← Chapters

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း (၁၁၀၃) နတ်ဘုရားတစ်ပိုင်းများ၏တိုက်ပွဲ။

ချင်ယွင်သည် လေဟာနယ်တွင် ရပ်နေပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

ခန်းမထဲတွင် ကျင်းရှန် တစ်ဦးတည်းမဟုတ်ကြောင်း သူမြင်လိုက်သောအခါ, သူ၏မျက်နှာပေါ်တွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာပါသည်။

အစောပိုင်းက၊ သူသည် ခန်းမခေါင်မိုးကို တိုက်ရိုက် လွှင့်ပစ်ရန် တယ်လီပို့စနစ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် စူးစမ်းလေ့လာရန် သူ၏နတ်ဘုရားအာရုံကို မဖော်ထုတ်ခဲ့ပေ။ ကျင်းရှန်သည် ခန်းမထဲတွင် တစ်ဦးတည်းမဟုတ်ကြောင်း ယခုမှ သဘောပေါက်သွားခြင်း ဖြစ်သည်။

"နတ်ဘုရားတစ်ပိုင်း နယ်ပယ် ကျွမ်းကျင်သူလား။" ချင်ယွင်သည် နဂါးကုလားထိုင်ပေါ် တွင် ထိုင်နေသော လူငယ်ကို ငုံ့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လူငယ်လေး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

သူသည် ဤလူငယ်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးဘဲ ပထမဆုံးတွေ့သည့် အချိန်မှာ ပင် ဤလူက သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်ထားခဲ့သည်။ ဤအချက်က ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။

သို့သော် ကျင်းရှန်သည် ဤအရာအားလုံး၏ နောက်ကွယ်တွင် ကျိန်းသေပေါက် ရှိနေကြောင်းကို ချင်ယွင်သည် မကြာမီ နားလည်လာခဲ့သည်။

"မင်းက ချင်ယွင်လား?" ဟုတ်တယ်။ အောက်မှလူငယ်က ချင်ယွင်ကို ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်ပါသည်။

"မှန်တယ်၊ ငါက ချင်ယွင်ပဲ" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။

ချင်ယွင်၏ တင်းမာပြတ်သားသည့် လေသံကို မြင်လိုက်ရတော့ လူငယ်သည် ကျင်းရှန်၏ စကားများကို သူ၏စိတ်နှလုံးထဲမှာ ချက်ချင်း ယုံကြည်သွားပါသည်။ သူက ချင်ယွင်ကို အုံ့မှိုင်းနေသည့် အမူအရာဖြင့် ကြည့်ပြီး "မင်းလက်ထဲမှာ အနက်ရောင် ဘုရားကျောက်တုံး ခြောက်တုံး ရှိနေတယ်လို့ ငါကြားထားတယ်"ဟု မေးလိုက်ပါသည်။

"အနက်ရောင် နတ်ဘုရားကျောက်တုံးလား?" ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွား သော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ဤအနက်ရောင် နတ်ဘုရားကျောက်တုံးများ သည် သူရရှိထားသော အနက်ရောင် ကျောက်တုံးများ ဖြစ်သင့်သည် ။

"အဲတော့ ဘာဖြစ်သလဲ?" ချင်ယွင်က မောက်မာစွာ မေးသည်။

ထိုလူငယ်က အေးစက်ပြီး မာနကြီးသည့် အမူအရာဖြင့် ပြောလာသည့်အတွက်၊ ယင်းက သူ့ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေသည်။ အခြေအနေက ယခုလိုဖြစ်လာမှတော့, သူ့နေဖြင့် သူ့အပေါ် ယဉ်ကျေးနေစရာ မလိုအပ်တော့ပါဘူး။

"အနက်ရောင် နတ်ဘုရားကျောက်တုံးတွေကို လွှဲပေးလိုက်ပါ။ မင်းရဲ့အသက်ကို ငါ ချမ်းသားပေးနိုင်တယ်။" ယွမ်ရှင်းက မောက်မာစွာ ပြောသည်။

ချင်ယွင်သည် သူနှင့် စကားပြောနေစဉ်မှာ လေထဲတွင် ရပ်နေသဖြင့် ယင်းမြင်ကွင်းက ယွမ်ရှင်းကို အလွန်မပျော်မရွှင်ဖြစ်စေသည်။ ဤအရာတစ်ခုတည်းကပင် သူ၏စိတ်နှလုံးထဲ တွင် သတ်ပစ်ချင်စိတ်ကို လောင်ကျွမ်းသွားစေခဲ့သည်။

သို့သော် သူ အနက်ရောင် နတ်ဘုရားကျောက်တုံးများ ရရှိသည်အထိ စောင့်ဆိုင်းလိုက် လျှင်လည်း အချိန်မနှောင်းသေးပါ။

"ငါ့ကို မသတ်ဘဲ ခွင့်လွှတ်ပေးမယ် ဟုတ်လား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အကယ်၍, သူသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို အဆင့်မချိုးဖြတ်နိုင်သေးပါက၊ သူသည် ကြောက်နေပါဦးမည်။ ယခုမူကား၊ သူသည် နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ထား ပြီးဖြစ်ကာ၊ နတ်ဘုရားတန်ခိုးက အမျိုးအစားတစ်ခုထက်မက ရှိနေပြီဖြစ်သည်။ နတ်ဘုရားခန္ဓာကိုယ်ကို အလွန်မြင့်မားသော အဆင့်အထိ မသန့်စင်နိုင်သေးပါက၊ သူ့ကို ခြိမ်းခြောက်နိုင်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။

သူ၏ရှေ့ရှိ လူငယ်သည် ဤစာရင်းအမျိုးစားနှင့် မသက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း သူသိထားသည့်အတွက် ချင်ယွင်သည် သဘာဝအတိုင်း မကြောက်ရွှံ့ပေ။ (ဤစာရင်း အမျိုးစားနှင့် မသက်ဆိုင်ခြင်းဟူသည် နတ်ဘုရားခန္ဓာကိုယ်ကို မြင့်မားသောအဆင့်အထိ မသန့်ထားသည်ကို ဆိုလိုပါသည်)။

"မင်းက ငါ့ကို သတ်နိုင်မယ်ထင်လား" ချင်ယွင်က ယွမ်ရှင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း တဟားဟားဖြင့် ရယ်မောကာ တုန့်ပြန်လိုက်ပါသည်။

ယွမ်ရှင်း၏စိတ်သဘောထားက သူ့ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။ ထို့အပြင် ယွမ်ရှင်းသည် စတင်လှုပ်ရှားလာကတည်းက, အနက်ရောင် နတ်ဘုရားကျောက်တုံးကို တောင်းနေခဲ့သည်။ သေချာသည်မှာ, သူသည် သူ့ကို မျက်လုံးထဲ ထည့်မထားခဲ့ပေ။ ချင်ယွင်သည် ထိုကဲ့သို့လူမျိုးကို ကောင်းကင်ထက်မှာ နောက်ထပ် ကောင်းကင်ကြီးတစ်ခု ရှိနေသေးသည်ကို သိအောင်ပြသရမည်ဆိုလျှင်လည်း သူ စိတ်ထဲမထားပါဘူး။ အပေါ်ယံ ဆန်သည့် လူစားမျိုးတွေ ရှိနေခဲ့သည်။

"ချာတိတ်လေး..၊ ငါ ဘယ်သူလဲဆိုတာ မင်းသိလား?" ယွမ်ရှင်းသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူ၏စိတ်နှလုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ် လာရင်း၊ သူ၏မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။

"မသိဘူး၊ သိလည်းမသိချင်ဘူး" ချင်ယွင်က ရယ်မောကာ ပြန်ဖြေသည်။

"မင်းက သေချင်နေတာဘဲ" ယွမ်ရှင်းသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ်မှ ချက်ခြင်း ပျံ့နှံ့ ထွက်ပေါ်လာသည်။

ခေါင်မိုးဆုံးရှုံးပြီးသော ခန်းမကြီးသည် သူ၏နတ်ဘုရားတန်ခိုးအောက်တွင် အမှုန့်ဖြစ်သွား ကာ နန်းတော်တစ်ခုလုံး မြေပြင်ပေါ်သို့ ချက်ချင်း ပြိုကျသွားသည်။

"သခင်ယွမ်၊ ဒီလူက ကောင်းကင်နဲ့မြေကြီးကို မသိဘူးလို့ မင်းကို ငါ ပြောခဲ့ပါတယ်။ သူက မင်းကို မျက်လုံးထဲ လုံးဝ မထည့်ထားဘူး။ တကယ်လို့, သခင်ယွမ်သာ သူ့ကို သင်ခန်းစာ ကောင်းကောင်း မသင်ပေးဘူးဆိုရင် သခင်ယွမ်က အနိုင်ကျင့်ဖို့ လွယ်ကူသူတစ်ယောက် လို ဆက်ဆံနေမှာ ငါ ကြောက်မိတယ်။" ကျင်းရှန်သည် ယွမ်ရှင်း အလွန်မင်း ဒေါသပေါက်ကွဲလာသည်ကို မြင်သောအခါ မီးပုံထဲသို့ လောင်စာထပ်ထည့်လိုက်သည်။

ကျင်းရှန်လည်း ဝမ်းသာသွားသည်။ မူလက ချင်ယွင်သည် ယွမ်ရှင်း စိတ်ကျေနပ်အောင် လိုက်လျောမည်ကို သူ ကြောက်ရွံ့နေခဲ့သည်။ ဤနည်းအားဖြင့် သူ့ကိုသတ်ရန် ဓားငှားမည့် အကြံအစည်သည် ပျက်သွားပေလိမ့်မည်။ သို့သော်၊ ချင်ယွင်သည် ယွမ်ရှင်း ဒေါသထွက်စေ မည့် ထိုကဲ့သို့သော စကားမျိုး ပြောလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ချင်ယွင်၊ ချင်ယွင်၊ မင်းက သေခြင်းတရားကို တောင်းခံနေမှတော့, ငါ့ကို အပြစ်မတင်နဲ့။ မင်းက အရာအားလုံးကို တောင်းဆိုခဲ့တဲ့လူပဲ" ကျင်းရှန်သည် သူ၏နှလုံးသားထဲတွင် လှောင်ရယ် ရယ်လိုက်ပြီး၊ သူ၏မျက်နှာပေါ်ရှိ ရက်စက်သော အပြုံးသည် ပို၍ပင် ခက်ထန်လာခဲ့သည်။

ချင်ယွင်သည် ကျင်းရှန်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်ပြုံးကို ကြည့်ပြီး၊ ကျင်းရှန်သည် ဤအရာအားလုံး၏ နောက်ကွယ်တွင် ရှိနေကြောင်း ပို၍ပင် သေချာလာသည်။

"လူတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ဓားတစ်ချောင်း ငှားရမ်းခြင်းက တကယ်ကို ကောင်းမွန်တဲ့ အကြံစည်တစ်ခုပါပဲ။ ဒါပေမယ့် ကျင်းရှန်, ခင်ဗျားက ကျုပ်ကို သိပ်ပြီး လျှော့တွက်လွန်းနေတယ်။ မင်းရဲ့ နှလုံးသားထဲမှာ ဒီလိုစိတ်ကူးတွေ ရှိနေမှတော့, ကျုပ်က လည်း ခင်ဗျားကို ငါ လုံးဝ စိတ်ပျက်သွားအောင် လုပ်ရလိမ့်မယ်" ချင်ယွင်သည်လည်း သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ်ရယ်နေခဲ့သည်။

"အယုတ်တမာကောင်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ။ ဒီလိုဆိုမှတော့ မင်း ငါ့ကို အပြစ်မတင်နဲ့တော့။ နတ်ဘုရားတွေရဲ့ ဂုဏ်သိက္ခာကို မင်းတို့လို ပုရွက်ဆိတ်တွေက စော်ကားနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ ဒီနေ့ မင်းလို ငါ ပြောပြပေးမယ်။" ယွမ်ရှင်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ရုပ်အသွင်က နဂါးပလ္လင်ပေါ်ကနေ ပျောက်သွားပါ သည်။ သူ၏ရုပ်အသွင်သည် လျင်မြန်သော မီးလျှံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရင်း၊ ချင်ယွင်ဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

ယွမ်ရှင်း၏ အရှိန်ဟုန်က အရမ်းကို မြန်ဆန်ပြီး၊ သူသည် ချင်ယွင်၏ရှေ့ကို ချက်ချင်း ရောက်ရှိလာပါသည်။

သူ၏လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးမီးလျှံများက တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ ထိုနတ်ဘုရားတန်ခိုးသည် အလွန်မင်း ပူပြင်းသည့် လောင်ကျွမ်းခြင်း အငွေ့အသက်များ ပါဝင်နေသည်။

အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ပစ္စည်းများပင်လျှင် ဤကြောက်မက်ဖွယ်ကောင်း သော အပူချိန်ဖြင့် ထိမိပါက သံမဏိအဖြစ်မှ အရည်ပျော်သွားလိမ့်မည်။

"ငရဲကိုသွားလိုက်တော့..." ယွမ်ရှင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ မီးလျှံ နတ်ဘုရားတန်ခိုးပါ၀င်နေသည့် လက်ဖဝါးက ချင်ယွင်၏ ခန္ဓာကိုယ်ကို ပြာအဖြစ် ပြောင်းလဲပစ်ချင်သည့်အလား ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပါသည် ။

ချင်ယွင်သည် ယွမ်ရှင်း၏ လက်ဖဝါးကို ကြည့်လိုက်သည်၊ သူ၏မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိရုံမျှသာမက, သူ၏မျက်နှာပေါ်တွင် အေးစက်စက် အပြုံးပင် ပေါ်လာပါ သည်။

"မင်းရဲ့ဒီအဆင့်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား?။ မင်းက မောက်မာလွန်းရာ ကျမနေဘူးလား?" ချင်ယွင်သည် သူ၏လက်ထဲတွင် ချက်ချင်းဆိုသလိုပင် စိမ်းပြာရွှေ ရောင် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို စုစည်းလိုက်ရင်း ရယ်မောကာ ပြောလိုက်ပါသည်။

ချင်ယွင်သည် ရှောင်တိမ်းခြင်းမရှိဘဲ ယွမ်ရှင်း၏ လက်ဖဝါးကို တိုက်ရိုက်ထိုးလိုက်ပါသည်။

"ဘုန်း...။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယွမ်ရှင်း၏ လက်ဖဝါးပေါ်ရှိ နတ်ဘုရားတန်ခိုး မီးတောက်သည် ချင်ယွင်၏ လက်သီးချက်ကြောင့် တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။

ဤပေါက်ကွဲသံအောက်တွင် ယွမ်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ လွင့်ပျံသွား ကာ အဝေးမှ မြေပြင်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့သည်။ ငလျင်လှုပ်ကဲ့သို့ ကျယ်လောင် သော အသံတစ်ချက် ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ယွမ်ရှင်းသည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး၊ သူ၏မျက်နှာက အံ့သြမှု အပြည့်နှင့်ပင်။

ထိုအခိုက်အတန့်တွင် သူ၏လက်မှတဆင့် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ဤစွမ်းအားက သူ့ကို ခုခံနိုင်စွမ်း ကင်းမဲ့စေခဲ့ပြီး၊ ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့်ပင် သူလည်း နောက်ပြန် လွင့်စင်သွားခဲ့ရသည်။

ကျင်းရှန်သည် အောက်တွင် မတ်တပ်ရပ်နေကာ၊ သူ၏မျက်နှာပေါ်တွင် အလွန်မင်း အံ့သြသွားသည့် အမူအရာဖြင့် ဤမြင်ကွင်းကို ကြည့်ရူနေသည် ။

ယွမ်ရှင်း၏ လက်ဖဝါးရိုက်ချက် အောက်တွင် ချင်ယွင်သေဆုံးမည်ဟု မူလက ထင်ထားခဲ့ သော်လည်း အဆုံးတွင် ယွမ်ရှင်းသည် နောက်ပြန် လွင့်စင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လေထဲတွင် မလှုပ်မယှက် ရပ်နေသည်။

အခုလေးတင် တိုက်ပွဲမှတဆင့် ယွမ်ရှင်း၏ အစွမ်းသည် ချန်ထက် အဆပေါင်းများစွာ နိမ်ကျသည်ဟု အခြေခံအားဖြင့် ဆုံးဖြတ်ထားပြီး၊ သူ၏နတ်ဘုရားခန္ဓာကိုယ်က ၁၀ ရာခိုင်နှုန်းလောက်သာ သန့်စင်ပြီးဖြစ်သင့်သည်။

"မင်း... မင်းက ဘယ်လိုလုပ် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတာလဲ? မင်းက ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်မှာရှိနေတဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါး မဟုတ်ဘူးလား?" ယွမ်ရှင်းသည် မြေပြင်မှ ကုန်းရုန်းထ ကာ ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်ရင်း၊ သူ၏မျက်လုံးများက အလွန်မင်း မယုံမကြည် ဖြစ်နေသည့် အမူအရာကို ပေါ်လွင်စေသည်။

"ငါက နတ်ဘုရားတစ်ပိုင်းနယ်ပယ်မှာ မရှိဘူးလို့ မင်းကို ပြောမိပုံလည်း မပေါ်ပါဘူး" ချင်ယွင်က ပြုံးပြီး တုန့်ပြန်လိုက်သည်။

ထိုစကားကို ယွမ်ရှင်း ကြားလျှင်, သူသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ပြီး ကျင်းရှန်ကို စိုက်ကြည့်နေသည်။

ကျင်းရှန်၏ မျက်နှာသည် သေလုမတတ် ဖြူဖျော့နေပြီး၊ သူ၏မျက်နှာက စိတ်ပျက် အားငယ်မှုနှင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ ပေ။ အချိန်ကြာမြင့်စွာကတည်း နတ်ဘုရားတစ်ပိုင်းဖြစ်နေခဲ့သည့် ယွမ်ရှင်းကို လက်သီး တစ်ချက်ဖြင့် နောက်ပြန် လွင့်ထွက်စေခဲ့သည်။

"သခင်ယွမ်၊ ငါ မင်းကို လိမ်ပြောဖို့ မရည်ရွယ်ပါဘူး။ ဒီလူက တကယ်ပဲ ကောင်းကင်တာအို နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာရှိနေတဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးပါပဲ။ သူက အခုမှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်သွားတာ ဖြစ်ပါလိမ့်မယ်။" ကျင်းရှန်က ကမန်းတကန်း ရှင်းပြသည်။

"အရူးကောင်" ယွမ်ရှင်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်ကာစ လူတစ်ယောက်သည် ဤမျှလောက် အစွမ်းထက်သော ခွန်အားများ ပိုင်ဆိုင်ထားပြီး၊ သူ့ကို လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွား စေရန် မည်သို့ စွမ်းဆောင်နိုင်မည်နည်း။

All Chapters