← Chapters

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း (၁၁၀၆) ကောင်းကင်ဘုံဂိုဏ်း၏ တားမြစ်ဧရိယာ။

ကောင်းကင်ဘုံဂိုဏ်းသည် အင်မော်တယ်ကမ္ဘာတွင် အချိန်အတော်ကြာကတည်းက တည်ရှိခဲ့သော ဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် အလွန်ခိုင်မာသော စွမ်းအားကို ပိုင်ဆိုင်ထားပါသည်။

ကောင်းကင်ဘုံဂိုဏ်း၏ ပထမဂိုဏ်းခေါင်းဆောင်သည် နတ်ဘုရားကမ္ဘာသို့ တက်လှမ်း သွားပြီဟု ဆိုကြပါသည်။ သူသည် အစွမ်းထက်သော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးဖြစ်သောကြောင့် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးရှိ ကောင်းကင်ဘုံဂိုဏ်း၏ အဆင့်အတန်းသည် အလွန်မင်း မြင့်မားလှပါသည်။ ၎င်းသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

ကောင်းကင်ဘုံဂိုဏ်းသည် တာချင်းအင်မော်တယ်မင်းဆက်တွင် တည်ရှိပြီး၊ ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်း၏ ဝင်ပေါက်ကို ချက်ခြင်း ပိတ်ဆို့ရန်အတွက် တည်နေရာ ရွှေ့ပြောင်းရန်သာ လိုအပ်ပါသည်။

ချင်ယွင်သည် အင်မော်တယ်စွမ်းအင်များဖြင့် ဝန်းရံထားသည့် မြင့်မားသော တောင်တန်း တံခါးကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံဂိုဏ်း၏ ဝင်ပေါက်သည် အမှန်ပင် အဖိုးမဖြတ်နိုင်သည့် နယ်မြေတစ်ခု ဖြစ်ပါသည်။ တောင်ထွတ်ခုနစ်ခုသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အင်မော်တယ် စွမ်းအင်များကို စုစည်းထားသည့် သဘာဝ ဒက်ပါအစီအရင်ဝင်္ကပါကြီးတစ်ခုအဖြစ် ဖြစ်ပေါ်နေပြီး၊ ဂိုဏ်းအတွင်းမှာ ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားသော အင်မော်တယ်စွမ်းအင်များကို ဖြစ်ပေါ်စေပါသည်။ (Dipper- ဟူသည် ရေမှုတ်နှင့် ဟင်းရည်ခတ်ရာများအသုံးပြုသည့် ခွက်ပုံစံဇွန်းကြီးဟု ပြန်ဆိုနိုင်ပါသည်။)

ထိုသို့သော ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းသည် အခြားနေရာများထက် ပိုမိုမြန်ဆန်မည် မှာ သေချာပါသည်။

ဘန်း…။

ချင်ယွင်သည် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး၊ ဟူဖန်းနှင့် ဆံပင်ဖြူ အဖိုးအိုကို ရှာဖွေခဲ့သည်။

သူသည် ကောင်းကင်ဘုံဂိုဏ်းနှင့် ရန်ငြိုးရန်စ ဖွဲ့ထားခြင်းမျိုး မရှိသလို အပြစ်မဲ့လူများကို သတ်ပစ်ချင်စိတ်လည်း မရှိပါ။ ထို့ကြောင့် ဟူဖန်းနှင့် အကြီးအကဲယု ဟုခေါ်သော ဆံပင်ဖြူ အဘိုးအိုကို တွေ့ပြီး သတ်ပစ်လိုက်သည်နှင့်, သူ့ခရီးစဉ်၏ ရည်ရွယ်ချက်လည်း ပြီးမြောက်မည် ဖြစ်သည်။

ချင်ယွင်၏ နတ်ဘုရားအာရုံသည် အလွန်အားကောင်းပြီး ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံရန် လုံးဝ လွယ်ကူပါသည်။ ထို့ကြောင့်၊ သူ၏နတ်ဘုရားအာရုံသည် ကောင်းကင်ဘုံ ဂိုဏ်း၏ ကြီးမားခမ်းနားသော အစီအရင်ဝင်္ကပါ၏ စွမ်းအားများထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး ကောင်းကင်ဂိုဏ်းတစ်ခုလုံးကို တခဏချင်း ဖုံးလွှမ်းသွားခဲ့သည်။

သို့သော်၊ သူသည် ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို ကြည်ရူစစ်ဆေးကြည့်သော်လည်း ဟူဖန်းနှင့် ဆံပင်ဖြူ အဘိုးအိုတို့၏ နေရာကို ရှာမတွေ့ခဲ့ပေ။ ဤအချက်က ချင်ယွင်ကို မတွေးတော့ဘဲ မနေနိုင်ခဲ့ပေ။

"သူတို့ ဘာလို့ ကောင်းကင်ဘုံဂိုဏ်းမှာ ရှိမနေတာလဲ။" ချင်ယွင် အံ့ဩသွားသည်။

သူ၏ နတ်ဘုရား အာရုံသည် ကောင်းကင်ဘုံဂိုဏ်းကို တစ်နေ့လုံး ပျံ့နှံ့လွှမ်းခြုံထားခဲ့ပြီး၊ ပန်းတစ်ပွင့် သို့မဟုတ် မြက်ပင်တစ်ပင်လေးပင် မလွတ်ခဲ့ပေ။ သို့သော်လည်း ဆံပင်ဖြူ အဖိုးအို သို့မဟုတ် ဟူဖန်း၏ အရိပ်ယောင်ကိုမျှ သူ ရှာမတွေ့သေးပါ။

"ဖြစ်နိုင်တာက ကောင်းကင်ဘုံဂိုဏ်းမှာ ငါ စူးစမ်းလို့မရနိုင်အောင် ငါ့ရဲ့နတ်ဘုရားအာရုံကို ခွဲထုတ်နိုင်တဲ့ နေရာတစ်ခုခုများ ရှိနေလို့လား?" ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် မှန်းဆလိုက်သည်။

သူသည် ဤအကြောင်းကို များများတွေးကြည့်လေ၊ ဖြစ်နိုင်ချေ ပိုများလေပင်။

ထို့ကြောင့်၊ သူသည် သူ၏ နတ်ဘုရားအာရုံကို နောက်တစ်ဖန် အလျင်အမြန် ဖြန့်ကျက်ပြီး၊ အသေအချာ ကောင်းကင်ဘုံဂိုဏ်းကို စတင် စူးစမ်းခဲ့သည်။ ယခုတစ်ကြိမ်တွင်, သူသည် အရင်ကထက် ပို၍သတိထားပါသည်။ မြက်ပင်တစ်ပင်၊ သစ်သားတစ်ပိုင်း၊ ကျောက်စရစ် တစ်ခဲကိုပင် သူ အလွတ်မပေးခဲ့ပေ။

"အသေချာပါလား။ ငါ့ရဲ့ နတ်ဘုရားအာရုံကို ကာကွယ်ဖို့ နေရာတစ်ခု ရှိနေတာပဲ။" ချင်ယွင်၏ ကော်ဇောချပ်သဖွယ် စုံစမ်းစစ်ဆေးမှု အပြီးတွင်၊ သူသည် ကောင်းကင်ဘုံဂိုဏ်း တွင် သူ၏နတ်ဘုရားအာရုံကို အကာအကွယ်ပေးနိုင်မည့် နေရာတစ်ခုရှိနေသည်ကို နောက်ဆုံး တွေ့ရှိခဲ့ရသည်။

အကယ်၍, သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက, ဒီဟူဖန်းနှင့် ဆံပင်ဖြူ အဘိုးကြီးတို့သည် ထိုနေရာတွင် ရှိနေသင့်သည်။

"မင်းတို့က အထဲမှာ ပုန်းနေမှတော့ ငါကိုယ်တိုင် မင်းတို့ကို လိုက်ရှာရတော့မှာပေါ့" ချင်ယွင်က တဟားဟား ရယ်မောပြီး၊ ကောင်းကင်ဘုံဂိုဏ်းထဲသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။

ကောင်းကင်ဘုံဂိုဏ်း၏ တောင်တန်းအကာအကွယ် အစီအရင်ဝင်္ကပါသည် ချင်ယွင်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။

ချင်ယွင်သည် သူ၏ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အသုံးပြု၍၊ ၎င်းအစီအရင် ဝင်္ကပါကို ညင်သာစွာ ခုတ်ပိုင်းပြီး တောင်တန်းအကာအကွယ် အစီအရင်ဝင်္ကပါကို ဖြိုခွဲပစ် လိုက်သည်။ ထို့နောက်, သူသည် ကောင်းကင်ဘုံဂိုဏ်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ သည်။

ဤဖြစ်စဉ်တွင်၊ ကောင်းကင်ဘုံဂိုဏ်းသည် မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ပေ။

ဂိုဏ်းအတွင်းသို့ ဝင်ပြီးနောက်၊ ချင်ယွင်သည် နတ်ဘုရားအာရုံ ပိတ်ဆို့ထားရာ ထိုအရပ်ဆီ သို့ တစ္ဆေသရဲကဲ့သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ပြီး၊ လမ်းတွင် မည်သူမျှ သူ့ကို သတိမပြုမိခဲ့ ပေ။

ချင်ယွင်သည် သူ၏နတ်ဘုရားအာရုံကို ပိတ်ဆို့ထားသည့် နေရာသို့ လျင်မြန်စွာ ရောက်ရှိ လာပါသည်။ ဤသည်မှာ ကောင်းကင်ဘုံဂိုဏ်း၏ တားမြစ်နယ်မြေရှိရာ ရေကန်ဖြစ်သည်။

ဧရိယာသည် အလွန်ကျယ်ဝန်းပြီး မီတာတစ်သောင်းခန့် အရွယ်စားရှိသည်။

သို့သော် ၎င်းသည် ချင်ယွင် အံ့အားသင့်သွားရသည့် အကြောင်းအရင်း မဟုတ်ပေ။ ချင်ယွင်ကို အမှန်တကယ် သိချင်စိတ် ဖြစ်ပေါ်စေသည့် အရာက ကန်ရေပြင်သည် သူ၏ နတ်ဘုရားအာရုံကို အမှန်တကယ် တားဆီးနိုင်နေခြင်း ဖြစ်ပါသည်။

အကယ်၍, သာမာန်ရေကန်သာဆိုလျှင်, နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို မပြောနှင့်ဦး၊ အင်မော်တယ်စိတ်အာရုံများပင် အလွယ်တကူ စိမ့်ဝင်သွားနိုင်ပါသည်။ သို့သော်လည်း ချင်ယွင်၏ နတ်ဘုရားအာရုံသည် ကန်ရေပြင်အောက်ရှိ မြင်ကွင်းကို အနည်းငယ်မျှ မမြင်တွေ့နိုင်ခဲ့ပေ။ ကန်ရေပြင်သည် ထူးထူးခြားခြား ဖြစ်နေသည်ကို မြင်နိုင်ပါသည်။

ချင်ယွင်သည် ရေကန်ဆီသို့ လျှောက်သွားပြီး တောက်ပနေသော ရေကန်မျက်နှာပြင်ကို ကြည့်လိုက်သည်။ သူသည် ကန်ရေပြင်ကို ဂရုတစိုက် ကြည့်ရူပြီး၊ ကန်ရေပြင်နှင့် ပတ်သက်သည့် ထူးခြားချက်သည်ကို သိရှိလိုသည်။

သို့သော်လည်း အချိန်အတော်ကြာအောင် ကြည့်လိုက်ပြီးနောက်၊ ထိုရေကန်နှင့် သာမန် ရေကန်များကြား ခြားနားချက်ကို မတွေ့ခဲ့ရပေ။

"ကန်​​ရေ​ကြောင့် ​မဟုတ်​ဘူးလား?" ချင်ယွင်က သူ၏စိတ်နှလုံးထဲတွင် မှန်းဆလိုက်သည်။

သူသည် ရေကန်၏ မျက်နှာပြင်ကို တစ်ဖန်ပြန်လည် စစ်ဆေးခဲ့သော်လည်း ရေကန်၏ ထူးခြားချက်ကို မမြင်နိုင် သေးပေ။

"ငါ ဆင်းကြည့်ပြီးမှ ဒီရေကန်ရဲ့ ထူးခြားချက်တွေကို သိရှိနိုင်မယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့နောက်, သူ၏မျက်လုံးများသည် ချက်ချင်းပင် စူးရှလာပြီး၊ ချင်ယွင်သည် တုန့်ဆိုင်းမနေ ဘဲ ရေကန်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။

ကန်ရေသည် အလွန်အေးစိမ့်ပြီး ချင်ယွင်ပင်လျှင် သ်၏ခန္ဓာကိုယ်က မခံနိုင်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း ချင်ယွင်သည် အောက်ဘက်သို့ လျင်မြန်စွာ ကူးခတ်သွားခဲ့သည်။ ဤရေကန်က ယခုလိုပုံစံမျိုးဖြစ်နေလေ, ချင်ယွင်သည် ဤရေကန်၏ ထူးခြားချက်က မည်သည့်အရာဆိုသည်ကို ပို၍သိချင်လာလေပင်။

ဘန်း..။

သို့သော် ချင်ယွင်သည် မီတာတစ်ထောင်နီးပါး ရေကူးပြီးနောက်တွင်၊ နေရောင်ခြည်သည် အောက်ဘက်ရှိ ရေကန်အောက်ခြေကို ထွန်းလင်းထားသကဲ့သို့ ရေကန်အောက်ခြေသည် ပိုမိုတောက်ပလာသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။

ယုတ္တိဗေဒအရပြောရလျှင်, သူသည် ရေကန်၏အောက်ခြေ သို့မဟုတ် ပင်လယ်ကြမ်းပြင် ၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားလေလေ နေရောင်ခြည်သည် ပို၍နည်းပါးလေ ဖြစ်ရလိမ့်မည်။ ရေကန်အောက်ခြေသည်လည်း ပို၍ပင် မည်းမှောင်နေရမည်။ သို့သော် သူသည် ရေကန်ထဲသို့ ပို၍နက်ရှိုင်းစွာ ကူးခတ်သွားသည့်အခါ, ရေကန်၏အောက်ခြေသည် ပို၍ လင်းလက်တောက်ပလာသည်ကို တွေ့ရှိခဲ့သည်။ ဤအရာက ပုံမှန်မဟုတ်မှန်း သိသာလှပါသည်။

"ရေကန်အောက်က အတိအကျ ဘာလဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သို့သော်၊ သူ၏နတ်ဘုရားအာရုံသည် ရေအိုင်ထဲတွင် တိုးမပေါက်နိုင်ပေ။ သူသည် သာမန် မျက်စိဖြင့်သာ မြင်နိုင်ပြီး၊ သာမန်မျက်စိကလည်း မည်သည့်အရာကိုမှ မမြင်နိုင်ခဲ့ပေ။

"မေ့လိုက်ပါ၊ ဒီအကြောင်းကို စဉ်းစားနေလိုလဲ အသုံးမဝင်ဘူး။ ဆင်းပြီးကြည့်တဲ့အခါ သိလာမှာပဲ မဟုတ်လား?။" အောက်ဘက်သို့ ဆက်လက်ကူးခတ်နေစဉ်မှာ ချင်ယွင်၏ နှလုံးသည် တစ်ချက်ခုန်သွားခဲ့သည်။

အောက်ဘက်သို့ လျင်မြန်စွာ ကူးခတ်လာစဉ် သူ၏ အမြင်အာရုံသည် ပိုမို လင်းလက်လာ သည်ကို သူ တွေ့ရှိခဲ့ရသည်။ နောက်ဆုံး ရူးသွပ်ဖွယ် ကူးခတ်နေသည့် ရေသံများနှင့်အတူ ချင်ယွင်သည် ရေကန်ထဲမှ တိုက်ရိုက် ထွက်သွားခဲ့ပြီး၊ ရေကန်ကို ဝန်းရံထားသည့် အင်မော်တယ် ကျွန်းကလေးတစ်ခုက သူ၏ရှေ့တွင် ပေါ်လာပါတော့သည်။ (ထိုရေကန်အောက်ခြေမှာဘဲ ရေကန်တစ်ခုကို ဝိုင်းရံထားသည့် အင်မော်တယ်ကျွန်းလေး ရှိနေသည်ဟူလို)။

"အယ်၊ ဒီရေကန်အောက်မှာ ကမ္ဘာငယ်လေးတစ်ခု ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါက မူလကမ္ဘာနဲ့ ပြောင်းပြန်ဖြစ်နေတာပဲ" ချင်ယွင်သည် အံ့သြတကြီး မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ရေကန်အောက်တွင် ကမ္ဘာငယ်လေးတစ်ခု ရှိနေနိုင်သည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်သော် လည်း ဤကမ္ဘာငယ်လေးသည် မူလကမ္ဘာမှ လုံးဝ ပြောင်းပြန်ဖြစ်နေလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

တစ်နည်းဆိုရသော် ကောင်းကင်ဘုံဂိုဏ်း၏ တားမြစ်နယ်မြေ၏ အောက်ခြေသည် ဤကမ္ဘာငယ် ရေကန်လေး၏ မျက်နှာပြင်ပေါ်ရှိ ရေကန်ဖြစ်ပြီး ၎င်းတို့ရေကန်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြောင်းပြန်ဖြစ်နေသည်။

"ဒီလို ကမ္ဘာငယ်လေးတစ်ခုကို အတိအကျ ဘယ်သူက ဖန်တီးခဲ့တာလဲ?။ ဒါဟာ တကယ့်ကို တုနှိုင်းမရတဲ့ အံ့ဖွယ်အဖြစ်ပျက်ပဲ။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက် သည်။

ဤကမ္ဘာငယ်လေး၏ အစီအရင်ဝင်္ကပါသည် ချင်ယွင်၏နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။ ယခင်က သူသည် ကမ္ဘာငယ်လေးများစွာကို မြင်ဖူးသော်လည်း၊ ၎င်းတို့အနက် တစ်ခုမှ မူလကမ္ဘာ၏ ဆွဲငင်အားကို လုံးဝ ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပေ။

ဤကမ္ဘာငယ်လေးကို တစ်ယောက်ယောက် ဖန်တီးထားခဲ့သည်မှာ သိသာထင်ရှားပါသည်။ ထိုသိုမဟုတ်လျှင်, အရာအားလုံး မည်သို့ ပြောင်းပြန်ဖြစ်သွားနိုင်မည်နည်း?။

ဤကမ္ဘာငယ်လေးသည် သိပ်ပြီး မကြီးမားပါဘူး။ ရေကန်အပြင်, သူ၏ရှေ့မှာ ထိုအင်မော်တယ် ကျွန်းလေးသာ ရှိပါသည်။

အင်မော်တယ် ကျွန်းသည် ကြီးကြီးမားမား မဟုတ်ပေ။ အရွယ်အစားအားဖြင့် ဧရိယာ ၃၀၀၀ ဝန်းကျင်သာရှိကာ စိမ်းလန်းသော အသီးအရွက်မျိုးစုံဖြင့် ဖုံးလွှမ်းထားသည်။

ဝှီး….။

ချင်ယွင်၏ ရုပ်အသွင်သည် ရေကန်ထဲမှ တဖြည်းဖြည်း မြင့်တက်လာပြီး၊ အဝေးမှ စိမ်းလန်းစိုပြေသော အင်မော်တယ် ကျွန်းလေးကို မျှော်ကြည့်လိုက်သည်။

သူ၏ နတ်ဘုရားအာရုံသည် ဟူဖန်းနှင့် ဆံပင်ဖြူ အဖိုးအို၏ အငွေ့အသက်ကို ခံစားမိပြီး ဖြစ်သည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဤအင်မော်တယ် ကျွန်းပေါ်တွင် ရှိနေကြသည်။

"ဟမ့်၊ မင်းတို့ ဘာတွေလုပ်နေလဲဆိုတာ ငါ ကြည့်ချင်မိတယ်" သူသည် အင်မော်တယ် ကျွန်းဆီသို့ အပြေးအလွှား ပြေးသွားနေစဉ်, ချင်ယွင်၏ ပါးစပ်ထောင့်စွန်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

All Chapters