...?" အနက်ရောင်ဝတ် လူငယ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

"ဒါဆို သူ မဟုတ်ဘူးလား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"ဟုတ်ပါတယ်။ သူက မင်းရဲ့စီနီယာအစ်ကိုပါ။ ဒါပေမယ့် သူ့နာမည်အရင်းက နေသာဧကရာဇ် မဟုတ်ဘူး။ နေသာဧကရာဇ်က သူ့ရဲ့ဘွဲ့ပဲ။ သူ့နာမည်အရင်းက ကျန်းယူပဲ" ရှေးဟောင်းတာအို ဆရာသခင်က ရှင်းပြသည်။

"တောင်းပန်ပါတယ် စီနီယာအစ်ကို ကျန်းယူ" ချင်ယွင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

နေသာဧကရာဇ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ပေါ့ပေါ့ဆဆ ပြုံးပြီး "စိတ်မပူပါနဲ့ ငါတို့က ဆရာတူတပည့်တွေပဲလေ။ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ နောက်ပြီး မင်းက ဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ပြန်တည် ဆောက်ရာမှာ ကူညီပေးခဲ့တာ။ အဲဒါအတွက် ငါ ကျေးဇူးတင်ရမှာမှာ။ အဲဒီတုန်းက ငါလည်း၊ အဲဒီလူယုတ်မာ ကျင်းရှန်ရဲ့ လှည့်စားမူခံရပြီး ဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်မိတယ်။ ငါ ကြီးမားတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တယ်။ ငါ့ စိတ်ထဲမှာတော့ အပြစ်ရှိသလို ခံစားနေရသေးသည်။ ဒါကြောင့် မင်းက ငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး”။

ဤစကားကိုကြားသောအခါ ချင်ယွင် ပြုံးလိုက်သည်။

နေသာဧကရာဇ်သည် သူထင်ထားသည်ထက် စကားပြောရဆိုရ အလွန်လွယ်ကူပါသည်။ မူလက နေသာဧကရာဇ်သည် အလွန်မာနကြီးသူဖြစ်မည်ဟု သူ ထင်ထားခဲ့သော်လည်း ယခုအခါတွင် သူသည် အလွန် ပေါင်းသင်းချဉ်းကပ်ရ လွယ်ကူနေပုံရသည်။

တကယ်တော့ ချင်ယွင်သည် ယခင်က နေသာဧကရာဇ်သည် အလွန်မင်း မောက်မာခဲ့သည် ကို မသိရှိခဲ့၍ ဖြစ်သည်။ သို့သော်၊ နှစ်ပေါင်း ၁၀၀,၀၀၀ သက်တမ်းရှိ စည်းတံဆိပ်သည် လည်း သူ၏စိတ်ဝိညာဉ်ကို ဆုတ်ယုတ်စေခဲ့ပြီး၊ အမှန်တရားများစွာကို နားလည်နိုင်စေခဲ့ သည်။

သေချာသည်မှာ, နေသာဧကရာဇ်၏ အရိုးများထဲတွင် လွှမ်းမိုးချုပ်ကိုင်မှု အငွေ့အသက်က ရှိနေပါသေးသည်။ အကယ်၍, တစ်စုံတစ်ယောက်က သူ့ကို ရန်စရန် သတ္တိရှိလျှင်၊ ထွက်ပေါ်လာမည့် ရလာဒ်က အလွန်မင်း စိတ်မကောင်းဖွယ်ဖြစ်မည်မှာ သေချာပါသည်။

"စီနီယာအစ်ကို ကျန်းယူ၊ ကျွန်တော့် နယ်ပယ်ကို စီနီယာအစ်ကို ဘယ်လိုမြင်တာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်။ ငါကိုယ်တိုင်ကလည်း လေနဲ့လျှပ်စီးစွမ်းရည် ကောင်းကင်တာအို ဉပဒေသ ခြောက်ခုကို နားလည်ထားလို့ပဲပေါ့" ဒါကြောင့် မင်းဆီက ဉပဒေသတွေရဲ့ စွမ်းအင် အတက်အကျတွေကို ခံစားရတာ အရမ်းကို လွယ်ကူတယ်လေ။ သစ်သားစွမ်းရည် ကတော့, မင်းခန္ဓာကိုယ်က အသက်စွမ်းအင်က အလွန်ထူထပ်သိပ်သည်းသည်။ ငါ့စိတ်ဝိညာဉ်ကို တစ်ချက်ဖြန့်ကျက်လိုက်ရုံနဲ့ ငါ ခံစားနိုင်တယ်။ နောက်ဆုံး မင်းရဲ့ ရုပ်ခန္ဓာကိုယ်ပေါ့။ မင်းရဲ့ သွေးသားစွမ်းအင် တက်ကြွမှုက ငါ အရင်က တွေ့ခဲ့ဖူးတဲ့ ရှေးဟောင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ သိပ်မကွာဘူး။ ဒါကြောင့် ထုံးစံအတိုင်း ငါပြောနိုင်တယ်” နေသာဧကရာဇ်က ဆိုသည်။

ထိုစကားများကို ကြားလျှင်, ချင်ယွင် အံ့သြသွားပါသည်။

အဓိက အချက်နှစ်ချက်ကို သူ ကြားလိုက်ရသည်။ နေသာဧကရာဇ်သည် သူ၏စိတ်ဝိညာဉ် အကြောင်းနှင့် အခြားသော ရှေးဟောင်းနယ်ပယ် ကျွမ်းကျင်သူများကို သူတွေ့ခဲ့ဖူးကြောင့် ပြောဆိုခဲ့သည်။ ယင်းက ချင်ယွင်သည် ယခင်က ဝိညာဉ်နတ်ဘုရားမ သူ့အား ပြောခဲ့ဖူးသည့် စကားများကို လျင်မြန်စွာ အမှတ်ရသွားစေသည်။

"စီနီယာအစ်ကို ကျန်းယူက နတ်ဘုရားကမ္ဘာကို ရောက်နေပြီလား?။ နတ်ဘုရားနယ်ပယ် ကိုရော ရောက်နေပြီလား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

နေသာဧကရာဇ် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ သူက ရယ်မောကာ ပြောလိုက် သည် "ကြည့်ရတာ ဂျူနီယာညီငယ်က အများကြီး သိထားပုံရတယ်။ မှန်တယ်၊ ငါက နတ်ဘုရားကမ္ဘာကို ရောက်ဖူးတယ်။ နောက်ပြီး ငါ့ရဲ့ တကယ့်အစစ်အမှန် ခန္ဓာကိုယ်က အခု နတ်ဘုရားကမ္ဘာထဲမှာ ရှိနေတယ်။ အခု မြင်ရတာက ငါ့ကိုယ်ပွားတစ်ခုပဲ”။

"ဘာလဲ? ကိုယ်ပွားလား?" ချင်ယွင်က မျက်လုံးပြူးပြီး အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

သူ၏ရှေ့မှ နေသာဧကရာဇ် အမှန်တကယ် သူ၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုဖြစ်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပါဘူး။ ထို့အပြင် ဤကိုယ်ပွား၏ ခွန်အားမှာလည်း အားနည်းခြင်းမရှိပေ။

"စီနီယာအစ်ကိုက စည်းတံဆိပ်ကို ချိုးဖျက်ပြီးပြီ မဟုတ်ဘူးလား?။ ဘာလို့ နတ်ဘုရားကမ္ဘာကို သွားခဲ့တာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

နေသာဧကရာဇ်က ပြုံးပြီး ပြောသည် "အဲဒီစည်းတံဆိပ်က ငါ့ကို အနှစ်တစ်သိန်းကြာ အောင် အကျဉ်းချထားနိုင်မှာတဲ့လား?။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀၀ က ငါဟာ နတ်ဘုရား တစ်ပိုင်းနယ်ပယ်ကို ရောက်နေခဲ့ပြီ။ အဲဒီနောက် စည်းတံဆိပ်ကို ချိုးဖြတ်ပြီး နတ်ဘုရားကမ္ဘာကို ငါ သွားခဲ့တာ။ လွန်ခဲ့တဲ့နှစ်ကိုးထောင်လုံးလုံး ငါက နတ်ဘုရားကမ္ဘာ မှာ ကျင့်ကြံနေခဲ့တာ။ တမန်တော်တွေ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်နေတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရတာကြောင့်, ငါလည်း ငါ့ကိုယ်ပွားကို သူ့ကို တွေ့ဖို့ စေလွှတ်လိုက်တာ”။

ချင်ယွင် ရုတ်တရက် သဘောပေါက်သွားပြီး စိတ်သက်သာရာ ရသွားသည်။

မှန်ပါသည်။ နေသာဧကရာဇ်သည် မည်သို့သော ဉာဏ်ကြီးရှင်မျိုးလဲ?။ နှစ်ပေါင်း ၁၀၀၀၀၀ ကြာ တစ်စုံတစ်ယောက်၏ စည်းတံဆိပ်ခတ်ခြင်းကို သူ မည်သို့ ခံရမည်နည်း?။ တွေ့ကြည့်လိုက်လျှင် အရာအားလုံးက ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။

"ဒါဆို စီနီယာ အစ်ကိုရော ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ?။ ကြယ်နတ်ဘုရား?" ချင်ယွင်က ဆက်မေးသည်။

နေသာဧကရာဇ်က ပြုံးပြီး ပြောသည် "ညီငယ်က နတ်ဘုရားကမ္ဘာ အကြောင်း တော်တော် သိထားတာပဲ။ မှန်ပါတယ်၊ ငါ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ပြီးတော့ ငါ့ကိုယ်ပွားကတော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်နေပြီ။ ငါ့ကိုယ်ပွားကတော့ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို သိပ်မကြာခင် ဖြတ်ကျော်နိုင်မှာတောင် ငါ ကြောက်မိသေး"။

ထိုစကားကိုကြားတော့ ချင်ယွင်သည် အသက်ပြင်းပြင်း ရှူလိုက်မိသည် ။

အနီးနားရှိ ရှေးဟောင်းတာအိုနှင့် လျှိုထန်းတို့သည် အံ့သြခြင်းမျိုး မရှိပေ။ ရှင်းရှင်းပြောရလျှင် သူတို့က ဤအကြောင်းကို ကြိုသိထားပြီးသား ဖြစ်လိမ့်မည်။

"စီနီယာအစ်ကို၊ ကျွန်တော် မသိတာတစ်ခု ရှိသေးတယ်။ စီနီယာအစ်ကိုက အင်မော်တယ် ကမ္ဘာနဲ့ နတ်ဘုရားကမ္ဘာကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှတော့ အဓိပတိ ဉသျှောင် တမန်တော် အချို့ကို ဘာလို့ ရှာနေသေးတာလဲ?။ ဘာကိစ္စများ ရှိလို့လဲ?။ အဲဒီကိစ္စက အောက်ကမ္ဘာတစ်ခုကို ကိုယ်တိုင်ဝင်လာရအောင် လောစရာလိုလို့လား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဤမေးခွန်းက သူ အမြဲသိချင်နေသည့် မေးခွန်းတစ်ခု ဖြစ်သည်။ နောက်ဆုံးအကြိမ်တုန်း က၊ သူသည် ဝိညာဉ်နတ်ဘုရားမအား တောင်းဆိုရန် အချိန်မရှိခဲ့ပေ။ ယခုအခါ ချင်ယွင်သည် ဤအခွင့်အရေးကို သဘာဝအတိုင်း ဆုပ်ကိုင်ထားသည်။

"တကယ်တော့ ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ဉပဒေသ ကန့်သတ်ချက်တွေကြောင့် ကြယ်နတ်ဘုရားတွေဟာ အောက်ကမ္ဘာထဲကို ဝင်ရောက်ခွင့် မရှိပါဘူး။ နတ်ဘုရားတစ်ပိုင်းတွေကသာ နတ်ဘုရားကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာ ကြားမှာ သွားလာခွင့် ရှိတယ်။ ကြယ်နတ်ဘုရားတိုင်းမှာ ငါ့လိုပဲ ကိုယ်ပွားတွေ ရှိကြတယ်။ ဒါ့ကြောင့် ကြယ်နတ်ဘုရား အများစုက အင်မော်တယ်ကမ္ဘာရဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ပြီး၊ သူတို့ကိုကူညီပေးမယ့် အင်မော်တယ် ဧကရာဇ်တွေကို ရှာဖွေရတယ်။” နေသာဧကရာဇ်က ပြောသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ကြယ်နတ်ဘုရားများသည် အောက်ပိုင်း ကမ္ဘာသို့ မဆင်းနိုင်တော့ကြောင်း သူ သိလာရသည်။ ကြက်သွေးရောင် နတ်ဘုရားသည် ဝိညာဉ်နတ်ဘုရားမကို သတ်ဖြတ်ချင်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကိုသာ စေလွှတ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤအရာက အဓိပ္ပာယ်ရှိပေသည်။

"ဂျူနီယာညီငယ် ချင်ယွင်, ဘယ်လိုလဲ? စီနီယာအစ်ကိုက မင်း ဘယ်လောက် သန်မာလဲဆိုတာ သိနိုင်ဖို့ ငါနဲ့အတူ လေ့ကျင့်ဖို့ စိတ်ဝင်စားလား?" ထိုအချိန်တွင်၊ နယ်သာဧကရာဇ်သည် ချင်ယွင်အား စကားပြောခဲ့သည်။

"အယ်?" ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သွားသည်။

နေသာဧကရာဇ်သည် သူနှင့်လက်ရည်စမ်း တိုက်ခိုက်ချင်လိမ့်မည်ဟု သူ မည်သည့်အခါမှ မတွေးမိခဲ့ပေ။ သို့သော်, နေသာဧကရာဇ်သည် နတ်ဘုရားတစ်ပိုင်း နယ်ပယ် ကျွမ်းကျင်သူ ဟု သူတွေးမိလိုက်သည့်အခါ, ချင်ယွင်လည်း ကြိုးစားကြည့်ချင်စိတ်ကို ခံစားလာရသည်။

သူသည် နေသာဧကရာဇ်အတွက် သေချာပေါက် ပြိုင်ဘက်တစ်ဦး မဟုတ်ကြောင်း သူ သိသော်လည်း၊ ဤအရာက ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်သည်။

စိန်ခေါ်မှုတွေက သူ့အတွက် ကောင်းမွန်ပြီး၊ ဆိုးကျိုး မရှိနိုင်ပေ။

"ကောင်းပြီလေ၊ ဒါဆိုလည်း စီနီယာအစ်ကိုရဲ့ လမ်းညွှန်မှုအတွက် စီနီယာအစ်ကို ကျန်းယူကို ကျေးဇူးတင်ပါတယ်" ချင်ယွင်က ဆောလျင်စွာ သဘောတူလိုက်သည်။

နေသာဧကရာဇ်လည်း လေးစားသည့် အမူအရာကို ထုတ်ဖော်လာသည်။ အကယ်၍, ချင်ယွင်သည် သူ၏စွမ်းအားကို ကြောက်သောကြောင့် ယှဉ်ပြိုင်ရန် မဝံ့မရဲ ဖြစ်နေပါက၊ သူ၏ စိတ်နှလုံးထဲတွင် ချင်ယွင်အပေါ် အကဲဖြတ်မှုသည် များစွာ ကျဆင်းသွားလိမ့်မည်။

ရှေးဟောင်းတာအို ဆရာသခင်ကို တောင်းပန်ရန်အပြင် သူ ဒီတစ်ခေါက် ပြန်လာရသည့် အခြားအကြောင်းရင်းလည်း ရှိပါသေးသည်။ သူပြန်လာရသည့် အကြောင်းရင်းတစ်ဝက်က ချင်ယွင်ကြောင့်ဟု ပြော၍ရပါသည်။ ထို့ကြောင့် ဤလက်ရည်စမ်းခြင်းသည် သူ့ကို စမ်းသပ်စစ်ဆေးခြင်းအပြင် စူးစမ်းလေ့လာမူအဖြစ်လည်း ပြော၍ရပါသည်။

"အပြင်ထွက်ပြီး တိုက်ကြစို့။ မဟုတ်ရင် စီနီယာအစ်မရဲ့ ကောင်းကင်ဘုံကျောက်စိမ်း ရေကန်ကို ငါတို့ ဖြိုချမိလိမ့်မယ်။" နေသာဧကရာဇ်က ပြုံးပြုံးလေး ပြောသည်။

ထိုသို့ပြောပြီးသည်နှင့် သူ၏ရုပ်အသွင်က ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင် ချက်ချင်းပင် နောက်မှ လိုက်သွားပြီး ကောင်းကင်ဘုံ ကျောက်စိမ်းရေကန် အထက်မှာ ပေါ်လာပါသည်။

ရှေးဟောင်းတာအိုနှင့် လျှိုထန်းတို့လည်း လိုက်ပါခဲ့ကြသည်။ ဤတိုက်ပွဲသည် သူတို့ အတွက် အလွန်တန်ဖိုးရှိသောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း လက်လွတ် မခံသင့်ပေ။

ဘန်း…။

နေသာဧကရာဇ်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကီလိုမီတာ တစ်ထောင် အကွာအဝေးအတွင်းရှိ ကောင်းကင်သည် ထူးဆန်းသော စွမ်းအင် အတက်အကျလှိုင်း တစ်ခုဖြင့် လွှမ်းခြုံသွားသည်။

"ဒီကမ္ဘာကြီးကို ဖုံးအုပ်ထားဖို့အတွက် ငါ့ရဲ့ အထွက်အထိပ် သူတော်စင် ပစ္စည်းတစ်ခုကို ငါ အသုံးပြုထားတယ်။ မင်းနဲ့ ငါက တိုက်ပွဲကြီးဖြစ်မှာ သေချာတယ်။ ဒီလိုနည်းနဲ့ဆို ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ သစ်ပင်ပန်းမန်တွေနဲ့ မြက်ခင်းတွေ ဖျက်ဆီးမိမှာ ငါတို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။" နေသာဧကရာဇ်က လက်နှစ်ဖက် နောက်ကျော ပစ်ကာ ရပ်နေပြီး၊ လွှမ်းမိုးကြီးစိုးနိုင်သည့် အပြုံးဖြင့် ပြောလိုက်ပါသည်။

"ကောင်းပြီ..." ချင်ယွင်၏ မျက်လုံးများမှာလည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် လောင်ကျွမ်းလာခဲ့သည် ။

All Chapters