← Chapters

အခန်း ၁၁၀၉

Vol. 74 Ch. 1109

အခန်း ၁၁၀၉

Vol. 74 Ch. 1109

အခန်း (၁၁၀၉) ဗူဒူးနတ်ဘုရား၏နှလုံး။

ဝှီး…။

ချင်ယွင်၏ရုပ်အသွင်သည် ကျွန်းပေါ်သို့ ဆင်းသက်လာပြီး၊ သူ့မျက်နှာဆီသို့ ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်တစ်ခု ရောက်ရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဤဆိုးရွားသော အငွေ့အသက်သည် သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

"ဟူဖန်းရဲ့ ဗူဒူးနတ်ဘုရားတန်ခိုးတော်က ဒီကျွန်းငယ်လေးကနေ လာတဲ့ပုံပဲ။" ချင်ယွင်က သူ၏စိတ်ထဲတွင် မှန်းဆလိုက်သည်။

သူသည် ကျွန်း၏ အလယ်ဗဟိုတွင် အားကောင်းသည့် စွမ်းအားကို ခံစားနိုင်သည်။ ဤစွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။

"မကောင်းတော့ဘူး.." ချင်ယွင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး ကျွန်းလယ်ဆီသို့ ပြေးသွားခဲ့သည်။

မကြာမီ သူ၏ရှေ့တွင် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခု ပေါ်လာသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ခန်းမထဲတွင် ပေါ်လာသည်။

ဤခန်းမကြီး ရှေးဟောင်းခန်းမကြီးတစ်ခု ဖြစ်ပါသည်။ အတွင်းပိုင်းရှိ ပရိဘောဂများသည် အလွန်ရှေးကျသည်။ မြေပြင်ပေါ်ရှိ ကျောက်တုံးများပင်လျှင် ရှေးခေတ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ပင်မခန်းမကြီးသည် အလွန်ကြီးမားပြီး စုစုပေါင်း စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ သို့သော် အတွင်း၌ ပစ္စည်းများစွာ ရှိမနေခဲ့ပါ။ ခန်းမတစ်ခုလုံး ကျယ်ပြောလှသည်။

သို့သော် ခန်းမရှေ့တွင် ကြီးမားသော ရေကန်ကြီး ရှိနေသည်။ ထိုရေကန်သည် ရေများဖြင့် ပြည့်နေခြင်းမဟုတ်ဘဲ သွေးများဖြင့်ပြည့်နေသည့် သွေးရေကန်ဖြစ်သည်။

ချင်ယွင်သည် ခန်းမထဲသို့ဝင်လာသည်နှင့် တပြိုင်နက်, သူ၏အကြည့်များက သွေးအိုင်ကြီး ၏ဆွဲဆောင်မှုကို ခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သွေးအိုင်ထဲမှ ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်လာသည်ကို ခံစားရသောကြောင့် ဖြစ်သည်။

သို့သော် ချင်ယွင် အမှန်တကယ် ဂရုစိုက်သည့်အရာက သွေးကန်မဟုတ်ဘဲ ၎င်းအပေါ်တွင် လွင့်မျောနေသော နှလုံးကြီးတစ်ခု ဖြစ်သည်။

ဤနှလုံးကြီးသည် ဦးခေါင်းအရွယ်စားရှီပြီး၊ သွေးရေကန်ထဲ စုဆောင်းထားသော သွေးများ သည် နှလုံးကြီးထဲသို့ အဆက်မပြတ် စီးဆင်းနေသည်။

အရေးကြီးဆုံးအချက်က ၎င်းနှလုံးကြီးသည် နှလုံးခုန်နေဆဲ ဖြစ်သည်။ နှလုံးခုန်သံက ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အရာအားလုံးက ထူးဆန်းသည့် ခံစားချက်တွေ ဖြစ်ပေါ်လာစေသည်။ ချင်ယွင်သည် ဤနှလုံးကြီးတွင်ပါရှိသော ပြင်းထန်သော စွမ်းအင်ကို မခံစားမိဘဲ မနေနိုင်ပါချေ။

"ဟူဖန်းရဲ့ ဗူဒူးနတ်ဘုရားတန်ခိုး အရင်းအမြစ်က ဒီနှလုံးကြီးကနေ ဆင်းသက်လာဖွယ်ရှိ တယ်။" ချင်ယွင်သည် ကြီးမားသော နှလုံးကြီးကို ကြည့်ပြီး သူ၏စိတ်ထဲတွင် မှန်းဆလိုက် သည်။

အလွန်လျင်မြန်စွာပင် သူ၏အကြည့်များသည် သွေးကန်ဘေးရှိ ဆံပင်ဖြူအဘိုးအိုထံ ရောက်ရှီသွားသည် ။

ထိုအချိန်တွင် ဆံပင်ဖြူအဘိုးကြီးသည် သွေးကန်ထဲမှ ခုန်ချရန် ကြံရွယ်ထားသည့်အတိုင်း သွေးကန်စွန်းတွင် ရပ်နေပြီ ဖြစ်သည်။ ဤလုပ်ရပ်သည် ချင်ယွင်ကို အနည်းငယ် စိတ်ရှုပ်ထွေးပြီး စိတ်မသက်မသာ ဖြစ်စေသည်။

"ချင်ယွင်၊ မင်းက တကယ်ပဲ ငါမြင်ဖူးသမျှလူတွေထဲမှာ ကြောက်စရာ အကောင်းဆုံး အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ။ နောက်ဆုံးအကြိမ် ငါ မင်းကို တွေ့ခဲ့တုန်းက မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။ အခု တစ်နှစ်ကျော်လေးအတွင်းမှာ မင်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်ရှိနေပြီ။ ဒီအဘိုးကြီးက နှစ်ပေါင်း ၁၀၀၀၀၀ ကျော်ကြာ ကြိုးစားခဲ့တာတောင် မအောင်မြင်သေးဘူး။ အရိုးသားဆုံး ပြောရရင်, မင်းရဲ့ ပါရမီ အရည်အချင်းတွေက တကယ်ကို မနာလိုစရာပဲ။” ဆံပင်ဖြူ အဘိုးကြီးသည် သွေးကန်ဘေးတွင် ရပ်လျက် ချင်ယွင်ကို ကြည့်လိုက်သည်။

ချင်ယွင်က ရယ်မောနေပြီး ဘာမှ ပြန်မပြောပေ။

နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ခြင်းကိစ္စသည် ပါရမီနှင့် ကံတရားတို့၌ အမှန်တကယ် မူတည်ပါသည်။ အချို့လူများသည် ၎င်းတို့၏ ဘဝတစ်ခုလုံးကို ကုန်ဆုံးသွားသည့်တိုင်, နတ်ဘုရားတန်ခိုးနှင့် ပေါင်းစပ်နိုင်ခြင်း မရှိခဲ့ကြပေ။ ထိုကြောင့် ဆံပင်ဖြူ အဘိုးအိုကဲ့သို့ လူမျိုးများသည် လူနည်းစု မဟုတ်နိုင်တော့ပေ။

"ငါ့ရဲ့လက်ကျန် အချိန်တွေကလည်း ကုန်ဆုံးခါနီးနေပြီ။ ဒါ ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီသွေးကန်ထဲကို ငါခုန်ချလိုက်တာနဲ့ ငါက ရှေးဟောင်း ဗူဒူးနတ်ဘုရားရဲ့ စွမ်းအားကို ရရှိလိမ့်မယ်။ တကယ်လို့, ငါသာ ဒီနှလုံးကြီးနဲ့ ပေါင်းစည်းနိုင်ခဲ့ရင် ငါက ကြယ်နတ်ဘုရား အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မယ်။” ဆံပင်ဖြူ အဘိုးကြီးက ရယ်မောပြီး ခက်ထန်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။

ယခုအချိန်တွင်၊ ရှေးဟောင်း ဗူဒူးနတ်ဘုရားတန်ခိုးသည် ဤနှလုံးကြီးမှ ဆင်းသက်လာခဲ့ ကြောင်း အခြေခံအားဖြင့် သူ သေချာနေခဲ့သည်။

"မဟုတ်ဘူး၊ ငါတို့ သူ့ကို လုံးဝ ခုန်ချခွင့်ပြုလို့ မရဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက် သည်။

ဆံပင်ဖြူ အဖိုးကြီးသည် နတ်ဘုရားတစ်ပိုင်း ဖြစ်လာမည်ကို မကြောက်သော်လည်း၊ အဆုံးတွင်, တစ်ခုခုထပ်မံ ဖြစ်လာခြင်းနှင့် နှိုင်းစာလျှင်, လျော့နည်းသွားခြင်းက ပိုကောင်းပါသည်။ (ပြဿနာတစ်ခု ထပ်မံပေါ်လာခြင်းနှင့်စာရင် မရှိခြင်းက ပိုကောင်းသည်ဟု ဆိုလိုဟန်)။

သို့သော်၊ ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအိုအား သွေးကန်ထဲသို့ ခုန်ချခြင်းမှ တားဆီးခါနီး တွင် လွင့်မျောနေသော နှလုံးကြီးသည် အမှန်တကယ်ပင် လှုပ်ရှားသွားခဲ့သည်။

နှလုံးခုန်သံက ရုတ်တရက် ပိုပြင်းထန်လာခဲ့ပြီး ကြောက်မက်ဖွယ် အသံတွေက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် နှလုံးကြီးမှ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် အလင်းတန်းတစ်ခု ထွက်လာခဲ့ပြီး၊ ခန်းမတစ်ခုလုံးကို မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုက ချက်ခြင်း စိမ့်ဝင်သွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် မျက်ခုံးများကို တင်းကြပ်စွာ ကြုတ်လိုက်မိ သည်။

ဤနှလုံးကြီးသည် အလွန့်လွန် ထူးဆန်းနေပြီး၊ သူ့ကို အလွန်ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ပေးနေခဲ့သည်။ သူ၏ ပင်ကိုယ်အသိစိတ်က သူ့ကို ဒီနှလုံးကြီးနှင့် ဝေးဝေးနေရမည်ဟု ပြောနေခဲ့သည်။

“အား…”

သို့သော် ဤအခိုက်အတန့်တွင် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

ဆံပင်ဖြူ အဘိုးကြီး၏ တစ်ကိုယ်လုံးသည် ပြင်းထန်သော စွမ်းအားကြောင့် သွေးများ ယိုစိမ့်ထွက်နေပုံရပြီး၊ သူ၏တစ်ကိုယ်လုံးသည် ချက်ခြင်း ခြောက်ကပ်သွားပါသည်။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရိုးနှင့်အရေပြား အဖြစ်သို့ ပြောင်းလဲ သွားကာ၊ သူ၏မျက်နှာသည် တုန်လှုပ်ခြောက်ခြားမူနှင့် ပြည့်နေခဲ့သည်။ အဆုံးတွင်, သူသည် သွေးအိုင်ထဲသို့ ပြိုလဲကျသွားခဲ့ပြီး သူ၏အသက်လည်း လုံးဝ ဆုံးရှုံးသွားခဲ့သည်။

ချင်ယွင်သည် အလွန်မင်း အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ဤမြင်ကွင်းကို ကြည့်နေမိသည်။

ဆံပင်ဖြူ အဘိုးကြီးသည် ယခုလိုပုံစံမျိုးဖြင့် သူ၏အသက်ကို ဆုံးရှုံးရလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိပါဘူး။

သို့သော် ဆံပင်ဖြူ အဘိုးအိုကို သတ်ဖြတ်ရာတွင် အဓိကတရားခံမှာ ဤနှလုံးကြီး ဖြစ်ကြောင်း သူ သေချာပေါက် သိနေပါသည်။

ထိုအချိန်တွင်၊ ဤထူးဆန်းသော နှလုံးကြီးသည် ဆံပင်ဖြူအဘိုးအို၏ သွေးများကို သူ၏နှလုံးကြီးထဲသို့ လုံးလုံး စုပ်ယူသွားခဲ့သည်။ ဆံပင်ဖြူ အဘိုးကြီး၏ သွေးများ စုပ်ယူပြီး သည်နှင့်အမျှ ဤနှလုံးကြီးရှိ မကောင်းဆိုးဝါး အငွေ့အသက်သည် ချက်ချင်းပင် ပို၍ အားကောင်းလာပါသည်။

ချင်ယွင်သည် ထိုအဖြစ်ပျက်ကို သတိပြုမိသည့်အခါ, သူ၏မျက်ခုံးများက တွန့်သွားခဲ့ပြီး၊ သူ၏စိတ်ထဲတွင် အလွန်မင်း သတိထားလာခဲ့သည်။

ဤနှလုံးကြီးသည် အသိစိတ်ရှိနေပြီဟု သူသံသယရှိလာပြီး၊ သူ၏ရှေ့မှ ဤနှလုံးကြီးက ပစ်မှတ်ထားနေသည့် ခံစားချက်မျိုးကို သူ ခံစားလာရသည်။

"မင်း ငါ့သွေးကိုပါ စုပ်ယူချင်သေးတာလား?" ချင်ယွင်က နှလုံးကြီးကို ကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်၏ စကားများသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုမြင်ကွင်းက အရမ်းကို ထူးဆန်းလွန်းပါသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့် မည်သူမဆို ချင်ယွင်သည် တကယ်ကို ရူးသွပ်နေပြီး၊ သူသည် နှလုံးကြီးနှင့် စကားပြောနေ သည်ဟု ထင်ကြမည်မှာ သေချာပါသည်။

သို့သော် ဤအခိုက်အတန့်တွင် စွမ်းအင်အတက်အကျ လှိုင်းလုံးများက ချင်ယွင်၏ စိတ်ထဲ သို့ ဝင်ရောက်လာခဲ့သည်။

ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး၊ သူ၏ မျက်လုံးများက ပို၍ပင် နိုးကြားသတိထားလာခဲ့သည်။

ယခုလေးတင် ရိုက်ခတ်လာသော လှိုင်းလုံးသည် စိတ်ဝိညာဉ်မှ ထုတ်လွှင့်လိုက်သည့် အသံ ဖြစ်ပါသည်။ သူ၏ရှေ့တွင်ရှိသော ဤနှလုံးကြီးသည် အမှန်တကယ်ပင် အသိရှိလာခဲ့ပြီ။

"မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာလား?" ချင်ယွင်က ထပ်မေးသည်။

ထိုနှလုံးကြီးမှ အသံလှိုင်းသတင်းစကားအရ, ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အမှန်တကယ် သိမ်းပိုက်ချင်နေသည်။

"မှန်တယ်။ မင်းရဲ့ခန္ဓာကိုယ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ငါတွေ့ဖူးခဲ့ သမျှထဲမှာ အစွမ်းထက်ဆုံးပဲ။ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ကို ပေးလိုက်တာနဲ့, ငါက မင်းကို ကြယ်နတ်ဘုရားနယ်ပယ်ကို ချက်ချင်း တက်လှမ်းနိုင်အောင် လုပ်ဆောင်ပေးမယ်။ အနာဂတ်မှာ မင်းဟာ ကောင်းကင်နတ်ဘုရားတစ်ပါးတောင် ဖြစ်လာနိုင်တယ်။ ဘယ်လိုလဲ?။ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ကို ပေးမလား?။” နှလုံးကြီးက နောက်တစ်ကြိမ် ထပ်ပြောလာသည်။ ၎င်း၏အသံက ပြင်းထန်သော သွေးဆောင်မှုများဖြင့် ပြည့်နှက်နေခဲ့ သည်။

ထိုစကားကို ကြားလိုက်ရလျှင်, ချင်ယွင်က မထီမဲ့မြင်ပြုဟန် အပြုံးကို ထုတ်ဖော်လိုက်ပါ သည်။

"ကျုပ်က ခင်ဗျားကို ယုံကြည်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား?။ အဲဒီအပြင်, ကျုပ်ချင်ယွင်က ကျွမ်းကျင်ပညာရှင် ဖြစ်ချင်တယ်ဆိုရင်တောင် ခင်ဗျားရဲ့အကူအညီကို ဘာလို့ လိုအပ်မှာလဲ။" ချင်ယွင်က လှောင်ပြောင်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်သည်။

သူသည် ကနဦးစကြဝဠာတစ်ခုလုံးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သေးငယ်သော ကောင်းကင်နတ်ဘုရားနယ်ပယ်တစ်ခုကြောင့် သူ၏ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူဖြင့် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ ထို့အပြင် ဤအရာအားလုံးသည် ဤနှလုံးကြီး၏ လှည့်စားမှုဖြစ်သည်ကို သူ သိသည်။ သူသည် အသက်ရှင်သန်ရန်အတွက် ချင်ယွင်၏ အသားကို(ခန္ဓာကိုယ်) ချေးငှားလိုသည်မှာ ထင်ရှားသည်။ ထိုအချိန်တွင်၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ဝါးမျိုခံရခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။

"ဒါက မင်းသဘောနဲ့ မသက်ဆိုင်ဘူး။" ချင်ယွင်ကို သွေးဆောင်ခြင်း မပြုနိုင်သည်ကို မြင်လိုက်ရသဖြင့် ထိုနှလုံးကြီးသည် ခက်ခဲသော နည်းလမ်းကို အမှန်တကယ် ရွေးချယ်တော့သည်။

နှလုံးကြီးသည် သွေးနီရောင် အလင်းတန်းများကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီးနောက်၊ ၎င်းသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခင်မှာပင်, ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ် ထဲသို့ ချက်ချင်း စိမ့်ဝင်သွားခဲ့သည်။

All Chapters