အခန်း ၁၁၁၂
Vol. 75 Ch. 1112
အခန်း (၁၁၁၂) အနှစ်တစ်ရာ ဓားဆင်ခြင်ခြင်း။
ဗူဒူးနတ်ဘုရား၏ မှတ်ဉာဏ်တွေက များပြားလှပါသည်။ ချင်ယွင်သည် ဗူဒူးနတ်ဘုရား၏ မှတ်ဉာဏ်များကို တိကျသေချာစွာ ခွဲထုတ်ရန် အချိန်သုံးနာရီ ကြာခဲ့သည်။
ဤဗူဒူးနတ်ဘုရားသည် ရှေးခေတ်က ကြယ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်ပြီး ဖြစ်ကြောင်း သိလာရသည်။ နောက်ပိုင်းတွင် သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ သူသည် နှစ်ပေါင်း သန်း ၃၀ နီးပါး အသက်ရှင်ခဲ့သည်။ သို့သော်၊ နတ်ဘုရားကပ်ဘေးဒုက္ခတစ်ခုတွင်၊ သူ၏ခန္ဓာကိုယ်သည် ကံမကောင်းစွာဖြင့် ပျက်စီးသွားခဲ့ပြီး၊ သူ၏စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့ သည်။
သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင်၊ သူသည် သူ၏စွမ်းအား အားလုံးကို သူ၏နှလုံးထဲ သို့ တွန်းပို့ရန် သူ၏နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့ပြီး၊ အင်မော်တယ်ကမ္ဘာသို့ ထွက်ပြေး မှသာ သူ၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။
ဤနှစ်များတစ်လျှောက်လုံး သူသည် ကောင်းကင်ဘုံဂိုဏ်း၏ ဤကမ္ဘာငယ်လေးတွင် နေထိုင်လာခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ ၎င်း၏စွမ်းအားများ ပြန်လည်ရရှိရန်အတွက် ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းအားကို အသုံးပြုရန်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည် ရရှိကာ သူ၏ ယခင်အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်ရန် ဖြစ်သည်။
သေချာသည်မှာ, သူ၏စွမ်းအားကို ပြန်လည်ရရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်း မှာ မရေမတွက်နိုင်သော လူများ၏ သွေးများဖြင့် သူ၏နှလုံးကို ကျွေးမွေးပြီး၊ အသက်ဆက်ရန် ဖြစ်သည်။ နှစ်သန်းပေါင်းများစွာကြာပြီးနောက်၊ မရေမတွက်နိုင်သော အသက်ပေါင်းများစွာသည် သူ၏လက်ထဲတွင် သေဆုံးသွားခဲ့ပြီး၊ အချို့လူများသည် အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသည်။
ဤတစ်ကြိမ်တွင်၊ ချင်ယွင်ကို သိမ်းပိုက်လိုရသည့် အကြောင်းရင်းမှာ ချင်ယွင်၏ သွေးစွမ်းအင်တက်ကြွမူသည် သာမန် အင်မော်တယ် ဧကရာဇ်များထက် အဆပေါင်းများ စွာ သာလွန်နေသည်ကို သူ ခံစားမိသောကြောင့် ဖြစ်သည်။
အရင်တုန်းက သူသည် အခြားလူများကို လုယူသိမ်းပိုက်ဖူးသော်လည်း၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သူ့နှလုံး၏ စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိခဲ့ပါဘူး။ အဆုံးတွင်, ၎င်းတို့အားလုံး ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်သွားကြသည်။
သို့သော်, ချင်ယွင်ကတော့ မတူပါဘူး။ ချင်ယွင်သည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်ကို လေ့ကျင့်ထားသူ ဖြစ်သည်။ သူသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ၏ခန္ဓာကိုယ်သည် သာမန် နတ်ဘုရားတစ်ပိုင်းများထက် များစွာ သန်မာပါသည်။ သူသည် သူ၏နှလုံးထဲက စွမ်းအားတွေကို သေချာပေါက် ခံနိုင်ရည်ရှိလိမ့်မည်။ သူ အနည်းငယ် ထိန်းချုပ်နိုင်သည်နှင့် သူသည် အထွတ်အထိပ်အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်နိုင်မည်မှာ သေချာပါသည်။
ထို့အပြင်၊ သူသည် သူ၏ မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားစိတ်ဝိညာဉ်ကို အားကိုး၍ နတ်ဘုရားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သိမ်းပိုက်ရန် များစွာ အားထုတ်စရာ မလိုအပ်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံ၏အလိုဆန္ဒကို ပိုင်ဆိုင်ရန် မျှော်လင့်မထားခဲ့ပေ။ အဆုံးတွင် သူကိုယ်တိုင်သာ ဖျက်ဆီးခြင်းခံခဲ့ရသည်။
"ဗူဒူးနတ်ဘုရား၊ ဗူဒူးနတ်ဘုရား၊ ခင်ဗျားကြီးက မကောင်းမှုများစွာကို ကျူးလွန်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်။ ခင်ဗျားကြီးဟာ ဒီလိုပုံစံမျိုးနဲ့ ဟိုးအရင်ကတည်းက အဆုံးသတ်ခဲ့သင့်တယ်။" ချင်ယွင်က ခေါင်းခါပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ပြန်လည် သိပ်သည်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် သည် ပို၍ပင် အားကောင်းလာသည်။ ယခုအချိန်တွင် သူသည် ရှေးဟောင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒီဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းက အဋ္ဌမအဆင့် ရှိသေးလားဆိုတာ ငါ သိချင်မိတယ်။ ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။
ယခု သူသည် ရှေးဟောင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ အကယ်၍, သူသည် အဋ္ဌမအဆင့်အတွက် နည်းလမ်းမရှိပါက၊ သူသည် အဋ္ဌမအဆင့်သို့ ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။
"မေ့လိုက်ပါလေ၊ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ရဲ့ အဋ္ဌမအဆင့်ကို နတ်ဘုရား ကမ္ဘာမှာ တွေ့နိုင်မလား စောင့်ကြရမှာပဲ။ ဗူဒူးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ နတ်ဘုရား စွမ်းရည်သုံးခုကို အရင်ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဗူဒူးနတ်ဘုရား၏ မှတ်ဉာဏ်များတွင်၊ နတ်ဘုရားစွမ်းရည် ဆယ့်ရှစ်ခုအထိ ရှိနေခဲ့သည်။ ၎င်းတို့အနက် ဆယ့်ငါးခုသည် ချင်ယွင်အတွက် မသင့်လျော်ပေ။ ၎င်းတို့သည် အလွန်မင်း မကောင်းဆိုးရွားဆန်သော နတ်ဘုရားစွမ်းရည်များ ဖြစ်ကြသည်။
ဤနတ်ဘုရားစွမ်းရည် သုံးခုသည်သာလျှင် ချင်ယွင် လေ့ကျင့်ရန် သင့်လျော်သလောက် ဖြစ်သည်။
ထိုနတ်ဘုရား စွမ်းရည်သုံးမျိုးမှာ သွေးလွတ်မြောက်ခြင်း၊ နတ်ဘုရားသတ်ဓားသိုင်းနှင့် ကောင်းကင်နတ်ဘုရားလက်သီးတို့ ဖြစ်သည်။
၎င်းတို့အနက်မှ ကောင်းကင်နတ်ဘုရား လက်သီးသည် မလေ့ကျင့်ခင် နတ်ဘုရား ခန္ဓာကိုယ်ကို လုံး၀ သန့်စင်ပြီး ဖြစ်ရမည်။ ယခုအချိန်တွင်၊ ချင်ယွင်၏ နတ်ဘုရား ခန္ဓာကိုယ်သည် စတင်သန့်စင်ရခြင်း မရှိသေးသောကြောင့်၊ သူသည် ကောင်းကင် နတ်ဘုရား လက်သီးကို မလေ့ကျင့်နိုင်တော့ပေ။
တစ်နည်းဆိုရသော် ချင်ယွင် လေ့ကျင့်နိုင်သမျှမှာ သွေးလွတ်မြောက်ခြင်းနှင့် နတ်ဘုရား သတ် ဓားသိုင်းတို့ ဖြစ်သည်။
"သွေးလွတ်မြောက်ခြင်း"သည် လှုပ်ရှားမှု ပညာရပ်အမျိုးအစား နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်တွင်းရှိ သွေးများကို လောင်ကျွမ်းစေသည့် စွမ်းအားကို အားကိုးကာ လူတစ်ယောက်၏ အမြန်နှုန်းကို နှိုင်းစာ၍မရအောင် ကြောက်မက်ဖွယ် အတိုင်းအတာအထိ တိုးမြှင့်နိုင်သည်။
သို့ရာတွင်၊ ၎င်းကို အသုံးပြုပြီးနောက်၊ ထိုလူ၏ခန္ဓာကိုယ်သည် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ဤနတ်ဘုရားစွမ်းရည်သည် များသောအားဖြင့် အသက်ရှင်သန်ရန်အတွက် ထွက်ပြေးရာမှာသာ အသုံးပြုကြသည်။
သို့သော် ဤသွေးလွတ်မြောက်ခြင်း ပညာရပ်သည် အလွန်မင်း အစွမ်းထက်သည်။ ၎င်းသည် အချို့သော လေဟာနယ်စည်းတံဆိပ်ခတ်ခြင်းများကို လျစ်လျူရှုနိုင်ပြီး၊ နတ်ဘုရားကမ္ဘာ၏ လေဟာနယ်အတားဆီးများကိုပင် ဖြတ်ကျော်နိုင်သည်။ ထိုအချိန်တုန်းက၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသော ဗူဒူးနတ်ဘုရားသည် ဤသွေးလွတ်မြောက်ခြင်း နတ်ဘုရားစွမ်းရည်ကို အားကိုကာ၊ နတ်ဘုရားကမ္ဘာမှ အင်မော်တယ်ကမ္ဘာသို့ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ချင်ယွင်သည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားပြီး လျင်မြန်စွာ လွတ်မြောက်နိုင်သော် လည်း၊ ဤသွေးလွတ်မြောက်ခြင်း နတ်ဘုရားစွမ်းရည်သည် သူ့အတွက် အလွန်အသုံးဝင် သည်။ အဆုံးတွင်၊ သူ၏အသက်ကို ကယ်တင်နိုင်မည့် နောက်ထပ် နည်းလမ်းတစ်ခုရှိလာ ခြင်းသည် ဘာအန္တရာယ်မှ မရှိပါဘူး။ ထို့ကြောင့်၊ သူသည် ဤသွေးလွတ်မြောက်ခြင်း၏ နတ်ဘုရားစွမ်းရည်ကို သင်ယူခဲ့သည်။
ဘန်း….။
ချင်ယွင်သည် ကနဦးစကြဝဠာ၏ လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သွေးလွတ်မြောက်ခြင်းပညာရပ်၏ သွေးလည်ပတ်မှု လမ်းကြောင်းအတိုင်း စတင် လှည့်ပတ်လိုက်သည်။
ဤ"သွေးလွတ်မြောက်ခြင်း" နတ်ဘုရားစွမ်းရည်သည် အလွန်ရိုးရှင်းပါသည်။ သူသည် တိကျသော သွေးလည်ပတ်မှုလမ်းကြောင်းကို ဆုပ်ကိုင်ထားသရွေ့ ဤနတ်ဘုရား စွမ်းရည်ကို အသုံးပြုနိုင်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ဤနတ်ဘုရားစွမ်းရည်ကို မဖမ်းဆုပ်နိုင်ခင် လှည့်ပတ်မူလမ်းကြောင်းအတိုင်း အကြိမ်အနည်းငယ်သာ စမ်းသပ် လှည့်ပတ်ကြည့်သည်။
သို့သော် ချင်ယွင်သည် စမ်းသပ်ကြည့်ရန် မကြိုးစားခဲ့ပေ။ အဆုံးတွင်၊ ဤနတ်ဘုရား စွမ်းရည်သည် သွေးအနှစ်သာရ စွမ်းအင်ကို များစွာ သုံးစွဲရသည်။ သဘာဝအတိုင်း၊ သေခြင်း ရှင်ခြင်း အခြေအနေမျိုး မရောက်သရွေ့ ၎င်းကို အသုံးပြုရန် မလိုအပ်ပါ။
သူ မကြိုးစားကြည့်သော်လည်း၊ ချင်ယွင်သည် ဤနတ်ဘုရားစွမ်းရည်၏ စွမ်းအားကို ခံစားနိုင်ပါသေးသည်။ အကယ်၍, သူသည် ယခုအချိန်မှာ ဤသွေးလွတ်မြောက်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်မည်ဆိုလျှင်, ကြယ်နတ်ဘုရားနယ်ပယ် အောက်မှာ မည်သူမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဟု သူ ယုံကြည်သည်။
"ဒီနတ်ဘုရားသတ်ဓားသိုင်းကို ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူ၏မှတ်ဉာဏ်များတွင် ဤနတ်ဘုရားသတ်ဓားသိုင်းသည် ဖြောင့်မတ်ခြင်းနှင့်အတူ ဆိုးယုတ်ခြင်းပါ ဒွန်တွဲနေသည့် ဓားသိုင်းပညာရပ်တစ်မျိုး ဖြစ်သည်။ တချက် ခုတ်ပိုင်းလိုက်သည်နှင့် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သွေးဆာလောင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားကာ၊ နတ်ဘုရားခန္ဓာကိုယ်များကို ဖျက်ဆီးခြင်းအပေါ် သက်ရောက်စေသည့် ကြောက်မက်ဖွယ် အဖျက်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။
"ကြည့်ရတာ, ဒီနတ်ဘုရားသတ်ဓားသိုင်းက နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအတွက် အထူးဖန်တီးထားတာ ဖြစ်လိမ့်မယ်။ အထူးသဖြင့် နတ်ဘုရားခန္ဓာကိုယ်တွေကို ဖျက်ဆီးဖို့ ဖြစ်လိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
နတ်ဘုရားခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်သည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ အခြေခံအုတ်မြစ်နှစ်ရပ် ဖြစ်သည်။ ကြယ်နတ်ဘုရားနယ်ပယ် ပညာရှင်များကို သတ်ဖြတ်ရန် ခက်ခဲရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။
နတ်ဘုရားခန္ဓာကိုယ်နှင့် ယခု ချင်ယွင် ပိုင်ဆိုင်ထားသော ဖင်းဂေါ့ဂ်ခန္ဓာကိုယ်များတွင် တူညီသော လှည့်ကွက်တစ်ခု ရှိနေပါသည်။ နတ်ဘုရားခန္ဓာကိုယ်၏ ဆဲလ်များကို နတ်ဘုရားတန်ခိုးဖြင့် သန့်စင်ထားသောကြောင့် သာမန်တိုက်ခိုက်မှုများသည် နတ်ဘုရား ခန္ဓာကိုယ်ကို လုံးဝ မဖျက်ဆီးနိုင်ပေ။
နတ်ဘုရားတန်ခိုးကို အသုံးပြုပြီး၊ အထူးနည်းလမ်းအချို့ကို အသုံးပြုခြင်းဖြင့်သာ နတ်ဘုရား ခန္ဓာကိုယ်ကို ဖိနှိပ်နိုင်ပါလိမ့်မည်။
ဤနတ်ဘုရားသတ်ဓားသိုင်းသည် အစွမ်းထက်သော ဖျက်ဆီးခြင်း နတ်ဘုရား တန်ခိုးကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ နတ်ဘုရားခန္ဓာကိုယ်များကို ပစ်မှတ်ထားသည့် နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သည်။
အစောပိုင်းက ချင်ယွင်သည် ယွမ်ရှင်းကို သတ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ ဖျက်ဆီးခြင်း ဖရိုဖရဲနတ်ဘုရားတန်းခိုးသည် ပြင်းထန်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။ ၎င်းတန်ခိုးအစွမ်းက နတ်ဘုရားခန္ဓာကိုယ် တိုက်ရိုက် ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ကြောင့်သာ သူ့ကို သတ်နိုင်ခဲ့သည်။
အကယ်၍ သူသည် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားတန်ခိုး၏ စွမ်းအားကို မှီခိုအားထား နေပါက၊ သူသည် နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ကျွမ်းကျင်ပညာရှင်ကို သတ်ပစ်နိုင်မည် မဟုတ်ပေ။
ဟူဖန်းကတော့, သူမသည် သူမ၏ နတ်ဘုရားခန္ဓာကိုယ်ကို လုံးဝ မသန့်စင်နိုင်သေးပါဘူး။ သူမသည် ဗူဒူးနတ်ဘုရား၏ နတ်ဘုရားတန်ခိုး စွမ်းအားသက်သက်ကိုသာ ငှားရမ်းထား ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူမကိုသတ်ဖြတ်လိုက်ချိန်မှာ ဤအချက်ကို စဉ်းစားနေရန် မလိုအပ်ပေ။
"ငါ နားလည်ပြီ။ ကြည့်ရတာ ငါ ယွမ်ရှင်းကို မှားယွင်းပြီး သတ်နိုင်ခဲ့တဲ့ပုံပဲ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ခါးသီးစွာ ပြုံးကာ သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
သူသည် ယွမ်ရှင်းကို အနိုင်ယူနိုင်ခဲ့လျှင်ပင်, ထိုဖျက်ဆီးခြင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို သူ ဖမ်းဆုပ်မထားနိုင်ပါက သူ့ကိုသတ်ဖြတ်ရန် အလွန်ခက်ခဲနေပါဉီးမည်။
"ကြည့်ရတာ ဒီနတ်ဘုရားသတ်ဓားသိုင်းကို သင်ယူထားရမယ့်ပုံပဲ”။ ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါသည်။
ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ ထိုနတ်ဘုရားသတ်ဓားသိုင်းကို နားလည် ဆင်ခြင်ရန် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ တိုက်ရိုက် စတင်လိုက်သည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် နှစ်တစ်ရာကျော် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
ဘန်း…။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်လုံးများမှ ပြင်းထန်သော ဓားဆန္ဒ တစ်ချက် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ချက်ချင်းပင် လေဟာနယ်သို့ ထိုးဖောက် ဝင်ရောက်ကာ လေဟာနယ်အတွင်း ကြောက်မက်ဖွယ် လေဟာနယ် အက်ကြောင်းကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။ ထိုလေဟာနယ် အက်ကြောင်း၏ စွမ်းအားသည် ကောင်းကင် တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မူထက် လုံးဝ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
သူ၏မျက်လုံးထဲရှိ ဓားဆန္ဒတစ်ခုတည်းကပင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိရန် လုံလောက်ပါသည်။ နတ်ဘုရားခန္ဓာကိုယ်ကို ၇၀ ရာခိုင်နှုန်း သန့်စင်ထားပြီး ကျွမ်းကျင်သူများပင်လျှင် ဤအဆင့်အထိ ရောက်ရှိနိုင်မည် မဟုတ်ပေ။
'"ဒီနတ်ဘုရားသတ်ဓားသိုင်းက တကယ်ပဲ တုနှိုင်းမရလောက်အောင် လေးနက်လွန်း တယ်။ ပထမဆုံး သိုင်းကွက်သုံးခုကို နားလည်ဖို့အတွက်တောင် ငါ အနှစ်တစ်ရာ ပြည့်တဲ့ အထိ အချိန်ယူခဲ့ရတယ်။ နောက်ဆုံး သိုင်းကွက်သုံးခုကို နားလည်ဖို့အတွက်ဆို ဒီထက် အချိန်ပိုယူရမှာ ငါ ကြောက်မိသည်။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ပြန်ဖို့ အချိန်တန်ပြီ။" ချင်ယွင်က သူ့ကိုယ်သူ ကျေနပ်စွာ ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက်, သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ၊ လေဟာနယ်ထဲမှ လျှောက်ထွက်သွားခဲ့သည်။
အနှစ်တစ်ရာကျော်သွားခဲ့သော်လည်း, စကြဝဠာထဲ စတင်ဝင်ရောက်ကတည်းက ချင်ယွင် သည် စကြာဝဠာ၏ အချိန်စီးဆင်းမှုကို ပြောင်းလဲထားသည်။ ထို့ကြောင့်, ယခုအချိန်တွင် ပြင်ပကမ္ဘာ၌ ဆယ်ရက်သာ ရှိပါသေးသည်။
ချင်ယွင်သည် ကမ္ဘာငယ်လေးကို တချက်ကြည့်လိုက်ပြီးနောက်, သူ၏ ဝတ်စုံလက်မောင်း ကို ဝှေ့ယမ်းလိုက်သည်။ သူသည် လေဟာနယ်ကို ဆုတ်ဖြဲကာ ထိုထဲသို့ ပျောက်ကွယ်သွား သည်။