အခန်း ၁၀၉၁
Vol. 73 Ch. 1091
အခန်း (၁၀၉၁) တတိယမြောက်နတ်ဘုရားစွမ်းရည်။
"ဘုန်း..”။
ချင်ယွင်၏ နောက်ဆုံးလက်သီးချက်က နေသာဧကရာဇ်ကို ပေသုံးထောင်အကွာသို့ လွင့်ပျံသွားစေခဲ့သည်။
နောက်ဆုံးတွင်၊ နေသာဧကရာဇ်သည် သူ၏စီနီယာအစ်ကို ဖြစ်သောကြောင့် သူ့အနေဖြင့် သိပ်ပြီး လွန်လွန်ကဲကဲ လုပ်မည်မဟုတ်ပေ။ သူသည် ခေါင်းမာမားဖြင့် တိုက်ခိုက်ရုံမျှသာ ဖြစ်သော်လည်း သေသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ။
အကယ်၍ ရန်သူအစစ်ဖြစ်ခဲ့လျှင် ချင်ယွင်သည် အနည်းငယ်မျှ ထိန်းချန်ထားမည် မဟုတ်ပေ။ သူသည် ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် ဒုတိယသိုင်းကွက်၏ အခြေခံကိုသာ တိုက်ရိုက်ချပြလိုက်ခြင်း ဖြစ်ပါသည်။ အကယ်၍, သူ၏လက်ခြောက်ဘက်စလုံးကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်မည်ဆိုလျှင် ထိုစွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
အဝေးမှာရှိနေကြသည့် လူတိုင်းသည် လုံးဝကို တုန်လှုပ်ခြောက်ခြားသွားကြပါသည်။ လူတိုင်း ကောင်းကင်ယံတွင်ရှိနေသည့် ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြပြီး၊ သူတို့၏ နှလုံးသားများတွင် ဖော်မပြနိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပါသည်။
ယခုအချိန်တွင် ချင်ယွင်၏ ခွန်အားသည် သူတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ ထိုအနီးကပ် တိုက်ပွဲသည် အလွန်ကြောက်စရာကောင်းသည်ဟု သူတို့အနေဖြင့် ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်း ဖြစ်ပါသည်။
"အခု ငါပြောတာကို ယုံလိုက်စမ်းပါ။ မင်းရဲ့ ဂျူနီယာမောင်လေးက ငါ့ရဲ့စိတ်ကူးနိုင်စွမ်း ထက် ကျော်လွန်နေတဲ့ မွန်းစတားတစ်ကောင်ပဲ။" ရှေးဟောင်းတာအိုက လျှိုထန်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်ပါသည်။
ထိုအချိန်တွင် လျှိုထန်းသည် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာ ရှိနေပါသည်။ ချင်ယွင်၏ တိုက်ခိုက်ရေးနည်းလမ်းတွေကြောင့် သူမသည် တကယ်ကို ထိတ်လန့်သွားရ သည်။
သူမ၏အမြင်တွင်၊ ဤသည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ဘဲ၊ အမှန်တကယ် တုန်လှုပ် ခြောက်ခြားဖွယ်ရာ ဖြစ်နေပါသည်။
"သူ အခုလို ကောင်းကင်ဘုံကို အံတုနိုင်တဲ့ နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်မယ်ဆိုတာ ဆရာကြီးရော သိထားပြီးသားလား?။" လျှိုထန်းက ရှေးဟောင်းတာအိုကို ကြည့်ပြီး မေးသည်။
"ငါ မသိပါဘူး။ ဒါပေမယ့် သူ ဖြည်းဖြည်းချင်း ကြီးပြင်းလာတာကို ငါကိုယ်တိုင် မြင်ရတယ် လေ။ မထင်မှတ်ထားတဲ့ အရာတော်တော်များများမှာ သူ အောင်မြင်ခဲ့တယ်။ ငါ ဘာမှ မပြောပေခဲ့မယ့် သူ့အတွက် ဂုဏ်ယူမိတယ်။ ငါသင်ပေးခဲ့ဖူးသမျှထဲမှာ သူက ထူးချွန် အပြောင်မြောက်ဆုံး တပည့်လို့တောင် ပြောလို့ရတယ်”။ ရှေးဟောင်းတာအိုက လျှိုထန်းက သူ့ကို ဘက်လိုက်သည်ဟု တွေးနေမည်ဟို စိုးရိမ်မနေဘဲ အရှက်အကြောက် မရှိ ပြောလိုက်ပါသည်။
လျှိုထန်းလည်း အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ရှေးဟောင်းတာအိုကို သူမ သိတာကြာလှ ပြီ။ သို့သော်လည်း ရှေးဟောင်းတာအိုသည် လူတစ်ယောက်အကြောင်း ယခုလိုမျိုး ပြောသည်ကို သူမကြားရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပါသည်။ သူသည် ချင်ယွင်အတွက် ဂုဏ်ယူကြောင်း အမှန်တကယ် ပြောဆိုခဲ့သည်။
ထို့ကြောင့် လျှိုထန်း၏ ချင်ယွင်အပေါ် အကဲဖြတ်မှုက ချက်ခြင်း တိုးလာခဲ့သည်။ ကောင်းကင်ယံကို မော့ကြည့်လိုက်ရင်း သူမမျက်နှာက ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။
နေသာဧကရာဇ်ဖြစ်ဖြစ် ချင်ယွင်ဘဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်စလုံးသည် တုနှိုင်းမရအောင် ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ ဖြစ်ကြသော်လည်း၊ အဆုံးတွင် သူတို့သည် သူမ၏ ဂျူနီယာမောင်လေးများ ဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့ သန်မာလာသည့်အတွက် သူမအနေဖြင့် အရမ်းကို ပျော်ရွှင်ရပါသည်။
"ဘုန်း..”။
နေသာဧကရာဇ်သည် မြေမှုန့်များကြားမှ တွားသွားထွက်လာခဲ့သည်။ ချင်ယွင်၏ လက်သီးချက်ကြောင့် သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းသွားနေသည်။ အနက်ရောင် ကောင်းကင်အမှတ်သားသည် နေသာဧကရာဇ်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများ ကို အဆက်မပြတ် ကုသပေးနေသည်။ သို့သော်လည်း သူ့အား ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ် ယူခဲ့ရသောကြောင့် သူ၏မျက်နှာသည် ရောင်ရမ်းနေဆဲ ဖြစ်သည်။
"ဂျူနီယာ ညီလေး၊ မင်းက တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ။ မင်းက ငါ့ကို တကယ်ပဲ အတိအကျ နှုတ်ဆက်လိုက်တယ်" နေသာဧကရာဇ်က ဒေါသတကြီး အမူအရာ မျိုး မပြောခဲ့ပါဘူး။ အဆုံးတွင်, ချင်ယွင်မှာ သတ်ဖြတ်လိုသည့်ဆန္ဒ နည်းနည်းမှ မရှိကြောင်း သူ သိပါသည်။
"တောင်းပန်ပါတယ် စီနီယာအစ်ကို။ ကျွန်တော်က အသုံးပြုပြီးသွားပြီလေ" ချင်ယွင်က ကိုးရိုးကားယာဖြစ်ဟန်ဖြင့် ခေါင်းကိုကုတ်ကာ အခန်းတွင်းရှိလူတိုင်း သွေးအန်ချင်လောက် သည့် စကားကို ထုတ်ပြောလိုက်ပါသည်။
နေသာဧကရာဇ်သည်လည်း ပြောစရာစကားပင် မဲ့သွားရ၏။ ချင်ယွင်က ယခုလို ပုံစံမျိုးဖြင့် တုန့်ပြန်လာခဲသည်။ သူ မည်သို့ ဒေါသထွက်ရမှန်းပင် မသိတော့ပါဘူး။
သို့သော်၊ သူသည် ချင်ယွင်၏ အနာဂတ် ရန်သူများနှင့်ပတ်သက်၍ သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် ညည်းတွားမိသည်။ အထူးသဖြင့် ချင်ယွင်သည် ဤနတ်ဘုရားစွမ်းရည် နှစ်ခုကို ကျွမ်းကျင်ပြီးနောက်၊ ၎င်းသည် တုနှိုင်း၍မရသည့် အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်များဟု သေချာပေါက် ပြောနိုင်သည်။
"ဒီလက်ခြောက်ဘက် နတ်ဘုရားစွမ်းရည်ကိုရော မင်းကိုယ်တိုင် နားလည်ခဲ့တာလား။" နေသာဧကရာဇ်က မေးသည်။
"ဟုတ်တယ်၊ ကျွန်တော်က ဒီသိုင်းကွက်ကို သဘာဝတရားဖမ်းဆုတ်ခြင်းနတ်ဘုရားလို့ နာမည်ပေးထားတယ်။ ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။
နေသာဧကရာဇ်က ထိုအဖြေကို အရင်ကတည်းက သိထားသော်လည်း, သူသည် ချင်ယွင်၏ စကားကိုကြားလိုက်ချိန်မှာ ထိတ်လန့်နေဆဲပင်။
"ဒါဆို နတ်ဘုရားကမ္ဘာမှာ မင်းရဲ့သဘာဝတရား ဖမ်းဆုတ်ခြင်းနတ်ဘုရားနဲ့ အလွန် ဆင်တူတဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက်လို့ခေါ်တဲ့ အလွန်အစွမ်းထက်တဲ့ နတ်ဘုရား စွမ်းရည်တစ်မျိုး ရှိတယ်ဆိုတာကို မင်းသိရဲ့လား" နေသာဧကရာဇ်က ပြောသည်။
ချင်ယွင် ခေါင်းခါလိုက်သည်။
နေသာဧကရာဇ်က ခေါင်းညိတ်ပြီး ပြောသည် "တကယ်လို့ မင်း အနာဂတ်မှာ နတ်ဘုရား ကမ္ဘာကို သွားခွင့်ရမယ်ဆိုရင်, မင်း အဲဒီနတ်ဘုရားစွမ်းရည်ကို တွေ့နိုင်လိမ့်မယ်။ အဲဒါက မင်းရဲ့ သဘာဝတရားဖမ်းဆုတ်ခြင်း နတ်ဘုရားသိုင်းကွက်ကို တိုးတက်လာအောင် ကူညီပေးလိမ့်မယ်။ ငါ အမြဲခံစားမိနေတာက မင်းရဲ့ သဘာဝတရားဖမ်းဆုတ်ခြင်း နတ်ဘုရား နတ်ဘုရားစွမ်းရည်က အဲဒီခေါင်းသုံးလုံးလက်ခြောက်ဖက် နတ်ဘုရားစွမ်းရည် ရဲ တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မယ်။"
"လမ်းညွှန်ပြသမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကိုကြီး" ချင်ယွင်က သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ယခင်က, သူသည် ဤသဘာဝတရားဖမ်းဆုတ်ခြင်း နတ်ဘုရားကို ဖန်တီးခဲ့သောအခါတွင် အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့ဖူးသည်။ နီသာဧကရာဇ်သည် ဤစကားကို ပြောလာသည့် အခါ, သူသည် ဤဉာဏ်အလင်းကို အမှန်တကယ် ခံစားခဲ့ရ၏။
"အချိန်ရရင် ငါ ခေါင်းသုံးလုံးလက်ခြောက်ဘက် နတ်ဘုရားစွမ်းရည်ကို ငါ မြင်တွေ့ရမယ် ထင်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
"ကောင်းပြီ၊ မင်းမှာ အကန့်သတ်မဲ့လက်သီးရဲ့ တတိယမြောက် သိုင်းကွက် ရှိနေသေးတယ် လို့ မင်း ပြောခဲ့တယ်။ အဲဒီတတိယသိုင်းကွက်က ဘာလဲဆိုတာ ငါ သိချင်မိတယ်" နေသာဧကရာဇ်က မေးသည်။
"စီနီယာ အစ်ကို၊ စီနီယာအစ်ကိုကိုယ်တိုင် လက်နဲ့စမ်းကြည့်ရင် သိရပါလိမ့်မယ်" ချင်ယွင်သည် နေသာဧကရာဇ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"မတိုက်ခိုက်တော့ဘူး။ ထပ်ပြီး တိုက်ခိုက်ရင် ငါလည်း ဝက်ခေါင်းဖြစ်တော့မယ်။ တကယ်လို့, ငါတို့ ဆက်ပြီးတိုက်ခိုက်ရင် ငါတို့ တစ်ခုခု ဖြစ်သွားနိုင်တယ်။" နေသာ ဧကရာဇ်က သူ၏လက်ကို အမြန်ဝှေ့ယမ်းပြီး ပြောလိုက်ပါသည်။
"စီနီယာ အစ်ကို၊ စီနီယာအစ်ကိုက နောက်နေတာလား?။ စီနီယာအစ်ကိုရဲ့ နတ်ဘုရား စွမ်းရည်ကို အခုအချိန်အထိ အသုံးမချရသေးဘူးလေ။ တကယ်လို စီနီယာအစ်ကိုသာ အဲဒီစွမ်းရည်ကို အသုံးပြုခဲ့မယ်ဆိုရင်, ကျွန်တော် ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"မင်းပြောသလောက် ကြောက်စရာမကောင်းပါဘူး။ အခုအချိန်မှာ ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ သန့်စင်ထားရသေးတယ်။ ငါ့ရဲ့ တန်ခိုးအစွမ်း ကို တတ်နိုင်သမျှ အသုံးမချရင် အကောင်းဆုံးပဲ။ ဒါပေမယ့် မင်းပြောတာ မှန်တယ်။ တကယ်လို့, ငါသာ ငါ့ရဲ့နတ်ဘုရားတန်ခိုးကို အသုံးပြုခဲ့ရင်, စောစောက မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ကို နည်းနည်းလေးမှ ထိခိုက်စေမှာ မဟုတ်ဘူး။" နေသာဧကရာဇ်က လေးနက်စွာ ပြောသည်။
ချင်ယွင် အံ့သြသွားသည်။ နေသာဧကရာဇ်သည် ချဲ့ကားပြောဆိုနေသည်ဟု သူ မထင်ခဲ့ပါ။ နေသာဧကရာဇ် ပြောသောစကားသည် အလွန်နည်းသေးငယ်သည်ဟုပင် သူ ခံစားမိ သည်။
ထိုအချိန်တုန်းက, သူသည် အုပ်စိုးရှင်ကျည်ပွေ့၏ ကြောက်မက်ဖွယ် စွမ်းအားကို ကြုံတွေ့ခဲ့ရသည်။ သူ ရှင်သန်နိုင်ရခြင်း၏ အကြောင်းရင်းမှာ ဝိညာဉ်နတ်ဘုရားမ၏ နောက်ဆုံး လှုပ်ရှားမှုကြောင့် ဖြစ်သည်။ မဟုတ်ပါက, သူသည် အုပ်စိုးရှင် ကျည်ပွေ့၏ ရိုက်နှက်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြာဖြစ်သွားပေလိမ့်မည်။
"ကြည့်ရတာ, ငါ နတ်ဘုရားတန်ခိုးကို သိပ်သည်းနိုင်မယ့် နည်းလမ်းကို စဉ်းစားရတော့ မယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
"မင်းရဲ့ တတိယမြောက် နတ်ဘုရားစွမ်းရည်ကို ဒီအတိုင်း ပြသတာက မင်းအတွက် ပိုကောင်းပါတယ်။" နေသာဧကရာဇ်က ထပ်ပြောသည် ။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ယခုတစ်ခါတော့ သူ မငြင်းတော့ပေ။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အဝေးမှ ပေ ၅၀၀၀ မြင့်သော အင်မော်တယ် တောင်ထိပ်ကို လှည့်ကြည့်လိုက်သည်။
လူတိုင်း အသက်သံကို ထိန်းထားကြသည်။ ချင်ယွင်၏ တတိယမြောက် နတ်ဘုရား စွမ်းရည်ကို သူတို့အားလုံး မြင်ချင်ကြသည်။
နေသာဧကရာဇ်သည်လည်း ဘေးတွင် တိတ်တဆိတ် ရပ်နေ၏။ သူသည် ချင်ယွင်၏ တတိယမြောက် နတ်ဘုရားစွမ်းရည်ကို ကြောက်ရွှံ့သည်ဟု ပြောခဲ့သော်လည်း ချင်ယွင်၏ တတိယမြောက် နတ်ဘုရားစွမ်းရည်နှင့် ပတ်သက်၍မူ အကောင်းမြင်ထားခြင်း မရှိသေးပေ။
ချင်ယွင်၏ အစွမ်းထက်သော နတ်ဘုရားစွမ်းရည်နှစ်ခုကို ဖန်တီးနိုင်ခြင်းကပင် ကောင်းကင်ဘုံကို လွန်စွာ အံတုနေပြီဟု ယူဆနိုင်ပါသည်။ အကယ်၍, ဤတတိယမြောက် နတ်ဘုရားစွမ်းရည်သည် အထူးအစွမ်းထက်နေသည်ဆိုလျှင်, ဤအရာက သူ့အတွက် အနည်းငယ် မဖြစ်နိုင်တော့ပေ။ အမှန်တကယ်ဆို, နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာပင် ဤမျှလောက် ကောင်းကင်ဘုံကို အံတုသည့်ပုံရိပ်ရှိသူမျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။ ထို့ကြောင့်၊ ချင်ယွင်၏တတိယမြောက် နတ်ဘုရားစွမ်းရည်သည် ထိုမျှလောက် အစွမ်းထက်မည် မဟုတ်ဟု သူ ယုံကြည်ထားသည်။
သို့သော်လည်း နေသာဧကရာဇ်သည် ချင်ယွင်အပေါ် အကောင်းမြင်စိတ်မရှိ ဖြစ်နေစဉ်မှာ, ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ သည်။
တခဏအတွင်းမှာ, ကမ္ဘာကြီးတစ်ခုလုံး အဆုံးမရှိ ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြင့် ပြည့်နှက်လာခဲ့ပြီး ကောင်းကင်ကြီးက ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။
ချင်ယွင်၏ နောက်တွင် ကြီးမားလှသော နတ်ဆိုးသဏ္ဍာန်ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ဤနတ်ဆိုးသဏ္ဍာန် ပုံရိပ်ကြီးသည် ပေတစ်သောင်းမြင့်မားပြီး၊ သူ၏ဦးခေါင်းက အထက် ကောင်းယံမှာရှိနေကာ ခြေဖဝါးအောက်မှာ မြေပြင်ရှိနေပြီး၊ သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်တပ်နေပါသည်။
နတ်ဆိုးသဏ္ဍာန်ပုံရိပ်ကြီးသည် အတန်ငယ် မှုန်ဝါးနေသော်လည်း ၎င်း၏ မျက်လုံးတစ်စုံ သည် ထူးထူးခြားခြား ကြည်လင်နေသည်။ ၎င်း၏ကြီးမားသော မျက်လုံးနှစ်လုံးသည် လပြည့်ည လမင်းနှစ်စင်းကဲ့သို့ လူတိုင်းကို စိုက်ကြည့်နေပြီး၊ ယင်းက လူတိုင်းကို တုန်လှုပ် ခြောက်ခြားသွားစေသည်။
ဤအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။ ချင်ယွင်၏နောက်မှာ ရပ်နေသည့် နတ်ဆိုးပုံရိပ်ကြီးကို ကြည့်ရင်း သူတို့ခြေထောက်တွေ တုန်နေသည်။
ဟုတ်ပါသည်, ယခုအချိန်မှာ တုန်လှုပ်ဆုံးလူသားက နေသာဧကရာဇ် ဖြစ်ပါသည်။ သူသည် ကောင်းကင်ယံမှ ဧရာမ နတ်ဆိုးပုံရိပ်ကြီးကို လှမ်းကြည့်ရင်း စကားထစ်အစွာ ပြောလိုက်ပါ "ဖ... ဖ ရှင်းရှန်ဒီ, မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။" (ဖ ရှင်းရှန်ဒီ-ကို ကောင်းကင်သစ်နဲ့မြေကြီးဖန်တီးခြင်းဟု တွေ့ရသမျှကို အဆင်ပြောအောင် ပြန်ဆိုထားပါသည်။ နတ်ဘုရားစွမ်းရည်နာမည်များသည် တရုတ်လိုပါနေသည့်အတွက် အနီးစပ်ဆုံးရှာပြီး ပြန်ဆိုထားခြင်းဖြစ်ပါသည်)။