← Chapters

အခန်း ၁၁၀၄

Vol. 74 Ch. 1104

အခန်း ၁၁၀၄

Vol. 74 Ch. 1104

အခန်း (၁၁၀၄) ကျင်းရှန်၏ စိတ်ပျက်အားငယ်မှု

"လခွမ်းပေါ့…" ယွမ်ရှင်းသည် သူ၏နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သည်။

ထိုအချိန်တွင် သူ၏နှလုံးသားသည် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသော်လည်း ထိုအမုန်းတရားသည် ချင်ယွင်ကို မဟုတ်ဘဲ ကျင်းရှန်ထံ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင်၊ ကျင်းရှန်သည် သူ့အား လှံကိုင်ဆက်သားအဖြစ် အသုံးပြုခဲ့၍၊ သူသည် ရန်မစသင့်သောလူကို ရန်စမိခဲ့ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ကျင်းရှန်၏ မျက်နှာမှာလည်း သေဆုံးလုမတတ် ဖြူဖျော့နေသည်။ ယွမ်ရှင်းက သူ့အပေါ် သတ်ပစ်ချင်စိတ်ကို ရှင်းရှင်းလင်းလင်း သူ ခံစားလိုက်ရပါသည်။

"သခင်ယွမ်၊ မင်း ငါ့ကို ယုံကြည်ရမယ်နော်။ ဒီချင်ယွင်က တကယ်ပဲ နတ်ဘုရားတစ်ပိုင်း နယ်ပယ် အခုမှ ရောက်ရှိသွားတာပါ။ ငါ ဒီကိစ္စကို တကယ် ကြိုမသိခဲ့ပါဘူး" ကျင်းရှန်က အမြန် ရှင်းပြသည်။

အကယ်၍, ယွမ်ရှင်းကသာ သူ့ကို အမှန်တကယ် သတ်ဖြတ်ချင်သည်ဆိုလျှင်, သူ ဒီနေ့ အသက်ရှင် ကျန်ရစ်နိုင်မှာ မဟုတ်တော့ပါဘူး။

ယွမ်ရှင်းသည် ကျင်းရှန်၏ စကားကို ကြားလိုက်ရသည့်အခါ, သူ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က အားနည်းမသွားသည့်အပြင်, ပို၍ပင် ပြင်းထန်လာသည်။

"ငါ မင်းကို အခုပဲ သတ်ပစ်နိုင်တယ်ဆိုတာ မင်း ယုံကြည်လား?" ယွမ်ရှင်းက အေးစက်စွာ ပြောပြီး သူ၏မျက်လုံးတွေက ကျင်းရှန်ကို အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။

ထိုစကားကို ကြားတော့ ကျင်းရှန်၏မျက်နှာက ချက်ချင်းဆိုသလို မျက်ရည်မကျဘဲ ငိုချင်သည့် အမူအရာ ပေါ်လာပါသည်။

"သူက မင်းကို လိမ်နေတာ မဟုတ်ဘူး။ ငါက တကယ်ပဲ လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ အဆင့်ဖြတ်ကျော်သွားခဲ့တာ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

အမှန်တော့၊ သူသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်ခဲ့သည်မှာ နှစ်လမျှသာ ကြာပါသေးသည်။ သို့သော်၊ သူသည် လင်းကြည်တောင်တွင် တစ်လကြာအောင် နေထိုင်ခဲ့ ပြီး၊ ထိုတစ်လသည် ပြင်ပကမ္ဘာတွင် ဆယ်လကြာ ရောက်ရှိသွားသောကြောင့် ချင်ယွင်၏ နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ အဆင့်ဖြတ်ကျော်နိုင်ခြင်းသည် ဆယ့်တစ်လအဖြစ် ရေတွက်နိုင်ပါသည်။

ချင်ယွင်၏ စကားကိုကြားတော့ ကျင်းရှန်သည် သူ၏ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ပြ လိုက်ပါသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်အပေါ် အမှန်တကယ် ကျေးဇူးတင်နေမိသည်။

ယွမ်ရှင်းလည်း အံ့သြသည့် အမူအရာကို ထုတ်ပြလာသည်။ သူက ချင်ယွင်ဘက်ကို လှည့်ကြည့်ပြီး မေးသည်"ဒါဆို မင်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်သွား တာ တကယ်ပဲ တစ်နှစ်အောက်ပဲရှိသေးတားလား?။ ဒါဆို မင်းရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို ဘယ်အတိုင်းတာထိ သန့်စင်ပြီးပြီလဲ"။

"ငါ့ရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို ငါမသန့်စင်ရသေးဘူး။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

"အယ်?" ယွမ်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

"နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ရခြင်း မရှိသေးဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ သူ့ရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို မသန့်စရသေးဘဲနဲ့ အစောပိုင်းက သူ့လက်သီးချက်က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ?။ အဲဒီလက်သီးချက်က နတ်ဘုရား ခန္ဓာကိုယ်ကို ၂၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကိုတောင် ပေါက်ကွဲ ထွက်နိုင်တဲ့ လက်သီးချက်ဆိုတာ ရှင်းလင်းပါတယ်။ မင်းက ငါ့ကို လိမ်နေတာ မဟုတ်လား?။” ယွမ်ရှင်းသည် ချင်ယွင်၏စကားကို မယုံဘဲ သူ့ကိုယ်သူ ရေရွတ်လိုက် သည်။

"မင်းကို ငါ တကယ်ပဲ လိမ်ပြောနေတာ မဟုတ်ဘူး။ ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို တကယ်ပဲ မသန့်စင်ရသေးဘူး။ မဟုတ်ရင် ငါ့ခန္ဓာကိုယ်မှာရှိနေတဲ့ နတ်ဘုရားတန်ခိုးရဲ့ စွမ်းအင် အတက်အကျလှိုင်းတွေကို မင်း ခံစားနိုင်မှာ မဟုတ်ဘူးလား။" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက်ပါသည်။

ထိုစကားကို ကြားတော့ ယွမ်ရှင်းသည် သံသယဝင်သွားသည့် အမူအရာကို ထုတ်ဖော်လိုက် ပါသည်။ သူသည် ချင်ယွင်၏ စကားကို သူ၏စိတ်နှလုံးထဲတွင် စတင်ယုံကြည်လာသည်။

ချင်ယွင်ကို အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ် ယခုလေးတင် ဆက်ဆံရခြင်း၏ အကြောင်းရင်းက, ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့် စွမ်းအင်အတက်အကျလှိုင်းမှ ရှိမနေသောကြောင့် ဖြစ်ပါသည်။ သူသည် သူ၏နတ်ဘုရား ခန္ဓာကိုယ်ကို စတင် သန့်စင် သည်နှင့်၊ သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများကို ပြသလာပါလိမ့်မည်။ သူပို၍ သန့်စင်ပြီလေ၊ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း များက ပို၍အားကောင်းလာလေ ဖြစ်ပါသည်။ ဤသည်မှာ နတ်ဘုရားကမ္ဘာတွင် အလုံးစုံ အသိအမှတ် ပြုထားသော အမှန်တရား ဖြစ်ပါသည်။

"သူက သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို တကယ်ပဲ မသန့်စင်ရသေးတာ ဖြစ်နိုင်သလား?။ ငါက ရန်သူကို လျှော့တွက်မိပြီး လုံလောက်အောင် ဂရုမစိုက်မိခဲ့ဘူး။ ဒါကြောင့်လည်း ငါက သူ့လက်သီးချက်ကြောင့် လွင့်ထွက်သွားရတာပဲ။ ဟုတ်ပါပြီ, ငါ ရန်သူကို ပေါ့ပေါ့ဆဆ လျှော့တွက်မိပြီး သူ့ကို အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ် ရင်ဆိုင်မိတာကြောင့် ဖြစ်ရမယ်။ ဒါကြောင့် သူက ဒါကို အခွင့်ကောင်းယူပြီး အောင်မြင်သွားတာပဲ။ တကယ်လို့, ငါသာ အသေချာတိုက်ခိုက်ရင် သူက ငါ့ရဲ့ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်ဘူး။ ယွမ်ရှင်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏နှလုံးသားက ယုံကြည်မှုတွေ ပြန်လည် ပြင်းထန်လာပါသည်။ သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူ၏အကြည့်များက တဖန်ပြန်လည် မောက်မာလာပြန်သည်။

'ဟမ့်၊ နတ်ဘုရားခန္ဓာကိုယ် မသန့်စင်ရသေးတဲ့ နတ်ဘုရားတစ်ပိုင်းလေးကများ ငါ့ရှေ့မှာ မောက်မာဝံ့ကြွားရဲတယ်ပေါ့။ ချာတိတ်လေး, ငါ အခုနက ရန်သူကို သတိပေါ့စပြီး လျှော့တွက်မိလို့ပဲ။ ငါ တကယ် လှုပ်ရှားချင်တယ်ဆိုရင် မင်းက ငါ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင် ဘူး။ အနက်ရောင် နတ်ဘုရားကျောက်တုံးကို အလိုက်သိသိနဲ့ လွှဲပေးလိုက်တာ အကောင်းဆုံးပဲ။” ယွမ်ရှင်းသည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"မှန်တယ်၊ သခင်ယွမ်က ရန်သူကို လျှော့တွက်မိလို့ပဲ။ ချင်ယွင်၊ မင်းက သခင်ယွမ်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား" ကျင်းရှန်က ကမန်းကတန်း ထပ်လောင်း ပြောလိုက်သည်။

သူတို့ စကားကြားတော့ ချင်ယွင်သည် ခါးသီးသောအပြုံးကို ထုတ်ဖော်လိုက်မိသည်။

အမှန်အတိုင်း ပြောပြီးနောက် သူတို့နှစ်ဦးသည် သူတို့၏ယုံကြည်မှုတွေ ပြန်ရလာလိမ့်မည် ဟု သူ မမျှော်လင့်ထားသလို, သူတို့အနေဖြင့် သူ၏ရှေ့မှာ ထပ်ပြီး မောက်မာလာလိမ့်မည် ဟုလည်း သူ မျှော်လင့်မထားခဲ့ပါဘူး။

"မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။ မင်းအနေနဲ့ ဒီအနက်ရောင် နတ်ဘုရားကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကို ပြောပြရင်, မင်းရဲ့အသက်ကို ငါ ချမ်းသားပေး မယ်" ချင်ယွင်သည် ယွမ်ရှင်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

ယွမ်ရှင်းသည် အနက်ရောင် ကျောက်တုံးများကို ရှာဖွေရန် ရောက်ရှိလာခဲ့ပြီး၊ အနက်ရောင် နတ်ဘုရားကျောက်တုံး၏ နာမည်ကို တစ်ရှိန်ထိုး အမြုပ်ထွက်မတတ် ခေါ်ဆိုနေခဲ့သည်။ ထိုကြောင့် ထိုအနက်ရောင် နတ်ဘုရားကျောက်တုံးများ၏ အသုံးပြုမူက မည်ကဲ့သို့ ဖြစ်မည်ကို သူ သေချာပေါက် သိနေပါလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ယွမ်ရှင်း၏ ပါးစပ်မှ ပြောထွက်လာမည့် အနက်ရောင် နတ်ဘုရားကျောက်တုံးများနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ရယူလိုခဲ့သည်။

"ဟမ့်၊ ချာတိတ်လေး.., မင်းက ငါ့ကို ခြိမ်းခြောက်ဝံ့တာလား?။ ယွမ်ရှင်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ ချင်ယွင်သည် သူ၏ပြိုင်ဘက် မဟုတ်ကြောင်း ပိုသေချာသည်။ ယခုလေးတင် သူပြောခဲ့သည့် ခြိမ်းခြောက်စကားက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု သက်သက်မျှသာ ဖြစ်ပါသည်။

"မင်းက မပြောချင်ဘူးဆိုမှတော့ မင်းရဲ့ပါးစပ်ကို ငါကိုယ်တိုင် ဖွင့်ရတော့မှာပေါ့။" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။

အချိန်အတော်ကြာအောင် ကစားခဲ့ပြီးဖြစ်ကာ, ရပ်တန့်ရန် အချိန်တန်ပါပြီ။

ထိုနောက်မှာတော့ သူသည် နောက်တစ်နေရာကို တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

"မင်းက သေချင်နေတာပဲ.." ယွမ်ရှင်းသည် ချင်ယွင်၏ စကားကိုကြားသောအခါ ချက်ခြင်း ပင် နောက်တကြိမ် ဒေါသပေါက်ကွဲ ထွက်လာပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး မီးလျှံများက သူ၏ခန္ဓာကိုယ်မှ တစ်ဖန် ထွက်ပေါ်လာပါသည်။ သူသည် သူ၏လက်ထဲတွင် မီးလျှံဓားတစ်ချောင်းကို ဖန်တီးကာ, ချင်ယွင်ဘက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော မီးလျှံဆေဘာအလင်းတန်းသည် လေဟာနယ်ကို ဖြတ်သန်းသွားကာ ပေတစ်ထောင်အကွာအဝေးမှ ချက်ချင်း ပျံသန်းသွားပြီး၊ ချင်ယွင်၏ မျက်နှာဆီသို့ ဖြတ်သန်းသွားပါသည်။

သို့သော် ချင်ယွင်က နှာခေါင်းရှုတ်ပြီး ရှောင်တိမ်းသွားခဲ့သည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ စိမ်းပြာရွှေရောင် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရား တန်ခိုးက ပျံထွက်သွားခဲ့ပြီး၊ မီးလျှံဆေဘာဓားအလင်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်ပါသည်။

ယွမ်ရှင်းသည် သူ ခုတ်ပိုင်းလိုက်သော မီးလျှံဆေဘာဓားအလင်းကို ကွဲအက်သွားသည်ကို တွေ့လိုက်ရသောအခါတွင် အံ့သြသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

သို့သော် သူ၏စိတ်အာရုံ ခံစားမှုများ အပြည့်အဝ ပြန်လည်မရခင်မှာ သူ၏ရှေ့ရှိ မြင်ကွင်း ကြောင့် ထိတ်လန့်သွားပြီး၊ သူ၏သူငယ်အိမ်များသည် လျင်မြန်စွာ ကျုံ့သွားခဲ့သည်။

မည်သည့် အချိန်ကတည်းကမှန်းမသိ, ချင်ယွင်၏ရုပ်အသွင်သည် သူ၏ရှေ့သို့ တိတ်တဆိတ် ရောက်ရှိနေခဲ့ပြီး၊ သူ၏လက်နှစ်ချောင်းက သူ၏နဖူးကို ဖိကပ်ထားသည်။

ယွမ်ရှင်းသည် အလွန်ကြောက်လန့်သွားပြီး၊ သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ၊ သူ၏အမူအရာက အလွန့်လွန် ထိတ်လန့်နေခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန်တွင် ယွမ်ရှင်း၏ နီဝမ်နန်းတော်ကို ကြည့်ရှု လေ့လာပါက ယွမ်ရှင်း၏ မျက်ခုံးမွှေးနှစ်ခုကြား နေရာတွင် ကြောက်မက်ဖွယ် ဓားအလင်း တစ်ခုက ထိုးချိန်ထားသည်ကို သေချာပေါက် ရှာတွေ့ပါလိမ့်မည်။ ဤဓားအလင်းတွင် ပါရှိသော ဓားစွမ်းအင်သည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။

ယွမ်ရှင်းသည် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့်, ဤကြောက်မက်ဖွယ် ဓားအလင်းသည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကို ချက်ခြင်း ထိုးဖောက်ကာ သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကို လုံးလုံး ချေမှုန်းပစ်မည်မှာ သေချာသည်။

"သူ...သူက ဘယ်လိုခွန်အားမျိုးကို ပိုင်ဆိုင်ထားတာလဲ?" ယွမ်ရှင်းသည် အလွန်မင်း ကြောက်လန့်သွားခဲ့သည်။

သူ၏ရှေ့မှ ချင်ယွင်ကို ကြည့်လိုက်ရင်း၊ သူသည် ထူးဆန်းသော မည်သည့် လှုပ်ရှားမှုမျိုးမှ မပြုလုပ်ဝံ့ပေ။ ချင်ယွင်က ထိုဓားစွမ်းအင်ကို အသက်သွင်းပြီး သူ၏စိတ်ဝိညာဉ်ကို လုံးလုံး ဖျက်ဆီးပစ်လိုက်မည်ကို သူ အလွန်ကြောက်လန့်နေလေသည်။

"စီနီယာ...စီနီယာ..၊ ငါ့ကို မသတ်ပါနဲ့" ယွမ်ရှင်းက ကမန်းကတန်း ပြောလိုက်သည်။

"စီနီယာလား..?" ထိုစကားကို ကြားတော့ ချင်ယွင်က ပြုံးရုံသာ ပြုံးလိုက်ပါသည်။

အရင်တုန်းကတော့ ဤကောင်သည် သူ့ကို ကောင်စုတ်လေး, ချာတိတ်လေး, ပုရွက်ဆိတ် တစ်ကောင်ဟုပင် ခေါ်ခဲ့သော်လည်း, အခုချိန်မှာတော့ သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသောကြောင့် သူ၏နာမည်ကို စီနီယာဟူ၍ ပြောင်းခေါ်လိုက်သည်။ သူကရော တကယ်ပဲ အသက်ကြီးနေပြီလား?။

သို့သော်၊ ယင်းစကားက ယွမ်ရှင်းနှင့်ပတ်သက်ပြီး ချင်ယွင်ကို စက်ဆုပ်ရွံရှာစေပါသည်။

ကျင်းရှန်သည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါတွင် လုံး၀ စိတ်ပျက်လက်ပျက် ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။

ယွမ်ရှင်းသည် ချင်ယွင်၏ ပြိုင်ဘက် မဟုတ်ခဲ့ပါ။ ထို့ကြောင့် ကောင်းကင်တာအိုနယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်သော သူ့အနေဖြင့် သူ၏ ပြိုင်ဘက် မည်သို့ ဖြစ်လာနိုင်တော့မည်နည်း?။ သူသည် ထွက်ပြေး လွတ်မြောက်ရန်ပင် မစွမ်းနိုင်တော့ပါဘူး။

"ပြောပြပါ၊ ဒီအနက်ရောင် နတ်ဘုရားကျောက်တုံးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ?။ တကယ်လို့, မင်းပြောတာကို ငါ စိတ်ကျေနပ်နေသ၍ မင်းကို အသက်ရှင်ခွင့် ပေးဖို့ စဉ်းစားပေးမယ်" ချင်ယွင်က ယွမ်ရှင်းအား ပြုံးပြုံးလေး ပြောလိုက်သည်။

"ငါ ပြောပြမယ်၊ ငါပြောပြမယ်" ယွမ်ရှင်းက ကမန်းကတန်း ပြောလိုက်သည်။

All Chapters