← Chapters

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း (၁၁၀၀) အရူးချန်။

ချင်ယွင်သည် လေထဲသို့ ပျံတက်သွားပြီး တစ်ခုခုမှားနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

သို့သော်၊ သူ့ကိုယ်သူ ကာကွယ်ရန် သူ၏နတ်ဘုရားတန်ခိုးကို အသုံးပြုခါနီးတွင်၊ ရွှေလက်သီးတစ်ချက်သည် ဧရာမတူကြီးတစ်လက်ကဲ့သို့ သူ၏နောက်မှ ရုတ်တရက် ဆင်းသက်လာပြီး၊ ချင်ယွင်ကို လွင့်ပျံသွားစေခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်သည် လျင်မြန်စွာ နောက်သို့ ဆုတ်သွားရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများက သူ၏တစ်ကိုယ်လုံး နာကျင်စေခဲ့သည်။

အကယ်၍ သူ၏ခန္ဓာကိုယ်သည် ရှေးဟောင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူသည် ဤလက်သီးချက်ကြောင့် လုံးဝ ပေါက်ကွဲသွားပေလိမ့်မည်။

ဒေါင်!

ချင်ယွင်၏ ရုပ်အသွင်သည် သူ၏နောက်ဘက်ရှိ နံရံပေါ်သို့ ပစ်ကျသွားပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ မထိန်းနိုင်ဘဲ စိမ့်ထွက်လာသည်။

"ဒီလို အမြန်နှုန်းနဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအား" ချင်ယွင်သည် အဝေးမှာရှိနေသည့် ချန်ကို ကြည့်ရန် ခေါင်းကို မော့ပြီး အံ့သြစွာ ပြောလိုက်သည်။

ချန်သည် သူ၏ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်ထားသော်လည်း သူ၏မျက်နှာတွင် ကျီစားဟန် အပြုံးတစ်ခု ထွက်ပေါ်နေသည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ကျုံ့သွားပါသည်။

ထိုအချိန်တွင် ချန်သည် ဗုဒ္ဓလမ်းစဉ် တပည့်တစ်ဦး၏ အသွင်အပြင်မျိုး မရှိတော့ပါ။ သူသည် တိုက်ပွဲများကို ကစားပွဲတစ်ခုအဖြစ် သဘောထားသည့် အမှန်တကယ် တိုက်ပွဲ ရူးသွပ်သူတစ်ဦး ဖြစ်နေပါသည်။

“ဟား..၊ ဟား…၊ ဒီလူက မသိသေးမှာကို ငါ စိုးရိမ်တယ်။ ငါတို့ရဲ့ စီနီယာ သိုင်းဦးလေး ချန် က တိုက်ပွဲများကို တိုက်ခိုက်သည့် ဝါသနာအရာမှာ ကျော်ကြားလှပြီး၊ သူ တိုက်ခိုက်တဲ့ အချိန်မှာ သူက လုံးဝကို အရူးတစ်ယောက်လိုပဲလေ"

"မှန်တယ်။ သိုင်းဉီးလေးချန်အပြင် ငါတို့ရဲ့ ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှာ နတ်ဘုရား တစ်ပိုင်းနယ်ပယ်မှာ ရှိနေကြတဲ့ အဆင့်မြင့် ဘုန်းကြီးအချို့လည်း ရှိပါသေးတယ်။ ဒါပေမယ့် သိုင်းဉီးလေးချန်က အရမ်းကို ရူးသွပ်လွန်းတာကြောင့် သိုင်းဦးလေးချန်ကို ဘယ်သူကမှ မတိုက်ဝံ့ပါဘူး။”

"ဟင်...၊ ဒီလူက သိုင်းဉီးလေးချန်ကို တိုက်ခိုက်ခဲ့တယ်။ သူ့အစွမ်းက သိုင်းဉီးလေးချန်ကို ဖိနှိပ်နိုင်လောက်အောင် အားကောင်းနေရင် အဆင်ပြေလိမ့်မယ်။ မဟုတ်ရင်တော့, သူ ဒုက္ခရောက်မှာ ငါ ကြောက်မိတယ်။"

…

လူအုပ်ကြီးဆီမှ ဆွေးနွေးသံများ ထွက်ပေါ်လာပြီး၊ ချင်ယွင်ကို ကြည့်သည့် သူတို့၏ အကြည့်များတွင် စာနာစိတ်များပင် ဖြစ်ပေါ်လာကြသည်။

ယခုလေးတင် တိုက်ပွဲမှတဆင့် ခန့်မှန့်ကြည့်ရုံဖြင့်, ချင်ယွင်သည် လောင်ချန်ကို ဖိနှိပ်နိုင်မည်ဟု သူတို့ မထင်ထားကြပေ။ ထို့ကြောင့်, သူတို့အနေဖြင့်, ချင်ယွင်၏ နှိပ်စက် ညှဉ်းပန်းခံရမှုနှင့်အတူ ကြောက်စရာကောင်းသည့် အခြေအနေကို ကြိုမြင်နေပုံရပါသည်။

"ဘုန်း…”။

ထိုအချိန်တွင် လောင်ချန်သည် နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည်။

သူသည် ကြီးကျယ်ခန်းနားမားသော အစီအရင်ဝင်္ကပါဖြင့် ပေါင်းစည်းထားသည့် ကြမ်းပြင် ပေါ်သို့ ခြေလှမ်းတက်လိုက်သည်၊ ကြမ်းပြင်သည် တိုက်ရိုက် ကွဲအက်သွားပြီး သူ၏ရုပ်အသွင်သည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပစ်ဝင်ကာ တစ်ဖန် ပေါက်ကွဲ ထွက်လာပြန်သည်။

သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းပြီး၊ လေထဲတွင် ကျယ်လောင်သော ပဲ့တင်ထပ်သည့် အသံဗလံများပင် ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ရူးသွပ်နေသော သားရဲတစ်ကောင်လို ဖြစ်နေပြီး၊ သူ၏မျက်နှာပေါ်ရှိ အမူအရာက ရက်စက် ကြမ်းကြုတ်လွန်းလှသည်။

"ခင်ဗျားကြီးက အရမ်းကို ရူးသွပ်နေမှတော့ ကျုပ်လည်း ထိန်းချုပ်မထားတော့ဘူး။ ငါ့ရဲ့ ကောင်းကင်နဲ့မြေကြီးဖြစ်စဉ် သင်္ကေတတွေရဲ့ စွမ်းအားကို ခင်ဗျားကြီးကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်၏မျက်လုံးများသည်လည်း နတ်ဘုရားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

လေစွမ်းရည် နတ်ဘုရားတန်ခိုးသည် ချက်ချင်းပင် သူ၏လက်မောင်းထဲသို့ သွန်းလောက် လိုက်ပါသည်။

ချင်ယွင်သည် လေထဲသို့ လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး သူ၏ လက်သီးသည် ချက်ချင်း ပင် ကျယ်ပြန့်လာကာ၊ ကျန်းတစ်ရာအကွာအဝေးကို ဖြတ်ကျော်ပြီး ချန်ဆီသို့ တိုက်ရိုက် ထုရိုက်လိုက်သည်။

လောင်ချန်၏ အမူအရာသည် ကောင်းကင်ယံ၌ တုနှိုင်းမရအောင် ကြီးမားသော လက်သီးကြီးကို ကြည့်ရင်း သိသိသာသာ ပြောင်းလဲသွားပါသည်။ သူ၏မျက်လုံးများက အံ့အားသင့်နေသည့် အမူအရာတစ်ခုကို ဖော်ထုတ် ပြသလိုက်ရင်း၊ သူ့ကိုယ်သူ ခုခံကာကွယ်ရန် သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများကို အလျင်အမြန် စုစည်းလိုက်ပါသည်။

"ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လောင်ချန်သည် နောက်ပြန် ဆုတ်သွားကာ သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် ဤလက်သီးချက်အောက်တွင် ကွဲအက်သွားသည်။

ပတ်ဝန်းကျင်မှ လူအများသည် သူတို့၏မျက်နှာပေါ်တွင် အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့ သည်။

"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ?။ သူရဲ့လက်မောင်းက ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ကြီး ကြီးလာရတာလဲ?" အဝေးမှ လူတိုင်း အံ့သြသွားကြသည်။

ယခုလေးတင်၊ ချင်ယွင်၏လက်မောင်းသည် ရုတ်တရက် ပိုကြီးလာပြီး၊ ပြင်းထန်သော လက်သီးချက်က ထွက်ပေါ်လာကာ၊ ယင်းက သူတို့ကို ပြင်းပြင်းထန်ထန် ထိတ်လန့်သွား စေခဲ့သည်။

ချန်၏ပုံသဏ္ဍာန်သည် အဝေးက နံရံကို ထိုးဖောက် ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် လုံးဝ ကွဲအက်သွားခဲ့ပြီး၊ သူ၏ ပါးစပ်ထောင့်စွန်းတွင် သွေးစသွေးနများ ကျန်ရစ်နေခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် လောင်ချန်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ မတွေ့ခဲ့ရပေ။ ယင်းအစား သူသည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ ပို၍ပင် ပူလောင်လာပုံရသည်။

"မီတာ ၆၀ ရွှေကိုယ်ထည်တောင် အက်ကွဲသွားခဲ့ရပြီ။ သိုင်းဉီးလေးချန်ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဝိညာဉ်ကတော့ လုံး၀ လောင်ကျွမ်းတော့မယ့်ပုံပဲ။" လူတစ်ယောက်က ချန်၏ တောက်လောင်နေသော အကြည့်များကို မြင်လိုက်ရပြီး၊ စိတ်လှုပ်ရှားမူနှင့် သက်ပြင်းချ လိုက်ပါသည်။

"မှန်တယ်။ နောက်ဆုံးအကြိမ်တုန်းက သိုင်းဘိုးဘေးတစ်ဦးဟာ သိုင်းဉီးလေးချန်ရဲ့ ရွှေကိုယ်ထည်ခန္ဓာကို ဖြိုခွဲပစ်ခဲ့တယ်လေ။ နောက်ဆုံးမှ သိုင်းဉီးလေးချန်ရဲ့ တိုက်ခိုက်လို တဲ့ စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား လှုံ့ဆော်ပေးခဲ့လိုက်မိတယ်။ အဆုံးသတ်ကတော့, အဲဒီသိုင်းဘိုးဘေးဟာ သိုင်းဉီးလေးချန်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်" ထိုတပည့်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။ ထို့နောက် သူသည် တခြားဘာစကားမှ မပြောတော့ပါဘူး။

အမှန်တကယ်ဆို သူပြောချင်နေသည့် စကားတစ်ခွန်းက 'ခါးသီးဖွယ်မျက်လုံးနဲ့နင်ဂျာ' ဆိုသည့် စကားလုံးဖြစ်ပါသည်။ ("Bitter eyes" is a phrase that refers to small animals that are mistreated by humans.) လူသားတွေရဲ့သနားစဖွယ် နှိပ်စက် ညှင်းပန်းခြင်းရသည့် တိရိစ္ဆာန်လေးများကို ရည်ညွှန်းပါသည်။ ဤနေရာ၌ ထိုတပည့် ရည်ညွှန်းလိုသည့်စကားမှာ ထိုသိုင်းဘိုးဘေးသည် သနားစဖွယ်ဖြစ်သည်အထိ ရိုက်နှက်ခံရသည်ကို ဆိုလိုဟန်တူပါသည်။ ဤနေရာ၌ တိုက်ရိုက်ပင် ပြန်ဆိုလိုက်ပါ သည်.)

ကောင်းကင်ဘုံဓမ္မဘုရားကျောင်းရှိ လူတိုင်းသည် သိုင်းဦးလေးချန်၏ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်ကို နှိုးဆွမိသည်နှင့် အဆုံးတွင် ထိုလူသည် သူ၏ ဆွေမျိုးခြောက်ဆက်ပင် မှတ်မိတော့မည် မဟုတ်သည်ကို ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ လူတိုင်း သိကြပါ သည်။ သူသည် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိသည်အထိ သင့်ကို ရိုက်နှက်ပါလိမ့် မည်။ ထို့ကြောင့်၊ ကောင်းကင်ဘုံဓမ္မဘုရားကျောင်းတွင် သိုင်းဉီးလေးချန်သည် မီတာ ၆၀ ရွှေကိုယ်ထည် အက်ကွဲသွားခြင်းကြောင့် နောက်တကြိမ် အရူးအမူး ဖြစ်သွားပြန်ပါသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျေးဇူးရှင်လေးချင်က ဒီလိုနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" လောင်ချန်က တဟားဟား ရယ်မောနေသော် လည်း၊ သူ၏မျက်လုံးတွေက စိတ်အားထက်သန်မှုများဖြင့် ပြည့်နေခဲ့သည်။

"ဘယ်လိုလဲ?။ ခင်ဗျားကြီး ဒါကို ကျေနပ်ရဲ့လား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

သူသည် ပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးချက်များကိုလည်း နားထောင်ထားသည်။

“အရူးချန်”

ဤခေါင်းစဉ်က သူ့ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။ ခန္ဓာကိုယ်နှင့် စိတ်နေစိတ်ထားကို ကျင့်ကြံကြသည့် ဗုဒ္ဓလမ်းစဉ်ကျောင်းလို နေရာမျိုးမှာ ယခုလို အရူးတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု သူ မည်သည့်အခါမှ မထင်ထားခဲ့မိပါဘူး။ ထို့အပြင်, သူ တိုက်ခိုက်ခြင်း မပြုစဉ်အခါမှာ, ချန်သည် အလွန်ချဉ်းကပ်ရလွယ်ကူသူ ဖြစ်သည်။ လက်ရှိ သူနှင့် နှိုင်းယှဉ်လိုက်လျှင်, သူသည် လုံးဝ ခြားနားသည့် လူတစ်ယောက်လို ဖြစ်သွားခဲ့ပြီ။

သို့သော် ဤနည်းဖြင့် ချင်ယွင်၏စိတ်နှလုံးထဲမှ တိုက်ခိုက်လိုစိတ်သည် ပြင်းထန်သော သွေးများနှင့်အတူ လုံး၀ လောင်ကျွမ်းသွားခဲ့သည်။

လောင်ချန်သည် အရူးတစ်ယောက် ဖြစ်သည်ဆိုလျှင်, သူကိုယ်တိုင်ကရော မည်သို့ အရူးတစ်ယောက် မဖြစ်နိုင်ရမှာလဲ?။

"ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ်။ ဒီလိုမျိုး ဘယ်သူကမှ ငါ့ကို မတိုက်ခိုက်ခဲ့တာ ကြာလှပြီ။ မင်းမှာ လှည့်ကွက်တွေရှိသေးရင် အသုံးချလိုက်ပါ။ ငါ့ကို သတ်မိမှာလည်း စိုးရိမ်မနေနဲ့။ တကယ်လို့ မင်း ငါ့ကို သတ်မိသွားရင်တောင်, ကောင်းကင်ဘုံ ဓမ္မဘုရား ကျောင်းက မင်းကို ဘာတစ်ခုမှ တာဝန်ယူခိုင်းမှာ မဟုတ်ဘူးလို့ ငါ အာမခံနိုင်တယ်" လောင်ချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး၊ သူ၏မျက်နှာက စိတ်အားတက်ကြွမူများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ပြောစရာစကားပင် မဲ့သွားရသော်လည်း၊ သူ၏အကြည့်များသည် လျင်မြန်စွာ တည်ငြိမ်လာသည်။

"ကောင်းပြီလေ၊ ခင်ဗျားက ကြိုးစားချင်တယ်ဆိုမှတော့၊ ခင်ဗျားအနေနဲ့ ကျုပ်ဆီကနေ ဒီတိုက်ခိုက်မှုတွေကို ခံယူရလိမ့်မယ်။" ချင်ယွင်က ပြင်းပြင်းထန်ထန် ဟစ်ကြွေးလိုက် သည်။ ထို့နောက်, သူ၏ခန္ဓာကိုယ်သည် တခဏကြာ တုန်ခါသွားပြီး၊ သူ၏ဂျိုင်းအောက်မှ လက်မောင်းလေးဖက် ထွက်လာပါသည်။

"ဟင်၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ တူနေပါလား?။ ဒါပေမယ့် မင်းမှာ ဘာလို့ လက်ခြောက်ဖက်ရှိပြီး၊ ခေါင်းသုံးလုံး မရှိရတာလဲ?" လောင်ချန်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ ချင်ယွင်၏နည်းလမ်းကြောင့် သူ အံ့သြသွားသည်မှာ ထင်ရှားသည်။

ဘန်း…။

သို့သော်, အဘယ်ကြောင့် ထိုသို့ဖြစ်နေရသည်ကို သူ ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ခင် မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

ချင်ယွင်၏ လက်ခြောက်ဖက်သည် အမှန်တကယ် ကြီးမားလာခဲ့ပြီး၊ သူ့ဆီသို့ တစ်ချက်ပြီး တစ်ချက် ပစ်ဝင်လာလေသည်။ သူ၏လက်သီးတစ်ဖက်စီတိုင်းတွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖြိုခွဲပစ်ရန် လုံလောက်သော ကြီးမားသော စွမ်းအားများ ပါရှိနေပါသည်။

လောင်ချန်သည် တွန်းလှန်ခုခံရန် သူ၏ နတ်ဘုရားတန်ခိုးကို အလျင်အမြန် စုစည်းလိုက် သည်။ သို့သော် လက်ခြောက်ဖက်က မုန်တိုင်းတိုက်ခတ်နေသည့်အလား သူ့ဆီကို ထပ်ခါ ထပ်ခါ ရိုက်ခတ်လာနေသည်။ သူသည် ခုခံနိုင်စွမ်းပင် မရှိတော့ချေ။

ချင်ယွင်၏ လက်သီးခြောက်ဖက်က အစီအရင်ဝင်္ကပါဖြင့် တည်ဆောက်ထားသော နံရံဆီသို့ ဖိကပ်သွားကာ သူ့ကို ရူးသွပ်စွာ ရိုက်နှက်ပါတော့သည်။

အဝေးမှာရှိနေကြသည့် ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ တပည့်များ အားလုံးသည် မှင်သက်အံသြသွားကြပါသည်။ ဤအရာက သောက်ရမ်းပြင်းထန်သည့် တိုက်ပွဲမျိုး မဟုတ်တော့ပေ။ အမှန်တကယ် ဗြောင်ကျကျ ရိုက်နှက်နေခြင်းသာ ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏လက်မောင်းများကို ချဲ့ထွင်ကြီးထွားနိုင်စေခြင်းကပင် ကောင်းကင်ဘုံ ကို အံတုနေပြီ ဖြစ်ပါသည်။ ယခုအခါတွင် ၎င်းတို့သည် လက်မောင်းခြောက်ဖက်ကို တစ်ပြိုင်နက် အသုံးပြုပြီး အလှည့်ကျ တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။ ဤမျှ ကြောက်စရာ ကောင်းသည့် တိုက်ခိုက်နည်းက သူတို့၏ မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျသည်အထိ ကြောက်လန့်လုနီးပါး ဖြစ်ခဲ့ရသည်။

ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဘုံဓမ္မဘုရားကျောင်းမှ တပည့်များသည် သူတို့၏ စိတ်နှလုံးထဲတွင် မှိန်းမောတွေဝေနေကြပါသည်။ သူတို့၏ မျက်လုံးများသည် ကိုယ်ချင်းစာ စိတ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူတို့သည် ချင်ယွင်ကို မကြည့်တော့ဘဲ ၎င်းတို့၏သိုင်းဦးလေးဖြစ်သူ လောင်ချန်ကို ကြည့်နေခြင်း ဖြစ်ပါသည်။

"ဘုန်း.. ဘုန်း.. ဘုန်း.. ဘန်း… ဘန်း…”။

ချင်ယွင်၏ လက်သီးများသည် ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူ၏နောက်မှ နံရံတံတိုင်းကြီးသည် ပြင်းထန်စွာ တုန်ခါနေပြီး ရင်ပြင်တစ်ခုလုံးတောင် တုန်လှုပ်သွားသည် ။

သနားဖွယ် ချန်ခင်ဗျာ အလွန်မင်း သနားစရာကောင်းနေပြီး ချင်ယွင်၏ တရပ်စပ် တိုက်ခိုက်နေသော လက်သီးချက်များကို မြင်ပြီး သူသည် သည်းခံနိုင်စွမ်း မရှိတော့ပေ။

ဘန်း..။

သို့သော် ချင်ယွင်၏ လက်သီးတစ်ချက်သည် တစ်ရာမြောက်ကို လက်သီးချက်ကို ထိုးသတ်ပြီး နောက်တွင် ဗုဒ္ဓအသံသည် ရုတ်ခြည်းဆိုသသို တစ်ကမ္ဘာလုံး ကျယ်လောင်စွာ ပျံ့နှံ့ထွက်ပေါ်လာပါသည်။ ဗုဒ္ဓအလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ ပြီး၊ ချန်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။

ထို့နောက် ချန်၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်စကားလုံးတစ်လုံး ထွက်ပေါ်လာပြီး ချင်ယွင်၏ လက်သီးချက်ကို အတင်းအကြပ် တားဆီးလိုက်ပါသည်။

All Chapters