← Chapters

အခန်း ၁၀၈၈

Vol. 73 Ch. 1088

အခန်း ၁၀၈၈

Vol. 73 Ch. 1088

အခန်း (၁၀၈၈) နေသာဧကရာဇ်၏စွမ်းအား။

" ဘုန်း…."

ချင်ယွင်၏သွေးများသည် မိုးခြိမ်းသံကဲ့သို့ ချက်ချင်း ပွက်ပွက်ဆူထလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သော ဖင်းဂေါ့ဂ်အငွေ့အသက်များ ထွက်ပေါ်လာကာ၊ ပြင်းထန်သော လေပြင်းများအဖြစ် ဖြစ်တည်လာသည်။

လူတစ်ဉီးတစ်ယောက်၏ ခန္ဓာကိုယ်သည် ချင်ယွင်၏ အဆင့်မျိုးသို့ ရောက်ရှိသွားသည့် အခါ၊ သူတို့ခန္ဓာကိုယ်၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်ဖော်လာနိုင်ပြီး၊ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သည်။

အကယ်၍, သူသည် ခွန်အားနှင့် သွေးစွမ်းအင်အပြည့်ထည့်၍ အကြွင်းမဲ့ ဟိန်းဟောက် လိုက်မည်ဆိုလျှင်, ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းသည် အင်မော်တယ် တောင်များကိုပင် ပြိုကျစေနိုင်သည်။ ဤအရာသည် အထွက်အထိပ်နယ်ပယ်သို့ ရောက်ရှိသွားသော သူ၏ ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ် တစိတ်တပိုင်း ဖြစ်ပါသည်။

"ကောင်းလိုက်တာ..။ နတ်ဘုရားကမ္ဘာမှာတောင် ဒီအဆင့်ကို ရောက်ရှိနေတဲ့ ဖင်းဂေါ့ဂ်ရဲ့ ခန္ဓာကိုယ်က ရှားပါးလွန်းတယ်။ ဒီနေ့ ငါတို့ ကောင်းကောင်း တိုက်ခိုက်နိုင်မယ့်ပုံပဲ။" ချင်ယွင်ထံမှ ထုတ်လွှတ်လာသည့် ကြောက်စရာကောင်းသော အငွေ့အသက်ကို မြင်လိုက်ရသဖြင့် နေသာဧကရာဇ်သည် အပြုံးရိပ်တစ်ခု ပေါ်လာပြီး၊ သူ၏မျက်လုံးများက ပို၍ပင် ပူလောင်လာပါသည်။

"ဘုန်း…."

နေသာဧကရာဇ်သည် သူ၏လက်သီးများကို ဆုပ်ထားပြီး၊ လေထုသည် သူ၏လက်ထဲမှ လွတ်မြောက်သွားခြင်း မရှိခင်မှာပင် ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် နေသာဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စတင် ပြောင်းလဲလာသည်။ သူ၏ခန္ဓာကိုယ်ပေါ် အနက်ရောင်ဝတ်ရုံသည် စုတ်ပြဲထွက်သွားပါသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အလွန်မင်း ထင်ရှားစွာပေါ်လွင်နေပြီး သူ၏အရေပြားသည် သံမဏိနှင့်ပင် ပိုတူနေသည်။

သူ၏မျက်ခုံးကြားတွင် အမည်းစက်တစ်ခု ပေါ်လာသည်။ မျက်ခုံးနှစ်ခုကြားမှ ထူးဆန်းသော ပုံစံတစ်ခု ပျံ့နှံ့သွားပြီး သူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

အနက်ရောင်ပုံစံများ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်သည် ပို၍ပင် သန်မာလာသည်။ မျက်နှာပြင်ပေါ်တွင် သတ္တုရောင်တောက်ပမှုက အမှန်တကယ် ပေါ်လာပြီး သူ၏သူငယ်အိမ်များသည် အနက်ရောင်တောက်ပနေသော ကျောက်မျက် ရတနာများကဲ့သို့ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒီငါ့ရဲ့ကိုယ်ပွားက နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်အမှတ်သားမျိုးနွယ်စုရဲ့ အဖိုးတန် ခန္ဓာကိုယ်တစ်ခု ဖြစ်တယ်။ ဒီခန္ဓာကိုယ်က ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို သန်မာလာစေ ရန် ကောင်းကင်အမှတ်သားမျိုးနွယ်စုရဲ့အစွမ်းကို အသုံးပြုနိုင်တယ်။ အခုငါ့ရုပ်ခန္ဓာကိုယ် က ရှေးဟောင်းနယ်ပယ် အထွတ်အထိပ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ညီငယ်လေး၊ မင်း သတိထားရမယ်" နေသာဧကရာဇ်က တဟားဟား ရယ်မောလိုက်ပြီး၊ သူ၏လေသံက မာန်မာန အပြည့်ရှိနေသည်။

လေပြင်းတွေက သူ၏ အနက်ရောင်ဆံပင်ကို မှုတ်ထုတ်ပြီး၊ ရိုင်းစိုင်းစွာ ကခုန်နေကာ၊ ဖော်မပြနိုင်အောင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

"ဟား…၊ ဟား…၊ အရမ်းကောင်းတယ်။ ရှေးဟောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်က ဘယ်လောက် အားကောင်းလဲဆိုတာ ကျွန်တော်လည်း ကြည့်ချင်မိတယ်" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောရင်း သူ၏မျက်လုံးတွေက ပို၍လောင်ကျွမ်းလာသည်။

နေသာဧကရာဇ် ပို၍အစွမ်းထက်လေ၊ သူ၏သွေးတွေက ပို၍ဆူပွတ်လေ ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် တိုက်ပွဲတစ်လျှောက် တိုးတက်အောင်မြင်နိုင်မည် ဖြစ်သည်။

"သေချာပါတယ် မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး။" နေသာဧကရာဇ်က တိုးတိုးလေး ရယ်လိုက်ပြီး သူ၏အကြည့်တွေက ရုတ်တရက် ပြင်းထန်လာပါသည်။ သူ၏ခန္ဓာကိုယ်ပေါ် ရှိ အငွေ့အသက်များက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ယခုအချိန်တွင် အောက်ခြေမှာ လူအနည်းငယ် စုဝေးနေပြီ ဖြစ်သည်။ အားလုံးက ကောင်းကင်ယံကို မော့ကြည့်နေကြရင်း၊ သူတို့မျက်နှာများတွင် အံ့အားသင့်ဟန်များ ပြည့်နှက်နေကြသည်။

ကောင်းကင်ယံရှိ လူနှစ်ယောက်ထံမှ ထုတ်လွှတ်နေသည့် အငွေ့အသက်များကြောင့် သူတို့ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုကို ခံစားရစေသည်။ ဤလူနှစ်ယောက်သည် သေချာပေါက် အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသည့်လူများ ဖြစ်မည်မှာ သံသယရှိစရာ မလိုပါဘူး။

"ဘယ်လောက်တောင်မှ အစွမ်းထက်လိုက်တဲ့ အငွေ့အသက်လဲ?။ ဒါက အထွတ်အထိပ် ကောင်းကင်တာအိုနယ်ပယ် ကျွမ်းကျင်သူတွေလား?။ ငါတို့ ကောင်းကင်ဘုံ ကျောက်စိမ်း ရေကန်မှာ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ?" ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှ တပည့်တစ်ဦးက အံ့သြစွာ မေးလိုက်သည်။

"ဟမ့်, ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံမှုအဆင့်ပဲလား?။ အဲဒါထက် ပိုနေမှာ ငါ ကြောက်မိတယ်။ အနက်ရောင်ဝတ် လူငယ်က ဘယ်သူလဲဆိုတာ မင်းတို့ သိလား?" သူ၏ဘေးနားမှ လူတစ်ယောက်က ပြန်ပြောလာသည်။

"ဘယ်သူလဲ?" ထိုလူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ဒဏ္ဍာရီလာ နေသာဧကရာဇ်က စည်းတံဆိပ်ကို ချိုးဖြတ်လိုက်ပြီလို့ ပြောကြတယ်။ ဂိုဏ်းခေါင်းဆောင် လျှိုထန်းက သူ့ကို စီနီယာအစ်ကိုလို့ ခေါ်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ ကြားဖူးတဲ့လူတွေ ရှိတယ်။ ဂိုဏ်းခေါင်းဆောင်ဟောင်းမှာ တပည့်လေးယောက်ပဲ ရှိတာလေ။ ဧကရာဇ်မင်းမြတ် ကျင်းရှန်နဲ့ ဂိုဏ်းခေါင်းဆောင် လျှိုထန်းအပြင် ချင်ယွင်နဲ့ နေသာဧကရာဇ်တို့ပဲ ရှိတာလေ။ အခု ချင်ယွင်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့လူကို ဘယ်သူလို့ မင်းတို့ ထင်လဲ?။" လူက ခွဲခြမ်းစိတ်ဖြာပြီး မေးလိုက်သည်။

စောစောက အမေးခံရသော တပည့်သည် ထိုစကားကို ကြားသောအခါ, အလွန် တုန်လှုပ်သွားသော အမူအရာကို ထုတ်ဖော်လာခဲ့သည်။

နေသာဧကရာဇ်ဆိုတာက ဘယ်လိုလူမျိုးလဲ?။

သူသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာ တစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ဖူးပြီး ကမ္ဘာကြီးကို အထင်သေးလောက်သည့် ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ အမှန်တကယ် ပြန်ပေါ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

"ဒီချင်ယွင်က နေသာဧကရာဇ်ကို တိုက်ခိုက်တော့မှာလား?။ သူက သူ့ပြိုင်ဘက်ရော ဖြစ်နိုင်ပါ့မလား? " တစ်ယောက်ယောက်က ဝေခွဲမရဟန် မေးလိုက်ပါသည်။

"ဒါဟာ လက်ရည်စမ်းရုံသက်သက် ဖြစ်သင့်တယ်။ ဒါပေမယ့် ချင်ယွင်က အင်မော်တယ် ကမ္ဘာမှာ အတော်လေးကို ထင်ပေါ်ကျော်ကြားပြီး အလွန်လည်း အစွမ်းထက်တယ်။ မင်း မသိသေးမှာ ငါ ကြောက်မိတယ်။ သူက လွန်ခဲ့တဲ့တစ်နှစ်က နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စု ခေါင်းဆောင် လဲ့ထန်းလုံဟာ သူ့ရဲ့လက်ထဲမှာ ကွယ်လွန်ခဲ့ရတယ်။ အဓိပတိဉသျှောင် တစ်ပိုင်းကတောင် သူ့ကို မသတ်နိုင်ဘူးလို့လည်း ပြောကြသေးတယ်။ ထိုလူက ဆက်ပြောတယ်။ (ဤနေရာ၌ အဓိပတိဉသျှောင်တစ်ပိုင်းဟု သုံးထားသည်မှာ ဤလူများ သည် နတ်ဘုရားတစ်ပိုင်းရှိနေကြောင်းကို မသိသေးသည့် အတွက် ဖြစ်ပါသည်။)

အနီးနားရှိ လူများသည် ထိုစကားကြားသောအခါ, သူတို့အားလုံး အေးစက်စက် လေကို ရှုရှိုက်မိကြသည်။

ချင်ယွင်သည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်သို့ နောက်ဆုံးအကြိမ် ရောက်ရှိလာစဉ် က, သူသည် အင်မော်တယ် ဘုရင်အဆင့်တွင်သာ ရှိနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။ အခုတော့ သူသည် နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကိုတောင် သတ်ပစ်နိုင်ခဲ့ပြီ။ ဤအရာက မည်မျှ ကြောက်စရာကောင်းသည့် ကျင့်ကြံမူ အမြန်နှုန်းမျိုးလဲ?။

ရုတ်​တရက်​ပင်​, လူတိုင်းသည် ​မျှော်​လင့်​ချက်​​ကိုယ်စီနှင့် ပြည့်​နေကြသည်​။ ချင်ယွင်နှင့် နေသာဧကရာဇ်တို့၏ ယခုတိုက်ပွဲက မည်သို့ဖြစ်လာမည်ကို သူတို့ တကယ်ပင် မြင်ချင်ကြ ပါသည်။

သူတို့သာ အလွန်သိချင်နေကြသည်မဟုတ်, လျှိုထန်းနှင့် ရှေးဟောင်းတာအိုလည်း အရမ်းကို သိချင်နေကြသောကြောင့် အားလုံးလည်း ကောင်းကင်ယံကို ကြည့်ရန် ခေါင်းကိုယ်စီ မော့ထားကြပါသည်။

"စီနီယာ အစ်ကို၊ ကျွန်တော် စီနီယာအစ်ကိုကို ပြစ်မှားမိပြီ"

ထိုအချိန်တွင် ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်ရင်း, သူ၏ရုပ်အသွင်က ဖျတ်ခနဲ့ လင်းလက်သွားသည်။

ချင်ယွင်၏ ရုပ်အသွင်သည် ပေရာနှင့်ချီအကွာဝေးမှ ချက်ချင်း ပျံသန်းလာကာ၊ မျက်စိ တစ်မှိတ်အတွင်း နေသာဧကရာဇ်၏ရှေ့တွင် ပေါ်လာသည့် နောက်ဆက်တွဲ ပုံရိပ်ယောင် များအဖြစ် ပြောင်းလဲသွားခဲ့သည်။

လက်သီးလေလှိုင်းများသည် နဂါးတစ်ကောင် ဟိန်းဟောက်သကဲ့သို့ မည်သည့် စိတ်ကူးယဉ်ဆန်မူ တစ်စုံတစ်ရာမရှိဘဲ နေသာဧကရာဇ်ဆီသို့ ရိုက်ခတ်လာခဲ့ပြီး၊ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုက်ကြီးကိုးခုကိုပင် တုန်ခါသွားလေသည်။

နေသာဧကရာဇ်သည် ချင်ယွင်၏ ပြင်းထန်သော လက်သီးချက်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာက ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိခဲ့ဘဲ အေးစက်သော အပြုံးကို ထုတ်ဖော်လာသည်။

"မင်းရဲ့လက်သီးချက်က အရမ်းကို နှေးလွန်းတယ်။ မင်းရဲ့ခွန်အားက မလုံလောက်သေး ဘူး။" နေသာဧကရာဇ်သည် အေးစက်စွာ ဟစ်အော်ပြီးနောက် လျှပ်စီးလက်သကဲ့သို့ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ အမှန်တကယ်ပင် သူသည် ချင်ယွင်၏ လက်သီးကို တားဆီးရန် သူ၏လက်ဖဝါးကိုသာ အသုံးပြုခဲ့သည်။

"ဘုန်း….။

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများနှင့် လှိုင်းလုံးများသည် ကီလိုမီတာ ထောင်ပေါင်းများစွာကို တခဏချင်း ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး သူ၏မျက်လုံးများတွင် အလွန်မင်း အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

နေသာဧကရာဇ် မည်သို့ တိုက်ခိုက်လိုက်သည်ကို သူ မမြင်လိုက်ရပေ။ ထို့အပြင်၊ သူ၏ လက်သီးချက်သည် နေသာဧကရာဇ်၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားသည့် အခိုက်တွင်၊ သူသည် သံပန်းကန်ပြားကို ထိမှန်သွားသကဲ့သို့ ခံစားရသည်။ သူ၏ခန္ဓာကိုယ် သန်မာလာစဉ်ကတည်းက ယခုလိုခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပါဘူး။

"အယ်..၊ မကောင်းတော့ဘူး…"

ထိုအချိန်တွင် ချင်ယွင် ရုတ်တရက် ကြောက်မက်ဖွယ် အကျပ်အတည်းကြီးကို ခံစားလိုက်ရသည်။ သူသည် ချက်ခြင်းပင် သူ၏အာရုံကို စူးစိုက်ကြည့်လိုက်ပြီး၊ လက်သီးချက်က နောက်ဆက်တွဲအဖြစ် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး သူ၏ဝမ်းဗိုက်ဘက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

"ဘုန်း…"

ချင်ယွင်အား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှ မပေးခဲ့ဘဲ၊ ထိုလက်သီးချက်သည် ချင်ယွင်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားပါသည်။

ချင်ယွင်သည် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထဲတွင် တုန်လှုပ် ချောက်ချားဖွယ် လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရပါသည်။ သူ၏ ဝမ်းဗိုက်ထဲတွင် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို တုန်လှုပ် ချောက်ချားသွားသည်ကို ခံစားရပြီး၊ သူ၏ ခန္ဓာကိုယ်သည် ဤကြောက်မက်ဖွယ် စွမ်းအား အောက်တွင် အလွန်အမင်း ပြင်းထန်သော အရှိန်ဟုန်ဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရ သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် ခွန်အားကို ဖယ်ရှားရန်အတွက် သူ၏ခန္ဓာကိုယ်ထဲမှ ခွန်အားကို အလျင်အမြန် စုစည်းလိုက်ရပါသည်။ သူသည် ပေတစ်ထောင်ခန့် လွင့်ပျံပြီးနောက်မှသာ သူ၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ခွန်အားလဲ။ ပြီးတော့ သူ့ရဲ့ အမြန်နှုန်းက အလွန့်ကို ကြောက်စရာကောင်းလွန်းတယ်။ ငါ့ရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကတောင် သူ့ရဲ့ လှုပ်ရှားမှုတွေကို ဖမ်းဆုပ်လို့ မရခဲ့ဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ သူသည် နေသာဧကရာဇ်၏ တိုက်ခိုက်ရေး စွမ်းအားအပေါ် မရေရာသေးသည့် ကောက်ချက်ကို ချက်ချင်း ချလိုက်ပါသည်။

ဝှီး…..။

သို့သော် ထိုအချိန်မှာပင် ချင်ယွင်သည် သူ၏နောက်မှ ကြောက်မက်ဖွယ်ရာ လေပြင်း တစ်ချက် တိုက်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် ကမန်းကတန်း လှည့်ကြည့်လိုက်လျှင် နေသာဧကရာဇ်သည် သူ၏နောက်ကွယ် မှာ မည်သည့်အချိန်ကတည်းက ပေါ်လာမှန်းမသိ ပေါ်လာသည်ကို တွေ့လိုက်ရပြီး အလွန်မင်း ပြင်းထန်သည့် ခြေထောက်ကြာပွတ်က သူ့ဆီကို ပြင်းပြင်းထန်ထန် တိုးဝင်လာ ခဲ့သည်။

ခြေထောက်ကြာပွတ်နှင့်အတူ သယ်ဆောင်လာသည့် ပြင်းထန်သော လေလှိုင်းများက ကောင်းကင်ယံကို ဆုတ်ဖြဲသွားကာ၊ တောင်တန်းများနှင့် မြစ်ရေပြင်များ ကွဲအက်သံများကို သယ်ဆောင်လာပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။

သာမန် ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ်အဆင့်ဖြစ်သည့် အင်မော်တယ် ဧကရာဇ်များပင်လျှင် ဤခြေကန်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်သလို တိုက်ရိုက် ကန်ထုတ်ခြင်းပင် ခံရနိုင်ပါသည်။

ချင်ယွင်သည် ထိတ်လန့်သွားပြီး၊ သူ၏ခန္ဓာကိုယ်ထဲမှ ဖင်းဂေါ့ဂ်စွမ်းအားက ပျံ့နှံ့ထွက်ပေါ် လာကာ၊ တားဆီးရန်အတွက် သူ၏လက်နှစ်ချောင်းကို ချက်ချင်းပင် ဆန့်ထုတ်လိုက်သည်။

"ဘုန်း…။

တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပျက်ကျသွားခဲ့ပြီး၊ အင်အားပြင်း သည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ မြေပြင်ပေါ်တွင် မနှိုင်းယှဉ်နိုင်အောင် ကြီးမား သည့် တွင်းနက်ကြီးတစ်ခု ဖန်တီးသွားခဲ့သည်။

All Chapters