အခန်း ၁၀၈၉
Vol. 73 Ch. 1089
အခန်း (၁၀၈၉) ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားစွမ်းရည်။
မြေပြင်သည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲသွားပါသည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများ အားလုံး ကွဲကြေသွားကာ အဆုံးမဲ့ နာကျင်မှုကို ခံစားခဲ့ရသည်။ သူသည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာစေရန် သူ၏ ဖင်းဂေါ့ဂ်စွမ်းအားကိုသာ လှည့်ပတ်နိုင်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ လူတွေအားလုံး အံ့အားသင့်သွားကြသည်။
နေသာဧကရာဇ်၏ တိုက်ခိုက်မှုသည် ပြင်းထန်လွန်းပါသည်။ ၎င်းတို့သည် ထိုခြေကန်ချက် အတွင်းမှ ပေါက်ကွဲထွက်နိုင်သော စွမ်းအားကို အဝေးမှပင် ခံစားရနိုင်သည်။ လူတစ်ယောက်သည် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်ရန် စိတ်ကူးကြည့်ရန်ပင် ခက်ခဲပါသည်။
"ကြည့်ရတာ ဂျူနီယာမောင်လေးနဲ့ ကျန်းယူတို့ကြားမှာ ကွာဟချက်ကြီးတစ်ခု ရှိနေပုံရတယ်။" လျှိုထန်းသည် အဝေးမှ တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်ရင်း ပြောလိုက်ပါသည်။
"ဒါက အစပဲရှိပါသေးတယ်။ ကောင်းတဲ့ပြကွက်တွေ အဆုံးမှာ ရှိနေတုန်းပါပဲ။ မင်းရဲ့ ဂျူနီယာ အလုပ်သင်မောင်လေးက ငါတို့ကို အံ့အားသင့်စရာတွေ ပေးပါလိမ့်မယ်။" ရှေးဟောင်းတာအိုက ပြုံးပြီး ပြောသည် ။
"အံ့သြစရာတွေလား?" လျှိုထန်းက မည်သည့်စကားမှ ပြန်မပြောလိုက်သလို သူမစိတ်ထဲ မှာလည်း သိပ်အများကြီး မတွေးတော့ပါဘူး။
သူမ၏အမြင်အရ ချင်ယွင်သည် ကြီးမားသောခွန်အားဖြင့် ပေါက်ကွဲထွက်နိုင်ခဲ့လျှင်တောင် သူ့အနေနဲ့ နေသာဧကရာဇ်နှင့် ပြိုင်ဘက် မဖြစ်နိုင်သေးပေ။ သူသည် စိတ်ကျေနပ်ဖွယ် မည်ကဲ့သို့ အံ့သြဖွယ်အရာမျိုးကို ဆောင်ယူနိုင်မည်နည်း?။
ကောင်းကင်ယံတွင်၊ နေသာဧကရာဇ်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေခဲ့ပြီး၊ ချင်ယွင်ကို အပြုံးဖြင့် ငုံ့ကြည့်နေသည်။
သူသည် အလျင်စလို လှုပ်ရှားခြင်းမရှိဘဲ ချင်ယွင် ပြန်ကောင်းလာရန် စောင့်နေခဲ့သည်။ ဤသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် သူ၏အသက်ကို စွန့်စားရန် မလိုအပ်ပါ။
"ညီငယ်လေး၊ မင်းရဲ့ ခွန်အားက ဒီလောက်ပဲဆိုရင်တော့, ဒီတိုက်ပွဲကို ဆက်နေစရာ မလိုတော့ဘူး" နေသာဧကရာဇ်သည် ချင်ယွင်ကိုကြည့်ကာ ပြုံးလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်သော်လည်း၊ သူ့မျက်လုံးများ၏ စူးရှထက်မြက်မှုက နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပေ။
အမှန်တကယ်ပင်, နေသာဧကရာဇ်၏ ခွန်အားသည် ပြင်းထန်လွန်းလှသည်။ သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် သာမန် ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ်အဆင့် ရှိ အင်မော်တယ် ဧကရာဇ်များထက် သာလွန်နေသည်။ ထို့အပြင်၊ သူသည် နတ်ဘုရား တစ်ပိုင်းနယ်ပယ်၏ တန်ခိုးအစွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အကယ်၍, သူသာ ယခုလို ဆက်တိုက်နေမည်ဆိုလျှင်, သူသည် နှိပ်စက်ခံရုံသက်သက် ဖြစ်နေလိမ့်မည်။
"အရင်တုန်းကတော့, ကျွန်တော် ဒီသိုင်းကွက်တွေကို အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမယ့် စီနီယာအစ်ကိုက အရမ်းသန်မာနေမယ်လို့ မမျှော်လင့်ထားဘူး။ တကယ်လို့, ကျွန်တော် သာ ဒီသိုင်းကွက်တွေကို အသုံးမပြုတော့ဘူးဆိုရင်, ကျွန်တော်တော့ စီနီယာအစ်ကိုရဲ့ နှိပ်စက်မှုကိုပဲ ခံနေရတော့မယ်၊” ချင်ယွင်က ကောင်းကင်ယံမှ နေသာဧကရာဇ်ကို ကြည့်ရန် ခေါင်းမော့ပြီး ပြုံးပြလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာက အလွန်ကို ယုံကြည်မှု ရှိနေပုံရသည်။
"အို, ဂျူနီယာ ညီလေး၊ မင်းမှာ ပိုအစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိနေသေးတာလား?။ ဒါဆိုလည်း စီနီယာအစ်ကိုက အဲဒါကို ကြည့်ချင်မိတယ်။" ချင်ယွင်၏ ယုံကြည်ချက်ရှိသော အမူအရာကို မြင်တော့ နေသာဧကရာဇ်လည်း သိချင်သွားမိသည်။ ချင်ယွင်သည် သူ့ကိုယ်သူ အဘယ့်ကြောင့် ဤမျှလောက် ခိုင်မာသည့် ယုံကြည်မှုမျိုး ရှိနေရလဲဆိုသည်ကို သူ အမှန်တကယ် သိချင်နေခဲ့သည်။
"ဒါက စီနီယာအစ်ကိုကိုယ်တိုင် တောင်းဆိုတာနော်။ ဒါက လွန်ခဲ့တဲ့ လအနည်းငယ် လောက်က ကျွန်တော် နားလည်ထားတဲ့ တိုက်ခိုက်ရေးနည်းလမ်းပဲ။ စီနီယာအစ်ကိုက ကျွန်တော့်ကို ပြုပြင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ရုတ်တရက် ပြင်းထန်လာပြီး သူ၏မျက်လုံးများသည် အလွန်စူးရှလာသည်။
ဘန်း…။
ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ အငွေ့အသက်သည် ပြောင်းလဲ သွားခဲ့သည်။
မူလက ဖင်းဂေါ့ဂ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်သည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ သို့သော်လည်း ဤရက်စက် ကြမ်းကြုတ်မူ၏ အငွေ့အသက်အတွင်းမှာ၊ နူးညံ့သိမ်မွေ့သည့် အငွေ့အသက် တစွန်းတစ ရှိနေပုံရသည်။
ချင်ယွင်သည် ထိုနေရာမှာ ရပ်နေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တွင်းရှိ ဖင်းဂေါ့ဂ်စွမ်းအင်များသည် အထူးလမ်းကြောင်းတစ်ခု အနေဖြင့် စီးဆင်းနေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖြတ်သန်းကာ စက်ဝိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာပါသည်။
ဖင်းဂေါ့ဂ်စွမ်းအား၏ လည်ပတ်မှုတိုင်းတွင်၊ သူ၏ခန္ဓာကိုယ်ရှိ ခွန်အားများသည် သိပ်သည်းသထက် ပိုမိုသိပ်သည်းလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ရှိ ခွန်အားသည်လည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။
ဤသည်မှာ စကြဝဠာ၏ နိယာမများ ဆင့်ကဲပြောင်းလဲလာပြီးနောက်၊ လွန်ခဲ့သည့် လအနည်းငယ်အတွင်း စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်များအပေါ် သူ နားလည် သဘောပေါက်ခဲ့သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
အစပိုင်းတွင်၊ ၎င်းသည် ကြိုးစားကြည့်ရုံမျှသာ ဖြစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်, ဤ ဖင်းဂေါ့ဂ်စွမ်းအားသည် စကြာဝဠာ၏ဆင့်ကဲဖြစ်စဉ်ပုံစံအတိုင်း လှည့်ပတ်ခြင်းဖြင့် သူ၏ ဖင်းဂေါ့ဂ် စွမ်းအားကို ပို၍ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲစေနိုင်ကြောင်းကို ချင်ယွင် တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် သူသည် ဤဖင်းဂေါ့ဂ်စွမ်းအင် လှည့်ပတ်ခြင်းလမ်းကြောင်းများကို အခြေခံ၍ လက်သီးပညာရပ်များကို တိုက်ရိုက် နားလည်လာခဲ့သည်။ ၎င်းကို အကန့်အသတ်မဲ့ လက်သီးဟု အမည်ပေးထားပြီး၊ ၎င်းသည် စကြာဝဠာ၏ အကန့်အသတ်မဲ့နယ်ပယ်နှင့် ကိုက်ညီလှသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် အကန့်အသတ်မဲ့ လက်သီးပညာရပ်၏ ပထမဆုံး သိုင်းကွက် ဖြစ်သည့် ကောင်းကင်နှင်မြေကြီး၏ဖြစ်စဉ်ကို အသုံးပြုနေပါသည်။
ဘန်း…။
ချင်ယွင်၏လက်များသည် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏ခြေဖဝါးအောက်မှ မူလကတည်းက ကွဲအက်နေသော မြေပြင်သည် နောက်တကြိမ် နစ်ဝင်သွားခဲ့သည်။
သူ၏နောက်တွင် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားသော ဖြစ်စဉ်တစ်ခု ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးသည် ထူးဆန်းသောကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။ အထဲမှာ ရှိနေသည့် အရာများသည် လူတွေမမြင်နိုင်အောင်ပင် မှုန်ဝါးနေခဲ့သည်။ တိမ်အရိပ်များ အဆက်မပြတ် ပြောင်းလဲနေသည်ကိုသာ သူတို့ မြင်နေရပါသည်။
"အယ်?" ကောင်းကင်ပေါ်ရှိ နေသာဧကရာဇ်သည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာခဲ့ပြီး သူ၏အနက်ရောင် သူငယ်အိမ်များသည် မယုံကြည်နိုင်ဟန် အမူအရာ ကို ထုတ်ဖော်ပြသလာသည်။
"စီနီယာ အစ်ကိုကြီး၊ ကျေးဇူးပြုပြီး ဒီလက်သီးချက်ကို လက်ခံပါ"
နေသာဧကရာဇ် အံ့ဩနေစဉ်မှာ ချင်ယွင်သည် အောက်မှနေ၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထို့နောက် သူသည် မြေပြင်ကို ဆောင့်နင့်လိုက်ပြီး၊ နေသာဧကရာဇ်ထံသို့ အမြောက် ကျည်ဆန်အလား ပစ်လွှတ်လိုက်သည်။ သူ၏အမြန်နှုန်းသည် ရပ်တန့်၍ မရတော့ပေ။
ချင်ယွင်၏ ရုပ်အသွင်သည် နက်နဲသိမ်မွေ့သော လေးတစ်စင်းကဲ့သို့ ဖြန်သန်းသွားခဲ့ပြီး၊ ကြီးမားသော စွမ်းအားများ ပါဝင်နေသည့် သူ၏လက်သီးက နေသာဧကရာဇ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
အကယ်၍, တစ်စုံတစ်ယောက်သည် ဂရုတစိုက် ကြည့်နေမည်ဆိုလျှင်, ထိုအခိုက်တန့်မှာ, သူ၏ခန္ဓာကိုယ်အတွင်း စုစည်းထားသော ကြောက်မက်ဖွယ် ဖင်းဂေါ့ဂ်စွမ်းအားသည် သူ၏ခါးမှ ထုတ်လွှတ်နေပြီး၊ ၎င်းတို့သည် သူ၏ ညာဘက်လက်မောင်းသို့ စုစည်းသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားကို ထုတ်လွှတ်ပေးလိုက်လိုက်သည်ကို သေချာပေါက် တွေ့ရှိရမှာ ဖြစ်ပါသည်။
နေသာဧကရာဇ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး၊ ထိုတိုက်ခိုက်မှုကို ဟန့်တားရန် သူ၏လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပါသည်။
ချင်ယွင်၏ ရောက်ရှိလာမှုက ပြင်းထန်လွန်းပြီး၊ သူ၏ အရှိန်ဟုန်သည် တုနှိုင်းမရလောက်အောင် မြန်ဆန်လွန်းသည်။ သူသည်ပင် ဂရုတစိုက် စောင့်ကြည့်ပြီး စိတ်အားထက်သန်စွာဖြင့် ကာကွယ်ရုံသာ တတ်နိုင်ပါသည်။
သို့သော်လည်း ရောက်ရှိလာသူ အားလုံးကို ထိတ်လန့်စေမည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့ သည်။
ချင်ယွင်၏လက်သီးသည် နေသာဧကရာဇ်၏ လက်မောင်းပေါ်သို့ ကျရောက်သွားပြီး သူ့ကို လွင့်ပျံသန်းစေခဲ့သည်။ သူ၏ပုံသဏ္ဍာန်သည် ပေတစ်ထောင်ကျော် လွင့်ပျံသွားကာ၊ အဝေးမှ တောင်ထိပ်တစ်ခုနှင့် ပစ်တိုက်မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲအသံ နှင့်အတူ တောင်တစ်ခုလုံး ကွဲအက်သွားစေသည်။
အဝေးမှလူအားလုံးသည် မှင်သက်နေကြပြီး၊ သူတို့၏ မျက်လုံးများက အံ့သြနေဟန် အမူအရာများ ပေါ်လွင်နေကြသည်။
သို့သော် ဤအရာအားလုံးသည် အဆုံးသတ်မဟုတ်ခဲ့ပေ။ ချင်ယွင်သည် ရုတ်တရက် လေဟာနယ်ထဲကို လက်သီးဖြင့် ထိုးလိုက်သည်။ သူထိုးလိုက်သော လက်သီးသည် ထူးထူးခြားခြား ပို၍ကြီးမားလာသည်။ ၎င်းလက်သီးသည် ပေတစ်ထောင်ရှည်လျားပြီး ဆယ်မီတာ အထူရှိလေသည်။ ၎င်းသည် ထိုတောင်ထိပ်ပေါ်သို့ တိုက်ရိုက် ထိုးနှက်လိုက် သော ကောင်းကင်နတ်ဘုရားတစ်ပါး၏ လက်သီးနှင့်တူသည်။
မူလက ကွဲအက်သွားသော တောင်ထိပ်သည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကာ မြေပြင်ပေါ်တွင် ကြီးမားသော လက်သီးချက် အမှတ်အသားကြီးတစ်ခု ဖန်တီးသွားခဲ့ပြီး၊ နေသာဧကရာဇ်သည် အသားပြားတချပ်ကဲ့သို့ ထိုလက်သီးကြီးဖြင့် ထိုးခံလိုက်ရသည်။
အဝေးမှလူတွေအားလုံးလည်း အေးစက်သည့် လေကို ရှုရှိုက်ရင်း အဝေးမှ ကြီးမားလှသည့် လက်သီးရာကြီးကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။
အကယ်၍ ချင်ယွင်၏ လက်သီးချက်သည် နေသာဧကရာဇ်ကို လွင့်ပျံသွားစေရုံဆိုလျှင်, သူတို့အနေဖြင့် ယခုလောက် အံ့အားသင့်မည် မဟုတ်သော်လည်း၊ နောက်မှပါလာသော ထိုလက်သီးကြီးက ၎င်းတို့အား ပို၍ပင် မထင်မှတ်နိုင်လောက်အောင်ပင် ခံစားရစေသည်။
အစောပိုင်းက ချင်ယွင်၏ လက်မောင်းသည် ရုတ်တရက်ကြီး အဘယ်ကြောင့် ပိုကြီးလာသည်ကို သူတို့ နားမလည်နိုင်ကြပေ။
အကယ်၍, အစောပိုင်းက ချင်ယွင်၏ လက်သီးချက်သာ သူတို့အပေါ်ကို ကျရောက်ခဲ့ပါက, သူတို့အနေဖြင့်, မည်သည့်ခံစားချက်မျိုး ရှိမလဲဆိုသည်ကိုပင် မတွေးရဲကြပါဘူး။ ၎င်းလက်သီးကြီးက သူတို့ကို အသားပြားဖြစ်သည်အထိ တိုက်ရိုက် ထိုးနှက်လိုက်မှာ လား?။
အဝေးမှ လျှိုထန်းသည်လည်း အလွန်မင်း ထိတ်လန့်သွားခဲ့ပြီး၊ သူ၏မျက်နှာက ထိတ်လန့် ကြောက်ရွှံမူများဖြင့် ပြည့်နှက်နေသည်။
"သူ...ဒါက ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ?" လျှိုထန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
တစ်ဖက်တွင်မူ ရှေးဟောင်းတာအိုက ပြုံးလိုက်သည်။ " ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်မူက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဖင်းဂေါ့ဂ်ပုံစံအဖြစ် ပြောင်းလဲနိုင်တယ်။ ဒါပေမယ့်၊ အဲဒါက တစ်ချိန်တည်းမှာပဲ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြောင်းလဲသွားလေ့ရှိတယ်။ ဒီကောင်လေးက တော်လွန်းတယ်။ ဒီနည်းလမ်းကို သူ ဘယ်ကနေ နားလည်လာမှန်း ငါတောင် မသိဘူး။ သူက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းကိုတောင် ကြီးထွား အောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းညင်သာမှုကို မထိခိုက်စေဘဲ တိုက်ပွဲအတွင်းမှာ အပြင်းထန်ဆုံးစွမ်းအားနဲ့ ပေါက်ကွဲနိုင်ခဲ့တယ်။ တကယ်လို့ ငါ့ရဲ့ မှန်းဆချက်သာ မှန်နေမယ်ဆိုရင် ဒါကို နတ်ဘုရားစွမ်းရည်တစ်ခုလို့ ယူဆသင့်တယ်။”
“နတ်ဘုရားစွမ်းရည်..လား?။ လျှိုထန်း အံ့သြသွားသည်။
ရှေးဟောင်းတာအိုက ထိုပညာရပ်ကို နတ်ဘုရားစွမ်းရည်ဟု ခန့်မှန်းထားသည်။ ထိုအရာသည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သာ ဆုပ်ကိုင်ထားနိုင်သည့် တိုက်ခိုက်ရေး နည်းလမ်းဖြစ်ပါသည်။ ချင်ယွင်သည် နတ်ဘုရားစွမ်းရည်များကို အမှန်တကယ် သိရှိနေလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားပေ။
"မှန်တယ်၊ အဲဒါက သူကိုယ်တိုင် ဖန်တီးထားတာ။" ရှေးဟောင်းတာအို၏ စကားများသည် အံ့သြသွားနေသည့် အမူအရာကို ပေါ်လွင်စေပြီး သူ၏မျက်နှာသည် ခါးသီးသော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ယခုအချိန်တွင်၊ ဤတပည့်နှစ်ယောက်၏ ခွန်အားသည် သူ့အား ကျော်လွန်သွားခဲ့ပါပြီ။ ထိုအချက်က သူ့အား စိတ်လှုပ်ရှားစေကာ ကျေနပ်အားရမူဖြစ်ပေါ်စေသလို, တချိန်တည်း မှာ အားကိုးရာမဲ့လည်း ဖြစ်စေခဲ့ပါသည်။