အခန်း ၁၀၉၉
Vol. 74 Ch. 1099
အခန်း (၁၀၉၉) ချန်နှင့်တိုက်ခိုက်ခြင်း။
လင်းကြည်တောင်ပေါ်ရှိ ကြီးမားသော ရင်ပြင်တစ်ခုပေါ်တွင် ချင်ယွင်နှင့် ချန်တို့သည် တစ်ဖက်နှင့်တစ်ဖက် ရပ်တည်နေခဲ့သည်။
ဤသည်မှာ ကောင်းကင်ဘုံဓမ္မ ဘုရားကျောင်းရှိ အကြီးဆုံး ကိုယ်ခံပညာလေ့ကျင့်ကွင်း ဖြစ်သည်။ အလွန်ကျယ်ဝန်းပြီး တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။
မြေပြင်ပေါ်ရှိ ကျောက်ပြားချပ်များကို ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ဝင်္ကပါ ပုံစံများဖြင့် ဖုံးအုပ်ထားပြီး၊ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ပွဲများကို ခံနိုင်ရည်ရှိပါသည်။ မြေပြင်သည် ပျက်စီးသွားသော်လည်း အချိန်တိုအတွင်း အလိုအလျောက် ပြန်လည် ပြုပြင်နိုင်ပါသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ တပည့်များစွာတို့သည် ရင်ပြင်ကို ဝန်းရံ ထားကြပြီး၊ သူတို့၏မျက်လုံးများသည် စိတ်အားထက်သန်မူများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံဓမ္မဘုရားကျောင်းသည် ဗုဒ္ဓလမ်းစဉ် ဂိုဏ်းတစ်ခုဖြစ်သော်လည်း တိုက်ခိုက်ခြင်းကို ခွင့်ပြုပေးထားသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ကောင်းကင်ဘုံ ဓမ္မဘုရားကျောင်းသည် တပည့်များအား အချင်းချင်း တိုက်ခိုက်ခြင်းကို အားပေးကြသည်။ တစ်ယောက်နှင့်တစ်ယောက် အသေမသတ်သရွေ့ သူတို့ကြားမှ အချင်းချင်း စိန်ခေါ်မှုများ ကို လုံးဝ ခွင့်ပြုထားပါသည်။
လောင်ချန်၏ရာထူးသည် အမြင့်ဆုံးမဟုတ်သော်လည်း၊ သူသည် သူတို့၏ ကောင်းကင်ဘုံ ဓမ္မဘုရားကျောင်း၏ လူသိရှင်ကြား အသိအမှတ်ပြုထားသော နံပါတ်တစ် ကျွမ်းကျင်သူ အဖြစ် ရှိနေဆဲ ဖြစ်သည်။
ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ တပည့်များအားလုံးက သူ့ကို ကိုးကွယ်ကြသည်။ အခု ချန်သည် အခြားတစ်ယောက်နှင့် တိုက်ခိုက်တော့မည်ဟု သူတို့ကြားသိရသည်နှင့်, သူတို့အနေဖြင့် သဘာဝအတိုင်း အလွတ်ခံမည် မဟုတ်ပေ။
ရလာဒ်အနေဖြင့် ထောင်နှင့်ချီသော လူများသည် သိုင်းပညာလေကျင့်ရေးကွင်း တစ်ခုလုံးကို ဝိုင်းရံထားပြီး၊ ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ အဆင့်မြင့် ဗုဒ္ဓလမ်းစဉ် ဘုန်းကြီးအချို့ပင် ထွက်လာခဲ့ကြသည်။
"ဟေး၊ သိုင်းဦးလေးချန်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့လူက ဘယ်သူလို့ထင်လဲ?။ သူက တော်တော်လေး ငယ်သေးပုံရတယ်။ ဘာပဲဖြစ်ဖြစ်၊ သူက သိုင်းဦးလေးချန်နဲ့ ပြိုင်ဘက် ဖြစ်ပုံတော့ မပေါ်ဘူး။" လူအုပ်ထဲက တစ်ယောက်ယောက်က ချင်ယွင်ကို ကြည့်ကာ စပ်စုပြီး မေးမြန်းကြည့်သည်။
"ငါလည်း မသိဘူး။ ပြင်ပကမ္ဘာက ဖြစ်သင့်တယ်။ ဒါပေမယ့် အားမနည်းလောက်ဘူး။ မဟုတ်ရင် သိုင်းဦးလေးချန်က သူ့ကို တိုက်ဖို့ သဘောတူမှာ မဟုတ်ဘူးလေ။ တစ်ယောက် ယောက်က ပြန်ဖြေသည်။
"မှန်တယ်။ တကယ်လို့ ဒီလူမှာ ခွန်အားမရှိဘူးဆိုရင်, သိုင်းဦးလေးချန်က လှုပ်ရှားဖို့ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်ဖို့ဆိုတာကလည်း စိတ်ကူးလို့တောင် မရဘူး မဟုတ်လား?။" တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာဖြင့် ပြောလိုက်ပါသည်။
ပတ်ဝန်းကျင်မှ လူများလည်း ထိုအတွေးမျိုး စိတ်ထဲမှာ စွဲထင်နေကြသည်။ ချင်ယွင်၏ အသက်အရွယ်ကြောင့် သူတို့ ထိတ်လန့်သွားကြသည်မှာ ထင်ရှားသည်။
အင်မော်တယ်များနှင့် နတ်ဘုရားများသည် သက်တမ်းရှည်လျားကြပြီး၊ ၎င်းတို့၏ ရုပ်ရည် အသွင်အပြင်သည် များစွာပြောင်းလဲသွားခြင်း မရှိသော်လည်း၊ လူတစ်ဦး၏အသက်ကို စိတ်ဝိညာဉ်အားဖြင့် ဖော်ပြနိုင်ပါသေးသည်။
ချင်ယွင်ကဲ့သို့ တစ်စုံတစ်ယောက်သည် နှစ်တစ်ထောင်ဝန်းကျင်ပင် မရှိသေးဟု တစ်ချက် ကြည့်ရုံဖြင့် ပြောနိုင်ပါသည်။
အနှစ်တစ်ထောင်အောက်သာ ကျင့်ကြံရသေးသော လူတစ်ယောက်သည် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့အမြင်မှာတော့, ဤအရာက လုံးဝ မဖြစ်နိုင်ပါ ဘူး။
အားလုံး ဆွေးနွေးနေကြစဉ်မှာ, ချင်ယွင်နှင့် လောင်ချန်တို့လည်း စကားစမြည် ပြောနေကြပါသည်။
"အမိတ္တဘ, ကျေးဇူးရှင်လေးချင်၊ မင်း ငါ့ကို တကယ်တိုက်ခိုက်မှာလား။?" လောင်ချန်က ပြုံးပြီး ချင်ယွင်ကို ပြောသည် ။
"စီနီယာက ကျွန်တော်နဲ့ အမြဲတိုက်ခိုက်ချင်နေခဲ့တာ မဟုတ်ဘူးလား" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
လောင်ချန်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူကို တိုက်ခိုက်ရာတွင် အတွေ့အကြုံ မရှိသေးပေ။
သူသည် ယခင်က နေသာဧကရာဇ်၏ကိုယ်ပွားကို တိုက်ခိုက်ခဲ့ဖူးသော်လည်း နေသာဧကရာဇ်သည် သူ၏ နတ်ဘုရားတန်ခိုးကို အသုံးမချသည့်အတွက် တကယ့်တိုက်ပွဲ ဟု မပြောနိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဤအခွင့်အရေးကို လက်လွတ်မခံချင်သည်မှာ သဘာဝအတိုင်းပင်။
ထို့အပြင်၊ ချန်၏စိတ်နှလုံးထဲမှ တိုက်ခိုက်လိုသည့်ဆန္ဒကို ရှင်းရှင်းလင်းလင်း သူ ခံစားနိုင် သည်။ ချန်၏ နှလုံးသားထဲတွင် သူ့ကို တွန်းလှန်လိုသော စိတ်ဆန္ဒကိုလည်း ခံစားရသည်။
"မင်းက ဒါကို ရှာတွေ့သွားမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မှန်တယ်၊ ငါ မင်းနဲ့ တိုက်ချင်မိ တယ်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးကတည်း, ငါ နောက်တကြိမ် ပျော်ရွှင်စွာနဲ့ ပြန်ပြီး တိုက်ခိုက်ချင်နေခဲ့တယ်။" လောင်ချန်က ပြုံးပြပြီး၊ ကြိုးစားကြည့်ချင် စိတ် ပြင်းပြနေပါသည်။
"ဒါဆို, ဒီနေ့ စီနီယာ လူရှာမှန်သွားပြီ။ စီနီယာရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော် အာမခံတယ်။" ချင်ယွင်က တဟားဟား ရယ်လိုက်ပြီး၊ သူ၏မျက်လုံးထဲမှာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့ပါသည်။
ယခင်က ချန်သည် ထူးခြားသည်ဟု သူ ခံစားခဲ့ဖူးသည်။ ချန်၏ နတ်ဘုရားခန္ဓာကိုယ်သည် ၅၀ ရာခိုင်နှုန်းထက်မနည်း သန့်စင်ပြီနေပြီ ဖြစ်ကြောင်း သူ သေချာပေါက် ပြောနိုင်သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် လုံးဝ ကြောက်စရာကောင်းသည်။
သို့သော် ချန်သည် ပိုအားကောင်းလေလေ၊ သူ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။
"အမိတ္တဘ၊ ကျေးဇူးရှင်လေးချင်က စိတ်ဝင်စားဖို့ကောင်းတယ်။ လာ...၊ လာ...၊ လက်ရည်စမ်းကြရအောင်။" လောင်ချန်က ပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
"လုပ်လိုက်စမ်းပါ။" ချင်ယွင်က ရယ်မောပြီး ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို လုံး၀ စုဆည်းထားသည်။
သူတို့နှစ်ဦး၏ ရုပ်အသွင်သည် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်မိသွား ကာ ရင်ပြင်တစ်ခုလုံးကို မုန်တိုင်းတစ်ခုလို လွှမ်းခြုံသွားသည်။
ပတ်ဝန်းကျင်မှ လူအများ၏ မျက်လုံးများသည် ပို၍ပင် စိတ်အားထက်သန်လာကြပြီး၊ သူတို့၏ နှလုံးခုန်သံတွေက အရှိန်ဟုန်ဖြင့် မြင့်တက်လာကြပါသည်။
သူတို့အတွက်မူ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ တိုက်ပွဲသည် သူတို့အနေဖြင့် လုံးဝ မရရှိနိုင်သေးသည့် အရာတစ်ခုဖြစ်သည်။ အကယ်၍၊ သူတိုအနေဖြင့် သူတို့ဆီကနေ တစ်ခုခု သင်ယူနိုင်လျှင်ပင်, သူတို့၏ခွန်အားတွေ အများကြီး တိုးလာမည်မှာ သေချာပါ သည်။
ထို့ကြောင့် သူတို့အားလုံးသည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ၊ အံ့သြဖွယ် မြင်ကွင်း တစ်ခုခုကို လွဲချော်သွားမည်ကို လေးလေးနက်နက် ကြောက်ရွံ့နေကြသည်။
"ကျွန်တော် စီနီယာကို ပြစ်မှားမိပြီ" ချင်ယွင် အော်ပြောလိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်း ပျံထွက်သွားခဲ့သည်။
ဖင်းဂေါ့ဂ်စွမ်းအင်တွေက သူ၏ခန္ဓာကိုယ်ထဲကနေ ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ရုပ်အသွင်သည် ချန်၏ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့ပြီး၊ သူ၏လက်သီးတွေက ကောင်းကင်ကို ပြိုကျစေလောက်သည့် အရှိန်ဟုန်ဖြင့် ချန်ဆီကို ဦးတည်သွားခဲ့သည်။
ဖျော့တော့တော့ အပြုံးနှင့်အတူ, ချန်၏ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများ ထွက်လာပြီး၊ ရွှေရောင်အလင်းလွှာတစ်ခုက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသလိုပင်။
"ဒါက ဗုဒ္ဓရဲ့နတ်ဘုရားစွမ်းရည်ဖြစ်တဲ့၊ မီတာ ၆၀ ရွှေကိုယ်ထည်ပဲ။ သိုင်းဉီးလေးချန်က သူ စတင်တိုက်ခိုက်ချိန်မှာပဲ ဒီလို အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့တာ လား?။" ချန်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ သောအခါ ပတ်ဝန်းကျင်မှ တပည့်များသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြ သည်။
အခြားတပည့်များသည် အံ့အားသင့်နေကြသော်လည်း ချန်ကိုလွှမ်းခြုံထားသော ရွှေရောင် ဗုဒ္ဓအလင်းတန်းများကို ကြည့်နေရင်း၊ သူတို့၏မျက်နှာများသည် အလွန်မင်း မနာလိုမူနှင့် အတူ ကြည်ညိုလေးစားသည့် အမူအရာများ ထွက်ပေါ်လာကြသည်။
"ဘုန်း…”။
ချင်ယွင်၏ လက်သီးသည် ချန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသော်လည်း၊ ထိုလက်သီး ချက်သည် လုံးဝ မလှုပ်ခါနိုင်သည့် နံရံပေါ်သို့ ကျရောက်နေသကဲ့သို့ ဖြစ်နေသည်။
"အယ်?" ချင်ယွင်သည် အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
သူသည် ဖင်းဂေါ့ဂ်စွမ်းအား၏ စွမ်းအားများကိုသာ အသုံးပြုခဲ့သော်လည်း၊ သူ၏ လက်သီးတစ်ချက်သည် ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိနေသည့် အင်မော်တယ် ဧကရာဇ်တစ်ပါး ခံနိုင်ရည်ရှိသောအရာ မဟုတ်သည်မှာ သေချာပါသည်။ သို့သော် သူသည် ချန်ကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ပေ။
"မင်းရဲ့ နတ်ဘုရားတန်ခိုးကို အသုံးပြုရင် ပိုကောင်းလိမ့်မယ်။ ဒီဖင်းဂေါ့ဂ်စွမ်းအားက ငါ့ရဲ့ ရွှေကိုယ်ထည်ခန္ဓာရဲ့ အကာကွယ်ကို မချိုးဖျက်နိုင်ဘူး။" လောင်ချန်က ပြုံးပြီး ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓအလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်သွားကာ ချင်ယွင်သည် ပေတစ်ထောင် အကွာအထိ ဆုတ်ခွာသွားခဲ့ရသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးဖြင့် ခပ်လှမ်းလှမ်းတွင် လွင့်မျောနေသည်။
မူလက သူသည် နတ်ဘုရားတန်ခိုးနှင့် မတိုက်ခိုက်ခင် ဖင်းဂေါ့ဂ်စွမ်းအားဖြင့် ချန်၏ ခွန်အားကို စမ်းသပ်လိုခဲ့သည်။
သို့သော် ထိုလက်သီးချက်သည် သူ၏အတွေးများကို လုံးဝ ကြေကွဲသွားစေခဲ့သည်။ သူ့ ဖင်းဂေါ့ဂ်စွမ်းအား၏ အဆင့်သည် ချန်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်လောက်အောင် နိမ့်ကျနေပါသည်။
နတ်ဘုရားတန်ခိုးနှင့် အင်မော်တယ်စွမ်းအင်တို့အပြင် ဖင်းဂေါ့ဂ်စွမ်းအားတို့ကြားမှ ကွာခြားချက်က အမှန်တကယ် ကြီးမားလွန်းလှပါသည်။ ဤကွာခြားချက်က အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးလိုဖြစ်နေခဲ့သည်။ ဤကွာခြားချက်သည် အလွယ်တကူ ဖန်တီး၍ရသည့်အရာ မဟုတ်တော့ပါဘူး။
"ကြည့်ရတာ ငါ့ရဲ့ နတ်ဘုရားတန်ခိုးကိုပဲ အသုံးနိုင်မယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ စိမ်းပြာရွှေရောင်ရ ခန္ဓာကိုယ်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခြေဖဝါးအောက်မှ စိမ်းပြာရွှေရောင် လေအမျှင်တန်းသည် ပျံ့နှံ့ထွက်ပေါ်လာ ကာ၊ အစွမ်းထက်သော နတ်ဘုရားတန်ခိုးက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
"နတ်ဘုရားတန်ခိုးလား?။ သေချာပါတယ်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ပါ။" ကြည့်ရှုနေကြသူများသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်ကြပြီး၊ သူတို့ စိတ်နှလုံးထဲတွင် အလွန်တုန်လှုပ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဤတိုက်ပွဲကို ပို၍ပင် မျှော်လင့်လာခဲ့ကြသည်။
ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"အမိတ္တဘ၊ အဲဒါကမှ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျေးဇူးရှင်လေးချင်၊ ငါ လှုပ်ရှားတော့ မယ်နော်။" လောင်ချန်က ရယ်မောလိုက်သည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး လောင်ချန်၏ ရုပ်အသွင် သည် ချင်ယွင်၏ရှေ့သို့ ရွှေရောင်အလင်းတန်းတစ်ခုအလား ချက်ခြင်း ရောက်ရှိလာခဲ့ သည်။
"ဘယ်လောက်မြန်လိုက်လဲ?" ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူ၏ လက်ထဲမှ စိမ်းပြာရွှေရောင် နတ်ဘုရားတန်ခိုးက တိုးမြင့်လာခဲ့ပြီး ချန်ဆီကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။. သူ၏ နတ်ဘုရားတန်ခိုးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းစွာ ပျံထွက်သွားခဲ့သည်။
သို့သော် လောင်ချန်သည် ညင်သာစွာ ပြုံးလိုက်ကာ သူ၏ပုံရိပ်က ထူးထူးခြားခြား ပျောက်ကွယ်သွားပြန်သည်။
ချင်ယွင်၏ လက်ဝါးဆေဘာသည် လေထဲကိုသာ ခုတ်ပိုင်းမိပြီး၊ ပေတစ်ရာရှည်သော ဓားအရိပ်ကြီးကို ဖော်ထုတ်ကာ၊ နောက်ဆက်တွဲအဖြစ် ပေသုံးထောင်ရှည်သော လျှိုမြောင်ကြီးတစ်ခုသည် ကျောက်ပြားပေါ်တွင် ထင်ကျန်ရစ်ခဲ့ပါသည်။