← Chapters

အခန်း ၁၁၀၂

Vol. 74 Ch. 1102

အခန်း ၁၁၀၂

Vol. 74 Ch. 1102

အခန်း (၁၁၀၂) ကျင်းရှန်၏ ပူးပေါင်းကြံစည်မှု

ချင်ယွင်သည် တာချင်း အင်မော်တယ် မင်းဆက်တည်ရှိရာ နန်းတော်ဆီသို့ အပြေးအလွှား ပြေးသွားနေစဉ်။

ကျင်းရှန်၏ နန်းတော်အတွင်းမှာ လူနှစ်ယောက် စကားစမြည် ပြောဆိုနေကြပါသည်။ ၎င်းတို့ထဲမှ တစ်ဉီးသည် တာချင်း အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ် ကျင်းရှန် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျင်းရှန်သည် ပင်မထိုင်ခုံတွင် ထိုင်မနေပါ။ ယင်းအစား၊ သူသည် သူ၏မျက်နှာပေါ်တွင် ရိုသေလေးစားသည့် အမူအရာဖြင့် အောက်မှာ ရပ်နေပါသည်။

ခန်းမ၏ ပင်မခုံထက်တွင် လူငယ်တစ်ဦး ရှိနေသည်။

ဤလူသည် အဖြူရောင် ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ မျက်နှာသည် ထူးခြားလှ သည်။ သူ၏ခန္ဓာကိုယ်က မိန်းမဆန်သည့် အငွေ့အသက်ကို ထုတ်လွှတ်ထားသော်လည်း, သူ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် နတ်ဘုရာတန်ခိုးကြောင့် ကျင်းရှန်သည် အသက်မရှူနိုင် ဖြစ်နေခဲ့သည်။

"သခင်ယွမ်၊ ဒါတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် စုဆောင်းထားတဲ့ အနက်ရောင် ကျောက်တုံးတွေပဲ၊ စုစုပေါင်း သုံးတုံးရှိပါတယ်။ သခင်ယွမ်ရဲ့ လက်အောက်ခံ တွေက ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။" ကျင်းရှန်က တဟားဟား ရယ်မောရင်း ပြောလိုက်ပါသည်။ ထို့နောက်, သူ၏လက်ထဲတွင် နောက်ထပ် အနက်ရောင် ကျောက်တုံး သုံးတုံး ပေါ်လာပါသည်။

"အိုး? သုံးခုတောင်ပါလား..?" နတ်ဆိုးဆန်ဆန် လူငယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏လက်ကိုဖွင့်ပြီး ကျောက်တုံးသုံးတုံးကို စုပ်ယူလိုက်ပါသည်။ ကျောက်တုံးသုံးတုံးသည် နတ်ဆိုးဆန်ဆန် လူငယ်၏ရှေ့သို့ ချက်ခြင်း ပျံသန်းလာပြီး သူ၏ရှေ့တွင် လွင့်မျောနေသည်။

"ဒါက တကယ့်ကို အနက်ရောင် နတ်ဘုရားကျောက်တုံးတွေပဲ။ တစ်ချက်တည်းနဲ့ သုံးတုံးရဖို့ ငါ မမျှော်လင့်ထားဘူး။" သခင်ယွမ်ဟုခေါ်သည့် လူငယ်က ပြုံးပြသည်။

ထိုသို့ပြောပြီးသည်နှင့် သ်၏လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ အနက်ရောင် နတ်ဘုရား ကျောက်တုံးသုံးခုသည် သူ၏ရှေ့မှ ပျောက်ကွယ်သွားပြီး၊ သူ၏သိုလှောင်ခန်းထဲမှာ သိမ်းဆည်းလိုက်ပါသည်။

"မင်း ကောင်းကောင်း လုပ်ခဲ့ပြီးပြီ။ မင်းက အနက်ရောင် နတ်ဘုရားကျောက်တုံး သုံးခုကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားမှတော့, ပြန်ရောက်တာနဲ့, ငါ ဒီအကြောင်း သခင် ထန်းဟန်ကို သေသေချာချာ သတင်းပို့ပြီး မင်းကို သူ့ရဲ့ တမန်တော်အဖြစ် တောင်းဆိုပေး ပါ့မယ်။" သခင်ယွမ်ဟု ခေါ်သော နတ်ဆိုးဆန်ဆန် လူငယ်လေးသည် ကျင်းရှန်ကို ကြည့်ကာ ပြုံးလိုက်သည်။

ထိုစကားကို ကြားတော့ ကျင်းရှန်၏ မျက်နှာက ရွှင်လန်းသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှာ ချင်ယွင်နှင့် နေသာဧကရာဇ်တို့ကြား တိုက်ပွဲ အကြောင်း သူ ကြားသိခဲ့ပြီးဖြစ်ကာ၊ ယင်းသတင်းက သူ့ကို အလွန့်လွန် ထိတ်လန့်သွားစေ ခဲ့သည်။ အထူးသဖြင့်၊ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီဆိုသည့် နေသာ ဧကရာဇ်ကို ဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်က သူသည် အထိတ်တလန့်နှင့် စိတ်မသက်မသာ ဖြစ်နေခဲ့ပြီး၊ နေသာဧကရာဇ် သို့မဟုတ် ချင်ယွင်က သူ့ကို လက်စားချေရန် ရောက်လာမည်ကို သူ နက်နက်ရှိုင်းရှိုင်း ကြောက်လန့်နေခဲ့သည်။

နေသာဧကရာဇ် ထွက်ခွာသွားကြောင်း သတင်းကြားပြီးနောက်တွင် သူသည် ပို၍ သက်တောင့် သက်သာ ရှိလာခဲ့သည်။ သို့သော်၊ ချင်ယွင် တစ်ယောက် ရှိနေသေးသဖြင့် သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။

အများကြီး တွေးတောပြီးနောက်, သူသည် နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ကြိုတင် ကာကွယ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တမန်တော်ဖြစ်လာရန် ဖြစ်သည်။ ဤနည်းဖြင့် သူသည် နတ်ဘုရားနယ်ပယ်မှ ပညာရှင်တစ်ဦး၏ အကာအကွယ် ကို ရယူနိုင်မည် ဖြစ်သည်။

သို့သော် အဆင်မြင့်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး၏ တမန်တော်တစ်ဦးသည် ပင် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည် မဟုတ်ပေ။ သူသည် သေးငယ်သော လက်ဆောင် ပဏ္ဍာကို ဆက်သရမည် ဖြစ်ပြီး၊ ဤအနက်ရောင် နတ်ဘုရားကျောက်တုံးများသည် အကောင်းဆုံး လက်ဆောင် ပဏ္ဍာများ ဖြစ်ပါသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ အားလုံးသည် ဤအနက်ရောင် ကျောက်တုံးများကို ရှာဖွေနေကြသည်ကို သူ သိထားသည်။ ထို့ကြောင့် သူသည် တချိန်တုန်းက သူနှင့်သိခဲ့ဖူးသော နတ်ဘုရားတစ်ပိုင်းပညာရှင်နှင့် ဆက်သွယ်ခဲ့သည်။

ထိုနတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်ပညာရှင်သည် ထိုသတင်းကို ကြားသိပြီးနောက်၊ သူ့ကို လာရှာရန် အောက်ကမ္ဘာသို့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက သူ့ကို အရမ်းကို စိတ်လှုပ်ရှားစေခဲ့သည်။

အောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့သော ထိုနတ်ဘုရားတစ်ပိုင်း ပညာရှင်မှာ ဤသခင်ယွမ် ဖြစ်သည်။ ဤလူကို နတ်ဘုရားကမ္ဘာမှ ထန်းဟန်ဟုခေါ်သော ကြယ်နတ်ဘုရားတစ်ပါး၏ လက်အောက်ခံ ယွမ်ရှင်းဟုခေါ်တွင်ပြီး ကျင်းရှန်နှင့် ဆက်ဆံရေးရှိသည်။

ကျင်းရှန်သည် ဤယွမ်ရှင်းမှတဆင့် ကြယ်နတ်ဘုရား ထန်းဟန်၏ တမန်တော်တစ်ဦး ဖြစ်လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အခုလေးတင်, ယွမ်ရှင်းက သူ့ကိုယ်စား ကြယ်နတ်ဘုရား ထန်းဟန်၏ရှေ့မှာ အသနားခံ ပန်ကြားပေးမည်ဟု, ကတိပေးခဲ့သည်။ သူ၏ကြိုးစားအားထုတ်မူက အချည်းနှီး မဖြစ်ဘူး ဆိုသည်ကို သူ သိသည်။

"ချင်ယွင်၊ ငါကြယ်နတ်ဘုရား ထန်းဟန်ရဲ့ တမန်တော်ဖြစ်လာပြီး နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ပြီးတာနဲ့, မင်း ငါ့ကို ဘယ်လိုသတ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ကျင်းရှန် က သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ်ရယ်နေမိသည်။

ရုတ်​တရက်​၊ ကျင်းရှန်သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး၊ သူ၏မျက်လုံး​တွေက တောက်​ပသည့် အလင်း​ရောင်​များပင် ထွက်​လာခဲ့ပါသည်။

"အယ်၊ ငါ ချင်ယွင်ကိုသတ်ဖို့ ယွမ်ရှင်းရဲ့လက်ကို ဘာလို့ မငှားရတာလဲ?။ သူက နတ်ဘုရား တစ်ပိုင်း ကျွမ်းကျင်သူလေ။ ချင်ယွင်ကို သတ်ဖို့ဆိုတာ အလွယ်လေး မဟုတ်ဘူးလား?" ကျင်းရှန်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

သူ၏အမြင်အရဆို, ချင်ယွင်သည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့သော သာမန် အင်မော်တယ် ဧကရာဇ်များထက် အနည်းငယ်သာ သန်မာပါ သည်။ သို့သော် အကယ်၍, သူသည် နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရမည်ဆို လျှင်, သေချာပေါက် သတ်ဖြတ်ခံရလိမ့်မည်။ ထို့ကြောင့် သူသည် ဓားငှားပြီး သတ်ဖြတ်နိုင် မည့် ဤအစီအစဉ်ကို ချက်ခြင်း စဉ်းစားမိခြင်း ဖြစ်သည်။

ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး၊ သာမာန် နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူများထက် အားမနည်းသော စွမ်းအားကို ပိုင်ဆိုင်ထား သည်ကို သူ မသိသေးပါချေ။ အကယ်၍, သူသိခဲ့မည်ဆိုလျှင်၊ ယခုလို ကောက်ကျစ်သည့် စိတ်အကြံမျိုးကို သူ မသုံးဖြစ်လောက်ပါဘူး။

"သခင်ယွမ်၊ လူတစ်ယောက်ရဲ့လက်ထဲမှာ ဒီအနက်ရောင် ကျောက်တုံးတွေ တစ်ခုမက ရှိနေတာကို ကျွန်တော် သိထားပါတယ်။ ကျွန်တော့် ခန့်မှန်းချက်အရဆို, အဲဒီလူ လက်ထဲမှာ ခြောက်တုံးလောက် ရှိသင့်တယ်" ကျင်းရှန်က လေးလေးစားစား ပြောသည်။

အကယ်၍, သူသည် ချင်ယွင်ကိုသတ်ရန် ယွမ်ရှင်း၏ လက်ကို ငှားချင်သည်ဆိုလျှင်, ယွမ်ရှင်း၏လက်ကို အသုံးပြုလာစေရန် လုံလောက်သည့် အကြောင်းပြချက်တစ်ခု ပေးရ ပါလိမ့်မည်။ ဤအနက်ရောင် နတ်ဘုရားကျောက်တုံးများက အကောင်းဆုံး အကြောင်းပြ ချက်ဖြစ်ပါသည်။

"အိုး? အနက်ရောင် နတ်ဘုရားကျောက်တုံး ခြောက်တုံးလား..၊ မင်း သေချာရဲ့လား?" သေချာပါသည်၊ ယွမ်ရှင်းသည် ကျင်းရှန်၏စကားကို ကြားသည့်အခါ, သူ၏မျက်နှာက အံ့သြသွားသည့် အမူအရာတစ်ခု ပေါ်လာပါသည်။ ကျင်းရှန်၏ စကားက သူ့ကို စွဲဆောင်သွားသည်မှာ ထင်ရှားပါသည်။

"မှန်ပါတယ်၊ ဒီလူရဲ့လက်ထဲမှာ ဒီလို အနက်ရောင် နတ်ဘုရားကျောက်တုံး ခြောက်တုံး ရှိတယ်ဆိုတာ ကျွန်တော် သေချာပါတယ်" ကျင်းရှန်က ပြောသည်။ သူ၏စကားများသည် အခြေအမြစ် မရှိခြင်းတော့ မဟုတ်ပေ။ ယခင်က သူသည် ချင်ယွင်၏ကိစ္စရပ်များကို လျှို့ဝှက် စုံစမ်းနေခဲ့သည်။ ချင်ယွင် အနက်ရောင်ကျောက်တုံးများ ရရှိထားသည့် ကိစ္စအား စုံစမ်းရန် သူ့အတွက် မခက်ခဲပေ။

အမှန်တကယ်လည်း ချင်ယွင်မှာ အနက်ရောင် နတ်ဘုရားကျောက်တုံး ခြောက်တုံး ရှိနေပါ သည်။ သူသည် ဤနှစ်များအတွင်း ဤအနက်ရောင် နတ်ဘုရားကျောက်တုံး စုစုပေါင်း ခြောက်တုံးကို ရည်ရွယ်ချက်ရှိ၍ဖြစ်စေ, သို့မဟုတ် မရည်ရွယ်ဘဲဖြစ်စေ စုဆောင်းထားခဲ့ သည်။

"အိုး ဒီလူက ဘယ်သူလဲ" ယွမ်ရှင်းသည် ကျင်းရှန်၏ စကားကိုကြားသောအခါ သူ၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။

ယခုလေးတင် ကျင်းရှန်သည် သူ့အား အနက်ရောင် နတ်ဘုရားကျောက်တုံး သုံးခု ပေးခဲ့ပြီး၊ ယခင်က သူရရှိထားသော အနက်ရောင် နတ်ဘုရားကျောက်တုံးပါ ထည့်တွက်လျှင် စုစုပေါင်း လေးခု ရှိလာခဲ့ပြီ။ အကယ်၍, သူသည် နောက်ထပ် အနက်ရောင် နတ်ဘုရား ကျောက်တုံး ခြောက်ခုကိုသာ ရယူနိုင်ခဲ့ပါက၊ သူသည် အနက်ရောင် နတ်ဘုရား ကျောက်တုံးဆယ်လုံးကို တစ်ပြိုင်နက် ရရှိမည်ဖြစ်သည်။ ဤနည်းအားဖြင့်၊ သူသည် အနက်ရောင် နတ်ဘုရားကျောက်တုံးများကို စုဆောင်းရန် ကျောက်တုံးနှစ်ခုသာ လိုတော့ မည်။

"ဒီလူကို ချင်ယွင်လို့ ခေါ်တယ်။ သူကတော့ ကောင်းကင်တာအို နယ်ပယ်ရဲ့ အထွတ်အထိပ် မှာရှိနေတဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးပဲ။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းက ထူးထူး ခြားခြားပဲ။ သူ စတင်ကျင့်ကြံခဲ့တာ နှစ်တစ်ရာတောင် မပြည့်သေးဘူး။ သူက အလွန်တရာ မှ ထက်မြက်လှတဲ့ ပါရမီရှင်တစ်ဦးပဲ။" ကျင်းရှန်က ပြောသည်။

"ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် နှစ်တစ်ရာမပြည့်ခင် ကျင့်ကြံနိုင်တဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးလား?" ထိုစကားကို ကြားတော့ ယွမ်ရှင်း သည် သူ၏မျက်နှာတွင် အံ့အားသင့်ဟန် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သော်လည်း, မကြာခင်မှာဘဲ သူ၏မျက်နှာက မထီမဲ့မြင် လှောင်ပြောင်မှုကို ထုတ်ဖော်လိုက်ပါသည်။

"ဟမ့်၊ သူက အနှစ်တစ်ရာအောက် ကျင့်ကြံခဲ့တော့ရော ဘာဖြစ်လဲ?။ သူ နတ်ဘုရား တစ်ပိုင်းနယ်ပယ်ကို မရောက်သေးသရွေ့, သူလည်း ပုရွက်ဆိတ်တစ်ကောင်ပဲ၊ ဒီကိစ္စကို မင်း လုံးဝ စိတ်ပူနေစရာ မလိုဘူး။ ငါ သူ့ရှေ့မှာ မတ်တပ်ရပ်လိုက်တာနဲ့, သူက အနက်ရောင် နတ်ဘုရားကျောက်တုံးတွေကို လွှဲမပေးဘူးလို့ ငါ မယုံဘူး။" ယွမ်ရှင်းသည် သူ၏မျက်နှာပေါ်တွင် အလွန်မာနကြီးသော အမူအရာဖြင့် ရယ်မောလိုက်သည်။

"သခင် ယွမ်ရှင်း၊ မင်း, မှားနေတယ်။ သူ တကယ်ကို လွှဲပေးမှာ မဟုတ်ဘူး။ ဒီလူက အရမ်းကို မောက်မာလွန်းလို့ ဘယ်သူ့ကိုမှ မျက်စိထဲ ထည့်မထားဘူး။ နတ်ဘုရားအဆင့် တမန်တော် နှစ်ယောက်တောင်မှ သူ့လက်မှာ သေဆုံးသွားခဲ့ပြီလို့ ပြောကြတယ်။" ကျင်းရှန်က ပြောသည်။

သူလိုချင်သည်က ချင်ယွင်ကို သတ်ဖြတ်နိုင်ရန် ယွမ်ရှင်း၏လက်ကို ငှားရမ်းဖို့ ဖြစ်ပြီး၊ ချင်ယွင်ကို မသတ်ခင်မှာ ယွမ်ရှင်း၏ နှလုံးသားထဲတွင် အလွန့်လွန် ဆိုးရွားသည့် ခံစားချက်တစ်ခုကို ချန်ထားပေးရလိမ့်မည်။

"အို၊ သူက တမန်တော် နှစ်ယောက်ကို သတ်လိုက်တာလား?။ သူက ကောင်းကင်နဲ့ မြေကြီးကို တကယ် မသိပုံရတယ်။" ယွမ်ရှင်းက အံ့သြစွာ ပြောသည်။

“မှန်တယ်။ သူ နတ်ဘုရားဖြစ်လာချိန်မှာ, သူက နတ်ဘုရားအားလုံးကို သူ့ခြေရင်းအောက် မှာ ဖိနင်းပြီး လုံးလုံးလျားလျား နင်းချေပစ်မယ်” လို့လည်း ပြောခဲ့ဖူးတယ်။” ကျင်းရှန်က ဆက်ပြောသည်။

"ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားထက်မှာ ရပ်တည်ချင်နေတယ်ပေါ့။ သူက အခုလို ပုံစံမျိုးနဲ့ နတ်ဘုရားတန်ခိုးကို တကယ်ကို ရန်စရဲတယ်ပေါ့။ ဟမ့်၊ အဲဒါဆိုရင်လည်း နတ်ဘုရားတွေကိုယ်စား ဒီပုရွက်ဆိတ်ကို သင်ခန်းစာတစ်ခု သင်ပေးပြီး နတ်ဘုရား တန်ခိုးဆိုတာမျိုးက ချိုးနှိမ်လို့ မရဘူးဆိုတာ သူ့ကို သိစေရမယ်။" ယွမ်ရှင်းက ဒေါသတကြီး ပြောလိုက်ပြီး၊ သူ၏မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်များ ပေါ်ထွက်လာခဲ့ သည်။

ကျင်းရှန်သည် ယွမ်ရှင်း ဒေါသထွက်နေသည်ကို တွေ့လိုက်ရသောအခါ ကောက်ကျစ်သော အပြုံးတစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာတွင် တောက်ပလာသည်။

"ဘုန်း..”။

ထိုအချိန်မှာပင် ကြောက်စရာကောင်းသည့် အသံတစ်ခုက ထွက်ပေါ်လာပါသည်။ ထို့နောက် သူတို့နေထိုင်သော နန်းတော်ခေါင်မိုးကြီးသည် လွင့်ထွက်သွားသည်။ ပုံရိပ်တစ်ပုံသည် လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး အောက်ကို အေးစက်စွာ ကြည့်နေသည်။

ကျင်းရှန်သည် ဤရုပ်အသွင်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် သူ၏ဘေးမှ ယွမ်ရှင်းအား အလောတကြီး ပြောလိုက်ပါသည် "သခင်ယွမ်၊ သူက ချင်ယွင်ပဲ"။

ထိုစကားကို ယွမ်ရှင်းကြားလိုက်စဉ်, သူ၏မျက်နှာက အံ့အားသင့်ဟန် အရိပ်အယောင် တစ်ခု ချက်ချင်း ပေါ်လာပါသည်။ ချင်ယွင်ဆီသို့ ကြည့်နေသည့် သူ၏အကြည့်များသည် လည်း ရေခဲတမျှ အေးစက်သွားခဲ့သည်။

All Chapters