အခန်း ၁၁၀၁
Vol. 74 Ch. 1101
အခန်း (၁၁၀၁) ဖျက်ဆီးခြင်းနတ်ဘုရားတန်ခိုး။
လောင်ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းတန်းသည် အကန့်အသတ်မဲ့ ထွက်ပေါ်နေပြီး၊ သူသည် ဗုဒ္ဓတစ်ဆူကဲ့သို့ လေထဲတွင် ထိုင်နေတော်မူ၏။ ကြီးမားလှသော ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးက သူ၏နောက်မှ ထွက်ပေါ်လာခဲ့ပြီး သူ့ကို လွှမ်းခြုံထားပါသည်။
ဗုဒ္ဓအသံ ထွက်ပေါ်လာပြီး၊ ဗုဒ္ဓ၏ တန်ခိုးတော်သည် အခြားအရာအားလုံးကို ဖိနှိပ်ထားခဲ့ သည်။
"ဒါက တကယ်ပဲ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော် ကမ္ဘာပေါ်ကို ဆင်းသက်လာခြင်းပဲ။ သိုင်းဦးလေးချန်ကို ဒီအတိုင်းအတာအထိ တွန်းအားပေးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထား ခဲ့ဘူး။" လူတစ်ယောက်က သတိပေးနှိုးဆော်သံဖြင့် အော်ပြောလိုက်သည်။
ဗုဒ္ဓဆင်းသက်လာခြင်းသည် ဗုဒ္ဓ၏ ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းရည် သုံးခုထဲမှ တစ်ခုဖြစ်ပါသည်။ လင်းကြည်တောင် ကောင်းကင်ဘုံဓမ္မ ဘုရားကျောင်းတစ်ခုလုံးတွင်၊ ချန်တစ်ဦးတည်းသာ ဤနတ်ဘုရားစွမ်းရည်ကို ကျင့်ကြံထားသူ ဖြစ်ပါသည်။ ၎င်းနတ်ဘုရား စွမ်းရည်သည် နားလည်သဘောပေါက်ရန် အလွန့်လွန် ခက်ခဲသော နတ်ဘုရားစွမ်းရည် ဖြစ်ပါသည်။ သို့သော် ၎င်း၏တန်ခိုးသည် လုံးဝ အနှိုင်းမဲ့ ကြောက်စရာ ကောင်းသည်။
ချင်ယွင်သည် ချန်အား ဖုံးလွှမ်းထားသော ဧရာမရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးအား ကြည့်လိုက်ရင်း၊ အံ့ဩသော အမူအရာ ပေါ်လာသည်။
ယခုလေးတင် သူ၏လက်သီးချက်သည် ရွှေရောင်ဗုဒ္ဓပေါ်မှ ရွှေရောင်အလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာရုံဖြင့် ပိတ်ဆို့ခံလိုက်ရလေသည်။ ရွှေရောင်ဗုဒ္ဓ၏ ခုခံ ကာကွယ်မှုက လုံးဝ ကြောက်စရာကောင်းသည်ဟု ရူမြင်နိုင်ပါသည်။
"ဝှမ်း.....၊ ဝှမ်း.....၊ ဝှမ်......၊ ဝှမ်း......"
ထိုအချိန်တွင် ချန်သည် ဗုဒ္ဓ၏စကားခြောက်ခွန်း မန္တန်ကို ရုတ်တရက် ရွတ်ဆိုလိုက်ရာ ဗုဒ္ဓ၏အသံသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ် ပျံ့နှံ့လာပါသည်။
သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရွှေရောင်ဗုဒ္ဓပုံရိပ်ကြီး ချက်ချင်းပင် လှုပ်ရှားသွားပြီး၊ ချင်ယွင်ဆီ ရွှေရောင်လက်ဖဝါးကြီးကို ဖြန့်လိုက်ပါသည်။
များပြားလှသော စကားလုံးများစွာသည် ဧရာမရွှေရောင်ဗုဒ္ဓ၏ လက်ဖဝါးထဲမှ ထွက်ပေါ် လာခဲ့ပြီး နတ်ဘုရားတစ်ပါးနှင့် ဗုဒ္ဓ၏ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအစွမ်းကို ထုတ်လွှတ်သည်။
ချင်ယွင်သည် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်ကြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားနိုင်သည်။ ဤရွှေရောင်လက်ဖဝါးကြီးသည် ကောင်းကင်ယံကို လွှမ်းခြုံထားကာ နေကိုပင် ဖုံးလွှမ်းထားသောကြောင့် လူများကို ထိတ်လန့်သွားစေခဲ့သည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ လေစွမ်းရည် နတ်ဘုရားတန်ခိုးကို လျင်မြန်စွာ စုစည်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားရင်း၊ ချန်၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းလိုက်သည်။
"ဘုန်း...."
ရွှေရောင်လက်ဖဝါးကြီးသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကြောက်မက်ဖွယ် ပေါက်ကွဲ သံများ ထွက်ပေါ်လာသည်။
မြေကြီးသည် တုန်ခါပြီး ကောင်းကင်နှင့်မြေကြီးသည် ပြိုဆင်းသွားခဲ့သည်။
ပေတစ်ရာခန့် ကျယ်ဝန်းသော ဧရာမလက်ဖဝါးရာကြီးသည် မြေပြင်ပေါ်တွင် ထွက်ပေါ်လာသည်။
"ဒါက ဗုဒ္ဓရဲ့ အထွတ်အမြတ်ထားရာ လျှို့ဝှက်ပညာရပ်တစ်ခုလား?။ သေချာပါတယ်၊ တကယ်ကို ထူးထူးခြားခြားပဲ" ချင်ယွင်သည် မြေပြင်ပေါ်ရှိ ကြီးမားသော လက်ဖဝါးရာကြီး ကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဤလက်ဖဝါးကြီးတွင်ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက ဤလက်ဖဝါးချက်ကြောင့် အသားပြား ဖြစ်သည်အထိ ရိုက်နှက်ခံရပေလိမ့်မည်။
ဘန်း…။
သို့သော် ဤအခိုက်အတန့်တွင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်လက်ဖဝါးကြီးသည် ချင်ယွင်ဘက်သို့ ကျရောက်သွားပြန်သည်။ ၎င်းတွင်ပါရှိသော ဗုဒ္ဓ၏ တန်ခိုးတော်သည် ယခင် လက်ဖဝါး ရိုက်ချက်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
"ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို မပြသဘူးဆိုရင်, ငါ ဒီနေ့ ဒီနေရာမှာ တကယ်ကျရှုံးသွားမှာ တောင် စိုးရိမ်ရတယ်" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူ၏အကြည့်များသည် ချက်ချင်းပင် ခက်ထန်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ပြင်းထန်သော ဖျက်ဆီးခြင်းဆန္ဒက ထွက်ပေါ်လာပါသည်။
"အနက်ရောင် နတ်ဘုရားတန်ခိုး၊ ဘာကြောင့် အနက်ရောင် နတ်ဘုရားတန်ခိုး ရှိနေရတာလဲ?။" ခပ်လှမ်းလှမ်းမှ လူတိုင်း အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်လာကြသည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်နှင့်အတူ ပေါက်ကွဲ ထွက်လာခဲ့သည်။ ဤအနက်ရောင် နတ်တန်ခိုးသည် ဖရိုဖရဲ လျှပ်စီးနှင့် ရှေးဟောင်း ဖရိုဖရဲ စွမ်းရည်တို့မှ ဖြစ်ပေါ်လာသော ကောင်းကင်တာအိုစွမ်းအားကို အသုံးပြုခြင်းဖြင့် သဘာဝ အတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်း၏စွမ်းအားသည် သာမန် လျှပ်စီးစွမ်းရည် နတ်ဘုရားတန်ခိုးထက် များစွာကြီးမားပြီး၊ ၎င်း၏အရည်အသွေးသည် သူဖမ်းဆုပ် နားလည်ထားသော လေစွမ်းရည် နတ်ဘုရားတန်ခိုးထက်ပင် သာလွန်ပါသည်။
"ကျုပ်ရဲ့ အနက်ရောင်လျှပ်စီးရဲ့စွမ်းအားကို ခင်ဗျားကြီးကို မြည်းစမ်းခွင့်ပေးမယ်။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာက သူ၏လက်ထဲမှာ ချက်ချင်း ပေါ်လာပါသည်။
ချင်ယွင်သည် သူ၏လက်ထဲမှ ဆေဘာကို ဆုပ်ကိုင်ပြီး လေထဲသို့ ခုတ်ပိုင်းလိုက်ပါသည်။
တခဏအတွင်းမှာပင် ကြောက်စရာကောင်းသော အနက်ရောင် ဆေဘာအလင်းတန်း သည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး၊ သူ့ဆီသို့ ရိုက်ချနေသည့် ဧရာမ ရွှေရောင် လက်ဖဝါးကြီးဆီသို့ ချက်ချင်း ဖြတ်သန်းသွားပါသည်။
"ဖန်း..”။
အနက်ရောင် ဆေဘာအလင်းတန်းသည် ဖြတ်ကျော်သွားကာ ရွှေရောင်ဗုဒ္ဓ၏ ဧရာမ လက်ဖဝါးကြီးကို နှစ်ခြမ်း တိုက်ရိုက် ခွဲပစ်လိုက်သည်။
အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ထိတ်လန့်သွားကြပါသည်။
သိုင်းဦးလေးချန်၏ ရွှေရောင်ဗုဒ္ဓတန်ခိုးသည် မည်မျှကြောက်စရာကောင်းသည်ကို သူတို့ အားလုံး သိထားကြသည်။ ၎င်းတန်ခိုးအစွမ်းသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သေချာပေါက် ဖော်ပြနိုင်သော်လည်း ယခုအခါ၊ ၎င်းသည် ချင်ယွင်၏ ဆေဘာဖြင့် နှစ်ပိုင်း ခွဲခံလိုက်ရပါသည်။
"အယ်၊ ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ နတ်ဘုရားတန်ခိုးလဲ။ ဒီအနက်ရောင် နတ်ဘုရားတန်ခိုးက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။" ထိုအချိန်တွင် လောင်ချန်လည်း မျက်လုံးများ ပွင့်လာကာ၊ သူ၏မျက်နှာပေါ်တွင် အံ့သြသည့် အမူအရာတစ်ခု ပေါ်လာသည်။
"ဟစ်!"
သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတစ်ခု သည် ကောင်းကင်ယံကို ခုတ်ဖြတ်၍ ချန်ဆီသို့ ဖြတ်သန်းသွားသည်။
ဆေဘာရောင်ခြည်သည် ပေသုံးရာရှည်လျားပြီး ၎င်းပေါ်တွင် အနက်ရောင် အလင်းတန်းက တဖျပ်ဖျပ် လင်းလက်နေကာ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတန်းကို ကြည့်လိုက်ရင်း၊ လောင်ချန် ၏ မျက်လုံးများသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာကို ထုတ်ဖော် လိုက်ပါသည်။
"ဝှမ်...၊ ဝှီ...၊ ဝှန်၊ ဝှောင်..." လောင်ချန်သည် ဗုဒ္ဓ၏အသံကို ကမန်းကတန်း ရွတ်ဆိုလိုက်ပါ သည်။ ချက်ခြင်းပင်၊ ရွှေရောင်ဗုဒ္ဓသည် အလွန်မင်း လင်းလက်တောက်ပသော အလင်းတန်းကို ထုတ်လွှတ်လာသည်။ စကားလုံးပေါင်းတစ်သောင်း ဗုဒ္ဓတံဆိပ်တော် သည် ဤဆေဘာအလင်းတန်းကို တားဆီးလိုဟန်ဖြင့် သိပ်သည်းသော လေဖိအားနည်း ရပ်ဝန်းမှ ထွက်ပေါ်လာခဲ့သည်။
"ရွှတ်...."
သို့သော် အနက်ရောင် ဆေဘာအလင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ အနက်ရောင် ဆေဘာအလင်းသည် ဗုဒ္ဓတံဆိပ်တော်နှင့် အပြင်းအထန် ထိပ်တိုက် ဆုံမိသည့်အခိုက်တွင် ဗုဒ္ဓတံဆိပ်တော်သည် အက်ကွဲသွားခဲ့သည်။ အဆုံးမှာတော့ ချန်ကို လွှမ်းခြုံနေသည့် ရွှေရောင်ဗုဒ္ဓပုံရိပ်ကြီးသည် လုံးလုံးလျားလျား ကွဲအက်သွားခဲ့သည်။
"ဖူး...”။
လောင်ချန်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။ သူ၏မျက်နှာက စိတ်ဓာတ် ကျနေသည့် အမူအရာကို ထုတ်ဖော်လိုက်သော်လည်း၊ သူ၏မျက်လုံးများတွင် ထိတ်လန့် ခြောက်ခြားမူဖြင့် ပြည့်နေပါသည်။
ဘန်း…။
ပုံရိပ်တစ်ခုက ချန်၏ရှေ့မှာ ထူးထူးခြားခြား ထွက်ပေါ်လာသည်။ ဆေဘာက ချန်၏ မျက်ခုံးနှစ်ခုကြားတွင် လွင့်ပျံလာသည်။
"ခင်ဗျား ရှုံးသွားပုံပဲ။" ချင်ယွင်က လဲကျနေသော ချန်ကိုကြည့်ပြီး ရယ်မောလိုက်သည်။
လောင်ချန်သည် တခဏလောက် ထိတ်လန့်သွားပြီးနောက် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "မင်းအသုံးပြုခဲ့တာက ဘယ်လို နတ်ဘုရားတန်ခိုးမျိုးလဲ”။
"ဖရိုဖရဲ နတ်ဘုရားတန်ခိုး၊ ကျုပ်ကိုယ်တိုင် ဖန်တီးခဲ့တာလေ။" ချင်ယွင်က ရယ်မောကာ ပြန်ဖြေသည်။
"ဖရိုဖရဲ နတ်ဘုရားတန်ခိုးလား?" လောင်ချန်သည် အံ့ဩဟန်ဖြင့် ထပ်ခါထပ်ခါ ရေရွတ် နေသည်။ သူသည် အလွန်အံ့အားသင့်သွားသည်မှာ သေချာပါသည်။
ချင်ယွင်က ပြုံးပြီး ဘာမှ မရှင်းပြတော့ပါဘူး။
ဖရိုဖရဲ နတ်ဘုရားတန်ခိုးသည် သူ့ကိုယ်ပိုင် နတ်ဘုရားတန်ခိုးကို သူကိုယ်တိုင် ပေးထား သော အမည် ဖြစ်ပါသည်။ သူ၏ နတ်ဘုရားတန်ခိုးသည် ဖရိုဖရဲစွမ်းအင်မှ ပေါင်းစပ် သိပ်သည်းထားကြောင့်၊ ၎င်းတန်ခိုးကို သာမန်နတ်ဘုရားတန်ခိုးများနှင့် သဘာဝအတိုင်း ခွဲခြားထားရမည် ဖြစ်သည်။
ယခုအချိန်တွင်၊ သူသည် နတ်ဘုရားတန်ခိုး နှစ်မျိုးကိုသာ ပေါင်းစပ်နိုင်ပါသေးသည်။ တစ်ခုက လေစွမ်းရည် ရှေးဟောင်းလေလှိုင်း နတ်ဘုရားတန်ခိုးနှင့် နောက်တစ်ခုက လျှပ်စီးစွမ်းရည် ဖျက်ဆီးခြင်းနတ်ဘုရားတန်ခိုးတို့ ဖြစ်ပါသည်။
ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးသည် သာမန်နတ်ဘုရားတန်ခိုးများထက် များစွာ ပြင်းထန်သော်လည်း၊ ဤဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုးသည် ပို၍ပင် ကြောက်စရာ ကောင်းသည်။ သူ၏ဤနတ်ဘုရားတန်ခိုးအစွမ်းကြောင့်သာ ရွှေရောင်ဗုဒ္ဓ ကမ္ဘာမြေသို့ ဆင်းသက်လာခြင်း နတ်ဘုရားတန်ခိုး ဖြိုခွဲနိုင်ခြင်း ဖြစ်ပါသည်။
တိုက်ပွဲပြီးဆုံးပြီးနောက် ချင်ယွင်သည် ချန်အား နှုတ်ဆက်ကာ လင်းကြည်တောင်မှ ထွက်ခွာသွားခဲ့သည်။
ချင်ယွင်သည် ကြီးမားကျယ်ပြန့်သော အနောက်ဘက် ကန္တာရကြီးဆီကို လှမ်းငေးရင်း သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။
ချန်နှင့် တိုက်ပွဲတွင် သူသည် နတ်ဘုရားတစ်ပိုင်း၏ အစွမ်းကို ရှင်းရှင်းလင်းလင်း သိရှိနားလည်စေခဲ့သည်။
"ငါ့ရဲ့လက်ရှိခွ န်အားနဲ့ဆို၊ တကယ်လို့ ငါသာ ရှေးဟောင်း လေလှိုင်းဖရိုဖရဲ နတ်ဘုရား တန်ခိုးကိုသာ အသုံးပြုလိုက်ပါက၊ နတ်ဘုရားခန္ဓာကိုယ် ၂၀ ရာခိုင်နှုန်း သန့်စင်ထားပြီးတဲ့ နတ်ဘုရားတစ်ပိုင်းပညာရှင်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်မှာတောင် ငါ ကြောက်မိတယ်။ ဒါ့အပြင်၊ တကယ်လို့ ငါသာ ဖျက်ဆီးခြင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အသုံးပြု လိုက်တာ နဲ့၊ နတ်ဘုရားခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူတွေတောင် ငါ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး" ချင်ယွင်သည် သူ၏စိတ်ထဲ တွင် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ခိုင်မာသော ယုံကြည်မှုများ ပေါက်ကြားလာပါသည်။
ယခုအချိန်တွင်၊ သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကို မသန့်စင်နိုင်ခင်မှာပင်၊ နတ်ဘုရား ခန္ဓာကိုယ်ကို ၅၀ ရာခိုင်နှုန်းသန့်စင်ထားသည့် ဘုရားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို ဆန့်ကျင်တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။ နောင်အနာဂတ်တွင် သူသည် သူ၏နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ပြီးနောက်၊ သူသည် ပို၍ပင် အားကောင်းလာပေလိမ့်မည်။
"ကြည့်ရတာ, နတ်ဘုရားကမ္ဘာကို သွားရမယ့် အချိန်ရောက်ပြီထင်တယ်။ ဒါပေမယ့်၊ အဲဒီမတိုင်ခင်မှာ အင်မော်တယ်ကမ္ဘာရဲ့ လျှို့ဝှက်အန္တရာယ်တွေကို ရင်ဆိုင်ရဦးမှာပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ယခု သူသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိသွားသောအခါ၊ ဤအင်မော်တယ် ကမ္ဘာသည် သူ့အတွက် စိန်ခေါ်မှု တစ်စုံတစ်ရာကိုမှ မပြုလုပ်နိုင်တော့ပါ။ အကယ်၍, သူသည် ပို၍ကြီးမားသည့် စွမ်းအားတွေကို ရချင်သည်ဆိုလျှင်, သူသည် နတ်ဘုရား ကမ္ဘာကို သွားရပါလိမ့်မည်။
ထို့အပြင်၊ သူ၏ယခင်ထင်မြင်ချက်များအရ၊ သူ၏မိဘများသည် နတ်ဘုရားကမ္ဘာတွင် အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် သူသည် ဤကိစ္စကို သေချာစုံစမ်းရန် နတ်ဘုရားကမ္ဘာသို့ သွားရမည် ဖြစ်သည်။
သို့သော် သူသည် နတ်ဘုရားကမ္ဘာသို့ သွားသောအခါ၊ ယင်းက ချင်ယွင်သည် အမျိုးသမီး လေးယောက်ကို ထားခဲ့ရမည်ဟု ဆိုလိုသည်။
အမျိုးသမီးလေးယောက်၏ စွမ်းအားများဖြင့်, သူမတို့သည် နတ်ဘုရားကမ္ဘာထဲသို့ အမှန်တကယ်ပင် မ၀င်ရောက်နိုင်ကြသေးပေ။ သူမတို့ကို ကနဦးစကြဝဠာထဲတွင် ထားရှိ၍ ရသော်လည်း ချင်ယွင်သည် ၎င်းတို့၏ လုံခြုံရေးကို အာမခံဝံ့ခြင်း မရှိပေ။ အမှန်တကယ်ဆို ချင်ယွင်၏ ကနဦးစကြဝဠာသည် ယခင်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ဖူးပါသည်။ ထို့ကြောင့် သူမတို့ကို အင်မော်တယ်ကမ္ဘာမှာ ထားခဲ့ခြင်းသည်သာ ပညာရှိဆုံး ရွေးချယ်မှုဖြစ်ပါသည်။
သို့သော် သူ မထွက်ခွာမီတွင်၊ ချင်ယွင်သည် အတိတ်က ရန်သူအားလုံးကို ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားပါသည်။ ထို့သို့မဟုတ်ပါက သူ စိတ်ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
"ဒါဆိုလည်း ခင်ဗျားနဲ့ စလိုက်ရအောင် ကျင်းရှန်" ချင်ယွင်က တဟားဟား ရယ်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကြား လာပါသည်။ သူစကားပြီးသောအခါ ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူရှိရာနေရာမှ ပျောက်ကွယ်သွားခဲ့သည်။