အခန်း ၁၁၁၀
Vol. 74 Ch. 1110
အခန်း (၁၁၁၀) ဗူဒူးနတ်ဘုရားကို ဝါးမျိုခြင်း။
ဤထူးဆန်းသော နှလုံးကြီးသည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ပျံသန်းသွားသည့်အခိုက်, ၎င်းသည် သူ၏နှလုံးနှင့် ချက်ချင်း ပေါင်းစပ်သွားသည်။
ချင်ယွင် အံ့သြသွားပြီး၊ ဤနှလုံးကြီးနှင့်ပတ်သက်ပြီး မည်သည့်အရာများ ဆက်ဖြစ်လာ မည်ကို သူ နားမလည်ပါဘူး။
သို့သော်၊ ဤနှလုံးကြီးတွင် တုနှိုင်းမရအောင် အစွမ်းထက်သည့် စွမ်းအားတစ်ခု ပါရှိသည် ကို သူ ခံစားနိုင်သည်။ ဤစွမ်းအားသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ထက် ကျော်လွန်ပြီး၊ ကြယ်နတ်ဘုရားနယ်ပယ်ထက်ပင် ရှိနေနိုင်သည်။
သို့သော် ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ မကောင်းဆိုးဝါး အသံတစ်ခုက ထွက်ပေါ် လာပြီး၊ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
"ဟား…၊ ဟား….၊ ဒီခန္ဓာကိုယ်က ဖင်းဂေါ့ဂ်ခန္ဓာကိုယ် ဖြစ်နေမယ်ဖို့ ငါ မမျှော်လင့်ထား ဘူး။ ကောင်စုတ်လေး၊ ဒီနေ့ကစပြီး မင်းရဲ့ခန္ဓာကိုယ်ကို ငါဗူဒူးနတ်ဘုရား ပိုင်သွားပြီကွ။"
သူ၏နှလုံးထဲမှအသံကြီးက ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ထို့နောက်တွင်၊ ပြင်းထန်သော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် သူ့နှလုံးသားမှ ထုတ်လွှတ်ပြီး ချင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ တိုးဝင်လာပြီး ချင်ယွင်၏နတ်ဘုရား စိတ်ဝိညာဉ်ကို လုံးဝချေဖျက်ပြီး ချင်ယွင်၏ခန္ဓာကိုယ်ကို သိမ်းပိုက်လိုပုံရသည်။
ထိုနတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် အလွန့်လွန် အစွမ်းထက်ပြီး၊ သိပ်သည်းသော နတ်ဆိုး အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ချက်ချင်းပင်၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရာစိတ်ဝိညာဉ် စွမ်းအားဖြင့် ဝါးမျိုခံလိုက်ရပါသည်။
ချင်ယွင်အနေဖြင့် ဤနှလုံးကြီး၏ ပိုင်ရှင်သည် အလွန်မင်း အစွမ်းထက်သော လူတစ်ယောက် ဖြစ်ကြောင်း သေချာပေါက် သံသယ မရှိခဲ့ပေ။ မဟုတ်ပါက၊ ဤမျှလောက် တန်ခိုးကြီးသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားရန်မှာ မဖြစ်နိုင်ပေ။
"ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာလား?။" ချင်ယွင်က အံကြိတ်ကာ တုန့်ပြန်လိုက်သည်။
သူ၏စိတ်ဝိညာဉ် ဝါးမျိုခံရခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် သဘာဝအတိုင်း ကြီးမားလှသည်။
အကယ်၍, သူသာ သူ၏စိတ်ဝိညာဉ်ကို ဝါးမျိုခွင့်ပြုလိုက်လျှင်, ချင်ယွင်သည် ဤအင်မော်တယ်ကမ္ဘာတွင် အမှန်တကယ် တည်ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်သည် သူ့ကိုယ်ပိုင် မဟုတ်တော့ပေ။
"မဟုတ်ဘူး၊ ငါ သူ့ကို ငါ့စိတ်ဝိညာဉ်ကို သေချာပေါက် ဝါးမျိုခွင့် မပြုနိုင်ဘူး။" ချင်ယွင်က သူ၏စိတ်ထဲတွင် အခိုင်အမာပြောလိုက်ပြီး၊ တွန်းလှန်ခုခံရန် သူ၏စိတ်ဝိညာဉ် စွမ်းအားကို အလျင်စလို လှုံ့ဆော်လိုက်သည်။
သို့သော်၊ သူ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားနှင့် ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအား ကြားတို့မှ ခြားနားချက်က စမ်းချောင်းငယ်နှင့် မြစ်ကြီးတစ်စင်းကြားက ခြားနားချက် ကဲ့သို့ပင် ဖြစ်နေသည်။ သူ၏နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည် ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ထိပ်တိုက်တွေ့ဆုံမိသည့်အခိုက်၊ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
အလွန်လျင်မြန်စွာ၊ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအား ထက်ဝက်နီးပါး ဝါးမျိုခံလိုက်ရသည်။
"ဟား…၊ ဟား…၊ အဲဒါက အသုံးမဝင်ဘူး။ ငါ့ရဲ့စိတ်ဝိညာဉ်က အရမ်းကို ပျက်စီးနေပေမယ့် ငါ့ရဲ့စိတ်ဝိညာဉ် စွမ်းအားက မြေကမ္ဘာနတ်ဘုရားအဆင့်ထက် မနိမ့်ကျသေးဘူး။ မင်းက နတ်ဘုရားတစ်ပိုင်းဖြစ်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား သန့်စင်ပြီးပြီဆိုပေမယ့် ငါ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ဖို့ အဝေးကြီးလိုသေးတယ်။ မင်းအနေနဲ့ သေခြင်းတရားကို နာခံလိုက်သင့်တယ်။” ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ ကြီးမားများပြားသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားများ တိုးဝင်လာစဉ်, ဗူဒူးနတ်ဘုရား က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်၏ စိတ်ဝိညာဉ်သည် အဆက်မပြတ် ဝါးမျိုခံနေရပြီး အလွန်မင်း ပြင်းထန်သော နာကျင်မူကို ခံစားခဲ့ရသည်။
သူ၏စိတ်ဝိညာဉ် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် သူ၏ခန္ဓာကိုယ် ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုထက် အဆတစ်ရာ ပိုနာကျင်ရသည်မှာ သေချာပါ သည်။ အကယ်၍, သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအား အားလုံး သုတ်သင် ရှင်းလင်းပြီးသည်အထိ စောင့်နေမည်ဆိုလျှင်၊ ဤအဆုံးသတ်သည် အမှန်တကယ် ကြောက်စရာကောင်းလာလိမ့်မည်။
"မဟုတ်ဘူး၊ ငါ့စိတ်ဝိညာဉ်အားလုံးကို ဝါးမျိုဖို့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။" ချင်ယွင်သည် သူ၏သွားတွေကို တင်းတင်းကြိတ်ကာ ခုခံရင်း၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက တဟုန်ထိုး ပေါက်ကွဲ ထွက်လာခဲ့သည် ။
ဘန်း….။
ချင်ယွင်သည် ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံ၏အလိုဆန္ဒကို ချက်ခြင်း စုစည်းလိုက် ပြီး၊ ထိုအထဲတွင် သူ၏နတ်ဘုရားစိတ်ဝိညာဥ် စွမ်းအားကို တိုက်ရိုက် ထည့်သွင်းကာ၊ ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိညာဉ်စွမ်းအားအား အနှိုင်းမဲ့စွမ်းအားတစ်ခု ဖြစ်လာစေ သည်။
လူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအားသည် ကျင့်ကြံမှု နယ်ပယ်နှင့်သာမက တစ်ဦးတစ်ယောက်၏ဆန္ဒနှင့်လည်း သက်ဆိုင်နေပါသည်။
အကယ်၍, လူတစ်ဦး၏ဆန္ဒသည် ခိုင်မာနေပြီး၊ ၎င်းတို့၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအား သည် အခြားတဖက်ထက် နိမ့်ကျနေလျှင်ပင်, သူတို့သည် သူတို့၏နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားဖြင့် အခြားတဖက်လူကို တခါတရံမှာ အနိုင်ယူနိုင်ပေမည်။ ဤသည်မှာ သူတို့ဆန္ဒ၏ ကြောက်စရာကောင်းသော ထူးခြားချက် ဖြစ်ပါသည်။
ချင်ယွင်ပိုင်ဆိုင်သည့်အရာမှာ ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးဖြစ်သော သူ၏ကနဦး စကြာဝဠာ၏ ကောင်းကင်ဘုံ၏ အလိုဆန္ဒ ဖြစ်ပါသည်။ ထို့ကြောင့်၊ ချင်ယွင်၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် မသန်မာသော်လည်း၊ ကောင်းကင်ဘုံ၏အလိုဆန္ဒ ပံ့ပိုးမှုဖြင့်၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ချက်ချင်းပင် အနှိုင်းမဲ့ သန်မာလာပါသည်။ (ဆန္ဒနှင့် အလိုဆန္ဒ အတူတူပင် ဖြစ်ပါသည်)။
"အယ်?"
ဗူဒူးနတ်ဘုရား၏ အလိုဆန္ဒထံမှ အံ့အားသင့်ဟန် အသံကို ထွက်ပေါ်လာစေပါသည်။ အဘယ့်ကြောင့်ဆိုသော်, သူ၏စိတ်ဝိညာဉ်သည် ချင်ယွင်၏စိတ်ဝိညာဉ်ကို အမှန်တကယ် ဝါးမျိုး၍ မရနိုင်တော့မှန်း အခုလေးတင်မှ သိလိုက်ရပါသည်။ သူသည် အနှိုင်းမဲ့ မာကျောသော နတ်ဘုရားသံမဏိကို ကိုက်နေရသလိုပင်။ မည်သို့ပင် ကြိုးစားပါစေ, သူသည် ချင်ယွင်၏ စိတ်ဝိညာဉ်ကို နည်းနည်းလေးမှ မလှုပ်ခါနိုင်တော့ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်းရဲ့ စိတ်ဝိညာဉ်က ရုတ်တရက် ဘယ်လိုလုပ် အားကောင်းလာတာလဲ?။" ဗူဒူးနတ်ဘုရားက အံ့အားသင့်စွာ ပြောလိုက်၏။
သူ၏စိတ်ဝိညာဉ်သည် ချင်ယွင်ကို အနည်းငယ်မျှ မလှုပ်ခါနိုင်တော့သည်ကို သူ တွေ့ရှိခဲ့ရ သည်။ ထိုမျှတင်မကသေးဘဲ သူ၏စိတ်ဝိညာဉ်သည်ပင် ချက်ခြင်းဆိုသလို သေးငယ်သွား သကဲ့သို့ ခံစားလိုက်ရသည်။
"ဟမ့်၊ ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား အထွတ်အထိပ် ရောက်တုန်း က ဘယ်လောက် အစွမ်းထက်ခဲ့ပါစေ, ခင်ဗျားအနေနဲ့ ကျုပ်ကို ဘယ်တော့မှ စိတ်မကူး သင့်ဘူး။" ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ၏အလိုဆန္ဒ ထပ်လောင်းထည့်သွင်းထား ထည့် သူ၏နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားက တဟုန်ထိုး ပျံ့နှံ့ထွက်လာပါသည်။ ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားသည် ချက်ချင်းဆိုသလို ၎င်းကို ဆန့်ကျင်တိုက်ခိုက် နိုင်စွမ်း မရှိတော့သလို, သူ၏စစ်တပ်ကိုလည်း ဖွဲ့စည်းနိုင်ခြင်း မရှိတော့ပေ။
ချင်ယွင်သည် ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ် စွမ်းအားကို အရူးအမူး ဝါးမြိုလိုက်တော့ သည်။
မုဆိုးနှင့် သားကောင်တို့၏ အခန်းကဏ္ဍသည် ချက်ချင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။
"မဟုတ်ဘူး... မင်းအနေနဲ့ ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားစိတ်ဝိဉာဉ်ကို ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ?။ ငါ ဒါကို လက်မခံချင်ဘူး။ ဒါကို လက်မခံနိုင်ဘူး" ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်က အရူးအမူး အော်ဟစ်သည်။
သို့သော် ချင်ယွင်သည် အနည်းငယ်မျှ စာနာစိတ် မရှိခဲ့ပေ။ သူသည် ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ် အရင်းမြစ်ကို အရူးအမူး ဝါးမြိုပြီး၊ ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမြိုရန်အတွက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက် အသုံးပြုခဲ့သည်။
ဤဗူဒူးနတ်ဘုရားသည် ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ထင်ရှားသည်။ ချင်ယွင်သည် စကြဝဠာတစ်ခုကို ဖန်ဆင်းပြီး ကောင်းကင်ဘုံ၏ အလိုဆန္ဒကို မပိုင်ဆိုင်ခဲ့ ပါက၊ သူသည် သာမန်နတ်ဘုရားတစ်ပိုင်းသာ ဖြစ်နေပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် သူ၏ စိတ်ဝိညာဉ်နှင့် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးကောင်း ဆုံးရှုံးနေလိမ့်မည်။
"မဟုတ်ဘူး... မင်း ငါ့ကို သတ်လို့မရဘူး။ ငါက ရှေးဟောင်း ဗူဒူးနတ်ဘုရားပဲ။ တကယ်လို, မင်း ငါ့ကို သတ်လိုက်ရင် ဒီနှလုံးကြီးရဲ့ စွမ်းအားက ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး၊ ချက်ချင်း ပေါက်ကွဲသွားလိမ့်မယ်။" ဗူဒူးနတ်ဘုရားက အရူးအမူး အော်ပြောသည်။
ယခုအချိန်တွင်၊ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် အမျှင်တန်းလေး တစ်ခုမျှသာ ကျန်ရစ် တော့ခြင်း ဖြစ်သည်။ အကယ်၍, ထိုနတ်ဘုရားစိတ်ဝိညာဉ် အမျှင်တန်းကိုသာ နောက်တစ်ကြိမ် ဝါးမျိုခံလိုက်ရပါက၊ သူသည် ဤကမ္ဘာလောကကြီးမှ အမှန်တကယ် ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး၊ သူ၏မျက်လုံးများက လေးနက်မှု အရိပ်အယောင် ထုတ်ဖော်လာသည်။
ဗူဒူးနတ်ဘုရားသည် မုသားပြောနေခြင်း မဟုတ်ကြောင်း သူ ခံစားနိုင်ပါသည်။ အကြောင်း မှာ သူ၏နှလုံးထဲတွင် ပါရှိနေသည့် အစွမ်းထက်သော နတ်ဘုရားတန်ခိုးသည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်အောက် မရှိနိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင်၊ သူ၏နှလုံးထဲရှိ နတ်ဘုရားတန်ခိုးသည် ထိန်းမနိုင် သိမ်းမရ ဖြစ်စ ပြုနေပြီဖြစ်သည်။ ၎င်းသည် အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ရူးသွပ်ဖွယ် အငွေ့အသက်နှင့်အတူ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီ။
"မင်းလည်း ဒါကို ခံစားရမှာ သေချာပါတယ်" တကယ်လို့, မင်းသာ ငါ့ရဲ့စိတ်ဝိညာဉ်ကို တကယ် ဝါးမျိုးလိုက်ရင်, မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက ချက်ချင်း ကြီးမားကျယ်ပြန့်လာ လိမ့်မယ်။ မင်းက ဖင်းဂေါ့ဂ်တစ်ပါး ဖြစ်နေရင်တောင်, မင်းအနေနဲ့ ဒီစွမ်းအားကို ခံနိုင်ရည် မရှိမှာ ငါ ကြောက်မိတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ မင်း ငါ့ကို အသက်ရှင်ခွင့် ပေးလိုက်တာ နဲ့, မင်းရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန် သန့်စင်နိုင်အောင် ငါ့ရဲ့စွမ်းအားကို ငှားရမ်းအသုံးပြုနိုင်တယ်။ မင်းဟာ ကြယ်နတ်ဘုရားနယ်ပယ် ဒါမှမဟုတ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်ကိုတောင် ကျော်ဖြတ်သွားနိုင်လောက်တယ်။ ဒါက ကျောက်ခဲတစ်လုံး နဲ့ ငှက်နှစ်ကောင်ကို ပစ်သတ်တာ မဟုတ်ပေလား?” ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်က သူ့အသံကို ဆက်လက် ထုတ်လွှင့်ပြီး၊ သူ၏လေသံက သွေးဆောင်မှုအပြည့် ရှိနေပါသည်။
ချင်ယွင်သည် ထိုစကားကို ကြားလိုက်သည်နှင့် အေးစက်စက် အပြုံးတစ်ခုက သူ၏စိတ်နှလုံးထဲမှာ ပေါက်ဖွားလာခဲ့သည်။
ဗူဒူးနတ်ဘုရား၏ နှုတ်ထွက်စကားတွေကို သူ မယုံပါဘူး။ ဤဗူဒူးနတ်ဘုရားကို သူ၏ ခန္ဓာကိုယ်အတွင်း၌ ချန်ထားခြင်းက သေချာပေါက် အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်ပါသည်။ ၎င်းသည် အခွင့်ရေးရှိသည်နှင့် သူ၏အစွယ်တွေကို မုချ ဖော်ထုတ်ပေလိမ့်မည်။ ထိုအချိန် ရောက်လျှင်, သူသည် အစစ်အမှန် အန္တရာယ်ကို ကြုံတွေ့ရလိမ့်မည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲမှာ ထိုကဲ့သို့ ခြိမ်းခြောက်နိုင်သည့် အရာမျိုးကို ချန်ထားပေးရန် လုံးဝ မလိုလားပေ။
"ဟမ့်၊ ကျုပ်ရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားရင်တောင်, ဒီနေ့ ခင်ဗျားကို ကျုပ် လုံး၀ ဝါးမျိုပစ်မယ်" ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ၏စိတ်ဝိညာဉ် စွမ်းအားကို တိုက်ရိုက် စုစည်းပြီး ဗူဒူးနတ်ဘုရား၏ နောက်ဆုံးလက်ကျန် စိတ်ဝိညာဉ် အနှစ်သာရ အမျှင်တန်းကို ဝါးမျိုးပါတော့သည်။
"မင်း... မင်း နောင်တရလိမ့်မယ်" ဗူဒူးနတ်ဘုရားက အော်ပြောလိုက်သည်။ ရှင်းရှင်း လင်းလင်း ပြောပြပြီးနောက်, အဆုံးတွင်, ချင်ယွင်က သူ့ကို ဝါးမျိုးရန် ရွေးချယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုကဲ့သို့ ဆက်လက်ဝါးမျိုးနေပြီး သူ၏ နောက်ဆုံးလက်ကျန် နတ်ဘုရား စိတ်ဝိညာဉ် အနှစ်သာရသည် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်ကြောင့် လုံးဝ ဝါးမျိုခံလိုက်ရပါသည်။
"ဒေါင်…. ဒေါင်….. ဒေါင်….”။
ချင်ယွင်သည် ဗူဒူးနတ်ဘုရား၏ နောက်ဆုံးလက်ကျန် စိတ်ဝိညာဉ် အမျှင်တန်း အနှစ်သာရ ကို ဝါးမျိုးပြီးပြီးချင်း, သူ၏နှလုံးက အပြင်းအထန် စတင်ခုန်လာပါသည်။ ပေါက်ကွဲတော့ မည့် အရိပ်အယောင်များ ပြသနေသကဲ့သို့ သူ၏နှလုံးထဲမှ အကန့်အသတ်မဲ့ စွမ်းအား ပမာဏများစွာ ပျံ့နှံ့ထွက်ပေါ်လာနေပါသည်။
စာစဉ် (၇၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။