အခန်း ၁၀၉၄
Vol. 73 Ch. 1094
အခန်း (၁၀၉၄) နတ်ဘုရားတန်ခိုး၏ စွမ်းအား
ဝှီး…..။
အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် ကောင်းကင်ဘုံနှင်းမြင့်မြတ်နယ်မြေရှိ အင်မော်တယ် တောင်တစ်ခု၏ ရှေ့တွင် ပေါ်လာသည်။
သူ၏ရှေ့မှ အင်မော်တယ်တောင်ကြီးကို ကြည့်လိုက်ရင်း၊ သူ၏အကြည့်များသည် ရုတ်တရက် ပြင်းထန်လာခဲ့သည်။
"ဒီစိမ်းပြာရွှေရောင် နတ်ဘုရားတန်ခိုးက ဘယ်လောက် အစွမ်းထက်လဲဆိုတာ စမ်းသပ် ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သူ၏ခန္ဓာကိုယ်အတွင်း၌ မွေးဖွားလာခဲ့သည့် စိမ်းပြာရွှေရောင် နတ်ဘုရားတန်ခိုးကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
"ဟစ်!"
ချင်ယွင်သည် သူ၏လက်ကို ဆေဘာအဖြစ် အသုံးပြုပြီး စိမ်းပြာရွှေရောင် နတ်ဘုရား တန်ခိုးသည် ပေတစ်ရာရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအလင်း အဖြစ်သို့ ပြောင်းလဲကာ ချက်ချင်းဆိုသလိုပင် ပျံထွက်သွားလေသည်။
"ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံး တုန်ခါသွားသည်။
ပေသုံးထောင်မြင့်သော အင်မော်တယ်တောင်ထိပ်သည် ချက်ချင်းပင် တစ်ဝက်စီ ကွဲသွားခဲ့ သည်။ ထိုမျှသာမကဘဲ မြေပြင်ပေါ်တွင် ကီလိုမီတာ တစ်သောင်းခန့် ရှည်လျားသော လျှိုမြောင်းကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။
"ကောင်းလိုက်တာ..... ဘယ်လောက်တောင်မှ ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအား လဲ။" ချင်ယွင်သည် အဝေးမှ အဆုံးမရှိသော လျှိုမြောင်နက်ကြီးကို လှမ်းကြည့်ကာ အံသြသွားသည်။
"ဒါက နတ်ဘုရားတန်ခိုးလား?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုဖြင့် သူ့ကိုယ်သူ အသံထွက်ရေရွတ်နေသည်။
"မဟုတ်ဘူး၊ ဒါက သေချာပေါက် သာမာန် နတ်ဘုရားတန်ခိုး မဟုတ်ဘူး။ ဒါက နတ်ဘုရား တန်ခိုးထက် ပိုပြီးအစွမ်းထက်တယ်လို့ ဆိုရလိမ့်မယ်။ လေစွမ်းရည် နတ်ဘုရားတန်ခိုးကို အရင်က ငါမြင်ဖူးခဲ့တာပဲ။ အဲဒီတန်ခိုးအစွမ်းက ဒီလောက် ကြောက်စရာမကောင်းတာ သေချာပါတယ်။" ချင်ယွင်က သူ့ကိုယ်သူ အလျင်အမြန် ငြင်းလိုက်သည်။
လွန်ခဲ့သည့်အချိန်တုန်းက သူသည် ဆုဟန်ယုကို သတ်ဖြတ်ခဲ့ပြီး၊ သူရရှိခဲ့သော တံဆိပ်ပြားမှ လေစွမ်းရည် နတ်ဘုရားတန်ခိုးကို ရရှိခဲ့သည်။ ထိုနတ်ဘုရား၏ တန်ခိုးသည် အစိမ်းဖျော့ဖျော့ရောင် ဖြစ်သည်။
သို့သော် ချင်ယွင်နှင့် ပေါင်းစပ်ထားသော နတ်ဘုရားတန်ခိုးသည် စိမ်းပြာရွှေရောင်ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
"ကြည့်ရတာ, ဒါက ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ကြောင့် ဖြစ်သင့်တယ်။ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်က အင်မော်တယ်စွမ်းအင်ထက် အများကြီး မြင့်မားတယ်။ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်နဲ့ ပေါင်းစပ်ထားတဲ့ ကောင်းကင်တာအိုရဲ့ စွမ်းအားကလည်း သာမန် နတ်ဘုရားတန်ခိုးထက် ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးကို သဘာဝအတိုင်း ထုတ်လုပ်ပေးလိမ့်မယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မှန်းဆကာ သူ၏မျက်လုံးများ သည် အနှိုင်းမဲ့ ပူပြင်းသော အလင်းတန်းများ ထွက်ပေါ်လာသည်။
ယခု သူသည် နတ်ဘုရားတန်ခိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သဖြင့်၊ သူသည် နတ်ဘုရားတန်ခိုးကို ဆက်လက်စုဆောင်းပြီး သူ၏ နတ်ဘုရားခန္ဓာကို သန့်စင်နိုင်သရွေ့၊ သူသည် ကြယ်နတ်ဘုရားနယ်ပယ်သို့ လုံးလုံးလျားလျား တက်လှမ်းနိုင်မည် ဖြစ်ပါသည်။
"ဟား…၊ ဟား…..၊ ဒီနေ့ကစပြီး ငါက နတ်ဘုရားတစ်ပိုင်းလည်း ဖြစ်သွားပြီကွ" ချင်ယွင် သည် ကောင်းကင်သို့မော့ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ၏နှလုံးသားထဲ တွင် အဆုံးမဲ့ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
"ဝှီး….၊ ဝှီး….”။
ထိုအခိုက်အတန့်တွင် စူးရှသော လေတိုးသံနှစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။
ဝိညာဉ်နတ်ဘုရားမနှင့် ကလေးဧကရာဇ်တို့သည် ချင်ယွင်၏ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာကြသည်။ သူတို့ ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ ချောက်ကြီးကြောင့် တုန်လှုပ် သွားကြသည်။ ထို့နောက် သူတို့သည် ချင်ယွင်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်ကြသည်။
"မင်းက နတ်ဘုရားတန်ခိုးကို ပေါင်းစပ်သွားနိုင်ပြီလား?။" ကလေးဧကရာဇ်သည် ချင်ယွင်ကို ကြည့်ကာ မေးလိုက်သည်။
“အင်း၊ တစ်နှစ်ခွဲလောက် ကြိုးစားပြီးတဲ့နောက် နောက်ဆုံးတော့ အောင်မြင်သွားခဲ့တယ်။" ချင်ယွင်က ပြုံးပြီးပြောသည် ။
ကလေးဧကရာဇ်နှင့် ဝိညာဉ်နတ်ဘုရားမသည် ထိုစကားကို ကြားသောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြားသွားကာ စကားပင် မပြောနိုင်ကြပေ။
တစ်နှစ်ခွဲလား…? နောက်ဆုံးတော့လား….?
ထိုအချိန်တွင်၊ ကလေးဧကရာဇ်နှင့် ဝိညာဉ်နတ်ဘုရားမ နှစ်ပါးစလုံးသည် ချင်ယွင်ကို သတ်ဖြတ်ပစ်ရန် စိတ်အားထက်သန်နေကြသည်။ သာမန် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် အောင်မြင်ရန်အတွက် နှစ်ထောင်ချီ သို့မဟုတ်, အနှစ်တစ်သိန်းလောက် အချိန်ယူရမှာ ဖြစ်ပြီး ပါရမီအရည်အချင်း အရှိဆုံး ကျွမ်းကျင်ပညာရှင်များသည်ပင် ဆယ်နှစ်နီးပါး အချိန်ယူရပေလိမ့်မည်။
သို့သော် ချင်ယွင်သည် သူ၏နတ်ဘုရားတန်ခိုးကို အောင်မြင်စွာ ပေါင်းစပ်ရန် တစ်နှစ်ခွဲသာ အချိန်ယူခဲ့ရပြီး၊ သူ၏လေသံအရ မကျေမနပ် ဖြစ်နေပုံရသည်။ ဤအရာက ဝိညာဉ်နတ်ဘုရားမကို ပြောစရာစကားမဲ့အောင် မည်သို့ မလုပ်နိုင်ဘဲနေမည်နည်း?။
"နင် ဘယ်အမျိုးစား နတ်ဘုရားတန်ခိုးနဲ့ ပေါင်းစပ်ခဲ့တာလဲ?" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို ကြည့်ပြီး မေးသည်။
"အခုလောလောဆယ်မှာ၊ ငါက လေစွမ်းရည် နတ်ဘုရားတန်ခိုးတစ်ခုကာ ပေါင်းစပ်နိုင် သေးပြီး၊ ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာအိုစွမ်းအားနဲ့ပဲ ပေါင်းစပ်ထားနိုင်သေးတယ်။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။ (လေစွမ်းရည် ကောင်းကာင်တာအိုစွမ်းအား သုံးမျိုးရှိသည်ကို ပြန်သတိရပါ)။
ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြီး ပြောသည် "နင့်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို မသန့်သေးနဲ့ဦး။ နင်အနေနဲ့ ပိုပြီးများပြားတဲ့ နတ်ဘုရားတန်ခိုးကို ပေါင်းစည်းဖို့ ကြိုးစား နိုင်တယ်။ အဲဒါက နင့်ရဲ့ အနာဂတ် ကျင့်ကြံမူမှာ အထောက်အကူ ဖြစ်လာလိမ့်မယ်။"
"ကောင်းပြီ..” ချင်ယွင်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ဝိညာဉ်နတ်ဘုရားမ ပြောသည်မှာ မှန်ပေါသည်။ နတ်ဘုရားတန်ခိုးက ပို၍ အားကောင်း လေ၊ သူသန့်စင်မည့် နတ်ဘုရားခန္ဓာကိုယ်ကလည်း ပို၍အားကောင်းလေ ဖြစ်လိမ့်မည်။ အကယ်၊ ချင်ယွင်သာ သူ၏ခန္ဓာကိုယ်ကို လေစွမ်းရည်နတ်ဘုရားတန်ခိုးနှင့် သန့်စင်နိုင်ခဲ့ လျှင်၊ သူ၏ နတ်ဘုရားခန္ဓာကိုယ်က ပို၍ပင် ကြံ့ခိုင်လာပါလိမ့်မည်။
"ကောင်စုတ်လေး၊ မင်းရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှုက ရှေးဟောင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ထဲ ရောက်ရှိသွားပြီလား?" ထိုအချိန်တွင် ကလေးဧကရာဇ်သည် ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ စီနီယာ တွန်ဒီ၊ ကျွန်တော် မကြာသေးခင်ကပဲ ချိုးဖြတ်လိုက်နိုင်တာ။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
ချင်ယွင်သည် သူ၏ရှေ့မှောက်ရှိ ဤကလေးဧကရာဇ်ကို အလွန်လေးစားသည်။
ကလေးဧကရာဇ်သည် ရိုးရှင်းသောလူတစ်ယောက်ဟု သူ မထင်ခဲ့ပေ။ အစကတည်းက ကလေးဧကရာဇ်သည် သူ့ကို လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ကို ပေးနေခဲ့ပြီး သူ၏ ခွန်အားက လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်အောင်ပင်။
သို့သော်၊ ချင်ယွင်သည် လက်ရှိသူနှင့်ယှဉ်ပြိုင်လျှင်ပင် ပြိုင်ဘက်မဟုတ်သေးကြောင်း သေချာသည်။
ကလေးဧကရာဇ်သည် ချင်ယွင်၏စကားကို ကြားသောအခါ သူသည် စကားပြန်မပြောနိုင် ခဲ့ပေ။
ချင်ယွင်၏ တိုးတက်မူအမြန်နှုန်းကြောင့် သူ ထိတ်လန့်သွားရသည်။ အစပိုင်းတွင်, သူသည် သတ္တမအဆင့်ဖြစ်သော ရှေးဟောင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်ရန် သူ့အတွက် အလွန်ခက်ခဲခဲ့သော်လည်း၊ သူ၏ရှေ့ရှိ ချင်ယွင်သည် အချိန်ကောင်းတစ်ခု ကြုံတွေ့ခဲ့ရပုံရပြီး သတ္တမအဆင့်ဖြစ်သော ရှေးဟောင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရှောင်တခင် ဝင်ရောက်သွားခဲ့သည်။
"ကောင်စုတ်လေး..၊ အခု ငါ မင်းကို မေးခွန်းတစ်ခု မေးပါရစေ။ မင်း ငါ့ရဲ့ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ကို ဝင်ဖို့ ဆန္ဒရှိလား" ကလေးဧကရာဇ် သည် ရုတ်တရက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"အယ်။ စီနီယာက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ကလား..?" ချင်ယွင် အံ့သြသွားသည်။ ကလေးဧကရာဇ်သည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဝိညာဉ်နတ်ဘုရားမသည် အနီးနားရှိ ကလေးဧကရာဇ်ကို နက်နက်နဲနဲ ကြည့်ရှုလိုက်သည်။ သူမ၏ လှုပ်ရှားသက်ဝင်နေသော မျက်လုံးများမှတဆင့် အံ့အားသင့်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူမ၏မျက်လုံးများက နိုးကြားသတိထားလာသည်။
"မှန်ပါတယ်၊ ငါက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်က ဖြစ်တယ်။ မင်း ငါ့ရဲ့ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ကို ဝင်ဖို့ ဆန္ဒရှိမရှိ မေးလို့ရမလား?" ကလေးဧကရာဇ်က ထပ်မေးသည်။
ချင်ယွင်သည် မှင်သက်နေခဲ့ပြီး မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။
သို့သော် ထိုအချိန်တွင် အနီးနားရှိ ဝိညာဉ်နတ်ဘုရားမက ရုတ်တရက် ပြောလာခဲ့သည် "ချင်ယွင်၊ ငါလည်း နင့်ကို နတ်ဘုရားကောင်းကင်နန်းတော်ကို ဖိတ်ခေါ်တယ်။ နင် ငါတို့ရဲ့ နတ်ဘုရားကောင်းကင်နန်းတော်ထဲဝင်ဖို့ ဆန္ဒရှိလား။"။
ချင်ယွင်သည် ချက်ချင်းပင် မှင်သက်သွားရပြန်သည်။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ။
ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်မှလွဲ၍ အခြားနတ်ဘုရားနန်းတော်သုံးခုသည် အင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်သူများကို ပုံမှန်အားဖြင့် လက်ခံမည်မဟုတ်ဟု နေသာ ဧကရာဇ်က ပြောခဲ့သည် မဟုတ်ပါလော?။
ထို့အပြင်၊ သူသည် သူ၏နတ်ဘုရာတန်ခိုးကို ပေါင်းစပ်နိုင်ရုံဖြင့် သူ၏ရှေ့မှ ဤလူနှစ်ဦး သည် သူ့ကို ဖိတ်ခေါ်ရန် အလျင်အမြန် လုပ်ဆောင်နေကြပါသည်။ ဤအရာက သူ့ကို လုံးဝ ပြင်ဆင်မှုမရှိ ဖြစ်စေခဲ့သည်။
"ကျေးဇူးတင်ပါတယ်..စီနီယာတို့.... ကျွန်တော်က အခုလောလောဆယ်မှာ နတ်ဘုရား ကမ္ဘာကို မရောက်ဖူးသေးပါဘူး.. နတ်ဘုရားနန်းတော်ကြီးလေးခုနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ကူးမရှိသေးပါဘူး၊ ဆုံးဖြတ်ချက်မချခင် နတ်ဘုရားကမ္ဘာကို ရောက်တဲ့အထိ စောင့်လို့ရမလား?" ချင်ယွင်က သူ၏ရှေ့က လူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"သေချာပေါက် ရတာပေါ့”။
"ကောင်းပြီလေ..”။
ဝိညာဉ်နတ်ဘုရားမနှင့် ကလေးဧကရာဇ်တို့က တစ်ချိန်တည်းတွင် ပြန်ကြားကြသည်။
ထို့နောက် ကလေးဧကရာဇ်သည် နောက်ပြန်လှည့်၍ ထွက်ခွာသွားကာ အင်မော်တယ် ဘုရင်ကြီး၏ အိမ်တော်တွင် ဆက်လက် ကျင့်ကြံနေခဲ့သည်။
နောက်ကွယ်မှ ကျန်ရစ်ခဲ့သော ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို နက်နက်နဲနဲ ကြည့်ကာ "ငါ နတ်ဘုရားကမ္ဘာကို သွားဖို့ အဆင်သင့်ဖြစ်နေပြီ" ဟုဆိုသည်။
"အယ်?" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
"ဒီလောက် မြန်မြန်ကြီး ထွက်သွားမှာလား?။ ဖြစ်နိုင်တာ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်က လုံးဝ ပြန်ကောင်းသွားပြီလား?။" ချင်ယွင်က မေးသည်။
"အင်း…" ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြပြီး အဝေးကို လှမ်းကြည့်သည်။ သူမက ဆက်ပြီး ပြေသည် “အခု ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ပြီးသွားပြီ။ အင်မော်တယ် ကမ္ဘာရဲ့ ဉပဒေသတွေက ငါ့ကို ပယ်ချလာတယ်။ အများဆုံး, ငါ ဒီမှာ တစ်ရက်ပဲ နေနိုင်တော့တယ်။ ဒါကြောင့် ထွက်သွားရမယ်”။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။ ဝိညာဉ်နတ်ဘုရားမ၏ ထွက်ခွာသွားခြင်းသည် ရှရှန်းယုလည်း ထွက်ခွာသွားမည်ဟု ဆိုလိုပါသည်။
"မင်တို့ချင်း ခွဲခွာရတော့မှာဆိုတော့, ငါ နင့်ကို ရှရှန်းယုနဲ့ တွေ့ခွင့်ပေးမယ်။" ဝိညာဉ်နတ်ဘုရားမက ရုတ်တရက် ပြောလာသည်။
ချင်ယွင် အနည်းငယ် မှင်သက်သွားရသည်။ ထို့နောက်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများသည် နူးညံ့ပျော့ပျောင်းလာသည်ကို သူ တွေ့ရှိခဲ့ရသည်။ သူမ၏ ဉာဏ်ရည် ထက်မြက်သော မျက်လုံးတစ်စုံက ချင်ယွင်ကို ချစ်ခြင်းမေတ္တာနှင့်အတူ ပြင်းထန်သော ခံစားချက်ဖြင့် ကြည့်လာသည်။
"ခင်ပွန်း..” ရှရှန်းယုက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး ချင်ယွင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်သွားသည်။
သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အခါတွင် သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားသော်လည်း၊ ရှရှန်းယု၏ ပွေ့ဖက်မှုကြောင့် ဖြစ်ပေါ်လာသော နွေးထွေးမှုထဲတွင် လျင်မြန်စွာ နှစ်မြုပ်သွားခဲ့သည်။
ချင်ယွင်သည် ရှရှန်းယု၏ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး ရှရှန်းယု၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို သတိလက်လွတ် တောင်းဆိုနေမိသည်။
သူသည် သူ၏ပန်းတိုင်ကို ရောက်ရှိနေခဲ့ပြီ။ ဝိညာဉ်နတ်ဘုရားမဒေါသ ထွက်နေလျှင်ပင်၊ သူသည် လွှတ်မပေးတော့ပါဘူး။ သို့ရာတွင်၊ ဝိညာဉ်နတ်ဘုရားမသည် မည်သည့် လှုပ်ရှားမှုမှ မလုပ်ခဲ့ဘဲ အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။