← Chapters

အခန်း ၁၁၀၈

Vol. 74 Ch. 1108

အခန်း ၁၁၀၈

Vol. 74 Ch. 1108

အခန်း (၁၁၀၈) ဟူဖန်းကိုသတ်ဖြတ်ခြင်း။

ဟူဖန်း၏လက်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်လိုက်ပြီး ပြင်းထန်သော အငွေ့အသက်သည် သူမ၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။

"ဟမ့်၊ ဒီနေ့ နင့်ကို ငါ သတ်ရမယ်" ဟူဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးသည် အဆိပ်ပြင်းသော မြွေတစ်ကောင်လို ချင်ယွင် ဆီသို့ ပစ်လွှတ်လာရင်း ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်လေဟာနယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ကောင်း သော နတ်ဘုရားတန်ခိုးက ချင်ယွမ်ဆီသို့ ဒီရေလှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာခဲ့သည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ဖြစ်စဉ်အားလုံး။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး လေစွမ်းရည် နတ်ဘုရားတန်ခိုး အားလုံးကို သူ၏လက်ထဲသို့ ချက်ခြင်း သွန်းလောင်းကာ၊ နတ်ဘုရားတန်ခိုးဖြင့် ဖန်တီးထားသော ဧရာမမြွေကြီးဆီသို့ တိုက်ရိုက် ရိုက်ချလိုက် လေသည်။

"ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ နတ်ဘုရားတန်ခိုးနှစ်ခုသည် အပြင်းအထန် တိုက်မိပြီး ကြောက်မက်ဖွယ်ရာ တန်ခိုးလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

သူတို့ခြေထောက်အောက်ရှိ ရေကန်၏မျက်နှာပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး ကမ္ဘာငယ်လေး တစ်ခုလုံးကို မုန်တိုင်းတိုက်ခတ်လာသည်။

ဟူဖန်း၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာသည်။ ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်လာမည်ဟု သူမ မထင်ခဲ့ပေ။ သူမ၏ လက်ရှိတိုက်ခိုက်မှုသည် နတ်ဘုရား ခန္ဓာကိုယ်၏ ၂၀ ရာခိုင်နှုန်းကို သန့်စင်ထားသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သော်လည်း၊ သူမသည် ချင်ယွင်ကို လုံးဝ မထိခိုက်စေနိုင်သေးပေ။

"သူက အခုမှ နတ်ဘုရားတစ်ပိုင်း ဖြစ်လာတာ မဟုတ်ဘူးလား?။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ?" ဟူဖန်းက သူမကိုယ်သူမ ရေရွတ်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် အေးစက်မူက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်လည်း အလွန်အံ့သြသွားသည်။ ဟူဖန်းသည် အထူးနည်းလမ်းများကို အားကိုးခြင်းဖြင့် အခြားစွမ်းအားများကို ချေးငှားယူပါက အလွန် အားကောင်းလာမည် မဟုတ်ဟု သူထင်ထားခဲ့သည်။ သို့သော် လက်ရှိ ဟူဖန်းသည် ယွမ်ရှင်းကိုပင် လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။ ဟူဖန်း၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ တိုးလာနေသေး ကြောင်း ချင်ယွင်က ခံစားနိုင်သည်။

"မဟုတ်ဘူး၊ ပြန်လည်ဝင်စားခြင်းမျိုး လုံးဝ မရရှိစေဖို့အတွက် ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ငါ အဖျက်စွမ်းအား ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အသုံးပြုရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ဟူဖန်း၏အငွေ့အသက်က သူ့ကို အလွန်မင်း ဆိုးရွားသော ခံစားချက်ကို ပေးနေခဲ့သည်။ ယခုလိုဆိုးရွားသည့် ခံစားချက်မျိုးက သူ၏နှလုံးသားအောက်ခြေမှပင် သူ့ကို စက်ဆုပ် ရွှံရှာဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေပြီး၊ အလွန် စိတ်မသက်မသာ ဖြစ်စေပါသည်။

"ချင်ယွင် နင့်ရဲ့ခွန်အားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ ​​ဒါပေမယ့်, ငါပြောခဲ့သလိုပဲ, ဘာပဲဖြစ်ဖြစ် နင် ဒီနေ့ သေကိုသေရမယ်။ နင့်ရဲ့သေခြင်းတရားကို လက်ခံလိုက်တော့။ ရှေးဟောင်း ဗူဒူးနတ်ဘုရားရဲ့ မျက်လုံး…"

ထိုအချိန်တွင် ဟူဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားတစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူမ၏ဦးခေါင်းအထက်တွင် ကြီးမားသော ဧရာမ မျက်လုံးကြီး နှစ်လုံးအဖြစ်သို့ စုစည်းသွားခဲ့သည်။

ထိုမျက်လုံးများသည် သွေးကဲ့သို့နီရဲနေပြီး ၎င်းတို့အပေါ်တွင် အလွန့်လွန် ကြောက်စရာ ကောင်းသည့် နတ်ဆိုးစွမ်းအင် အတက်အကျလှိုင်းများ ရှိနေပါသည်။

ချင်ယွင်သည် ထိုမျက်လုံးတစ်စုံကို မြင်လိုက်သည့်အခိုက်တွင် ဆိုးရွားသော အငွေ့အသက် တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံး ချက်ချင်းပင် မလှုပ်မယှက် ဖြစ်သွားရသည်။

"စိတ်ဝိညာဉ်တိုက်ခိုက်မှုလား…?" ချင်ယွင် အံ့သြသွားသည်။

ယခုလေးတင် သူသည် ဧရာမမျက်လုံးကြီးတစ်စုံကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး၊ သူ၏စိတ်ဝိညာဉ်သည် ချိပ်ပိတ်သွားကာ၊ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိတော့ပေ။

ဤတိုက်ခိုက်မှု အမျိုးအစားသည် စိတ်ဝိညာဉ်တိုက်ခိုက်ရေး နည်းလမ်းများထဲမှ တစ်ခု ဖြစ်ကြောင်း ထင်ရှားပါသည်။

စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း နည်းလမ်းများစွာ ရှိခဲ့ပါသည်။ ပထမနည်းလမ်းမှာ စိတ်ဝိညာဉ် ကို တိုက်ရိုက် တိုက်ခိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ ဒုတိယနည်းလမ်းကတော့ စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေခြင်း သို့မဟုတ် အခြားလူများ၏ စိတ်ဝိညာဉ်ကို အကျဉ်းချနိုင်သည့် သွယ်ဝိုက်၍ တိုက်ခိုက်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ဟူဖန်း ယခုအသုံးပြုလိုက်သော ဗူဒူးနတ်ဘုရား၏ မျက်လုံးသည် ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို အကျဉ်းချနိုင်သည့် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း နည်းလမ်းမျိုး ဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်သည် အကျဉ်းချခံနေရပြီး သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ အကယ်၍, ဟူဖန်းသာ အခုအချိန်မှာ သူ့ကို တိုက်ခိုက်မည်ဆိုလျှင်, သူ့ကိုသတ်ပစ်ရန် အခွင့်ရေးသာပါသည်။

သေချာသည်မှာ ချင်ယွင် မလှုပ်ရှားနိုင်တော့သည်ကို ဟူဖန်း မြင်လိုက်ရသောအခါတွင် သူမသည် ချင်ယွင်ဆီသို့ ဉီးတည်ရင်း လေထဲသို့ ခြေလှမ်းဝင်လိုက်စဉ်, သူမ၏ ရွှံရှာဖွယ် မျက်နှာက အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပါသည်။

"ဟား…၊ ဟား…..၊ ဗူဒူးနတ်ဘုရားရဲ့ မျက်လုံးက ဗူဒူးနတ်ဘုရားရဲ့ အလွန်အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုပဲ။ ဗူဒူးနတ်ဘုရားရဲ့ မျက်လုံးကို မြင်တဲ့သူတိုင်းဟာ သူတို့ရဲ့ စိတ်ဝိညာဉ် တွေ အကျဉ်းချခြင်းကို ခံရလိမ့်မယ်။ နင့်ရဲ့စိတ်ဝိညာဉ်က ကြယ်နတ်ဘုရားအဆင့်ကို ရောက်ပြီး လုံလောက်အောင် သန်မာမှသာ ဖြိုခွဲလွတ်မြောက်နိုင်မယ်။ နင်ဆိုရင်တော့ ရုပ်တုတစ်ခုလို အဲဒီနေရာမှာပဲ ရပ်နေနိုင်ပြီး ငါသတ်ပစ်တာခံရမယ့် ငါးတစ်ကောင် ဖြစ်လာနိုင်တယ်" ဟူဖန်းသည် ချင်ယွင်၏အနားသို့ လျှောက်သွားပြီး သူ့ကို လှောင်ပြောင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် အကျဉ်းချခံနေရပြီး၊ ဟူဖန်း၏စကားကို လုံးဝ ပြန်မဖြေနိုင်ပေ။ သူသည် ဟူဖန်းကို မျက်လုံးများဖြင့်သာ စိုက်ကြည့်နိုင်ခဲ့သည်။

ရုတ်တရက် ဟူဖန်းသည် လျှပ်စီးကဲ့သို့ သူမ၏လက်များကို ဆန့်ထုတ်လိုက်ပြီး၊ ချင်ယွင်၏ လည်ပင်းကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်လုံးများက ချင်ယွင်ကို ပြင်းထန်သော အေးစက်မှုဖြင့် စိုက်ကြည့်နေသည်။

"ချင်ယွင်၊ နင် နောက်ဆုံးတော့ ငါ့လက်ထဲမှာ သေရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး မဟုတ်လား?။ နင့်ကိုသတ်နိုင်တဲ့ တန်ခိုးအစွမ်းနဲ့ လဲလှယ်နိုင်ဖို့အတွက် ငါ့ရဲ့သက်တမ်းနဲ့ ရုပ်ရည်အသွင်အပြင်ကို ရှေးဟောင်း ဗူဒူးနတ်ဘုရားထံ ပေးအပ်ခဲ့ရတယ်။ ဒါကို နင် သိရဲ့လား?"။ အခုချိန်မှာ ငါ့ကိုယ်ငါ့တောင် မှန်ထဲမှာ ပြန်မကြည့်ရဲတော့ဘူး။ မှန်ထဲမှာ ရောင်ပြန်ဟပ်ထင်နိုင်တဲ့ ဘယ်အရာကိုမှ ငါ မကြည့်ဝံ့တော့ဘူး။ အားလုံးက နင့်ကြောင့်ပဲ။ ဒါကြောင့် ဒီနေ့ နင်ရဲ့ဘဝကို သေတာထက် ပိုဆိုးအောင် ငါ လုပ်ပစ်မယ်။ နင့်ရဲ့စိတ်ဝိညာဉ် ကို ထုတ်ယူပြီး၊ ညှဉ်းပန်းနှိပ်စက်ပစ်မယ်။”

“ဒါတင်မကသေးဘူး၊ ငါ နင့်ရဲ့မိန်းမတွေအားလုံးကိုလည်း ဒုက္ခိတဖြစ်အောင် လုပ်ပစ်ပြီး၊ အနိမ့်ဆုံးဖြစ်တဲ့ အိမ်ဖော်တွေအဖြစ် ရောင်းစားပြီး အဲဒီလူ့ငနွား ပုရွက်ဆိတ်တွေရဲ့ ကစားစရာတွေဖြစ်အောင် လုပ်ပစ်ဦးမယ်။ မင်းကို တစ်သက်လုံး နာကျင် ခံစားနေစေချင် တယ်။ ဟား…၊ ဟား….။" ဟူဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာက အလွန်လွန့် ရက်စက်ကြမ်းကြုတ်နေသည်။ ယခု သူမသည် လုံးဝ ရူးသွပ်နေပြီ။

ချင်ယွင်သည် ဟူဖန်း၏ စကားကို ကြားလိုက်သောအခါတွင် ပြင်းထန်သော အမျက် ဒေါသက သူ၏နှလုံးသားထဲတွင် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။

ဟူဖန်းသည် သူ့အား ပစ်မှတ်ထားနိုင်ပါသည်။ အဆုံးတွင်, ဤအရာက သူနှင့်သူမတို့ကြား မှ အမုန်းအာဃာတ ဖြစ်သည်။ သို့သော်, ဟူဖန်းသည် အမှန်တကယ်ပင် ရန်ယွင်နှင့် အခြားလူများကိုပါ ဒုက္ခပေးလိုခဲ့သည်။ ယင်းက ချင်ယွင် လုံးဝ သည်းမခံနိုင်သည့် အရာဖြစ်သည်။

ချင်ယွင်သည် ဒေါသအမျက် ပေါက်ကွဲထွက်သွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံတန်ခိုးအစွမ်းက ချက်ချင်းဆိုသလို သူ၏နတ်ဘုရားစိတ်ဝိညာဉ်မှ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာကာ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ် အကျဉ်းချထားသော စွမ်းအားကို တိုက်ရိုက်ပင် အပြင်းအထန် တိုက်ခိုက်လိုက်လေသည်။

ဘန်း….။

ထိုအခိုက်တန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကမ္ဘာငယ်လေးအထက်မှာ ရှိနေသည့် ဧရာမ သွေးနီရောင် မျက်လုံးကြီးနှစ်လုံးသည် အမှန်တကယ်ပင် အပြင်းအထန် အစိတ်စိတ်မွှာမွှာဖြစ်သည်အထိ ချေမှုန်းခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် ဟူဖန်းသည် ပြင်းထန်သော တန်ပြန်ရိုတ်ခတ်မှုကို ခံစားခဲ့ရပြီး၊ သူမ ပါးစပ်မှ သွေးတပွက် ထွေးထုတ်လိုက်ရသည်။ သူမသည် ရုတ်တရက် ခေါင်းမော့ကာ ချင်ယွင်ကို နှိုင်းယှဉ်၍မရအောင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့၊ နင်က ဗူဒူးနတ်ဘုရား မျက်လုံးရဲ့ ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ဘူး။ နင် ဘယ်လို လုပ်လိုက်တာလဲ?" ဟူဖန်းသည် အံ့ဩသွားကာ သူမ၏ မျက်လုံးများသည် ပြင်းထန်သော မယုံကြည်မှုများဖြင့် ပြည့်နှက်နေ ခဲ့သည်။

"မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ ဒါက မင်း မမျှော်လင့်ထားတဲ့ အရာတစ်ခုပဲ" ချင်ယွင်က အထင်သေးစွာ ပြောလိုက်သည်။

အနက်ရောင် ဖျက်ဆီးခြင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာက သူ၏လက်ထဲတွင် ပေါ်လာသည်။ အစွမ်းထက်သော အဖျက်စွမ်းအားသည် ဟူဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုး အငွေ့အသက် များကို ချက်ချင်း ဖိနှိပ်လိုက်သည်။

"ဖျန်း….."

ချင်ယွင်၏လက်ထဲမှ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာက ချက်ချင်း ဆင်းသက်လာပါ သည်။

အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်စီးခြင်် အငွေ့အသက်များ ပါရှိနေသော အနက်ရောင် ဆေဘာအလင်းတန်းသည် ကောင်းကင်တစ်ခွင်သို့ ချက်ချင်း လင်းလက်သွား ကာ၊ ဟူဖန်းကို ထက်ခြမ်း ပိုင်းဖြတ်လိုက်သည်။

ဟူဖန်း၏ တစ်ကိုယ်လုံးသည် ထိုနေရာမှာပင် အေးခဲသွားပြီး သူမ၏ မျက်လုံးများသည် မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေသည်။ သို့သော်၊ ချင်ယွင်၏ ဖျက်ဆီးခြင်း နတ်ဘုရား တန်ခိုးမှဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖျက်ဆီးသွားခဲ့ပြီး နာနာကျင်ကျင်အော်ဟစ်သံက ပဲ့တင်ထပ် ပျံ့နှံ့လာပါသည်။

“မဟုတ်ဘူး… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?” ဟူဖန်း စိတ်ပျက်လက်ပျက် ဖြစ်သည့် အသံဖြင့် အော်ဟစ်လိုက်ပါသည်။ သူမသည် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသော် လည်း၊ သူမအနေဖြင့် ယခုအခါ ချင်ယွင်ကို မသတ်နိုင်ခဲ့သည့်အပြင်, သူမကိုယ်တိုင်ပါ ဤကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။ ဤအရာက သူမအား ငြိမ်ချမ်းစွာ သေဆုံးစေခဲ့သည်။

ထို့အပြင်, သူမစကားမပြီးဆုံးခင်မှာ ဆေဘာအလင်းမှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် သူမအား လွှမ်းခြုံသွားပြီး၊ သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် လွင့်ပျယ်ပြီး ပျောက်ကွယ်သွားခဲ့သည်။

ဟူဖန်း၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ချင်ယွင်က ကြည့်နေသော် လည်း သူ၏မျက်လုံးများတွင် မည့်သည့်အပြောင်းအလဲမှ သိပ်မရှိပေ။

ဟူဖန်း၏ ယခင်စကားများက သူ့အား ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို နှိုးဆွပေးခဲ့သည်။ သူ၏အမျိုးသမီးလေးယောက်သည် စကားလုံးသက်သက် ဖြစ်နေလျှင် ပင်, သူ၏ပြောင်းပြန် ကြေးခွံများအဖြစ် အမြဲတမ်း ရှိနေပါသည်။

ချင်ယွင်သည် ခေါင်းကို လှည့်ကာ အဝေးကို ကြည့်လိုက်ရာ မူလကရှိနေသည့် ဆံပင်ဖြူ အဘိုးအို၏ နေရာက ဗလာဖြစ်နေကြောင်း သိရှိလိုက်ရသည် ။

"ခင်ဗျားက ကျွန်းထဲကို ထွက်ပြေးသွားတာလား?။ ခင်ဗျား တကယ်ရော လွတ်မြောက် နိုင်ပါ့မလားဆိုတာ ကျုပ် မြင်ချင်မိတယ်" ချင်ယွင်က သူ၏ပါးစပ်ထောင့်တွင် လှောင်ပြုံး ပြုံးလိုက်ရင်း ကျွန်း၏ ဦးတည်ရာဆီကို ကြည့်လိုက်ပါသည်။

ထို့နောက် သူ၏တစ်ကိုယ်လုံး ဖျတ်ခနဲ့လင်းလက်သွားကာ ကျွန်းငယ်လေးဆီသို့ လွင့်မျော ပျံသန်းသွားလေသည်။

All Chapters