← Chapters

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၄)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၀၉၆) ဘူးသီးခြောက်ဝိုင်ဘူး။

ချင်ယွင်သည် ခန်းမထဲသို့ ဝင်လာပြီး ခန်းမအတွင်းရှိ ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလျက် သူ့ကို ပြုံးကြည့်နေသော အဖြူရောင်သင်္ကန်းဝတ် ငယ်ရွယ်သော ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပါသည်။

"ကျေးဇူးရှင်လေးချင်၊ နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့။ ကျေးဇူးပြုပြီး ထိုင်ပါဦး" အဖြူရောင်သင်္ကန်းဝတ် ဘုန်းတော်ကြီးသည် ချင်ယွင်နှင့် မလှမ်းမကမ်းမှာရှိသည့် ဆုတောင်းဖျာကို ညွှန်ပြပြီး ပြုံးလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် နွေဦးလေပြေ ဖြင့် လွှမ်းခြုံထားပုံရပါသည်။

ထိုအချိန်တွင် ချင်ယွင်သည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော် လိုက်မိပါသည်။ ချန်ကို နောက်ဆုံးအကြိမ် တွေ့စဉ်အခါတုန်းက သူသည် သူ၏ ကျင်ကြံမှု အဆင့်ကို မမြင်နိုင်ခဲ့ပေ။ ယခုတစ်ကြိမ်မှာတော့ သူသည် ရှင်းရှင်းလင်းလင်း မြင်လိုက် ရပြီး၊ အဆုံးမရှိ အံ့သြသွားရပါသည်။ (ကောင်းကင်ရေနန်းတော်သို့ သွားရာလမ်းခရီးမှာ ဆုဟန်ယုနှင့် တိုက်ခိုက်ပြီးနောက် တွေ့ခဲ့ရသည့် ဘုန်းတော်ကြီး ဖြစ်ပါလိမ့်မည်)။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်…။

မှန်ပါတယ်၊ အဲဒါက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပါ။

သူ၏ရှေ့ရှိ ဤငယ်ရွယ်သော ဘုန်းတော်ကြီးသည် အမှန်တကယ် နတ်ဘုရားတစ်ပိုင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့ပြီး၊ ယင်းက ချင်ယွင်အတွက် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်သည် သူ၏ရင်ထဲမှာ အေးစိမ့်သွားသလို ခံစားလိုက်ရပါသည်။ နောက်ဆုံးအကြိမ်တုန်းက အကယ်၍, အဖြူရောင်သင်္ကန်းဝတ် ဘုန်းတော်ကြီးသာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ရှိနေခဲ့လျှင်, သူသည် သံသယမရှိ သေဆုံးသွားရပါလိမ့်မည်။

ချင်ယွင်သည် အဆင့်ဖြတ်ကျော်ပြီးနောက်မှသာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်၏ တန်ခိုးကို ခံစားနိုင်ခြင်း ဖြစ်ပါသည်။

"ဘာလဲ? ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကြောင့် မင်း အံ့သြနေတာလား?"။ ချင်ယွင် အံ့အားသင့်သွားသည်ကို မြင်တော့ လောင်ချန်က တဟားဟား ရယ်ပြီး ပြောလိုက်သည်။

"ခင်ဗျားက တစ်ကယ်ကို နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။" ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးပြီး ဆုတောင်းဖျာပေါ်တွင် ထိုင်လိုက်သည်။

"နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ငါရောက်နေခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ ငါ ကျင့်ကြံနေခဲ့တာ နှစ်ပေါင်း ၉၀၀၀ ကျော်နေပြီလေ။ မင်းက အနှစ်တစ်ရာ မပြည့်သေးပေမယ့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်နေခဲ့ပြီ" ဒါကမှ ငါ့ကို အံ့သြစေတာ။" လောင်ချန်သည် သူ၏မျက်နှာတွင် ပြုံးနေသေးသော်လည်း သူ အလွန်အံ့သြသွားသည်ကိုတော့ ပြောပြရန် မခက်ခဲပါချေ။

"ကျွန်တော့်ကံက အမြဲတမ်း ကောင်းနေတာပဲ။ သိပ်မကြာသေးခင်ကပဲ ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့တာ။ စီနီယာက နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဖြစ်လာတာ ကြာပြီဆိုတော့ စီနီယာလောက် မတော်ပါဘူး။" ချင်ယွင်က လေးလေးစားစား ပြောသည်။

သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ချင်ယွင်သည် ဤချန်သည် မည်မျှအစွမ်းထက်သည်ဟု ခံစားနိုင်သည်။ ဤချန်သည် သူ၏နတ်ဘုရားခန္ဓာကိုယ် သန့်စင်မှုသည် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ရောက်နေပြီဟု သူ မြင်နိုင်သည်။ ထို့ကြောင့် သူ အမှန်တကယ် လှုပ်ရှားလိုပါက ချင်ယွင်သည် သူ့ကို အနိုင်ယူနိုင်သည်ဟု မပြောဝံ့ပေ။

"မင်း ရောက်လာပြီဆိုမှတော့ ဒီအရာလည်း မူလနေရာမှန်ကို ပြန်သွားသင့်ပြီ။" လောင်ချန်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် သူ၏လက်ထဲတွင် ဘူးသီးခြောက်ဝိုင်ဘူး တစ်ခု ပေါ်လာပါသည်။

ဘူးသီးခြောက်ဝိုင်ဘူးကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် ဤဘူးသီးခြောက်ဝိုင်ဘူးနှင့် အလွန်ရင်းနှီးပါသည်။ ယစ်ထုတ်အဘိုးကြီးသည် သူနှင့်အတူ အမြဲတမ်း ယူဆောင်ထားသည့် ဘူးသီးခြောက်ဝိုင်ဘူးဖြစ်ကြောင်း သေချာပါ သည်။ ၎င်းဝိုင်ဘူးသည် သူ၏ခန္ဓာကိုယ်ကနေ မည်သည့်အခါမှ မစွန့်ပယ်ခဲ့ဖူးသော်လည်း အခု အမှန်တကယ်ပင် ဤနေရာကို ရောက်နေခဲ့ပြီ။

ချင်ယွင်သည် ချန်၏လက်မှ ဘူးသီးခြောက်ဝိုင်ဘူးကို ယူလိုက်ရင်း သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်ယောင် ပေါ်လာသည်။ ယစ်ထုတ်အဘိုးကြီးထံမှ အစီအရင်ဝင်္ကပါ ပညာ ရပ်များကို သင်ယူနေသည့် မြင်ကွင်းက သူ၏မျက်လုံးများရှေ့တွင် ထင်မြင်လာခဲ့သည်။

"စီနီယာ, လောင်ချန်၊ ဒီဘူးသီးခြောက်ဝိုင်ဘူးကို ထားခဲ့တဲ့လူက အခု ဘယ်မှာလဲဆိုတာ စီနီယာ မသိဘူးလား?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

လောင်ချန်က ခေါင်းခါပြီး ပြောသည် "အဲဒီတုန်းက သူက ဘူးသီးခြောက်ဝိုင်ဘူးကို ထားရစ်ခဲ့တာ။ သူက ဒီပစ္စည်းကို မင်းကိုပေးလိုက်ဖို့ပဲ ငါ့ကို တောင်းဆိုခဲ့တယ်။ တခြား ဘာမှ မပြောခဲ့ဘူး။ သူ ဘယ်သွားမှန်းလည်း ငါ မသိဘူး။"

ထိုစကားကို ကြားလိုက်ရလျှင်, ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။

ဘူးသီးခြောက်ဝိုင်ဘူးသည် ယစ်ထုတ်အဘိုးကြီး သူနှင့်အတူ သောက်ခဲ့သော ဝိုင်ဘူး ဖြစ်သည်။ သူသည် ထိုဝိုင်ဘူးကို သူ၏ခန္ဓာကိုယ်ကနေ ဘယ်တော့မှ မစွန့်လွတ်ခဲ့ပေ။ အခု ဤဘူးသီးခြောက်ဝိုင်ဘူးကို အဘယ့်ကြောင့် သူ့ကို အပ်ခဲ့ရသနည်း?။ သူကရော ဘယ်ကို သွားနေတာလဲ?”။

ချင်ယွင် ဝေခွဲမရ ဖြစ်သွားပါသည်။ ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုများက သူ့ကို အမြဲတမ်း ဖုံးကွယ်ထားသည်ဟု နောက်ဆုံး သူ ခံစားလိုက်ရသည်။

သူနှင့် ပတ်သက်ဖူးသည့်လူတွေထဲ, ပထမဆုံး သူ၏အမေ မည်သည့်နေရာ ရောက်နေမှန်း သူ မသိပါဘူး။ ထို့နောက် သူ၏အဖေ။ အခုဆို ဆရာသခင်ဖြစ်သည့် ယစ်ထုတ်အဘိုးကြီး တောင် ပျောက်ကွယ်သွားခဲ့ပြီ။ ဤအရာအားလုံးက ထူးဆန်းသည့် ညွှန်ပြချက်ကို ဖြစ်ပေါ်စေသည်။

“မင်း ဘူးသီးခြောက်ဝိုင်ဘူးကို ဘာလို့ ဖွင့်မကြည့်တာလဲ?။ လောင်ချန်က ပြုံးပြုံးလေး ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ဘူးသီးခြောက်ဝိုင်ဘူး၏ သစ်သားအစို့ကို အလျင်စလို ဆွဲထုတ်လိုက်သည်။

"ဘုန်း..”။

ချင်ယွင်သည် သစ်သားအစို့ကို ဆွဲထုတ်လိုက်ပြီးနောက် ၎င်းအထဲမှ ပြင်းထန်သော စုပ်ယူခြင်းစွမ်းအားကို ချက်ချင်း ခံစားလိုက်ရကာ၊ သူသည် တောင့်မခံနိုင်ဖြစ်ပြီး၊ ဘူးသီးခြောက် ဝိုင်ဘူးထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရပါသည်။

ဘူးသီးခြောက်ဝိုင်ဘူးလေးသည် မြေပြင်ပေါ် ပြုတ်ကျသွားပြီး အသံထွက်လာသည်။

လောင်ချန်သည် မတ်တပ်ထရပ်ပြီး ဘူးသီးခြောက်ဝိုင်ဘူးလေးကို ကောက်ကိုင်ကာ ပြုံးလိုက်သည်။ ထို့နောက် ဘူးသီးခြောက်ဝိုင်ဘူးကိုခေါက်ရင်း ပြုံးကာ ပြောလိုက်ပါသည် "အမိတ္တဘ၊ ပြစ်မှားမိပြီ ကျေးဇူးရှင်ချင်၊ ဒီအတွက် ငါ့ကို အပြစ်မတင်နဲ့၊ မင်းရဲ့ ဆရာသခင် က ငါ့ကို ဒီလိုလုပ်ဖို့ အမိန့်ပေးထားတာပါ။ ခဏလောက် နာခံမူရှိရှိနဲ့ အထဲမှာ နေလိုက်ပါ ဦး။ မင်း နားလည်တဲ့အခါ မင်းဘာသာ အပြင်ထွက်နိုင်လိမ့်မယ်"

ထိုစကားကို ပြောပြီးနောက် လောင်ချန်သည် ဘူးသီးခြောက်ဝိုင်ဘူးကို ခါးတွင်ချိတ်ဆွဲကာ ခန်းမထဲမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် စိတ်ဓာတ်ကျလာသည်။ လောင်ချန်ပြောသမျှကို သူ အခုလေးတင် ကြားပြီးပါပြီ။ ထို့ကြောင့် သူသည် သူ၏အကြံအစည်ကို နားလည်နေပါပြီ ။

သို့သော် သူသည် အဖြစ်ပျက်တွေကို နားမလည်နိုင်သေးပါ။ ဤဘူးသီးခြောက် ဝိုင်ဘူးသည် ယစ်ထုတ်အဘိုးကြီးမှဖြစ်ပြီး၊ အတုယောင်မဟုတ်သည်မှာ သေချာပါသည်။ ထို့အပြင်, လောင်ချန်က ဤအရာသည် သူ၏ဆရာသခင်က စီစဉ်ထားခြင်းဟု ပြောနေခဲ့ပါ သည်။

သို့သော် ယစ်ထုတ်အဘိုးကြီးသည် အဘယ်ကြောင့် ဤသို့ပြုမူရသည်ကို သူ နားမလည်ခဲ့ ပေ။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း?။

ချင်ယွင်သည် နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူသည် လှည့်ပတ်ကြည့်ရုံသာ တတ်နိုင်ပါသည်။

လက်ရှိတွင် သူသည် ထူးခြားသော နေရာတစ်ခု၌ ရှိနေသည်ကို သူ တွေ့ရှိခဲ့ရသည်။ ဤနေရာသည် ချောမွတ်သော ကြေးမုံပြင်ကဲ့သို့ နံရံများဖြင့် ဝိုင်းရံထားပြီး၊ ဘူးသီးခြောက် ဝိုင်ဘူးကဲ့သို့ပင်။

"အယ်, ဒီဘူးသီးခြောက်ဝိုင်ဘူးမှာ တကယ်ကို ထူးခြားချက်တစ်ခု ရှိနေတာပဲ။ ငါက ရိုးရိုး ဘူးသီးခြောက်ဝိုင်ဘူးပဲလို့ ထင်ထားခဲ့တာ။" ချင်ယွင်က အံ့သြစွာ မေးခွန်းထုတ်လိုက်မိ သည်။

ထိုအချိန်တုန်းက သူသည် ဤဘူးသီးခြောက်ဝိုင်ဘူးနှင့် ဆော့ကစားခဲ့ဖူးသော်လည်း၊ ထိုဝိုင်ဘူးနှင့် ပတ်သက်ပြီး ထူးဆန်းမူတစ်ခုတစ်လေကိုမျှ သတိမထားမိခဲ့ပါဘူး။ သို့သော်, ဒီနေ့မှာတော့ ဤဘူးသီးခြောက်ဝိုင်ဘူးသည် သူထင်သလို မရိုးရှင်းဘူးဆိုသည်ကို သူ တွေ့ရှိခဲ့ရပါသည်။

"မင်းနဲ့ပတ်သတ်ပြီး ဘာတွေများ ထူးခြားနေလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်၏ အကြည့်များသည် ရုတ်တရက် စူးရှလာပြီး သူ၏ လက်ဖဝါးပေါ်တွင် စိမ်းပြာရွှေရောင် နတ်ဘုရားတန်ခိုး ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်ကို ဓားတစ်ချောင်းကဲ့သို့ အသုံးပြုကာ မှန်ကဲ့သို့ ချောမွတ်နေ သော နံရံကို ခုတ်ထစ်လိုက်သည်။ တခဏအတွင်း၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ချောမွေ့သော နံရံကို ပြင်းထန်စွာ ရိုက်ချိုးပစ်လိုက်သည်။

ကျယ်လောင်သော တုန်ခါအသံများကို ကြားနိုင်ပြီး၊ ကြေးမုံပြင်ကဲ့သို့ ချောမွေ့သော နံရံသည် မပျက်မစီးရှိနေဆဲ ဖြစ်သည်။

"ဘာလဲ?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ သူ နတ်ဘုရား တန်ခိုးကို အသုံးပြု၍ ခုတ်ပိုင်းလိုက်သော လက်ဖဝါးဓားသည် မိုင်တစ်သောင်း ရှည်လျားသော ကောင်းကင်ဘုံမြောင်းနက်ကြီးပင် ပွင့်ထွက်ဖြစ်ပေါ်လာစေသော်လည်း၊ ယခုအခါ ဝိုင်ဘူးသီးခြောက်အတွင်းရှိ နံရံများကို ဖြိုခွဲ၍ မဖွင့်လှစ်နိုင်ခဲ့ပေ။ ဤအရာက ချင်ယွင်ကို မယုံနိုင်လောက်အောင်ပင် ခံစားရစေသည်။

"ဒီဘူးသီးခြောက်ဝိုင်ဘူးက နတ်ဘုရားပစ္စည်း မဖြစ်သင့်ဘူး မဟုတ်လား?" ချင်ယွင်သည် သူ၏စိတ်ထဲမှတွင် မှန်းဆလိုက်သည်။

ယခုအချိန်တွင်၊ သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်သည့် တစ်ခုတည်းသောအရာမှာ နတ်ဘုရားများ၏ ပစ္စည်းများသာ ဖြစ်နိုင်ပါသည်။

နတ်ဘုရားပစ္စည်းများ အားလုံးကို နတ်ဘုရားတန်ခိုးဖြင့် ပြုစုပျိုးထောင်ထားပြီး၊ ၎င်းတို့၏ တန်ခိုးသည် အနှိုင်းမဲ့ ကြီးမားလှသည်။ သာမာန်နတ်ဘုရား ပစ္စည်းများပင်လျှင် ရှေးဟောင်း ဖရိုဖရဲရတနာများထက်ပင် အစွမ်းထက်လှသည်။

သေချာသည်မှာ, ထိုဖရိုဖရဲရတနာများသည် နတ်ဘုရားတန်ခိုးဖြင့် မည်သည့်အခါမှ ပြုစုပျိုးထောင်ပေးခြင်း မခံရသော ရှေးဟောင်း ဖရိုဖရဲရတနာများ ဖြစ်ပါသည်။ အကယ်၍, ၎င်းတို့ကို နတ်ဘုရားတန်ခိုးဖြင့် ပြုစုပျိုးထောင်ခဲ့လျှင် ၎င်းတို့၏ တန်ခိုးသည် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။ (ဟိုရှေ့မှာတုန်းက သူတော်စင်ပစ္စည်းဟု သုံးနှုန်းခဲ့ပါ သည်။ ယခုအချိန်မှစ၍ နတ်ဘုရားပစ္စည်းဟုသာ သုံးနှုန်းပါတော့မည်။)

ယခုအချိန်တွင်၊ ချင်ယွင်သည် ဤဘူးသီးခြောက်ဝိုင်ဘူးသည် နတ်ဘုရားများ၏ လက်ရာတစ်ခုဖြစ်ကြောင်း သေချာလုနီးပါးပင်။

"ယစ်ထုတ်အဘိုးကြီး၊ ခင်ဗျားက ဘာလိုချင်တာလဲ?။" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏အသံက နေရာအနှံ့ ပဲ့တင်ထပ်နေသည်။

ဘန်း…။

ထိုအခိုက်အတန့်တွင် လေထုထဲမှ အဖြူရောင်မီးခိုးငွေ့များ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ချင်ယွင်နှင့် မနီးမဝေးမှာ ရုပ်အသွင်တစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။

ဤသည်မှာ အနည်းငယ် ရုပ်ဆိုးသော အသွင်အပြင်ဖြင့် ညစ်ညမ်းသော အဖိုးအိုတစ်ဦး ဖြစ်သည်။

သို့သော် ချင်ယွင်က သူ၏မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်သော အမူအရာဖြင့် အဖိုးအိုကို ကြည့်နေသည်။

အကြောင်းမှာ ဤအဘိုးအိုသည် သူရှာနေသည့် ယစ်ထုတ်အဘိုးကြီးမှတပါး အခြားလူ မဟုတ်သောကြောင့်ပင်။

"ဆရာကြီး၊ နောက်ဆုံးတော့ ပြန်တွေ့ရပြီပေါ့" ချင်ယွင်သည် အလွန် အံ့သြသွားဟန် အမူအရာကို ထုတ်ဖော်လာပြီး သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ယစ်ထုတ်အဘိုးကြီးသည် သူ၏မျက်နှာပေါ်တွင် ကြင်နာသော အမူအရာဖြင့် ပြုံးပြသည်။

All Chapters