အခန်း ၁၀၉၈
Vol. 74 Ch. 1098
အခန်း (၁၀၉၈) အကန့်အသတ်မဲ့ဆန္ဒ။
ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး၊ သူ့မျက်လုံးများ၏ ရှေ့မှာ ရှိနေသော ရှေးဟောင်း ဖရိုဖရဲစွမ်းအင်များအတွင်းရှိ အရာရာတိုင်းသည် လျင်မြန်စွာ ပြောင်းလဲလာပါသည်။
ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းတွင် ပါရှိသည့် သိမ်မွေ့နက်ရှိုင်းသော သဘောတရားများကို သူ ခံစားရပြီး သူ၏စိတ်သည် ကောင်းကင်ဘုံအစွမ်း အစီအရင် ဝင်္ကပါပုံကြမ်းတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။
ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်သရွေ့, သူသည် ဘိုးဘေးနတ်ဘုရားထက် သာလွန်နိုင်မည်ဟု ယစ်ထုတ်အဘိုးကြီးသည် အဘယ်ကြောင့် ဆိုရသနည်းဆိုသည်ကို နောက်ဆုံးတွင် သူ နားလည်လာပါသည်။
ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းဟုခေါ်သည့် ဤစီအရင်ဝင်္ကပါသည် စကြဝဠာတစ်ခုလုံး၏ အဆုံးစွန်သော လျှို့ဝှက်ဆန်းကြယ်သောအရာများ ပါဝင်နေသည့် စကြာဝဠာတစ်ခုလုံး၏ ဆင့်ကဲဖြစ်စဉ် ဖြစ်ပါသည်။
ဘိုးဘေးနတ်ဘုရားကို လွှမ်းမိုးနိုင်ခြင်းကို စကားထဲပင် ထည့်ပြောစရာမလိုပါချေ။ ၎င်းသည် ကောင်းကင်ဘုံတန်ခိုးအစွမ်းနှင့် နှိုင်းယှဉ်နိုင်ကာ စကြာဝဠာအသစ်ကိုပင် ဖန်တီးနိုင်ပါသည်။
သို့သော်လည်း စကြဝဠာတစ်ခုလုံးကို အမှန်တကယ် နားလည်သဘောပေါက်နိုင်သူ အနည်းငယ်သာ ရှိပါသေးသည်။ ချင်ယွင်၏ ကနဦးစကြဝဠာကို ဖန်တီးနိုင်သော စွမ်းရည် သည်လည်း မိုးပြာဧကရာဇ်အထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း, ၎င်းသည် စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်အမှန်တရားကို သူကိုယ်တိုင် နားလည် သဘောပေါက်ရန် လိုအပ်နေပါသေးသည်။
ချင်ယွင်၏ စိတ်သည် ထိုအစီအရင်ထဲမှာပင် စူးစူးစိုက်စိုက် အာရုံစိုက်နေခဲ့သည်။ စကြာဝဠာကြီးသည် သူ၏ရှေ့တွင် အဆက်မပြတ် ပြောင်းလဲနေသည်။ နဂါးငွေ့တန်း ဖွဲ့စည်းခြင်းမှတဆင့် ကြယ်များ ပြောင်းလဲဖွဲ့တည်လာသည်အထိ အရာအားလုံးသည် သူ၏မျက်လုံးများရှေ့တွင် တဖျပ်ဖျပ် ဖြစ်ပေါ်ပြောင်းလဲနေခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံတွင်ရှိသော ကြယ်များ၏ပြောင်းလဲမှုများကို ဂရုတစိုက် ကြည့်ရှုပြီး ၎င်းတို့တွင်ပါရှိသော ဥပဒေသများကို နားလည်သဘောပေါက်သွားခဲ့သည်။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ချင်ယွင်သည် တရားထိုင်နေသလို လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေပါသည်။
ထိုပုံစံမျိုးဖြင့် အချိန်တစ်လလုံးလုံး ကုန်ဆုံးသွားခဲ့သည်။
လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက် သည်။
သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်လာခဲ့ပြီး မျက်လုံးတစ်စုံသည် သိပ်သည်းသော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။
"မျှော်လင့်ထားသလိုပဲ၊ ငါ အရင်က သတ်မှတ်ထားတဲ့ နယ်ပယ်ကြီးလေးခုက မှန်ကန်နေ တာပဲ။ အကန့်အသတ်မဲ့နယ်ပယ်ကနေ ထိုက်ကျိနယ်ပယ်၊ ထို့နောက် ယင်ယန်နယ်ပယ်၊ နောက်ဆုံး အနန္တနယ်ပယ်အထိ၊ နောက်ဆုံးမှာတော့ စကြာဝဠာကြီးက ပြီးပြည့်စုံသွားပြီ။ ဒီကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းမှာပါတဲ့ စကြာဝဠာရဲ့ လျှို့ဝှက်နက်နဲတဲ့ အရာမှန်သမျှက ဒီစည်းမျဉ်းအတိုင်း လိုက်လုပ်လုပ်ဆောင်ရတယ်။" ချင်ယွင်၏ မျက်နှာ သည် ရွှင်လန်းမှုအပြည့် ဖြစ်နေပါသည်။
ဤအချိန်ကုန်ခံ ကျင့်ကြံခြင်းဖြင့်၊ သူသည် ကျင့်ကြံရန် လိုအပ်သော နောက်ထပ် နယ်ပယ် များမှာ အကန့်အသတ်မဲ့နယ်ပယ်၊ ထိုက်ကျိနယ်ပယ် ယင်ယန်နယ်ပယ်နှင့် အနန္တနယ်ပယ် တို့ဖြစ်ပြီး စကြာဝဠာ၏ ဆင့်ကဲဖြစ်စဉ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်စေမည့် နယ်ပယ်တစ်ခု ဖြစ်ကြောင်း အခြေခံအားဖြင့် သူ သေချာပေါက် သိရှိလာခဲ့သည်။
ဟုတ်ပါသည်။ ဤအရာက သူ၏ ရိတ်သိမ်းမှု အစစ်အမှန် မဟုတ်ခဲ့ပါဘူး။ အစစ်အမှန် ရိတ်သိမ်းမှုက သူသည် အကန့်အသတ်မဲ့ဆန္ဒကို အခြေခံအားဖြင့် နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်ပါသည်။
ဘန်း…။
အတွေးတစ်ချက်ဖြင့် ချင်ယွင်၏စိတ်သည် သူ့ကိုယ်ပိုင် စကြာဝဠာတွင် ပေါ်လာသည်။
ကနဦးစကြာဝဠာသည် ဖရိုဖရဲဖြစ်နေပြီး လေဟာနယ်တစ်ခုလုံးသည် အဆုံးမဲ့ ဖရိုဖရဲ စွမ်းအင်များဖြင့် ပြည့်နေပါသည်။ အားလုံးက ပရမ်းပတာ အခြေအနေမှာ ရှိနေတုန်းပင်။
ချင်ယွင်သည် မှုန်ဝါးဝါးဖြစ်နေသည့် ပရမ်းပတာ အခြေအနေကို ကြည့်ပြီး သူ၏မျက်လုံးများသည် အဆုံးမဲ့ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
အကန့်အသတ်မဲ့ဆန္ဒဟု ခေါ်သည့်အရာသည် တာအို ဖြစ်သည်။
တာအိုသည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်း၏ အစလည်း ဖြစ်သည်။
တာအိုကို လုံးလုံးလျားလျား ဖွဲ့စည်းထားမှသာလျှင် သူ၏စကြဝဠာသည် ထိုက်ကျိ နယ်ပယ်သို့ ချောမွေ့စွာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။
ဘန်း…။
ချင်ယွင်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော လှိုင်းလုံးကြီး သည် ကနဦးစကြာဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ထို့နောက်တွင် ကနဦးစကြာဝဠာကြီးသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ ဖရိုဖရဲ စွမ်းအင်များ သည် လေဟာနယ်ထဲတွင် ကြယ်ငယ်လေးများအဖြစ်သို့ စုစည်းလာခဲ့သည်။
မရေမတွက်နိုင်သောကြယ်များ မွေးဖွားလာခဲ့ပြီး၊ နဂါးငွေ့တန်းများအဖြစ်သို့ တဖြည်းဖြည်း ပေါင်းစည်းလာကြသည်။ အရာအားလုံးသည် အထူးဥပဒေသနှင့်အညီ ဆောင်ရွက်နေကြပါသည်။
ဘန်း…။
ထိုအခိုက်တန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းအလွှာဖြင့် ဖုံးလွှမ်သွားပုံရသည်။
သူ၏ဆဲလ်များရှိ အင်မော်တယ် စိတ်ဝိညာဉ်များသည် လျှင်မြန်စွာ ပြောင်းလဲနေပါသည်။ တိုတောင်းလှသော အခိုက်အတန့်လေးမှာပင်၊ ၎င်းတို့သည် အင်မော်တယ် စိတ်ဝိညာဉ် များအဖြစ်မှ နတ်ဘုရားစိတ်ဝိညာဉ်များအဖြစ်သို့ လုံးဝ ပြောင်းလဲသွားကြပါသည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူသည် အလွန့်လွန် ပျော်ရွှင်နေသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
သူသည် နတ်ဘုရားတန်ခိုးကို မွေးဖွားပေးထားပြီး ဖြစ်သော်လည်း၊ သူ၏ စိတ်ဝိညာဉ်နှင့် နတ်ဘုရားခန္ဓာကိုယ် နှစ်ခုစလုံးသည် ရှည်လျားလှသော အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို လိုအပ်နေပါသည်။
မူလက သူ၏ ကျင့်ကြံမှုအမြန်နှုန်းအရ၊ သူ၏ အင်မော်တယ်စိတ်ဝိညာဉ်များကို နတ်ဘုရား စိတ်ဝိညာဉ်များအဖြစ်သို့ လုံးဝ ပြောင်းလဲသွားရန် အနည်းဆုံး ဆယ်နှစ်ကြာမည် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် အကန့်အသတ်မဲ့ဆန္ဒကို နားလည်ခဲ့ပြီး၊ သူ၏ စိတ်ဝိညာဉ်များကို တိုက်ရိုက် အဆင့်မြှင့်တင်နိုင်ခဲ့သည်။
"ဒါက နတ်ဘုရားစိတ်ဝိညာဉ်ပဲလား။ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ခံစားမှုမျိုး လဲ?။" ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ရုတ်တရက် အလွန်အစွမ်းထက်လာ သည်ကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် ဘူးသီးခြောက်ဝိုင်ဘူး ကမ္ဘာကြီးသည် ယခင်နှင့်မတူတော့ပါ။ ဘူးသီးခြောက်ဝိုင်ဘူး ကမ္ဘာကြီး၏ မှန်နံရံများကို ဖုံးအုပ်ထားသော မမြင်နိုင်သည့် အစွမ်းထက် အစီအရင်ဝင်္ကပါတစ်ခု ရှိနေကြောင်းကို ချင်ယွင်သည် ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါပြီ။ ထိုအစီအရင်ဝင်္ကပါကြောင့် အစောပိုင်းက သူ၏တိုက်ခိုက်မှုများသည် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ဟု အတိအကျ ပြောနိုင်ပါသည်။
"ကြည့်ရတာ ဆရာသခင် ယစ်ထုတ်အဘိုးကြီး ပြောခဲ့သလို ဖြစ်နေပုံပဲ။ ဒီအစီအရင်ဝင်္ကပါ ရဲ့ တစ်ထောင်ပုံတစ်ပုံကို ငါနားလည်နိုင်တာနဲ့ ဒီနေရာကနေ ထွက်သွားနိုင်မှာပဲ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ဘူးသီးခြောက်ဝိုင်ဘူး ကမ္ဘာကြီး၏ ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါထဲတွင် အကန့်အသတ်မဲ့ ထိုးထွင်းသိမြင်မှု ပါရှိနေသည်။ အကန့်အသတ်မဲ့ ထိုးထွင်းသိမြင်မှုကို နားမလည်ဘဲ အစီအရင်ဝင်္ကပါကို ထိုးထွင်းသိမြင်ရန် မဖြစ်နိုင်ပေ။ အစီအရင်ဝင်္ကပါကို ထိုးထွင်းမြင်နိုင်မှသာ ဤနေရာမှ လွတ်မြောက်နိုင်ပါလိမ့်မည်။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ မှန်နံရံများကို ဖုံးအုပ်ထားသည့် အစီအရင်ဝင်္ကပါကို ကြည့်လိုက်ပြီး၊ အစီအရင်ဝင်္ကပါသည် ချင်ယွင်၏ရှေ့တွင် အတားအဆီးမရှိ ပေါ်လွင်လာခဲ့ သည်။
ချင်ယွင်သည် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး၊ ဤအစီအရင်ဝင်္ကပါ အားလုံးကို သူ၏စိတ်ထဲ လျင်မြန်စွာ ပုံဖော်လိုက်သည်။
ချင်ယွင်သည် ယခင်က ဤအစီအရင်ဝင်္ကပါ မည်မျှ အစွမ်းထက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း၏ တန်ခိုးအစွမ်းဖြင့်ပင်၊ ဖြတ်ကျော်၍ မရခဲ့ပါဘူး။ ဤအစီအရင်ဝင်္ကပါသည် အမှန်တကယ် အစွမ်းထက်သည်ကို မြင်နိုင်ပါသည်။ ယခုတော့ ၎င်းကို အလွတ်မှတ်သားပြီးသည်နှင့် ၎င်းသည် ဤအရေးကြီးသော အခိုက်အတန့်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
အလွန်လျင်မြန်စွာပင်၊ ချင်ယွင်သည် အစီအရင် ဝင်္ကပါတစ်ခုလုံး၏ အစီအရင် သင်္ကေတ များကို လုံးလုံး မှတ်မိလာခဲ့သည်။ သူသည် အကန့်သတ်မဲ့ဆန္ဒကို အသုံးပြုလိုက်သည်နှင့် ဤအစီအရင်ဝင်္ကပါကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။
"ဒီအစီအရင်ဝင်္ကပါရဲ့ အမည်ရင်းကို ငါမသိပေမယ့်၊ မင်းအတွက် အကန့်သတ်မဲ့ ဆန္ဒကို အသုံးပြုရမှတော့, မင်းကို အကန့်သတ်မဲ့ အစီအရင်ဝင်္ကပါလို့ ခေါ်မယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"အပြင်ထွက်ချိန်ရောက်ပြီ။" ချင်ယွင်သည် အစီအရင်ဝင်္ကပါ တည်ဆောက်ပုံကို ကြည့်လိုက်သည်။
ယခုတော့ သူသည် ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းကို သူ၏စိတ်ထဲတွင် လုံးလုံးလျားလျား မှတ်သားထားပြီးပါပြီ။ အနာဂတ်တွင် သူ လုပ်ဆောင်ရန် လိုအပ်သည် မှာ ၎င်းကို စဉ်ဆက်မပြတ် ထုတ်ယူပြီး နားလည်ဆင်ခြင်ရန် ဖြစ်သည်။
သူ၏ကနဦးစကြဝဠာနှင့် ပတ်သက်၍မူ, စကြဝဠာ၏ကြယ်များသည် အကန့်အသတ်မဲ့ ဆန္ဒ၏ ကန့်သတ်မှုအောက်တွင် လှည့်ပတ်နေပါသည်။ ထိုက်ကျိနယ်ပယ်ထဲ အောင်မြင်စွာ ခြေလှမ်းမချနိုင်ခင် အချိန်တစ်ခုသာ လိုပါလိမ့်မည်။ ထိုအချိန်ရောက်လျှင်, သူ၏ ကနဦး စကြဝဠာသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဝှီး…။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဘူးသီးခြောက်ဝိုင်ဘူး ကမ္ဘာကြီး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် အစီအရင်ဝင်္ကပါကို တိုက်ရိုက် ချိုးဖျက်လိုက်သည်။
အစီအရင်ဝင်္ကပါ ပျက်သွားပါက၊ ထွက်ခွာရန် ပိုမိုလွယ်ကူလိမ့်မည်။
…
ဝိညာဉ်အမိန့် ထုတ်ပြန်ခြင်းခန်းမအတွင်းမှာ လောင်ချန်သည် ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေပါသည်။
"ဘုန်း…။"
ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ သူ၏ခါးမှာချိတ်ဆွဲထားသည့် ဘူးသီးခြောက် ဝိုင်ဘူးပေါ်ရှိ သစ်သားအစို့သည် ပေါက်ကွဲပြီး လွင့်ပျံသွားခဲ့သည် ။
ဘူးသီးခြောက်ဝိုင်ဘူးထဲမှ ပုံရိပ်တစ်ခုသည် ပျံသန်းထွက်လာခဲ့ပြီး၊ ခန်းမထဲတွင် ရု့်အသွင်တစ်ခု ပေါ်လာသည်။
ခန်းမထဲမှာ ပေါ်လာသည့် ရုပ်အသွင်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာက အံ့သြသွားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။
"မင်းက အစီအရင်ဝင်္ကပါကို မြန်မြန်ချိုးဖျက်လိုက်တာလား?။ မင်း အဲဒီအထဲမှာ ဆယ်နှစ်လောက် နေရလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမယ့် အခုမှ တစ်လကျော်လေးပဲ ရှိသေးတာလေ။" လောင်ချန်က ခါးသီးသော အပြုံးဖြင့် ပြောသည်။
"ဆယ်နှစ်ဆိုတာ အရမ်းကို ကြာရှည်လွန်းပါတယ်။ ကျွန်တော် မနေနိုင်ဘူးလေ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
အမှန်တကယ်ဆို ချင်ယွင်သည် တစ်လတာအချိန်သည်ပင် ကြာရှည်လွန်းသည်ဟု ခံစားရပါသည်။
ဤလင်းကြည်တောင်သည် ပြင်ပကမ္ဘာထက် အချိန်ဆယ်ဆ နှေးကွေးပါသည်။ တစ်နည်းဆိုရသော် သူသည် လင်းကြည်တောင်တွင် တစ်လကြာနေထိုင်ခဲ့ပြီး၊ ပြင်ပကမ္ဘာမှာ ဆယ်လကြာသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသည် ဆယ်နှစ်နေလျှင် ပြင်ပကမ္ဘာ၌ အနှစ်တစ်ရာ ဖြစ်နေလိမ့်မည် မဟုတ်ပါလော။
အနှစ်တစ်ရာသည် ကျွမ်းကျင်သူများစွာအတွက် လက်ခုပ်တီးရုံမျှသာ ဖြစ်သော်လည်း ချင်ယွင်အတွက်မူ အနှစ်တစ်ရာသည် ရှည်လျားလွန်းလှ၏။ သူ့အချိန်တွေအားလုံးကို ဒီနေရာမှာ မဖြုန်းတီးချင်ပါဘူး။
သို့သော် ယခုတစ်လအတွင်း, ရိတ်သိမ်းမှုက အလွန်များပြားပါသည်။ အနည်းဆုံး၊ ချင်ယွင်သည် ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းကို ရရှိခဲ့ပြီး၊ စကြဝဠာ၏ အနာဂတ် ဆင့်ကဲဖြစ်စဉ်သည် ပိုမိုချောမွေ့လာမည် ဖြစ်ပါသည်။