← Chapters

အခန်း ၁၁၀၅

Vol. 74 Ch. 1105

အခန်း ၁၁၀၅

Vol. 74 Ch. 1105

အခန်း (၁၁၀၅) အနက်ရောင်ကျောက်တုံးများ၏ လျှို့ဝှက်ဆန်းကြယ်မူ။

ယွမ်ရှင်း၏ ပုံစံက စိုးရိမ်နေပုံရပြီး၊ အကယ်၍, သူ သဘောမတူခဲ့လျှင်, ချင်ယွင်က သူ့ကို သတ်ပစ်မည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွှံ့နေပုံရပါသည်။

အကယ်၍, သူ၏နတ်ဘုရားစိတ်ဝိညာဉ်သာ ဖျက်ဆီးခံရပါက၊ သူသည် အမှန်တကယ် သေဆုံးရလိမ့်မည်။ ထို့အပြင်၊ သူ၏ လက်ရှိ နတ်ဘုရားစိတ်ဝိညာဉ်သည် အပြည့်အဝ မဖွဲ့စည်းရသေးသောကြောင့် ပျက်ဆီးရန် အလွန်လွယ်ကူပါသည်။

"ဒီအနက်ရောင် နတ်ဘုရား ကျောက်တုံးတွေက နတ်ဘုရားကမ္ဘာက ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက သွန်းလောင်းထားတဲ့ ရတနာတစ်ခုပဲ။ ဒီအနက်ရောင် နတ်ဘုရား ကျောက်တုံးဆယ့်နှစ်ခုကို စုစည်းနိုင်တဲ့လူဟာ အဲဒီကျွမ်းကျင်ပညာရှင်ရဲ့ အမွေနှစ်ကို ရယူနိုင်ပြီး၊ သူ့ဘဝတစ်လျှောက်လုံး သူသင်ယူခဲ့တဲ့ အရာတွေကို ရရှိနိုင်လိမ့် မယ်လို့ အဆိုရှိကြတယ်။" ယွမ်ရှင်းက ကမန်းကတန်း ပြောလိုက်သည်။

"ဒီထက်မပိုဘူးလား..?" ချင်ယွင်က မှင်သက်ပြီး ယွမ်ရှင်းကို မေးလိုက်သည်။

မူလက ဤအနက်ရောင် နတ်ဘုရားကျောက်တုံးများသည် ကောင်းကင်ဘုံကို အံတုနိုင် သည်ဟု သူ ထင်ခဲ့သော်လည်း ၎င်းသည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အမွေနှစ်တစ်ခုသာ ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာက ချက်ချင်း သူ့ကို စိတ်ပျက်သွားစေခဲ့သည်။

ယခုအချိန်မှာ သူ့အနေဖြင့် မည်သည့်အမွေနှစ်ကိုမှ မလိုအပ်တော့ပါဘူး။ သူသည် ကနဦးစကြဝဠာကို လုံးလုံးလျားလျား ဆင့်ကဲပြောင်းလဲနိုင်သည်နှင့် အနှေးနှင့်အမြန်ဆို သလို, သူသည် စကြဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး ကောင်းကင်ဘုံတည်ရှိမှု တစ်ခုပင် ဖြစ်လာနိုင်ဖွယ် ရှိပါသည်။

ထို့ကြောင့် အမွေနှစ်ဟုခေါ်သော ထိုအရာများသည် သူ၏မျက်စိထဲသို့ မဝင်ရောက်နိုင် တော့ပေ။

သို့သော် ချင်ယွင်၏ တည်တည်ငြိမ်ငြိမ် သဘောထားကြောင့် ယွမ်ရှင်းသည် အံ့အားသင့် သွားသည်။ အနက်ရောင် နတ်ဘုရားကျောက်တုံး၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက် သည့်အခါ, ချင်ယွင်သည် စိတ်လှုပ်ရှားခြင်းမရှိဟု သူ မမျှော်လင့်ခဲ့ပေ။

သူသည် ချင်ယွင်ကို မည်သို့ သွေးဆောင်ရမည်နည်း?။ အကယ်၍, သူသည် ချင်ယွင်၏ ဆွဲဆောင်နိုင်စွမ်းမရှိဘူးဆိုလျှင်, သူ သေမည်ဟု ဆိုလိုရာမရောက်ပေဘူးလား?။

ယွမ်ရှင်းသည် အလွန်ထိတ်လန့်သွားပြီး၊ အေးစက်နေသော ချွေးများက သူ၏နောက်ကျော မှ ချက်ချင်း စီးကျလာသည်။ သူက အလောတကြီး ထပ်ပြောလိုက်သည် "ဒီ အနက်ရောင် နတ်ဘုရား ကျောက်တုံးပိုင်ရှင်က သာမန် ကျွမ်းကျင်သူ မဟုတ်ဘူးဆိုတာကို ရှင်းရှင်း လင်းလင်း မပြောလိုက်မိပါဘူး။ သူက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ နတ်ဘုရား ကမ္ဘာရဲ့ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။"

"အိုး? ဘိုးဘေးနတ်ဘုရားလား..?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

သူသည် သာမန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ အမွေနှစ်ကို အမှန်တကယ် ဂရုမစိုက်ပါ။ ကောင်းကင်နတ်ဘုရားတောင်မှ သူ့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး၊ သို့သော်, ထိုဘိုးဘေးနတ်ဘုရား၏ အမွေနှစ်က သူ့ကို အတော်လေး စိတ်ဝင်စားစေပါ သည်။

အဆုံးတွင်၊ ဘိုးဘေးနတ်ဘုရားနယ်ပယ်သည် ကောင်းကင်ဘုံတန်ခိုးအစွမ်းနယ်ပယ်နှင့် အထွက်အထိပ်နယ်ပယ်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်ပါသည်။ ထိုသို့သော ကျွမ်းကျင်သူများသည် စကြဝဠာကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ပြီး ချင်ယွင်၏ စကြဝဠာ ဆင့်ကဲဖြစ်စဉ်အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ (ကောင်းကင်ဘုံတန်ခိုးအစွမ်း နယ်ပယ်နှင့် အမြင့်ဆုံးနယ်ပယ်ဟူသော အသုံးနှုန်းများသည် ဘိုးဘေးနတ်ဘုရား နယ်ပယ်ပြီးနောက် မသိတော့သည့်အတွက် အင်မော်တယ်ကမ္ဘာမှာတုန်းက အဓိပတိ ဉသျှောင်နယ်ပယ်ဟုသုံးသလို သုံးနှုန်းထားခြင်းမျိုး ဖြစ်ပါသည်။ နယ်ပယ်တစ်ခုအနေဖြင့် အတိအကျ သတ်မှတ်သုံးနှုန်းခြင်းမျိုး မဟုတ်ပါ)။

ယွမ်ရှင်းသည် ချင်ယွင်၏ စိတ်ဝင်တစားရှိမူနှင့် ပျော်ရွှင်နေသည့် အမူအရာကို ကြည့်နေလေသည်။ သူက “စီနီယာ..၊ အနက်ရောင် နတ်ဘုရားကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကို သိသွားမှတော့ ကျွန်တော့်ကို လွှတ်ပေးနိုင်ပြီလို့ ထင်ပါသလား?” ဟု အလျင်စလို မေးမြန်းလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင် ကျောက်တုံးတွေကို လွှဲပေးလိုက်ပါ။" ချင်ယွင်က ပြောသည်။

ယွမ်ရှင်းသည် ချင်ယွင်၏ ညွှန်ကြားချက်ကို လျင်မြန်စွာ လိုက်နာပြီး သူ၏ သိုလှောင်ခန်းမှ အနက်ရောင် နတ်ဘုရားကျောက်တုံး လေးလုံးကို ထုတ်ယူပြီး ချင်ယွင်ထံသို့ ပေးအပ်လိုက်သည်။

ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး အနက်ရောင် နတ်ဘုရားကျောက်တုံးများကို သူ၏ သိုလှောင်လက်စွပ်ထဲကို ထည့်လိုက်ပါသည်။

"စီနီယာ..၊ အခု ကျွန်တော့်ကို လွှတ်ပေးလို့ ရမလား?" ယွမ်ရှင်းသည် သူ၏မျက်နှာကို တချက်သပ်ရင်း ပြုံးလိုက်ပါသည်။ သူ၏ တောင်းပန်နေသည့် အမူအရာက ယခင်က မောက်မာသော အသွင်အပြင်နှင့် လုံးဝ တခြားစီပင်။

"မလွှတ်ပေးနိုင်ဘူး…" ချင်ယွင်သည် ထိုစကားနှစ်ခွန်းကို ထုတ်ပြောလိုက်သည်။ ထို့နောက် ယွမ်ရှင်း၏ မျက်ခုံးနှစ်ခုကြားရှိ လက်ချောင်းများမှ ကြောက်မက်ဖွယ်ကောင်း သော နတ်ဘုရားတန်ခိုး ဓားစွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထိုဓားစွမ်းအင် သည် ယွမ်ရှင်း၏ ဦးခေါင်းနှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို ချက်ချင်း သတ်ပစ်လိုက်ပါသည်။

"မင်း" ယွမ်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ချင်ယွင်သည် သူ၏စကား မတည်ဟု ပြောလိုသည့်အတိုင်း သူ၏မျက်နှာပေါ်တွင် အလွန်မင်း မကျေနပ်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သို့သော်, ချင်ယွင်က သူ့ကို လွှတ်ပေးမည်ဟု မည်သည့်အခါမှ သဘောတူထားခြင်း မရှိခဲ့သည်ကို သူ သတိရသွားပါသည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားမူ အရိပ်အယောင်မှ ရှိမနေဘဲ ထိုမြင်ကွင်းကို ကြည့်နေလေသည်။

ဤတစ်ကြိမ်တွင်၊ သူသည် အင်မော်တယ်ကမ္ဘာ၏ ပုန်းကွယ်နေသော အန္တရာယ်များကို ဖြေရှင်းရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့မှသာ သူသည် နတ်ဘုရားကမ္ဘာသို့ လုံခြုံ စိတ်ချစွာ ထွက်သွားနိုင်ပါလိမ့်မည်။

အကယ်၍ သူသာ ယွမ်ရှင်းကို အမှန်တကယ် လွှတ်ပေးလိုက်မည်ဆိုလျှင်, ယွမ်ရှင်းသည် အနာဂတ်တွင် သူ၏နတ်ဘုရားကမ္ဘာ ခရီးစဉ်ကို အခွင့်ကောင်းယူပြီး အင်မော်တယ် ကမ္ဘာသို့ တိတ်တဆိတ် ပြန်လာကာ၊ သူ၏အမျိုးသမီးလေးယောက် သို့မဟုတ် သူတို့၏ ဆွေမျိုးသားချင်းများကို ပြဿနာရှာပါက, ချင်ယွင်သည် သူ့ကိုယ်သူ သေသည်အထိ သေချာပေါက် နောင်တရနေပါလိမ့်မည်။

ထို့ကြောင့် ပုန်းကွယ်နေသော အန္တရာယ်အားလုံးကို ချေမှုန်းရန်အတွက် ချင်ယွင်သည် ယွမ်ရှင်းကို လုံးဝ ချေမှုန်းပစ်မည်မှာ သေချာပါသည်။

ယွမ်ရှင်း၏အလောင်း လဲကျသွားပြီးနောက် ချင်ယွင်က ကျင်းရှန်ဘက်ကို လှည့်ကြည့် လိုက်ပါသည်။

သူသည် ကျင်းရှန်ဆီသို့ အလည်အပတ် မရောက်သေးသော်လည်း သူ၏စိတ်ဝိညာဉ်က သူ့အပေါ် ပစ်မှတ်ထားပြီးသား ဖြစ်ပါသည်။

အကယ်၍, ကျင်းရှန်သာ ထွက်ပြေးရန် သတ္တိရှိခဲ့လျှင်, သူသည် သေချာပေါက် ထိုနေရာမှာ ပင် အညှာတာမဲ့ သတ်ပစ်ပါလိမ့်မည်။

"ခင်ဗျား ဘာလို့ မပြေးတာလဲ" ချင်ယွင်သည် ကျင်းရှန်ကိုကြည့်ကာ မေးလိုက်သည်။

“မလွတ်မြောက်နိုင်မှန်း သိနေမှတော့ မင်းရဲ့ကြိုးစားအားထုတ်မှုကို ဘာလို့ ဖြုန်းတီးနေဦး မှာလဲ?" ကျင်းရှန်က ချင်ယွင်ကိုကြည့်ကာ သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားက ဒီနတ်ဘုရားတစ်ပိုင်းထက် အများကြီး ပိုမာကြောတယ်။ ခင်ဗျားက သေခြင်းတရားကို တကယ်ပဲ အေးအေးဆေးဆေး လက်ခံနိုင်တယ်။" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက်ပါသည်။

ကျင်းရှန်သည် ထိုစကားကို ကြားသောအခါ ခါးသီးစွာ ပြုံးလိုက်ပါသည်။ ထို့နောက် သူက ချင်ယွင်ကို မော့ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများက စိတ်ခံစားချက် အပြည့်နှင့်ပင်။

"ချင်ယွင်၊ မင်းကို ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ကြီးထွားလာဖို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ မင်းဟာ နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ ဒီကမ္ဘာကြီးသုံးခုအတွင်းမှာ မင်းလို ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီရှင်မျိုး နောက်ထပ် ရှာတွေ့နိုင်ခြင်း မရှိတော့ ငါ ကြောက်မိတယ်။ မင်းရဲ့လက်ထဲမှာ သေရတာ ငါ့အတွက်တော့ ဂုဏ်ယူစရာပါကွာ။" ကျင်းရှန်က ပြုံးပြီး ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ ကျင်းရှန်၏ စကားတွေက သူ့ကို ဂုဏ်ယူဝင့်ကြွားဖွယ် အငွေ့အသက်ကို မခံစားရစေဘဲ စက်ဆုပ်ရွံရှာဖွယ် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

ကျင်းရှန်သည် သူ၏စီနီယာအစ်ကိုကြီးဟု ယူဆနိုင်သော်လည်း ထိုအချိန်တုန်းက သူ လုပ်ဆောင်ခဲ့သော အရာများသည် နေသာဧကရာဇ်ကိုသာမက သူ၏ဆရာသခင် ရှေးဟောင်းတာအိုကိုလည်း ထိခိုက်ပျက်စီးစေခဲ့သည်။ ထို့အပြင်, သူသည် သူ့ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူတစ်ဦးဟု ဆိုနိုင်သည်။

ယခု ကျင်းရှန်သည် ထိုစကားမျိုး ပြောလာသည်နှင့်, ဤလူသည် ကြောင်သူတော်တစ်ဦး ဟူသော ခံစားချက်ကို သူ ခံစားရသည်။

"ခင်ဗျား, လုံးဝ နောင်တမရဘူးလို့တော့ မပြောစမ်းပါနဲ့" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

"နောင်တလား..…၊ ငါ နောင်တရတာပေါ့။ မင်းကို စောစောစီးစီး မသတ်နိုင်ခဲ့လို့ ငါ နောင်တအကြီးအကျယ် ရခဲ့မိတယ်လေ။ ဒါဆို, ငါလည်း ယခုလိုပုံစံမျိုးနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး။" ကျင်းရှန်သည် ချင်ယွင်ကိုကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။

ချင်ယွင်က ပြုံးလိုက်ပါသည်။ ဤစကားကမှ ကျင်းရှန်၏ မှန်ကန်သော စကားဖြစ်သည်ကို သူသိသည်။

အဆုံးတွင်၊ ကျင်းရှန်သည် သူရဲကောင်းတစ်ဦးလည်း ဖြစ်ပါသည်။ သို့သော် သူ၏ စိတ်ပိုင်း ဆိုင်ရာ အယူအဆတွေ အစွန်းရောက်လွန်းသည်။ ဟုတ်ပါသည်၊ အရေးကြီးဆုံးအချက် ကတော့ သူသည် ချင်ယွင်ကို ရန်စခဲ့ခြင်း ဖြစ်ပါသည်။

"ဖူး..”။

ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားတန်ခိုးအမျှင်တန်းက ပျံထွက် သွားကာ၊ ကျင်းရှန်၏ ဦးခေါင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်ပါသည်။

"ဘုန်း..”။

ကျင်းရှန်၏ အလောင်းသည် ချက်ချင်းပင် ပြိုလဲကျသွားခဲ့ပြီး၊ သူသည် ဝင်ထွက်သွားလာ ရန် ခွန်အားမရှိတော့ပါချေ။

ချင်ယွင်သည် ကျင်းရှန်၏ ပြိုလဲကျနေသော အလောင်းကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။

သူကျိန်ဆိုခဲ့သော ကောင်းကင်တာအိုကျိန်စာ၏ ကန့်သတ်ချုပ်ချယ်ထားသော တန်ခိုးများ သည် ပျောက်ကွယ်သွားခဲ့ပြီကို သူ သိလိုက်ပါသည်။

ထိုအချိန်တုန်းက သူသည် လဲ့ထန်းလုံနှင့် ကျင်းရှန်တို့ကို သတ်ပေးမည်ဟု ဟွမ်ထန်းလုံကို ကတိပေးခဲ့ပြီး၊ ယခုတော့ သူသည် ထိုကဲ့သို့ ပြုလုပ်ပြီးသည့်အတွက် ကောင်းကင်တာအို ကျိန်စာများ၏ ကန့်သတ်ချုပ်ချယ်မှု စွမ်းအားသည် သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့ သည်။

"အခု ကျင်းရှန်လည်း အဆုံးသတ်သွားခဲ့ပြီ။ နောက်ထပ် ဟူဖန်းနဲ့ ဆံပင်ဖြူ အဘိုးကြီးတို့ အလှည့်ပဲ။" ချင်ယွင်သည် အဝေးမှ ကောင်းကင်ယံကို မော့ကြည့်ကာ သူ့ကိုယ်သူ တွေးလိုက်သည်။

အမှန်တကယ်ဆို, သူ သတ်ဖြတ်ချင်ဆုံးလူကတော့ ဟူဖန်းဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော်, သူ့အပေါ်ထားသည့် ထိုအမျိုးသမီး၏ အမုန်းတရားက နက်ရှိုင်းလွန်းသော ကြောင့် ဖြစ်ပါသည်။ အကယ်၍, သူသည် သူမကိုသာ မသတ်မိဘူးဆိုရင် ချင်ယွင်သည် အမှန်တကယ် ပြဿနာများပြီး ဝဝအိပ်ပြီး ဝဝစားရန်ပင် ခက်ခဲလိမ့်မည်။ ထို့ကြောင့် ဤ ကျင်းရှန်သည် အခုမှ အစသာရှိသေးပြီး၊ တကယ့်ကောင်းသည့် ပြပွဲက ယခုမှ စမည် ဖြစ်သည်။

"ကောင်းကင်ဘုံဂိုဏ်း၊ ဒီနေ့၊ မင်းနဲ့ ငါ့ရဲ့ ရန်ငြိုးတွေ အားလုံးကို ငါ အပြီးတိုင် ဖြေရှင်း မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ သူသည် သူ၏လက်သီးတွေကို တင်းတင်း ကြပ်ကြပ် ဆုပ်ထားပြီး သူ၏မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူနှင့်အတူ လင်းလက် နေခဲ့သည်။

ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားကမ္ဘာရှိ နတ်ဘုရားနန်းတော်တစ်ခု အတွင်း၌ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကြောက်မက်ဖွယ် နတ်ဘုရားတန်ခိုးနှင့် အတူ ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး၊ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ထဲမှာ ကျိုးပဲ့နေသော ကျောက်စိမ်းဆွဲသီးတစ်ခု ရှိနေပါသည်။

အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုကျောက်စိမ်းဆွဲသီးကို ကြည့်ပြီး သူ၏ အမူအရာက အေးစက်သွားပါသည်။

"ယွမ်ရှင်းက ငါ့ရဲ့လူပဲ။ ဘယ်သူက ဒီလောက်အတင့်ရဲပြီး သူ့ကို သတ်ရဲတာလဲ?။" အသက် လတ်ပိုင်းအရွယ် အမျိုးသား၏ ပါးစပ်သည် နတ်ဘုရားတန်ခိုးနှင့် ပြည့်နေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်လာကာ၊ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

All Chapters