အခန်း ၁၁၀၇
Vol. 74 Ch. 1107
အခန်း (၁၁၀၇) ရှေးဟောင်း ဗူဒူးနတ်ဘုရား။
ချင်ယွင်သည် အင်မော်တယ်ကျွန်းဆီသို့ ပျံသန်းခဲ့သည်။ သို့သော်၊ သူ အင်မော်တယ် ကျွန်းသို့ ချဉ်းကပ်ခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု သူ့ဆီသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။
ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ လေစွမ်းရည် နတ်ဘုရား တန်ခိုး သည် မဆိုင်းမတွပင် သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်လာခဲ့ပြီး အလင်းအကာကွယ် တစ်ခုကို ဖန်တီးလိုက်သည်။
သို့သော်၊ ချင်ယွင်သည် အလင်းအကာကွယ်ကို ဖန်တီးရန် သူ၏နတ်ဘုရားတန်ခိုးကို အသုံးပြုပြီးသည့်အခိုက်တွင်, အဝေးမှထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။
ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေကန်၏ မျက်နှာပြင်ပေါ်တွင် မတ်တပ်ရပ်လျက် အဝေးသို့ လွင့်မျောသွားလေသည်။
"အယ်၊ နတ်ဘုရားတန်ခိုး စွမ်းအားလား?။ နတ်ဘုရားအဆင့် ပညာရှင်လား?" ချင်ယွင်က အံ့သြစွာ ပြောသည်။
အစောပိုင်းက သူသည် ဟူဖန်းနှင့် ဆံပင်ဖြူ အဖိုးအို၏ အငွေ့အသက်ကို ရှင်းရှင်း လင်းလင်း ခံစားနိုင်ခဲ့ပြီးဖြစ်ကာ၊ နတ်ဘုရားနယ်ပယ်မှ ပညာရှင်တစ်ဦး၏ အငွေ့အသက် ကို အနည်းငယ်မျှပင် မခံစားမိခဲ့ပေ။ သို့သော်လည်း ဤနတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းသည် မည်သည့်နေရာမှ ရောက်လာရသနည်း။
ဘန်း…။
ထိုအခိုက်တန့်တွင် အင်မော်တယ်ကျွန်းအပေါ်မှာ ပုံရိပ်နှစ်ခု ပေါ်လာပါသည်။ သူတို့ နှစ်ယောက်တော့ ချင်ယွင်လိုက်ရှာနေသည့် ဟူဖန်းနှင့် ဆံပင်ဖြူအဖိုးအိုတို့ အတိအကျပင်။
သို့သော် ယခုအချိန်တွင် ဟူဖန်း၏ရုပ်ရည်အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ သူမ၏ ဆံပင်များသည် လုံးဝ ဆွတ်ဆွတ်ဖြူနေခဲ့ပြီး သူမ၏ မျက်နှာသည် သွေ့ခြောက်နေ သော သစ်ပင်အမြစ်ကဲ့သို့ ဖြစ်နေသည်။ သူမ၏ခန္ဓာကိုယ်သည်လည်း ပါးလွှာသော သစ်သားကဲ့သို့၊ အရိုးပေါ် အရေတင်ဖြစ်နေပြီ။ သူမပုံစံက လူသားတစ်ယောက်နှင့် မတူတော့ဘဲ တစ္ဆေလိုလို သရဲလိုလိုဖြစ်နေပါပြီ။ သူမသည် သူမဘေးနားရှိ ဆံပင်ဖြူ အဘိုးကြီးထက်ပင် အသက်ကြီးနေပြီ။
အမှန်တကယ်ဆို, သူမ၏ခန္ဓာကိုယ်မှ ဟူဖန်း၏ အငွေ့အသက်များ ထုတ်လွှတ်နေခြင်း ကြောင့်သာ၊ ထိုသို့မဟုတ်လျှင်၊ ချင်ယွင်သည် ဤလူက ဟူဖန်းမဟုတ်ဟုပင် လုံးဝ သံသယ ဖြစ်မိလိမ့်မည်။
ထိုအခိုက်တွင် ဟူဖန်းသည် ချင်ယွင်ကို ရေခဲတမျှ အေးစက်အမူအရာဖြင့် ကြည့်နေပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေသည်။
ဆံပင်ဖြူ အဘိုးကြီး၏ မျက်လုံးများလည်း အလွန်ပင် မှိုင်းညို့နေကာ၊ သူ၏အကြည့်များ က အေးစက်သော အလင်းရောင်များဖြင့် လင်းလက်နေသည်။
"ဟမ့်၊ ငါက နင့်ကို အရင်ရှာချင်ပေမယ့် နင်ကိုယ်တိုင် ရောက်ရှိလာမယ်လို့ ငါ မမျှော်လင့် ထားခဲ့ဘူး။ နင် ဒီကို ရောက်နေပြီဆိုမှတော့ ဒီနေ့ နင် အသက်မရှင်နိုင်တော့ဘူး" ဟူဖန်းက အေးစက်စွာ ပြောလိုက်ပြီး၊ သူမ၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေသည်။
"အိုး? မင်းက ငါ့ကို သတ်နိုင်မယ်ထင်နေတာလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
ထိုအချိန်မှစ၍ ဟူဖန်းတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဟု သူ စတင် ခံစားလာရသည်။ ဟူဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက သူ့ကို အလွန်မင်း စက်ဆုပ်ရွှံရှာစေသည်။
"နင် နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီဆိုပြီး နင့်ကို သတ်လို့မရဘူးလို့ မထင်လိုက်နဲ့။ ဟမ့်၊ အခု ငါက ရှေးဟောင်း ဗူဒူးနတ်ဘုရားရဲ့ တန်ခိုးကို အမွေဆက်ခံလိုက်ပြီလေ။ နင်က ငါ့ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ငါ မယုံဘူး" ဟူဖန်းက အေးစက်စက် ပြောလိုက်ပြီး ပြင်းထန်သော အေးစက်မူနှင့်အတူ သူမ၏မျက်လုံးတွေက ဝင်းလက်တောက်ပနေသည်။
ထိုစကားကို ပြောပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်လာပါသည်။ ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် ယခင်က ချင်ယွင်ကို ဖြတ်ကျော်သွားသည့် အငွေ့အသက်များနှင့် အတူတူပင်။
"ရှေးဟောင်း ဗူဒူးနတ်ဘုရားတန်ခိုးလား?" ချင်ယွင်က အံ့သြစွာ မေးလိုက်မိသည်။
သူ့ကို တိုက်ခိုက်လာသည့် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများသည် မည်သည့်နေရာမှ လာလဲဆိုသည်ကို သူ နောက်ဆုံး သိလိုက်ပါပြီ။ ထိုတန်ခိုးအစွမ်းကို ပစ်လွှတ်ခဲ့သည့်လူက ဤဟူဖန်း ဖြစ်နေပုံရသည်။ ဟူဖန်းတစ်ယောက် လူရုပ်မပေါက်ဘဲ သရဲတစ္ဆေလိုလို ဖြစ်သွားရသည့် အကြောင်းရင်းကတော့ ထိုရှေးဟောင်း ဗူဒူးနတ်ဘုရား၏ တန်ခိုးကြောင့်ဆိုသည်မှာ ထင်ရှားပါသည်။
"ဒါက တကယ်ကို ထိုက်တန်ရဲ့လား?။ မင်း ချင်လန်အတွက် လက်စားမချေနိုင်တော့မှာ ငါကြောက်မိတယ်။ ဒါပေမယ့် မင်းအခုလိုဖြစ်သွားရတာက လက်စားချေဖို့ သက်သက်ပဲ လား။" ချင်ယွင်သည် ဟူဖန်းကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
အစပိုင်းတွင် ဟူဖန်းသည် ချင်လန်ကို လက်စားချေလိုရုံသက်သက်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် သူမသည် အမုန်းတရားကြောင့် လုံးဝ မျက်စိကွယ်သွားခဲ့ပြီ။ ယခုဆိုလျှင် သူမသည် ချင်လန်အတွက် လက်စားချေချင်ရုံသာမက သူမကိုယ်တိုင်အတွက်လည်း လက်စားချေနေခဲ့သည်။
သူမ ချင်ယွင်အပေါ်ထားသည့် အမုန်းတရားတွေက သူမ၏ရုပ်ရည်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့သည်။ ယင်းကြောင့်ပင် သူမသည် ချင်ယွင်ကို အလွန်သတ်ပစ်ချင်နေရသည့် အကြောင်းရင်း ဖြစ်ပါသည်။
ချင်ယွင်သည် ဤကဲ့သို့သောလူစားမျိုးကို နားမလည်သည့်အပြင် သူ၏စိတ်နှလုံးထဲမှ လည်း အထင်မြင်သေးသည်။
"ဟမ့်၊ ဒါတွေအားလုံးက နင့်ကြောင့် ဖြစ်လာခဲ့တာပဲ။ ချင်ယွင်, နင့်အတွက်ကြောင့်သာ မဟုတ်ရင်, ငါကရော ဒီလိုအခြေအနေမျိုး ဘယ်လိုလုပ် ရောက်သွားနိုင်မှာလဲ။ ဒါပေမယ့် ဒီနေ့တော့ နင်က ငါ့လက်ထဲမှာ အသေခံဖို့ ကံကြမ္မာကဖန်တီးထားတာဆိုတော့ ဒါတွေအားလုံး ပြီးဆုံးသွားပါပြီ။" ဟူဖန်းက ချင်ယွင်ကိုကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို သတ်နိုင်ရင်တောင် မင်း ပျော်မှာလား?။ အဲဒီအချိန်ရောက်ခဲ့ရင်တောင် မင်းရဲ့ ရုပ်ရည်က ပြန်ကောင်းလာမှာ မဟုတ်တော့ဘူး။ အဲဒါကမှ မင်းအနေနဲ့ တကယ်ကို နာကျင်စွာ ခံစားရမယ့်အချိန်ပဲ" ချင်ယွင်က အထင်သေးစွာ ပြောလိုက်သည်။
ယခုအချိန်တွင် ဟူဖန်းသည် အမုန်းတရားများကြောင့် မျက်စိကွယ်နေခဲ့ပြီ။ သို့သော် သူမ အမှန်တကယ် လက်စားချေလိုက်သည်နှင့် ဟူဖန်းသည် သူမ၏ ရုပ်ရည်အသွင်အပြင်ကို မြင်ပြီး, နောင်တရနေလိမ့်မည်။ အဲဒါက တကယ့်နာကျင်မူ၏ အစဖြစ်သည်။
ထို့ကြောင့် လက်စားချေခြင်းသည် မိမိကိုယ်မိမိ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် တစ်စုံတစ်ကို စွန့်လွှတ်ခြင်းအပေါ် အခြေခံနေလျှင်, ကိုယ့်ကိုယ်ကို ဆက်လက် ရှင်သန်နိုင် အတွက် ထိုကလဲ့စားချေခြင်း၏ အဓိပ္ပာယ်ကို စွန့်လွှတ်လိုက်သင့်သည်။
ချင်ယွင်၏စကားကိုကြားတော့ ဟူဖန်း၏ အမူအရာသည် အလွန်မင်း ရုပ်ဆိုးသွားခဲ့သည်။ သို့သော် အလွန်လျင်မြန်စွာ သူမသည် ဤကိစ္စကို မစဉ်းစားတော့ပေ။ ယင်းအစား, သူမက ချင်ယွင်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး ပြောသည် "ဟမ့်၊ ငါ နင့်ကို သတ်နိုင်သရွေ့ ငါ့ရဲ့ ဒီဘေးဆိုးကြီးကနေ ပြန်မထနိုင်ရင်တောင် ငါ ကျေကျေနပ်နပ် ရှိနေဦးမယ်။ နောက်ပြီး နင့်ကို သတ်လိုက်ရင် ငါ ပျော်ရွှင်ရလိမ့်မယ်။”
"ဟုတ်လား?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးလိုက်သော်လည်း သူ၏ မျက်လုံးများတွင် အကူအညီမဲ့သည့် အရိပ်အယောင် ပေါ်လာပါသည်။
ဟူဖန်းသည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေမှန်း သူ သိသည်၊ သို့သော် ၎င်းသည် ဟူဖန်းကို သတ်ပစ်ရန် ချင်ယွင်၏စိတ်ပိုင်းဖြတ်မှုကို ပို၍ပင် အားကောင်းလာစေသည်၊ အကြောင်းမှာ ဟူဖန်းသည် လုံးဝ ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍, သူမကို မသတ်ခဲ့ဘူးဆိုလျှင်, သူမသည် လက်စားချေနိုင်ရန်အတွက် ပေးဆပ်မူ အားလုံးကို သေချာပေါက် လုပ်ဆောင်လိမ့်မည်။ ချင်ယွင်သည် သူမအနေဖြင့် သူ၏ မိသားစုနှင့် သားသမီးများကို တိုက်ခိုက်မည် မဟုတ်ကြောင်း အာမခံဝံ့ခြင်း မရှိသော ကြောင့် ဟူဖန်းသည် သေရမည် ဖြစ်သည်။
"သေလိုက်တော့.." ဟူဖန်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ မကောင်းဆိုးဝါးဆန်ပြီး ပြင်းထန်သော စွမ်းအားတစ်ခုက သူမ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်လာခဲ့ပြီး ချင်ယွင်ကို ပြင်းထန်စွာ တရစပ် တိုက်ခိုက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် ချင်ယွင်ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာသည်။
ချင်ယွင်သည် နတ်ဆိုး နတ်ဘုရားတန်ခိုးလှိုင်းလုံးကို ကြည့်ပြီး သူ၏အကြည့်က ချက်ချင်း ပင် ခက်ထန်လာသည်။ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။
"ဘန်း..”
ချင်ယွင်သည် သူ၏လက်ကို လက်ဖဝါးအဖြစ် အသုံးပြုကာ နတ်ဆိုး နတ်ဘုရားတန်ခိုးကို နှစ်ခြမ်းခွဲကာ တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။
ဟူဖန်းသည် အဝေးမှ ဤမြင်ကွင်းကို မြင်သောအခါ သူမ၏မျက်လုံးများသည် အလွန်မင်း မှိုင်းညို့ပြီး အေးစက်သွားခဲ့သည်။
"ဗူဒူးနတ်ဘုရား၊ ငါ့ကို ခွန်အားတွေပေးပါ။" ဟူဖန်းက ရေရွတ်လိုက်ပြီး ပို၍ပင် ပြင်းထန်သည့် မကောင်းဆိုးဝါး အငွေ့အသက်များက သူမ၏ ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်လာပါသည်။ ထို့နောက် ဟူဖန်း၏တစ်ကိုယ်လုံးသည် သူမ ရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဟူဖန်း၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ထူးထူးခြားခြား ပေါ်လာသည်။ နတ်ဆိုး နတ်ဘုရားတန်ခိုးသည် ချင်ယွင်ဆီသို့ ကျရောက်လာသည်။ ၎င်းတွင်ပါရှိသော နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဟူဖန်း ထုတ်လွှတ်လိုက်သည့် နတ်ဆိုးနတ်ဘုရားတန်ခိုးသည် အမှန်ပင် သူ၏ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုး ထက် ကျော်လွန်ခြင်းမရှိသော်လည်း, သူ၏ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရား တန်ခိုးထက် အနည်းငယ် ပိုပြင်းထန်နေပါသည်။
ယခုအချိန်တွင် ချင်ယွင်ပင်လျှင် ထိုနတ်ဘုရားတန်ခိုးကို လျစ်လျူမရှုဝံ့ပေ။
ဘန်း..။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အသုံးပြု၍ လေဟာနယ်ထဲတွင် နတ်ဘုရားဓားတစ်လက်ကို ပေါင်းစည်းကာ၊ ကြောက်မက်ဖွယ်ကောင်းသော ထိုနတ်ဆိုး နတ်ဘုရားတန်ခိုးဆီသို့ ခုတ်ပိုင်းပစ်လိုက်ပါသည်။
"ဘုန်း...."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား တန်ခိုးနှစ်ခုတို့ အပြင်းအထန် တိုက်မိပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား တန်ခိုးလှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
ချင်ယွင်နှင့် ဟူဖန်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဤနတ်ဘုရားတန်ခိုး လှိုင်းများ ရိုက်ခတ်မူကြောင့် အဝေးသို့ တွန်းပို့ခံလိုက်ကြရသည်။
ချင်ယွင်သည် ကောင်းကင်ယံ အမြင့်မှာ မတ်တပ်ရပ်နေပြီး အဝေးမှဟူဖန်းကို ကြည့်ကာ၊ သူ၏မျက်လုံးတွေက ပိုပိုပြီး လေးနက်လာပါသည်။
ယခုအချိန်တွင် ဟူဖန်း၏အမူအရာက မှုန်ကုပ်နေပါသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင် အနေဖြင့် သူမ၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု သူမ မျှော်လင့်မထားပါဘူး။
"ချင်ယွင်၊ နင်ရဲ့အရည်အချင်းတွေက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ နင်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးပြီးချင်းမှာပဲ ဒီလောက်ကြောက်စရာကောင်း တဲ့ စွမ်းအားတွေ ရှိနေခဲ့တယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ နင့်ကို သတ်မှဖြစ်မယ်။" ဟူဖန်းက ဒေါသတကြီး ပြောသည်။
လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး နတ်ဘုရားတန်ခိုးသည် မီးတောင်ကဲ့သို့ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူမ၏မျက်နှာပေါ်ရှိ အရေပြားကို ချက်ချင်း နီမြန်းသွားစေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ချက်ခြင်းဆိုသလို အစွမ်းကုန် ကြောက်မက်ဖွယ် ကောင်းနေပါသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် မျက်ခုံးပင့်လိုက်သည်။ ဤအခိုက်အတန့်တွင် ဟူဖန်းက သူ့ကို အန္တရာယ်များသော အငွေ့အသက်ကို ခံစားရစေခဲ့သည်။