← Chapters

အခန်း ၁၀၉၂

Vol. 73 Ch. 1092

အခန်း ၁၀၉၂

Vol. 73 Ch. 1092

အခန်း (၁၀၉၂) နတ်ဘုရားနန်းတော်လေးခု။

ချင်ယွင် ဆင့်ခေါ်ခဲ့သော နတ်ဆိုးပုံရိပ်ကြီးကြောင့် နေသာဧကရာသည် အမှန်တကယ် ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။

ဤအခိုက်အတန့်တွင်, ချင်ယွင်သည် အလွန်မင်း အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည် များသော ကောင်းကင်နှင့်ကမ္ဘာဖြစ်စဉ် သို့မဟုတ် ၎င်းတို့နှင့် အတိအကျတူညီသည့် နတ်ဘုရားစွမ်းရည်ကို အသုံးပြုနေခြင်း ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ချင်ယွင် ဆင့်ခေါ်ထားသည့် ထိုနတ်ဘုရား စွမ်းရည်သည် နတ်ဘုရား နယ်ပယ် ကျွမ်းကျင် ပညာရှင်များ ဆင့်ခေါ်သည့် စွမ်းရည်လောက် အစွမ်းထက်မည်တော့ မဟုတ်ပေ။

ဘန်း…။

ထိုအချိန်တွင် ချင်ယွင်သည် လှုပ်ရှားသွားသည်။ သူ၏မျက်လုံးများက မီးတောက်မီးလျှံများ ဖြင့် လောင်ကျွမ်းနေပုံရပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများက ကောင်းကင်သို့တိုင် ပျံ့နှံ့နေခဲ့သည်။

ညင်သာသော လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့် သူ၏နောက်ကွယ်မှ နတ်ဆိုးပုံရိပ်ကြီးသည် အလားတူ လုပ်ဆောင်ခဲ့သည်။

အဝေးရှိ ပေ ၅၀၀၀ ရှိသော အင်မော်တယ် တောင်ထိပ်သည် ချင်ယွင်၏ လက်သီးချက် အောက်တွင် ပေါက်ကွဲသွားပြီး၊ မြေပြင်ပေါ်သို့ ပြိုကျလာကာ၊ ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ထိတ်လန့်သွားကြသည်။

အင်မော်တယ် ဧကရာဇ် အများအပြားသည် ပေ ၅၀၀၀ ရှိသော အင်မော်တယ် တောင်ထိပ် ကို ဖြိုခွဲနိုင်သော်လည်း၊ မည်သူမှ သူလောက် ပေါ့ပေါ့ပါးပါး ဖြိုခွဲနိုင်မည် မဟုတ်ပေ။ ထို့အပြင် ချင်ယွင်သည် ယခုအချိန်၌ သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမပြုခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

အကယ်၍ ချင်ယွင်သည် ၎င်း၏ခွန်အား အားလုံးကို အသုံးပြုလိုက်ပါက ပေ ၅၀၀၀ ရှိသော အင်မော်တယ်တောင်ထိပ် မဆိုထားနှင့်၊ ပေ ၅၀၀၀၀ ရှိသော အင်မော်တယ် တောင်ထိပ်ကိုပင် လုံးလုံးလျားလျား ဖြိုခွဲနိုင်ကြောင်း သူတို့ ယုံကြည်ကြသည်၊ အကြောင်းမှာ ချင်ယွင်၏နောက်ကွယ်မှ နတ်ဆိုးသဏ္ဍာန်ပုံရိပ်ကြီးသည် အစွမ်းထက် လွန်းသောကြောင့် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်၏အရှိန်ဟုန် လျော့သွားသည်နှင့် တပြိုင်နက်၊ ဧရာမနတ်ဆိုးပုံရိပ်ကြီးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားကာ ကောင်းကင်ယံ၌ ဖုံးလွှမ်းနေ သော တိမ်စိုင်တိမ်မည်းများသည် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

"စီနီယာ အစ်ကို၊ ကျွန်တော့်ရဲ့ တတိယမြောက် နတ်ဘုရားစွမ်းရည်က ဘယ်လိုလဲ။" ချင်ယွင်က နီသာဧကရာဇ်ကို လှည့်ကြည့်ကာ မေးသည်။ သို့သော် နေသာဧကရာဇ်သည် ဤအခိုက်အတန့်တွင် တုန်လှုပ်နေသည်ကို သူ တွေ့ရှိခဲ့သည်။

"ဘာဖြစ်နေတာလဲ အစ်ကိုကြီး?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

နေသာဧကရာဇ်က ချင်ယွင်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် " ချင်ယွင်, ငါ့ကိုပြောပြပါ၊ မင်း ဒီနတ်ဘုရားစွမ်းရည်ကို မင်းကိုယ်တိုင် နားလည်ခဲ့ပြီး၊ အခြားလူ တစ်ဦးဦးဆီက နားလည်ထားတာ မဟုတ်ဘူးမလား?”။

"ဟုတ်တယ်လေ..။ ဘာဖြစ်လို့လဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

နေသာဧကရာဇ်က အသက်ပြင်းပြင်း ရှူပြီး ပြောသည် "ခုနက ငါ ရေရွတ်လိုက်တဲ့ စကားလုံးတွေကို မင်း သိရဲ့လား?။ သူ့နာမည်အရင်းက ဘာလဲဆိုတာပေါ့"။

ချင်ယွင် ခေါင်းခါလိုက်သည်။

"သူရဲ့နာမည်က ကောင်းကင်သစ်နဲ့မြေကြီးဖန်တီးခြင်း။ ဘုရားနယ်ပယ်မှာ အလွန် အစွမ်းထက်တဲ့ နတ်ဘုရား စွမ်းရည်တစ်ခုပဲ။ ဒါက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်ရဲ့ လျှို့ဝှက် ပညာရပ်တစ်ခုလည်း ဖြစ်တယ်။" တကယ်လို့ သူတို့သာ ဒီနတ်ဘုရားစွမ်းရည် အသုံးပြုတာကို တွေ့ရှိသွားခဲ့ရင်, ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ ခွင့်ပြုချက်မရဘဲ လက်ခံရရှိထားတဲ့ ဘယ်သူမဆို သေချာပေါက် ရက်ရက်စက်စက် သုတ်သင်ခံရလိမ့်မယ်။ ဒါ့ကြောင့်, မင်းအနေနဲ့ အနာဂတ်မှာ နတ်ဘုရားကမ္ဘာကို သွားတဲ့အခါ, မလိုအပ်ဘဲ ဒီနတ်ဘုရားစွမ်းရည်ကို မသုံးမိစေနဲ့။ တကယ်လို့ မင်းအနေနဲ့ အသုံးပြုခဲ့ရင်တောင် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်က မသိရှိစေနဲ့။ မဟုတ်ရင် မင်း အသက်အန္တရာယ် ကြုံရလိမ့်မယ်။” နေသာဧကရာဇ်က လေးနက်စွာ ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အလွန်အံ့သြသွားသည်။ သူက ဝေခွဲမရဖြစ်ဟန် ဖြင့် မေးလိုက်ပါသည် "ဒါပေမယ့် ဒီနတ်ဘုရားစွမ်းရည်ကို အစကတည်းက ကျွန်တော် ကိုယ်တိုင် နားလည်ထားတာ မဟုတ်ဘူးလား?။ ဒါက သူတို့ရဲ့ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ကနေ ကျွန်တော် တိတ်တဆိတ် သင်ယူခဲ့တာ မဟုတ်ဘူးလေ။ ဘာကြောင့် အသုံးမချနိုင်ရတာလဲ"

သို့သော် နေသာဧကရာဇ်က ခေါင်းခါပြီး ပြောသည် "နတ်ဘုရားကမ္ဘာမှာ မင်းရဲ့ရှင်းပြချက် ကို ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး။ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော် က လူတွေက မင်း လျှို့ဝှက်စွာ သင်ယူထားတယ်လို့ ပြောကြမှာပဲ။ ဒါကြောင့် မင်းကိုယ်ပိုင် လုံခြုံမှုအတွက် မင်း အသုံးမပြုရဘူး။”

ချင်ယွင်သည် စိတ်ဓာတ်ကျနေသော်လည်း သူ ခေါင်းညိတ်လိုက်ဆဲ ဖြစ်သည်။

သူသည် အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်မိသော်လည်း နေသာဧကရာဇ်သည် သူ၏ ကောင်းအကျိုးအတွက် လုပ်ဆောင်နေမှန်းသိသောကြောင့် နေသာဧကရာဇ်နှင့် ပြိုင်ငြင်းနေရန် မလိုအပ်ပေ။ ဤအရာက အဓိပ္ပါယ်မဲ့လွန်းသည်။

သို့သော်၊ နတ်ဘုရားကမ္ဘာသည် ဤမျှလွှမ်းမိုးကြီးစိုးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နတ်ဘုရားကမ္ဘာသည် အင်မော်တယ်ကမ္ဘာထက်ပင် ပို၍ရက်စက်ပုံရပြီး၊ ကောင်းကင် တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်သည်လည်း အလွန် အစွမ်းထက်ပုံရသည်။

"စီနီယာ အစ်ကို၊ ဒီကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်က အရမ်းကို အစွမ်းထက်သလား?" ချင်ယွင်က ဆက်မေးသည်။

"အင်မတန် အစွမ်းထက်တာပေါ့။" နေသာဧကရာဇ်က ပြောသည်။

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်အကြောင်း သူပြောသည့်အခါ, သူ၏ မျက်ခုံးများသည် မသိစိတ်နှင့်အတူ တွန့်သွားခဲ့သည်။ ထင်ရှားသည်မှာ, သူသည် ဤအမည်ကို ထုတ်ဖော်ပြထားရုံမျှဖြင့်၊ ယင်းက သူ့ ကိုအနည်းငယ် ကြောက်ရွံ့သွားစေ သည်။

“နတ်ဘုရားကမ္ဘာမှာ အစွမ်းထက်တဲ့ ရှေးဟောင်း အင်အားစုကြီးလေးခု ရှိနေခဲ့တယ်၊” ဒီအင်အားစုကြီးတွေဟာ ဟိုးရှေးခေတ်ကတည်းက တည်ရှိနေခဲ့ကြတာ။ အဲဒီအင်အားစု ကြီးလေးခုကို ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားနန်းတော်လေးခုအဖြစ် ခွဲခြားထားကြ တယ်။ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ဆိုတာက အဲဒီအင်အားစုကြီး လေးခုထဲက တစ်ခုပဲ။ နတ်ဘုရားကမ္ဘာမှာတော့၊ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အားလုံးဟာ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားနန်းတော်လေးခုရဲ့ လက်အောက်ခံအဖြစ် ရွေးချယ်ကြရတယ်။ မဟုတ်ရင် သူတို့ဆန္ဒရှိသလို သတ်ပစ်နိုင်တယ်။ မင်းအနေနဲ့ နတ်ဘုရားနန်းတော်ကြီးလေးခုကို ပူးပေါင်းလိုက်တာနဲ့, ကျင့်ကြံခြင်းအရင်းမြစ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေကို ရရှိနိုင်ပြီး၊ ပိုသန်မာလာလိမ့်မယ်..” နေသာဧကရာဇ်က ပြောပြသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီး သူ၏စိတ်ထဲတွင် နတ်ဘုရားကမ္ဘာ အကြောင်း ကို နက်ရှိုင်းစွာ နားလည်လာခဲ့ပါသည်။

ရှေးဟောင်း နတ်ဘုရားနန်းတော်ကြီးလေးခုက အခြားလူများကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အားမပြဘဲ အသံကောင်းဟစ်ပြနေသလိုပင်။

"ဒါဆို ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်အပြင်၊ ကျန်တဲ့ နတ်ဘုရားနန်းတော် သုံးခုကိုရော ဘယ်လိုခေါ်လဲ?” ချင်ယွင်က မေးလိုက်ပါသည်။

“နတ်ဘုရားနန်းတော်ကြီး လေးခုကတော့ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၊ နတ်ဘုရားကောင်းကင်နန်းတော်နဲ့ ခေါင်းလောင်းလေနတ်ဘုရားနန်းတော်တို့ပဲ။ "လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော် ကတော့ တန်ခိုးအကြီးဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်ဆုံးပဲ။ အဲဒီနောက်မှာ ကောင်းကင် တုန်လှုပ်ခြင်းနတ်ဘုရားနန်းတော်ဖြစ်တယ်။ အဲဒီနောက်မှာတော့ နတ်ဘုရားကောင်းကင် နန်းတော်နဲ့ နောက်ဆုံးကတော့ ခေါင်းလောင်းလေနတ်ဘုရား နန်းတော်တို့ပဲ။ ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ကတော့ များသောအားဖြင့် အင်မော်တယ်ကမ္ဘာက နေ နတ်ဘုရားကမ္ဘာထဲကို ၀င်ရောက်လာတဲ့ ဘုရားသခင်အဆင့် ကျွမ်းကျင်သူတွေ ဝင်ရောက်ကြတယ်။ အခြားနတ်ဘုရားနန်းတော်သုံးခုက နတ်ဘုရားကမ္ဘာရဲ့ ဒေသခံ အင်အားစုတွေ ဖြစ်ကြပြီး၊ ငါတို့လို အင်မော်တယ်ကမ္ဘာကနေ ဝင်ရောက်လာတဲ့လူတွေကို လက်ခံကြမှာ မဟုတ်ဘူး။" နေသာဧကရာဇ်က ပြောသည်။ (အချို့နေရာတွေမှာ palace, hall, temple, အသုံးအမျိုးမျိုး ရှိနေကြတဲ့အတွက် အဲဒီသုံးမျိုးထဲက palace ဆိုတဲ့ အသုံးတစ်မျိုးကိုပဲ ယူသုံးပါမည်။

"ဒါဆို စီနီယာ အစ်ကို၊ စီနီယာ အစ်ကိုက ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်များလား..?" ချင်ယွင်က မှန်းဆပြီး ပြောလိုက်သည်။

"မှန်တယ်၊ ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ်အစစ်က ခေါင်းလောင်းလေနတ်ဘုရား နန်းတော် ထဲမှာ ရှိနေတယ်။ တကယ်လို့ မင်း နတ်ဘုရားကမ္ဘာကို ရောက်လာခဲ့ရင်၊ မင်းအနေနဲ့ စမ်းသပ်မူကို ဖြတ်ကျော်စရာမလိုပဲ ခေါင်းလောင်းလေနတ်ဘုရား နန်းတော်ထဲ ဝင်ရောက် နိုင်အောင် ငါ လမ်းပြကူညီပေးနိုင်တယ်။ မင်းရဲ့ အရည်အချင်းတွေနဲ့၊ မင်းက အနှစ် တစ်သောင်းမပြည့်ခင် သေချာပေါက် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်လာမှာကိုတောင် ငါကြောက်မိတယ်။" နေသာဧကရာဇ်က ပြောသည်။

"ဒါဆိုလည်း စီနီယာ အစ်ကိုကို ကျေးဇူးတင်ပါတယ်" ချင်ယွင်င ခေါင်းညိတ်ပြီး သဘောတူလိုက်ပါသည်။

နတ်ဘုရားနန်းတော်ကြီး လေးခုနှင့်ပတ်သက်၍မူ, သူ့အနေဖြင့် မည်သည့်နတ်ဘုရား နန်းတော်က ကောင်းသည်, မည်သည့်နတ်ဘုရားနန်းတော်က ဆိုးသည် မသိသေးသည့် အတွက်၊ ပြင်းထန်သော စိတ်ခံစားချက်များ မရှိသေးသော်လည်း, နေသာဧကရာဇ်၏ ဖိတ်ကြားခြင်းကို သဘောတူထားခြင်းက သူ့အတွက် ဆိုးဝါးမူမရှိနိုင်ချေ။ ထို့အပြင်၊ အခြားသော နတ်ဘုရားနန်းတော်သုံးခုသည် အင်မော်တယ်ကမ္ဘာမှ ရောက်လာကြသည့် အပြင်လူများကို ကြိုဆိုပုံမပေါ်ပေ။

“ဝိညာဉ်နတ်ဘုရားမက ဘယ်နန်းတော်ကလဲဆိုတာ ငါ သိချင်မိတယ်။” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အားလုံးသည် နတ်ဘုရားနန်းတော်ကြီးလေးခုနှင့် ပတ်သက်နေသောကြောင့်၊ ဝိညာဉ်နတ်ဘုရားမသည်လည်း နတ်ဘုရားနန်းတော်ကြီး လေးခုထဲမှ နန်းတော်တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်ရလိမ့်မည်။

"မေ့လိုက်ပါ၊ ငါ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ငါပြန်ရောက်တာနဲ့ သူမကို ကိုယ်တိုင်ကိုကျ မေးလို့မရနိုင်ဘူးလား?" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

အမှန်တကယ်ဆို, နတ်ဘုရားနန်းတော်ကြီးလေးခုထဲတွင် ချင်ယွင်သည် တန်ခိုးအကြီးဆုံး ဖြစ်သည့် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို စိတ်ဝင်စားမှု အရှိဆုံးပင်။

လေဟာနယ်နှင့် အချိန်ဟူသော စကားလုံးများသည် လူတို့အား ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေသည်၊ အကြောင်းမှာ လေဟာနယ်နှင့် အချိန်သည် စကြာဝဠာအတွင်းရှိ ဥပဒေသများတွင် အစွမ်းထက်ဆုံး စွမ်းအားကို အမြဲတမ်း ကိုယ်စားပြုနေသောကြောင့် ဖြစ်ပါသည်။

"ကြည့်ရတာ, ငါ ဘုရားကမ္ဘာကို ဝင်ရောက်နိုင်ဖို့အတွက် ငါ့ရဲ့နတ်ဘုရားတန်ခိုးကို ပေါင်းစည်း သိပ်သည်းနိုင်မယ့် နည်းလမ်းတစ်ခုကို အမှန်တကယ် တွေးတောဖို့ လိုနေပုံရပြီ။" ချင်ယွင်သည် သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး စကြဝဠာ၏ နက်ရှိုင်းသော အရပ်ဆီးသို့ ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားကမ္ဘာ အကြောင်း သူပို၍ သိလာလေ, သူ ပိုပြီး တောင့်တမိလေ ဖြစ်ပါသည်။

သို့သော်၊ နတ်ဘုရားကမ္ဘာကို လူတိုင်း မ၀င်ရောက်နိုင်ပါ။ ပထမဦးစွာ၊ သင်သည် နတ်ဘုရားကမ္ဘာ ဝင်ပေါက်ရှိသို့ ရောက်ရှိရန် ရှေးဟောင်းဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော အရပ်ကို ဖြတ်သန်းရမည် ဖြစ်ပါသည်။ မိမိတို့၏ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားတန်ခိုး ရှိနေသူများသာလျှင်, နတ်ဘုရားကမ္ဘာ၏ အဝင်တံခါးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။

ဤသည်မှာ ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမထံမှ ထပ်မံ သိရှိခဲ့ရသော အချက်အလက် များဖြစ်ပြီး၊ နတ်ဘုရားကမ္ဘာ၏ အဝင်တံခါးပေါက်မှာလည်း အစောင့်များစွာ ရှိနေပါသည်။

ချင်ယွင်၏စိတ်ဝိညာဉ်သည် ရှေးဟောင်းဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသောအရပ်သို့ ဝင်ရောက်သွားစဉ်အချိန်က သူ၏စိတ်ဝိညာဉ်သည် နတ်ဘုရားကမ္ဘာ၏ အစောင့်ကြပ် များကြောင့် တုန်လှုပ်သွားခဲ့သည်။ မဟုတ်လျှင်, ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ် သည် နတ်ဘုရားကမ္ဘာအဝင်တံခါး၏ တန်ခိုးကြောင့် သုတ်သင်ခံရလိမ့်မည်။

တစ်နည်းအားဖြင့် နတ်ဘုရားကမ္ဘာ၏ အစောင့်ကြပ်များသည် ချင်ယွင်၏ ကယ်တင်ရှင်များ ဖြစ်သည်။

"ချင်ယွင်၊ တကယ်တော့, ငါက တခြားရည်ရွယ်ချက်တစ်ခုနဲ့ အင်မော်တယ်ကမ္ဘာကို ရောက်လာခဲ့တာ။ ငါက မင်းအတွက် သီးသန့်လာခဲ့တာပေါ့။" ချင်ယွင်သည် သူ၏ နတ်ဘုရားတန်ခိုးကို ပေါင်းစည်းသိပ်သည်းနိုင်မည့် နည်းလမ်းကို တွေးတောနေစဉ် အနီးနားရှိ နေသာဧကရာဇ်က ထပ်လောင်း ပြောပြန်သည်။

All Chapters