အခန်း ၁၁၁၃
Vol. 75 Ch. 1113
အခန်း (၁၁၁၃) ခွဲခွာခြင်း။
ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်း၏ ကမ္ဘာငယ်လေးမှ ထွက်လာပြီးနောက် သူသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းလိုက်သည်။
ချင်ယွင် နောက်ဆုံးအကြိမ် ထွက်ခွာခဲ့သည်မှာ တစ်နှစ်ကျော်သာ ရှိသေးသော်လည်း ချင်ယွင်အတွက်မူ အနှစ်တစ်ရာ ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် အမျိုးသမီး လေးယောက်ကို အလွန်မင်း လွမ်းဆွတ်နေမိသည်။
ဝှီး….။
ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲလင်းလက်သွားပြီး လျူရန်ယွင်၏ အခန်းထဲတွင် တိုက်ရိုက် ပေါ်လာသည်။
ထိုအချိန်တွင်၊ လျူရန်ယွင်သည် တော်ဝင်တာအိုကို နားလည်ဆင်ခြင်ရင်း ကုတင်ပေါ်တွင် ထိုင်နေသည်။ ချင်ယွင်နှင့် ချင်ဝမ်ယုတို့၏ လမ်းညွှန်ပေးမှုနှင့် အကူအညီဖြင့် အမျိုးသမီး လေးဦး၏ ကျင့်ကြံမှုသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
"ရန်ယွင်…။" ချင်ယွင်က အော်ခေါ်လိုက်သည်။
လျူရန်ယွင်သည် ချင်ယွင်၏အသံကို ကြားသောအခါ သူမသည် ချက်ချင်းပင် မျက်လုံးဖွင့်ပြီး စိတ်အားတက်ကြွသည့် အမူအရာ ထုတ်ဖော်လာသည်။
"ခင်ပွန်း၊ နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ။ ကျွန်မက ရှင့်ကို အရမ်းလွမ်းနေတာ။" လျူရန်ယွင် ကုတင်ပေါ်မှ အမြန်ဆင်းပြီး ချင်ယွင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမသည် တုံ့ဆိုင်းစွာဖြင့် ချင်ယွင်၏ ကြံ့ခိုင်သော ပခုံးများဆီသို့ ခေါင်းကို မှီထားလိုက် သည်။
သူ၏ နူးညံ့သော ခန္ဓာကိုယ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ချင်ယွင် သည် သူ၏ရင်ခွင်ထဲမှ ထွက်ပေါ်လာသော မွှေးရနံ့ကို ရှူရှိုက်ရင်း သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
လျူရန်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ သင်းရနံ့က ဘယ်တော့မှ မပြောင်းလဲပါဘူး။ ချင်းနင်းမြို့မှာ ညဘက် သူမကို ပွေ့ဖက်ထားစဉ်တုန်းက သူခံစားခဲ့ဖူးသည့် ကိုယ်သင်းရနံ့နှင့် အတူတူပင်။ ၎င်းကိုယ်သင်းရနံ့က သူနှင့် အလွန်ရင်းနှီးနေတုန်းပင်။
ချင်ယွင်နှင့် လျူရန်ယွင်တို့သည် မခွဲခွာမီ အချိန်အတော်ကြာအောင် ပွေ့ဖက်ထားကြ သည်။ အချိန်အကြာကြီး ခွဲခွာခဲ့ရသည့်အတွက် သူတို့နှစ်ယောက်စလုံး စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သူတို့နှစ်ယောက်အတွက်ကတော့ ဤအရာက ပုံမှန်ပင်။
"ဟုတ်ပါရဲ့၊ ရန်ယွင်, အဒေါ်၊ မင်ရှီနဲ့ ရွန်ရှင်းနဲ့ အခြားလူတွေရော ဘယ်ရောက်နေကြလဲ။ သူတို့ တစ်ခုခုများ ဖြစ်နေလို့လား။?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
သူ ယခုလေးတင် ပြန်ရောက်လာသောအခါ၊ သူသည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ကြည့်ရူစစ်ဆေးရန် သူ၏နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။ သို့ရာတွင်၊ ထိုအစေခံများမှလွဲ၍ ကျန်သည့်လူများသည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေတွင် ရှိမကြကြောင်း သူ တွေ့ရှိခဲ့သည်။ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ပင် ဤနေရာ၌ မရှိခဲ့ကြပေ။ ထို့ကြောင့် သူ အလွန်စိတ်လှုပ်ရှားသွားသည်။
"စိတ်မပူပါနဲ့၊ သူတို့ အဆင်ပြေပါတယ်။ သူတို့က အနီးနားက ဂိုဏ်းတစ်ခုရဲ့ ဖွင့်ပွဲကို ဖိတ်ကြားခံရလို့ပါ။ ဒီည ပြန်လာပါလိမ့်မယ်" လျူရန်ယွင်က ပြုံးပြုံးလေးပြောလိုက်သည်။
"ဂိုဏ်းဖွင့်ပွဲ အခမ်းအနားလား?။ အန္တရာယ်များ ရှိနေမလား?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
အမှန်တော့၊ သူသည် ကောင်းကင်ရေနန်းတော်ကို ဖျက်ဆီးပြီးနောက်၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက်တစ်ခုလုံးတွင် တန်ခိုးကြီးဆုံး ဖြစ်လာခဲ့သည်ကို သူ မသိသေးပါ။ ထို့ကြောင့် လူအများပြားက ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ မကြာခဏ ဖိတ်စာများ ပို့လေ့ရှိကြသည်။
ယခုတစ်ကြိမ် သူတို့ကို ဖိတ်ကြားသည့် အင်အားစုက သိပ်အဝေးကြီး မဟုတ်သည့်အတွက် အားလုံးက ပွဲကို သွားကြည့်ကြသည်။
လျူရန်ယွင်ကတော့ သက်ဝင်လှုပ်ရှားနေသည့် ဆူဆူညံညံ မြင်ကွင်းမျိုးကို မကြိုက်သည့် အတွက် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့သည်။
"စိတ်မပူပါနဲ့၊ သေချာပေါက် အန္တရာယ်မရှိပါဘူး။ စီနီယာတွန်ဒီက သူတို့နောက်ကို လိုက်သွားနေပြီ။ ရှင် စိုးရိမ်နေသေးလား?" လျူရန်ယွင်က ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ချင်ယွင်လည်း စိတ်သက်သာရာရသွားပါသည်။
ကလေးဧကရာဇ်သည် သူတို့နှင့်အတူ လိုက်ပါသွားသဖြင့် သူသည် ပို၍ စိတ်သက်သာရာ ရသွားပါသည်။ ကလေးဧကရာဇ်၏ ကျင့်ကြံမှုသည် သေချာပေါက် သူ့အောက် နိမ့်ကျမည် မဟုတ်ပေ။ ယခုအခါ အင်မော်တယ်ကမ္ဘာတွင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည့်လူ များစွာ မရှိနိုင်တော့ပေ။
ထိုအချိန်တွင် လျူရန်ယွင်သည် ရုတ်တရက် သူမ၏ ကျောက်စိမ်းသဖွယ် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်၏လည်ပင်းကို ချစ်စဖွယ် အမူအရာဖြင့် ရစ်ပတ်ထားရင်း ပြောသည် "ခင်ပွန်း၊ သူတို့ထဲက တစ်ယောက်မှ ဒီမှာ မရှိဘူးလေ။ ငါတို့ ဘာကြောင့်... "။
ဆွဲမက်ဖွယ် မျက်လုံးတစ်စုံက ချင်ယွင်ကို ချစ်ခင်စွာ ကြည့်နေခဲ့ပြီး၊ သူမတစ်ကိုယ်လုံးကို ချင်ယွင်၏ ရင်ခွင်ထဲတွင် လုံးလုံးလျားလျား မြုပ်နှံထားသည်။
ချင်ယွင်သည် သူ၏ရင်ဘတ်မှ နူးညံ့သောအထိတွေ့ကို ခံစားလိုက်ရပြီး၊ သူ၏သွေးများက ချက်ချင်း ထကြွလာတော့သည်။
အမျိုးသမီးတစ်ဦးကို နောက်ဆုံးအကြိမ် ထိတွေ့ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာခဲ့ပြီလေ။ လျူရန်ယွင်၏ စနောက်ကျီစယ်ခြင်းကို ခံရပြီးနောက် သူသည် မည်သို့ ခံနိုင်ရည်ရှိတော့မည်နည်း?။ သူက လျူရန်ယွင်ကို ဆာလောင်နေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ ကြည့်လိုက်လေသည်။
"ရန်ယွင်, မင်းက ငါ့ကို ကျီစားဖို့ အစပြုခဲ့တာနော်။ ပြီးမှ မင်းရဲ့ယောင်္ကျားကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။ ဒီနေ့ မင်း အိပ်ယာထဲကနေ သေချာပေါက် မထစေရဘူး" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လျူရန်ယွင် တိုက်ရိုက် ပွေ့ဖက်ကာ ကုတင်ဆီသို့ လျှောက်သွားတော့သည်။
လျူရန်ယွင်၏ လှပသော မျက်နှာသည် နီရဲနေသော်လည်း သူမ၏ မျက်နှာသည် ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နေလေသည်။
သူမ၏ အိပ်မက်ထဲမှာပင် ချင်ယွင်နှင့် ကလေးယူလိုသောကြောင့်၊ သူမသည် ဤကဲ့သို့ ရှားပါးသော အခွင့်အရေးကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။
ချင်ယွင်သည် လျူရန်ယွင်ကို အိပ်ရာထဲ သယ်ယူသွားပြီးနောက် ရူးသွပ်ဖွယ် မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပါတော့သည်။
နှစ်ယောက်သား ညနေအထိ အတူတူနေခဲ့ကြသည်။ အကယ်၍သာ အခြားအမျိုးသမီး သုံးယောက်သာ ပြန်မလာပါက, ယနေ့တွင် လျူရန်ယွင်သည် အိပ်ယာမှ ထနိုင်တော့မည် မဟုတ်ပေ။
သို့တိုင်, လျူရန်ယွင်သည် သူမ၏ ခြေထောက်များ အားနည်းသွားသည်ဟု ခံစားမိသေး သည်။ သူမ လမ်းမလျှောက်နိုင်ခင် ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာအောင် သူမ၏ အင်မော်တယ် စွမ်းအင်ကို အသုံးပြုခဲ့ရပါသည်။
သူမတစ်ယောက်ထဲ ရှိနေစဉ်မှာ ချင်ယွင်ကို နောက်ပြောင်ကျီစားမိသည့်အတွက် သူမသည် နောင်တပင်ရသွားမိသည်။ သူတို့လှုပ်ရှားသည့်အခါ အမျိုးသမီးလေးယောက် သည်ပင် ချင်ယွင်ကို အမှီလိုက်နိုင်စွမ်းမရှိကြောင့် သိရှိထားရမည်။ ယခုလို သူမ တစ်ယောက်တည်း ရှိနေစဉ်မှာ သူမအနေဖြင့် ချင်ယွင်နှင့် သဘာဝအတိုင်း လိုက်မယှဉ်နိုင်ပေ။
သူမသည် အရမ်းကို ပင်ပန်းနွမ်းနယ်နေသော်လည်း သူမ၏နှလုံးသားက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူမသည် ဖော်မပြနိုင်သည့် ပျော်ရွှင်မှုခံစားချက်ကို ပိုင်ဆိုင်ထားပါသည်။
သို့သော် ချင်ယွင်ကတော့ ဒုက္ခများစွာ ခံစားခဲ့ရသည်။ အမျိုးသမီးသုံးယောက် ပြန်လာ ပြီးနောက် အားလုံးက ချင်ယွင်ကို ဘက်လိုက်သည်ဟု စွပ်စွဲကြသည်။ အကူအညီမဲ့စွာဖြင့်၊ ချင်ယွင်သည် ဤအငြင်းပွားမှုကို မဖြေရှင်းခင် အမျိုးသမီးသုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ငြိမ်သက်သွားအောင် ဆုံးမရပါသေးသည်။
…
ထိုနည်းအတိုင်းပင် ချင်ယွင်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတွင် နောက်ထပ် သုံးလကြာ နေထိုင်ခဲ့သည်။
သူသည် လွန်ခဲ့သော သုံးလအတွင်း ကျင့်ကြံခြင်း မပြုတော့ပေ။ ထို့ကြောင့်, သူသည် အမျိုးသမီးလေးဦး, ချင်ဖိုးလေးတို့နှင့်အတူ အချိန်ကုန်ဆုံးခဲ့သည်။
ယခုအချိန်တွင် ချင်ဖိုးသည် အသက်တစ်နှစ်ကျော်ရှိပြီး၊ စကားပြောနိုင်နေပြီ ဖြစ်သည်။ သူက ချင်ယွင်ကို “ဖေဖေ”ဟု တစ်ခွန်းပြီးတစ်ခွန်း ခေါ်နေသည့်အတွက်လည်း သူ၏စိတ်ထဲမှာ အလွန်ပျော်ရွှင်ကြည်နူးခဲ့ရသည်။
သေချာသည်မှာ, သုံးလအတွင်းမှာပင် ချင်ယွင်က နတ်ဘုရားကမ္ဘာကိုသွားမည့် သူ၏ အစီအစဉ်တွေအကြောင်းကို အမျိုးသမီးလေးယောက်အား ပြောပြခဲ့ပါသည်။
အမျိုးသမီးလေးယောက်သည် အရမ်းကိုနာခံမူရှိကြပြီး၊ လုံးဝ ညည်းညူခြင်းမျိုး မရှိပါဘူး။ သူတို့အားလုံးက ချင်ယွင်နှင့် အတူကုန်ဆုံးခဲ့သည့် အချိန်တိုင်းကို တိတ်တဆိတ် အမြတ်နိုး ထားကြပါသည်။
အချိန်တွေ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့ပြီ။ မကြာမီ နောက်ထပ် သုံးလတာ ကုန်ဆုံးပြီးနောက် ချင်ယွင် ထွက်ခွာမည့်နေ့သို့ ရောက်ရှိလာပါသည်။
"ခင်ပွန်း၊ ရှင် နတ်ဘုရားကမ္ဘာကို သွားတဲ့အခါ ရှင်ရဲ့လုံခြုံရေးကို ဂရုစိုက်ရမယ်။"
"ဟုတ်တယ် ခင်ပွန်း၊ ရှင့်ကိုယ်ရှင့် ဂရုစိုက်ရမယ်။ ကျွန်မတို့က ရှင့်ကို ဒီမှာ အမြဲစောင့်နေမယ်။"
“ခင်ပွန်း …”
…
အမျိုးသမီး လေးယောက်လုံးသည် ခွဲခွာရန် ဝန်လေးနေကြသည်။ သူမတို့ပုံစံတွေက မိုးရွာနေသည့် သစ်တော်ပွင့်တွေလိုပင်။ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့သည်ပင် လမ်းခွဲရန် တွန့်ဆုတ်နေပုံရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်လည်း သူ၏ရင်ထဲမှာ ကြေကွဲဝမ်းနည်းမှုက ပေါက်ကွဲထွက်လာသည်။ သူသည် အမျိုးသမီးလေးဦးအား အချိန်အတော်ကြာ နှစ်သိမ့်ပေး ခဲ့သည်။ ချင်ယွင်က အသက်ရှင်လျက် ပြန်လာမည်ဟု အာမခံချက် မပေးမချင်း ငိုသံများက မဆဲတော့ပေ။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဝမ်းနည်းနေသလို ပျော်ရွှင်မူလည်း ခံစားရပါသည် ။
သူအစိုးရိမ်ဆုံးကတော့ လူတိုင်း၏ လုံခြုံရေးဖြစ်ပါသည်။ သူသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတဝိုက်တွင် အကန့်အသတ်မဲ့ အစီအရင်ဝင်္ကပါတစ်ခုကို တည်ဆောက် ထားပြီး၊ ၎င်းသည် သာမန် နတ်ဘုရားတစ်ပိုင်းများပင် ချိုးဖြတ်ရန် အလွန်ခက်ခဲမည် ဖြစ်သော်လည်း ချင်ယွင်က စိုးရိမ်နေဆဲ ဖြစ်သည်။
"စီနီယာ တွန်ဒီ၊ ကျွန်တော် စီနီယာကို ဒီနေရာကို ဂရုစိုက်ပေးဖို့ မှာခဲ့ပါရစေ" ချင်ယွင်သည် ကလေးဧကရာဇ်ထံ လျှောက်သွားကာ ပြောလိုက်သည်။
ချင်ယွင် မထွက်ခင်ကတည်းက သူသည် ကလေးဧကရာဇ်ကို မေးထားပြီးသား ဖြစ်ပါသည်။ ကလေးဧကရာဇ်သည် ထွက်ခွာသွားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သူ သိထားသည်။
"ကောင်လေး၊ မင်း စိတ်မပူပါနဲ့။ ငါ ဒီနေရာကို လောလောဆယ် ထားမသွားသေးပါဘူး။ ငါနဲ့အတူဆို ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူး" တွန်ဒီက ပြောသည်။
"ဒါဆို ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွင်က ကျေးဇူးတင်စကားဆိုသည်။
ကလေးဧကရာဇ်၏ စွမ်းအား အစစ်အမှန်ကို သူ မသိသော်လည်း၊ ကလေးဧကရာဇ် ရှိနေ သရွေ့၊ ကြယ်နတ်ဘုရားနယ်ပယ်အောက်ရှိ မည်သူမဆို ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ သို့ ချိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ဟု ချင်ယွင်က ယုံကြည်ထားသည်။
သေချာသည်မှာ, ချင်ယွင်သည် လက်တစ်ချောင်းကို လျှို့ဝှက်ချန်ထားပါသေးသည်။ သူသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေအတွင်းရှိ တည်ဆောက်ထားပြီး ဖြစ်သော ကနဦးစကြဝဠာနှင့် ချိတ်ဆက်မှု လေဟာနယ်လမ်းကြောင်းမှာ သူ၏နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ချန်ရစ်ထားခဲ့သည်။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၌ မျှော်လင့် မထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်နေသမျှ သူသည် ၎င်းကို နတ်ဘုရားအာရုံဖြင့် ခံစားနိုင်ပြီး၊ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေသို့ ပြန်သွားရန် စကြဝဠာ လမ်းကြောင်းကို လျင်မြန်စွာ အသုံးပြုနိုင်ပါလိမ့်မည်။
ချင်ယွင်က ဤအကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ပါဘူး။ ကလေးဧကရာဇ်မှာ ကောက်ကျစ် ယုတ်မာသည့် ရည်ရွယ်ချက်တွေ မရှိနိုင်သော်လည်း၊ အခြားသူတွေကို စောင့်ကြည့်နေရန် လိုအပ်ပါသေးသည်။
လူတိုင်းကို နှုတ်ဆက်ပြီးနောက်၊ ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး စကြဝဠာ၏ နက်ရှိုင်းသောအရပ်ဆီသို့ ပျောက်ကွယ်သွားခဲ့သည်။
အမျိုးသမီးလေးယောက်သည် ချင်ယွင် ပျောက်ကွယ်သွားသည့် ဦးတည်ရာအရပ်ဆီသို့ ငေးကြည့်နေကြပြီး၊ ချင်ယွင်၏ စောစီးစွာ ပြန်ရောက်လာရေးအတွက် သူမတို့၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကိုယ်စီ ဆုတောင်းနေကြပါသည်။