အခန်း ၁၀၉၃
Vol. 73 Ch. 1093
အခန်း (၁၀၉၃) နတ်ဘုရားတန်ခိုးပေါင်းစည်းခြင်း။
"ကျွန်တော့် အတွက်လား..?" ချင်ယွင်သည် နီသာဧကရာဇ်ကို အံ့သြစွာ ကြည့်လိုက်သည်။
"မှန်တယ်၊ မင်းက ငါ့အတွက် တစ်ခုခု လုပ်ပေးစေချင်တယ်" နေသာဧကရာဇ်က ပြန်ဖြေသည်။
"စီနီယာ အစ်ကိုက ကျွန်တော့်ကို ကူညီတောင်းချင်တာလား?" ချင်ယွင် အံ့သြသွားသည်။
နေသာဧကရာဇ်သည် အထွတ်အထိပ် ကြယ်နတ်ဘုရား ကျွမ်းကျင်သူတစ်ပါး ဖြစ်သည်။ သူ့ထက် အဆပေါင်း မရေမတွက်နိုင်အောင် သန်မာပါသည်။ သူက အမှန်တကယ် သူ့ကို အကူအညီ တောင်းချင်နေသည်။ သို့သော်, သူကရော သူ့ကို မည်သည့်အကူညီများ ပေးနိုင်မည်နည်း?။
"ကောင်းပြီ၊ နတ်ဘုရားကမ္ဘာမှာ ရှေးခေတ် လျှို့ဝှက်ဆန်းကြယ်တဲ့ အံ့ဖွယ်နေရာတစ်ခုကို ငါ တွေ့ခဲ့တယ်။ အဲဒီအရာက တန်ခိုးကြီးတဲ့ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်က ချန်ထားခဲ့ပုံရတယ်။ ဒါပေမယ့် ဒီအံ့ဖွယ်နယ်မြေက ကန့်သတ်ချက်တွေ ရှိနေတယ်။ ကြယ်နတ်ဘုရားနယ်ပယ် အောက်က ကျွမ်းကျင်သူတွေပဲ ဝင်လို့ရတယ်။ ငါလည်း ဒီနယ်မြေနဲ့ပတ်သက်ပြီး တစ်ယောက်တည်းဝင်ဖို့ ယုံကြည်မှုမရှိဘူး။ ဒါကြောင့်, မင်းကို ငါ့ကိုယ်ပွားနဲ့ ဝင်စေချင်တယ်။" နေသာဧကရာဇ်က ပြောသည်။
"အယ်။ နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူတွေ အများကြီး ရှိပါတယ်။ စီနီယာ အစ်ကို, စီနီယာအစ်ကိုက ကျွန်တော့်ကို ဘာလို့ ရွေးခဲ့ရတာလဲ?။ နောက်ပြီး၊ ကျွန်တော်က ကျွန်တော့်ရဲ့နတ်ဘုရား တန်ခိုးကို မမွေးဖွားနိုင်သေးဘူးလေ။ ကျွန်တော်က နတ်ဘုရားကမ္ဘာကို ဘယ်လိုဝင်နိုင်မှာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
"မင်း အလောင်းအစားလုပ်ရဲလား…?" နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူတွေ အများကြီး ရှိတာပေါ့။ ဒါပေမယ့် ယုံကြည်လက်ခံရတဲ့ လူက အရမ်းကို နည်းပါလွန်းတယ်။ ဒီရှေးခေတ် အံ့ဖွယ်နယ်မြေက အလွန်အရေးပါပြီး အရေးကြီး လျှို့ဝှက်ချက်တွေ ပါဝင်နေပုံရတယ်။ ဒါကြောင့် ကိုယ်ယုံကြည်စိတ်ချရတဲ့ လူကို ရှာရမယ်လေ။ မင်းရဲ့နတ်ဘုရားတန်ခိုးကို ပေါင်းစည်းသိပ်သည်းဖို့အတွက်လည်း အလျင်လိုစရာ မလိုပါဘူး။ အဲဒီရှေးခေတ် အံ့ဖွယ်နယ်မြေကို တခြားလူ မတွေ့သေးတဲ့ အတွက် ငါ စောင့်နိုင်ပါတယ်" နေသာဧကရာဇ်က ပြောပြသည်။
ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်ပြလိုက်ပါသည်။ နေသာဧကရာဇ်၏ စကားကို ကြားပြီး၊ ချင်ယွင်လည်း ရှေးခေတ် အံ့ဖွယ်နယ်မြေအကြောင်း သိချင်လာခဲ့ပါသည်။
ကြယ်နတ်ဘုရားနယ်ပယ် အထွက်အထိပ်အဆင့်ရှိ နေသာဧကရာဇ်တောင်မှ ဤမျှ တန်ဖိုးထားနေသည့် ရှေးခေတ် အံ့ဖွယ်နယ်မြေသည် လုံးဝ ရိုးရှင်းမည် မဟုတ်ပေ။
"ကောင်းပြီလေ, ကျွန်တော် ကတိပေးတယ်။ ကျွန်တော် နတ်ဘုရားကမ္ဘာကို ရောက်တာနဲ့ အဲဒီကိုသွားဖို့ စီနီယာအစ်ကိုကို သေချာပေါက် လာရှာမယ်" ချင်ယွင်က သဘောတူ ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ဤအရာသည် ကောင်းသည့်အရာဖြစ်သည်။ သူ့အနေဖြင့်ဆို, ထိုအရာသည် အားသားချက် ရော အားနည်းချက်ပါ ရှိနိုင်ပါသည်။ ထို့အပြင်, ဤသတင်းအချက်အလက်များကို မျှဝေလို သည့် ဆန္ဒရှိနေခြင်းကြောင်း နေသာဧကရာဇ်သည် သူ့ကို ယုံကြည်၍ပင် ဖြစ်ပါသည်။
“ကောင်းပြီ၊ ဒါက ငါ့ရဲ့ နတ်ဘုရား ဆက်သွယ်ရေးအဆောင်ပဲ။ မင်း နတ်ဘုရားကမ္ဘာကို ရောက်တဲ့အခါ ငါ့ဆီကို တိုက်ရိုက် သတင်းပို့လိုက်ပါ။ ငါ မင်းကို လာရှာမယ်။ မင်းကို ငါ အမြဲတမ်း စောင့်နေနိုင်ပေမယ့်၊ မင်းအနေနဲ့လည်း မင်းရဲ့ နတ်ဘုရားတန်ခိုးကို အမြန်ဆုံး ပေါင်းစည်းပြီး၊ နတ်ဘုရားကမ္ဘာကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်လာမယ်ဆိုရင် ပိုကောင်းတယ်။ အချိန်အတော်ကြာသွားမယ်ဆို အဲဒီနတ်ဘုရားမှတ်သားထားတဲ့ တည်နေရာ ပေါ်သွားမှာကို ငါ စိုးရိမ်မိတယ်။" နေသာဧကရာဇ်က ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြကာ နေသာဧကရာဇ်၏ ဆက်သွယ်ရေးအဆောင်ကို ယူပြီး ပြုံးကာ ပြောလိုက်သည် "ကြည့်ရတာ, စီနီယာ အစ်ကိုက အစောပိုင်းက ကျွန်တော်နဲ့ လက်ရည်စမ်းဖို့ အကြံပြုတာက ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခုလုပ်တာ ဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား"။
'"မှန်တယ်၊ ငါ့မှာ စမ်းသပ်မယ့်စိတ်ကူး တကယ်ရှိတာပေါ့။ အမှန်တော့၊ ယုံကြည်ထိုက်တဲ့ လူကို ရှာဖို့အပြင် အစွမ်းထက်တဲ့လူကိုလည်း ရှာဖို့လိုတယ်လေ။ ဒီလိုမှမဟုတ်ရင်, အံ့ဖွယ်နယ်မြေထဲ ဝင်သွားရင်တောင်မှ, ငါတို့ ပြန်ထွက်လာတဲ့အခါ အတားဆီးတွေ ရှိလာနိုင်တယ်လေ။ ပြီးတော့ အစောပိုင်းက မင်းပြသခဲ့တဲ့ စွမ်းအားအရ ငါ့ရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ပြီ။ မင်းအနေနဲ့ မင်းရဲ့နတ်ဘုရားတန်ခိုးကို အောင်မြင်စွာ ပေါင်းစည်းနိုင်တာနဲ့ မင်းရဲ့ခွန်အားက အလွန်သန်မာလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။” နေသာဧကရာဇ်က မဆိုင်းမတွ ချီးကျူးလိုက်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ နေသာဧကရာဇ်သည် သူ့အပေါ် ဤမျှ မြင့်မား သော အကဲဖြတ်မှုမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ နတ်ဘုရား စွမ်းရည် သုံးမျိုးကို နားလည်သဘောပေါက်ခြင်းသည် သူ့အား အတော်လေး ထိတ်လန့်သွားပုံရ သည်။
တိုက်ပွဲက ထိုအတိုင်း ပြီးဆုံးသွားခဲ့သည်။ နေသာဧကရာဇ် ထွက်သွားပြီး မကြာမီ ချင်ယွင် လည်း ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ ပြန်သွားခဲ့သည်။
နေသာဧကရာဇ် မထွက်ခွာခင် ချင်ယွင်က နတ်ဘုရားတန်ခိုးကို ပေါင်းစည်းနှင့်ပတ်သက် ၍ မေးမြန်းခဲ့ပြီး၊ ယင်းက ချင်ယွင်ကို နတ်တန်ခိုးအကြောင်း လေးနက်စွာ နားလည်စေခဲ့ပါ သည်။
ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ, ချင်ယွင်၏ ကျင့်ကြံခြင်းခန်းထဲတွင်…။
ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သူ၏နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ရန် ကြိုးစားနေ သည်။
ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှ သူပြန်ရောက်လာပြီးနောက်, နှစ်ဝက်နီးပါး ကုန်ဆုံးသွားခဲပြီ။ ဤနှစ်ဝက်အတွင်း ချင်ယွင်သည် သူ၏နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း ရလာဒ်အားလုံး မအောင်မြင်ခဲ့ပေ။
နတ်ဘုရားတန်ခိုးသည် ကောင်းကင်တာအိုစွမ်းအားနှင့် အင်မော်တယ်စွမ်းအင်တို့ ပေါင်းစပ်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ သို့သော် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲ တွင် မည်သည့် အင်မော်တယ်စွမ်းအင်မှ ရှိမနေခဲ့ပါ။ ရှေးဟောင်း ဖရိုဖရဲစွမ်းအင်သာ ရှိပါသည်။ ထို့ကြောင့် သူသည် နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ရန်မကြိုးခင် ရှေးဟောင်း ဖရိုဖရဲစွမ်းအင်ကို အင်မော်တယ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲရုံသာ တတ်နိုင်ခဲ့ပါသည်။ သို့သော် ခြွင်းချက်မရှိ၊ ၎င်းကြိုးစားမူအားလုံး မအောင်မြင်ခဲ့ပါ။ အကြိမ်တိုင်း ကျရှုံးခဲ့ပါ သည်။
"ဟူး!"
ချင်ယွင်က ညစ်ညမ်းသောလေကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။
မှန်ပါသည်။ သူ ကျရှုံးခဲ့ပြန်ပါပြီ။ ၎င်းသည် သူ၏ ၉၉၉၉ ကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်ခဲ့ပြီး ဖြစ်သော်လည်း ရလာဒ်များအားလုံးသည် ခြွင်းချက်မရှိဘဲ တစ်ခုတည်းသာ ဖြစ်နေခဲ့ပါ သည်။ ကြိုးစားသမျှ အရာအားလုံး မအောင်မြင်ခဲ့ပါဘူး။
"ကြည့်ရသလောက်ဆို, ဝိညာဉ်နတ်ဘုရားမ ပြောခဲ့ဖူးတဲ့အတိုင်း နတ်ဘုရားတန်ခိုး ပေါင်းစပ်ခြင်းက အမှန်တကယ် ခက်ခဲတာပဲ။ ကောင်းကင်တာအို စွမ်းအားနဲ့ အင်မော်တယ် စွမ်းအင်တွေကို ပေါင်းစည်းဖို့က လွယ်ကူတဲ့အလုပ် မဟုတ်လောက်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက်၊ အင်မော်တယ် စွမ်းအင်နှင့် ကောင်းကင် တာအို စွမ်းအားတို့သည် အပြန်အလှန် သီးသန့်ကိုယ်စီ ဖြစ်နေကြကြောင်း သူ တွေ့ရှိခဲ့ သည်။ ၎င်းတို့ကို ထိတွေ့လိုက်သည်နှင့် ချက်ချင်း ပြိုကွဲပြီး လွင့်ပျယ်သွားကြပါသည်။ အကယ်၍, ၎င်းတို့ကို အတင်းအကြပ် ပေါင်းစပ်လိုက်မည်ဆိုလျှင် မအောင်မြင်ရုံသာမက သူ၏ ဒန်တန်ကို ဖျက်ဆီးပစ်လောက်သည့် ပြင်းထန်သော ပေါက်ကွဲမူများပင် ထွက်ပေါ် လာနိုင်ပါသည်။
ထို့အပြင်၊ သူ၏ပေါင်းစပ်မှုသည် အခြားလူများထက် ခြေတစ်လှမ်း ပိုများနေခဲ့ပြီး၊ ၎င်းမှာ ရှေးဟောင်း ဖရိုဖရဲစွမ်းအင်ကို အင်မော်တယ်စွမ်းအင်အဖြစ်သို့ အရင်ဆုံး ပြောင်းလဲရန် ဖြစ်ပါသည်။
ရှေးဟောင်းဖရိုဖရဲ စွမ်းအင်သည် အရာခပ်သိမ်း၏ မိခင်စွမ်းအင်ဖြစ်ပြီး အင်မော်တယ် စွမ်းအင် မွေးဖွားမှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ကို အင်မော်တယ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲနိုင်ဆဲ ဖြစ်သော် လည်း၊ သူသည် နတ်ဘုရားတန်ခိုးနှင့် ပေါင်းစပ်လိုက်သောအခါတွင် အတော်ပင် ပျင်းရိ ငြီးငွေ့ဖွယ် အခြေအနေမျိုး ထွက်ပေါ်လာနေသည်။ (ပေါင်းစပ်သည့်အခါ မည်သည့် အောင်မြင်မူမှ မရရှိခဲ့ပေ။)
"အယ်?"
ရုတ်တရက် ချင်ယွင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ထိုအချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသလိုမျိုး သူ၏စိတ်ထဲတွင် ဝိညာဉ်ရေးအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
"အင်မော်တယ်စွမ်းအင်များ မွေးဖွားခြင်းရဲ့ အခြေခံအုတ်မြစ်လား?။ အရာအားလုံးရဲ့ မိခင်စွမ်းအင်လား?" ချင်ယွင်သည် ထိုစကားကို ထပ်ခါထပ်ခါ ရေရွတ်ပြီး သူ၏ တစ်ကိုယ်လုံး နက်နဲသည့်အတွေးကမ္ဘာထဲ ကျရောက်သွားခဲ့ပါသည်။
မကြာမီပင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး သူ၏မျက်လုံးများ မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
“ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်က အင်မော်တယ်စွမ်းအင်ရဲ့ အခြေခံ အုတ်မြစ် ဖြစ်နေမှ တော့၊ ဖရိုဖရဲစွမ်းအင်ကိုလည်း ကောင်းကင်တာအိုရဲ့စွမ်းအားနဲ့ ဘာလို့ မပေါင်းစပ်နိုင်ရ မှာလဲ?။ တိုက်ရိုက်ပြောရရင်, နတ်ဘုရားတန်ခိုးဆိုတာက ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဉပဒေသစွမ်းအင်ကို ပေါင်းစပ်ခြင်းပဲလေ။ အခုချိန်မှာ ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားက ရှေးဟောင်းဖရိုဖရဲ စွမ်းအင်ဖြစ်နေမှတော့, ငါ ဘာလို့ ဒီထက်ပိုပြီး မလျှောက်လှမ်းနိုင်ရမှာလဲ?" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောသည်။
သူပြောပြီးသည်နှင့် သူသည် တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ကြိုးစားလာသည်။
သူသည် ကောင်းကင်တာအို စွမ်းအားကို ရှေးဟောင်းဖရိုဖရဲစွမ်းအင်နှင့် ပေါင်းစပ်ရန် အတင့်ရဲစွာ ကြိုးပမ်းကြည့်ချင်လာမိသည်။ (ရှေးဟောင်းဖရိုဖရဲစွမ်းအင်ကို အင်မော်တယ် စွမ်းအင်အဖြစ် မပြောင်းလဲတော့ဘဲ တိုက်ရိုက်ပေါင်းစပ်ချင်သည်ဟူ)။
ဘန်း….။
ချင်ယွင်သည် မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး သူ၏စိတ်သည် ချက်ချင်းပင် ဆေးပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ချင်ယွင်၏ ဆေးပင်လယ်ဟူသည်သည် ကနဦးစကြဝဠာနှင့် ဆက်သွယ်ထားသော လေဟာနယ် လမ်းကြောင်း တစ်ခုမျှသာ ဖြစ်ပါသည်။ ကနဦးစကြဝဠာသည် သူ၏ ဒန်တန်တွင် တည်ရှိနေသည်ဟု မဆိုလိုပါ။ ချင်ယွင်၏ ဆေးပင်လယ်သည် အခြားသူများ နှင့် ခြားနားခြင်းမရှိပေ။
ချင်ယွင်၏ ဆေးပင်လယ်၏ နက်ရှိုင်းသောအရပ်မှာ တွင်းနက်ကြီးတစ်ခု ရှိနေပါသည်။ ထိုတွင်းနက်ကြီးသည် ကနဦးစကြဝဠာနှင့် ဆက်သွယ်ပေးထားသော တံတားဖြစ်ပါသည်။
ရလာဒ်အနေဖြင့် ချင်ယွင်၏စိတ်သည် တစ်ချက်လှုပ်ရှားသွားပြီး တွင်းနက်ကြီးထဲမှ ထူထပ်သော ရှေးဟောင်း ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာကာ ဆေးပင်လယ်ထဲတွင် ပေါ်လာသည်။
ထိုနောက် ချင်ယွင်သည် ကောင်းကင်တာအို၏ စွမ်းအားကို စတင် စုဆောင်းခဲ့သည်။ လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာအို စွမ်းအား တစွန်းတစသည် သူ၏ ဆေးပင်လယ်ထဲတွင် ပေါ်လာခဲ့ပါသည်။
ဤအရာသည် ကြိုးစားကြည့်ရုံသက်သက်မျှသာ ဖြစ်သောကြောင့်၊ သူသည် ကောင်းကင် တာအိုစွမ်းအား အားလုံးကို တစ်ပြိုင်နက်တည်း မစုစည်းရဲခဲ့ပေ။ သူသည် ကောင်းကင် တာအိုစွမ်းအားတစ်ခုနှင့်သာ ပေါင်းစည်းခဲ့ပါသည်။ ယခုလိုနည်းလမ်းဖြင့် အောင်မြင်ရန် အခွင့်အလမ်းက အများကြီး ပိုများပါသည်။ ဤသည်မှာ ချင်ယွင်သည် အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှ နားလည်လာခဲ့ခြင်း ဖြစ်ပါသည်။
"ငါ အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလားဆိုတာ ဒီအပေါ်မှာပဲ မူတည်တယ်။" ချင်ယွင်၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။
သူသည် မဆိုင်းမတွပင် ထိုစွမ်းအားနှစ်ရပ်ကို အချင်းချင်း ချဉ်းကပ်ပေးရန် စတင် ထိန်းချုပ်လိုက်သည်။ အစပိုင်းတွင် စွမ်းအားနှစ်ခုသည် သီးသန့်ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ချင်ယွင်သည် စွမ်းအားနှစ်ခုကို အတူတကွ လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့ပါသည်။
ထို့အပြင်, ချင်ယွင်သည် ထိုစွမ်းအားနှစ်ခုကို ထူးထူးခြားခြား ပေါင်းစပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။
စိမ်းပြာရွှေရောင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစွန်းတစသည် သူ၏ခန္ဓာကိုယ် အတွင်း၌ ပေါက်ဖွားလာခဲ့ပြီး တုနှိုင်းမရလောက်အောင် ပြင်းထန်သော နတ်ဘုရားတန်ခိုး အတက်အကျလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
"အောင်မြင်မှုလား…" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာသော စိမ်းပြာ ရွှေရောင် နတ်ဘုရားတန်ခိုးကို ကြည့်ပြီး အလွန်ပျော်ရွှင်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိပါသည်။