← Chapters

အခန်း ၁၁၁၄

Vol. 75 Ch. 1114

အခန်း ၁၁၁၄

Vol. 75 Ch. 1114

အခန်း (၁၁၁၄) အမှောင်ထုစွမ်းအင်။

ချင်ယွင်သည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှ ထွက်ခွာပြီးနောက်တွင် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသော အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဝှီး….။

ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး၊ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၏ အစွန်းသို့ ရောက်သွားလာခဲ့သည်။ သူ၏ရှေ့မှာ အဆုံးမဲ့ အမှောင်ထုစွမ်းအင်တွေ ပြည့်နှက် နေသည့် ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသောအရပ်ကို လှမ်းကြည့်လိုက်ရင်း ချင်ယွင်က စိတ်လှုပ်ရှားနေသည့် အရိပ်မြွတ်ကို ထုတ်ဖော်လိုက်မိပါသည်။

ချင်ယွင်သည် ကောင်းကင်ဘုံ၏ အပြင်ဘက်သို့ နောက်ဆုံးအကြိမ် ခရီးထွက်ခဲ့စဉ်၊ သူသည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်သို့ ခရီးနှင်ခဲ့ပြီး၊ နတ်ဘုရား ကမ္ဘာ၏အဝင်တံခါးပေါက်သို့ ရောက်လုနီးပါးပင် ဖြစ်သည်။ (ဤအခန်းသည် ဧရာမ မျောက်ဝံမျိုးနွယ်စုမှာရှိနေစဉ် သူ၏စိတ်ဝိညာဉ်ဖြင့် ခရီးသွားခဲ့ခြင်းကို ရည်ညွှန်းပါသည်)။

အကယ်၍ နတ်ဘုရားကမ္ဘာဝင်ပေါက် အုပ်ထိန်းသူ၏ အကူအညီပေးခြင်းသာ မရှိခဲ့ဘူးဆို လျှင်, ချင်ယွင်သည် နတ်ဘုရားကမ္ဘာဝင်ပေါက်၏ တန်ခိုးအစွမ်းကြောင့် ရှင်းလင်း သုတ်သင်ခြင်း ခံရပေလိမ့်မည်။

ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသောအရပ်ကို အမှောင်ထုပင်လယ်ဟုလည်း ခေါ်ကြပြီး၊ ၎င်းနေရာသည် ပမာဏများပြားလှသည့် အမှောင်ထုကြီးဖြင့် ပြည့်နေပါသည်။

ထိုအမှောင်ထုကြီးသည် ကျင့်ကြသူများ စုပ်ယူ၍မရသော စကြဝဠာအတွင်းရှိ အထူးစွမ်းအား တစ်မျိုး ဖြစ်ပါသည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ၎င်းကို မလုပ်ဆောင်နိုင်ကြပေ။ သို့သော် ထိုအမှောင်ထုကြီးသည် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

တစ်စုံတစ်ယောက်သည် ထိုအမှောင်ထုကို ထိလိုက်သည်နှင့်၊ နတ်ဘုရားတစ်ပိုင်းများ သည်ပင် ပွဲချင်းပြီး သေဆုံးသွားကြလိမ့်မည်။ ဤသည်မှာလည်း ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသောအရပ်သည် မရဏပင်လယ်ဟု လူသိများရသည့် အကြောင်း အရင်း ဖြစ်ပါသည်။

"နတ်ဘုရားကမ္ဘာ ဝင်ပေါက်က ဒီအမှောင်ထုပင်လယ်ရဲ့ နောက်မှာ ရှိနေသင့်တယ်။" ချင်ယွင်သည် သူ၏ရှေ့ရှိ မှောင်မိုက်သော ပင်လယ်ကြီးကို ကြည့်ပြီး သူ့ကိုယ်သူ တွေးနေမိ သည်။

"ဝှီး….။

ထိုအချိန်တွင် လေတိုးသံနှစ်သံ ထွက်ပေါ်လာသည်။

ပုံရိပ်နှစ်ခုသည် လေထဲတွင် လွင့်ပျံလာပြီး၊ ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

"အယ်၊ ဆရာကြီး၊ အကြီးအကဲ စီသူ၊ ဆရာကြီးတို့ ဘာလို့ ဒီကို ရောက်နေတာလဲ?" ချင်ယွင်သည် သူ၏ဘေးနားမှ ရုတ်တရက် ပေါ်လာသော ရုပ်အသွင်နှစ်ခုကို ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။

ဤအခိုက်တန့်တွင် ချင်ယွင်၏ အနားမှာ ပေါ်လာကြသောလူများမှာ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီ၏ ကျောင်းအုပ်ကြီး စည်သူဝူဒီနှင့် ရှေးဟောင်းတာအို ဆရာသခင် တို့မှ လွဲ၍ အခြားလူများမဟုတ်ကြပေ။

"ဟုတ်တယ်ဟေ့၊ မင်းနဲ့အတူ ငါတို့လည်း နတ်ဘုရားကမ္ဘာကို သွားမလို့ပေါ။" ရှေးဟောင်းတာအိုက ပြုံးရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ ကောင်စုတ်လေး၊ မင်းတစ်ယောက်ထဲကိုပဲ သွားခွင့် ပြုထားလို့လား?။ ငါတို့ကိုရော ခွင့်မပြုဘူးလား?" စည်သူဝူဒီလည်း ရယ်မောလိုက်သည်။

"ဖြစ်နိုင်တာက, ဆရာကြီးနဲ့ စီနီယာတို့က နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို ရောက်နေကြ ပြီလား?" ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့၏ စကားကိုကြားတော့ ချင်ယွင်၏ မျက်နှာ သည် ချက်ချင်းပင် အံ့အားသင့်သွားဟန် ပေါ်လာသည်။

"မှန်တယ်။ ငါကတော့ မကြာသေးခင်ကပဲ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော် သွားခဲ့တယ်။ ဒီလူအိုကြီးကတော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဖြတ်ကျော်ဝင်ရောက်ခဲ့တာ နှစ်ပေါင်း တစ်ထောင်တောင် ရှိသွားပြီ။ သူက သူ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ၆၀ ရာခိုင်နှုန်းလောက် သန့်စင်ပြီးသွားပြီ" ရှေးဟောင်းတာအိုက ချင်ယွင်ကို ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာက စီတူဝူဒီကို ကြည့်ရင်း အံ့ဩခြင်းတွေ ပြည့်နှက်နေပါသည်။

ရှေးဟောင်းတာအိုသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်သွားသည်ကို ချင်ယွင် မအံ့သြပါ။ အမှန်တကယ်လည်း ရှေးဟောင်းတာအိုဆရာသခင်သည် ဟိုတစ်ချိန်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။ သူရုပ်ခန္ဓာကိုယ် ပျက်စီးသွားခြင်း ကြောင့်သာ မဟုတ်လျှင်၊ သူသည် ဟိုးရှေးတုန်းကတည်းက နတ်ဘုရားတစ်ပိုင်း နယ်ပယ် ကို ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်လိမ့်မည်။

သို့သော် ချင်ယွင်သည် စည်သူဝူဒီက ဤမျှအစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် ၆၀ ရာခိုင်နှုန်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ချင်ယွင်သည် သူ၏အကြည့်ကို စူးစိုက်လိုက်ပြီး၊ စည်သူဝူဒီ၏ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများသည် ရှေးဟောင်းတာအိုထက် အများကြီး ပိုအားကောင်းသည်ကို တွေ့လိုက်ရပါသည်။

"စီနီယာ စည်သူက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ဌာနမှူးဖြစ်ဖို့ ထိုက်တန်ပါ သည်။ ဒီဂျူနီယာက ဒီလောက်ထူးခြားတဲ့ စွမ်းအားပိုင်ရှင်ကို မလေးမစား လုပ်ခဲ့မိတယ်" ချင်ယွင်သည် စည်သူဝူဒီကို ကြည့်ကာ လေးလေးစားစား ပြောလိုက်ပါသည် ။

"ချင်ယွင်၊ မင်းက ငါ့ကို အရှက်ခွဲနေတာပဲ။ မင်းက အနှစ်တစ်ရာတောင် မပြည့်သေးဘဲ နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ ဒီအဘိုးကြီးက နှစ်သိန်းနဲ့ချီပြီး နေထိုင်ခဲ့ပြီးပြီ။ မင်းနဲ့ယှဉ်ရင် ငါက သိပ်ကို နောက်ကျလွန်းနေပါတယ်။" စည်သူဝူဒီက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်လည်း ခေါင်းကုတ်ပြီး ကိုးရိုးကားယားအခြေအနေ ဖြစ်သွားရသည်။ သူ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သို့သော်လည်း သူသည် စည်သူဝူဒီ ကို သူ၏နှလုံးသားအောက်ခြေမှ တကယ်ကို လေးစားပါသည်။

အကယ်၍, တချိန်တုန်းက စည်သူဝူဒီကသာ သူ့ကို မကူညီခဲ့ဘူးဆိုလျှင်, ကျင်းရှန်နှင့် တခြားလူများသည် သူ့ကို သတ်ပစ်ပါလိမ့်မည်။ ထို့ကြောင့်, ချင်ယွင်သည် စည်သူဝူဒီ၏ ရှေ့မှာ နည်းနည်းလေးမှ မောက်မာမပြခဲ့ပါဘူး။

စည်သူဝူဒီသည် ချင်ယွင်၏ မျက်နှာပေါ်မှ ရိုးသားမှုကို မြင်လိုက်ရပြီး၊ စိတ်ထဲတွင် သူ့ကို အလွန်ချီးမွမ်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။

ပုံမှန်အားဖြင့် ပါရမီရှင်များသည် အနည်းငယ်မျှသော အောင်မြင်မူလေးကြောင့် မောက်မာ သထက် မောက်မာလာတတ်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ယင်းချို့ယွင်းချက်ကို တစ်နေရာမှ မတွေ့ရှိရပေ။

ယခုလိုစိတ်နေစိတ်ထားမျိုးက သာမန် ပါရမီရှင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် အရာ မဟုတ်သည်မှာ သေချာပါသည်။

ဤအရာက သူ့ကို ရှေးဟောင်းတာအိုကို မနာလိုဖြစ်စေခဲ့သည်။ သူ့တွင် ဤမျှထူးချွန်သည့် တပည့်ကောင်းတစ်ယောက် ပိုင်ဆိုင်ရသည်ကို သူ မနာလိုဖြစ်လာသည်။

"စီနီယာ၊ ဆရာကြီးတို့, သွားကြရအောင်။ ဒီအမှောင်ထုပင်လယ်ကြီးကို ဖြတ်ကျော် ပြီးတာနဲ့ ငါတို့ကို နတ်ဘုရားကမ္ဘာအဝင်တံခါးကြီး တားဆီးနေလိမ့်မယ်" ချင်ယွင်က ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့ကို ပြောလိုက်ပါသည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြသည်။

ထို့နောက် သူတို့ သုံးယောက်သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာ အရပ်ဆီသို့ ပျံသန်းသွားကြသည်။

ဘန်း…။

ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်ဆီသို့ သူတို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်မှတဆင့် ပျံ့နှံ့စိမ့်ဝင်လာသည့် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများကို ခံစားလိုက်ရသည်။

ဤစွမ်းအင် အတက်အကျလှိုင်းများသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုကြီး မှ ထုတ်လွှတ်နေကြောင်း ချင်ယွင် သိလိုက်သည်။

အမှောင်ထုဟုခေါ်သည့်အရာသည် စကြာဝဠာ၏ လေဟာနယ်ထဲမှာ ပုန်းကွယ်နေခဲ့သည်။ ၎င်းတို့ကို သာမန်မျက်စိဖြင့် စူးစမ်းတွေ့ရှိရန်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။ နတ်ဘုရားအာရုံကို အားကိုးခြင်းဖြင့်သာ ခွဲခြားသိမြင်နိုင်ပါသည်။

ဤအချက်ကလည်း အင်မော်တယ် ဧကရာဇ်များများ ဤဖရိုဖရဲပင်လယ်၏ နက်ရှိုင်းသည့် အရပ်ဆီသို့ မဝင်ရဲရသည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားသာလျှင် အမှောင်ထုကို ပိုင်းခြားသိမြင်နိုင်ပြီး ယင်းကို ကြိုတင် ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

ထိုသို့မဟုတ်ဘဲ, အကယ်၍, သူသည် အမှောင်ထုကို ထိမိသွားပါက ၎င်းတွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

သေချာသည်မှာ, အကယ်၍, လူတစ်ဦးတစ်ယောက်သည် နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထား လျှင်ပင်, ထိုလူ၏နတ်ဘုရားအာရုံ လုံလောက်အောင် မသန်မာပါက, ထိုမတော်တဆ မှုများ အလွယ်တကူ ဖြစ်ပွားတတ်ပါသည်။

ချင်ယွင်၏ လက်ရှိနတ်ဘုရားအာရုံအရ၊ သူသည် ဤအမှောင်ထုပင်လယ်ပြင်ကြီးထဲတွင် မီတာတစ်ရာမျှ ဖြန့်ကျက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဗူဒူးနတ်ဘုရား၏ စိတ်ဝိညာဉ်အနှစ်သာရကို ဝါးမြိုထားသောကြောင့် ဖြစ်ပါသည်။

ပုံမှန်အားဖြင့်၊ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူများသည် အကွာအဝေး ဆယ်မီတာလောက်သာ ဖြန့်ကျက်နိုင်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ အခုမှ ဖြတ်ကျော် ဝင်ရောက်စဖြစ်သော ရှေးဟောင်းတာအိုကဲ့သို့ ကျွမ်းကျင်သူများသည် အကွာအဝေးသုံးမီတာမျှသာ ဖြန့်ကျက်နိုင်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်၏ မီတာတစ်ရာ အကွာအဝေးကို ဖြန့်ကျက်နိုင်စွမ်းသည် ကောင်းကင်ဘုံကို အံတုနေပြီ ဖြစ်သည်။

ဝှီး….။

ချင်ယွင်၏ပုံရိပ်သည် စကြဝဠာ၏ နက်ရှိုင်းရာအရပ်သို့ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ထိုအမှောင်ထုက သူ့ကို လုံးဝ မတားဆီးနိုင်ပါဘူး။

မီတာတစ်ရာ အကွာအဝေးအထိ ဖြန့်ကျက်နိုင်ခြင်းက သူ့အတွက် ရှောင်တိမ်းရန် လုံလောက်ပါပြီ။ ထို့ကြောင့် သူ၏အမြန်နှုန်းကို လုံးဝ မထိခိုက်ပါဘူး။

သို့သော်လည်း, ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့အတွက်တော့ သနားစရာပင်။ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် တိုတောင်းလွန်းသဖြင့် သူတို့အနေဖြင့် နှေးကွေးစွာ သွားနိုင်သည်။

သူတို့သည် လွန်းပျံယာဉ်ပျံကဲ့သို့ အတားအဆီးမရှိဘဲ အမှောင်ထုပင်လယ်ကို ဖြတ်သန်း သွားသော ချင်ယွင်ကို မြင်လိုက်ရသောအခါ၊ သူတို့ပါးစပ်ထောင့်များက ရှုံ့မဲ့သွားကြပြီး၊ သူတို့စိတ်ထဲ ဘာပြောရမှန်းပင် မသိတော့ပါချေ။

နောက်ပိုင်းတွင်၊ ချင်ယွင်သည် သူ၏ လုပ်ရပ်များသည် အနည်းငယ် မသင့်လျော်ကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူသည် အရှိန်လျှော့ကာ ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့ကို စောင့်ဆိုင်းနေခဲ့သည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့ကို စောင့်ဆိုင်းနေစဉ်၊ ချင်ယွင်သည် အမှောင်ထုကို ဂရုတစိုက် စောင့်ကြည့်နေတော့သည်။

သူ၏နတ်ဘုရားအာရုံဖြင့် စူးစိုက်ကြည့်မှုအောက်တွင်၊ ဤအမှောင်ထုဟုခေါ်သည့် အရာသည် အခြေခံအားဖြင့် အထူးစွမ်းအင်တစ်မျိုး ဖြစ်သည်။

သို့သော်လည်း ဤစွမ်းအင်မျိုးသည် ကျင့်ကြံသူများ စုပ်ယူ၍ အသုံးပြုနိုင်မည် မဟုတ်ပေ။ ချင်ယွင်လည်း ကြိုးစားကြည့်မိသည်။ သေချာပါသည်။ သူ၏ ကျင့်ကြံခြင်းပညာရပ်သည် ထိုအမှောင်ထုစွမ်းအင်ကို အနည်းငယ်မျှပင် မလှုပ်ခါစေနိုင်ခဲ့ပေ။

"ဒီအမှောင်ထုက စကြဝဠာကြီးထဲက စွမ်းအင်အမျိုးအစားတစ်ခု ဖြစ်တယ်ဆိုမှတော့, ငါ့ရဲ့ ကနဦးစကြာဝဠာက အဲဒါကို စုပ်ယူနိုင်လောက်မယ်။" ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။

လူသားများအနေဖြင့် ၎င်းကို စုပ်ယူနိုင်ခြင်း မရှိသော်လည်း၊ ချင်ယွင်၏ဒန်တန်သည် ကနဦးစကြာဝဠာတစ်ခုနှင့်အတူ ယှဉ်တွဲထားသည်။ စကြဝဠာတစ်ခုတောင်မှ ထိုစွမ်းအား ကို မစုပ်ယူနိုင်ဟု သူ မယုံကြည်ပါဘူး။

ထို့ကြောင့် ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ကနဦးစကြဝဠာ၏ စုပ်ယူခြင်းစွမ်းအားကို စတင် ဖြန့်ကျက်လိုက်သည်။

ချင်ယွင်၏ လက်ဖဝါးတွင် လက်ဖဝါးအရွယ်အစားရှိ တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်မှ ချက်ခြင်းပင် ကြောက်မက်ဖွယ်ရာ စုပ်ယူခြင်း စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်ဖဝါးကို အမှောင်ထုစွမ်းအင်ဆီသို့ ရွှေ့လျားလိုက်ပါသည်။ မလှုပ်ခါနိုင်ခဲ့သော အမှောင်ထုစွမ်းအင်သည် ချင်ယွင်၏လက်ဖဝါးရှိ တွင်းနက်မှ တိုက်ရိုက် ဝါးမျိုခံလိုက်ရသည်။

"အောင်မြင်ပြီး..။" ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်မှုအသွင်ကို ပေါ်လွင်စေသည်။

All Chapters