အခန်း ၁၁၁၅
Vol. 75 Ch. 1115
အခန်း (၁၁၁၅) နတ်ဘုရားကမ္ဘာ၏အဝင်တံခါး။
တွင်းနက်သည် အမှောင်ထုစွမ်းအင်ကို ဆက်လက်စုပ်ယူနေစဉ်မှာ, ၎င်းသည် ချင်ယွင်၏ ကနဦး စကြာဝဠာထဲသို့ အရူးအမူး သွန်းလောင်းဝင်ရောက်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်နှာသည်လည်း စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာပါသည်။
ဤအမှောင်ထုထဲတွင် အလွန်မင်းအစွမ်းထက်သော စွမ်းအင်များ ပါရှိနေသည်။ အကယ်၍, ၎င်းစွမ်းအားကိုသာ အသုံးချနိုင်မည်ဆိုလျှင်၊ ၎င်းသည် အလွန်မင်းကြောက်စရာကောင်း သည့် ဝှက်ဖဲတစ်ချပ် ဖြစ်လာမည်မှာ သေချာပါသည်။
ထိုအကြောင်းကို တွေးပြီး ချင်ယွင်က ချက်ချင်းဆိုသလို ထိုအမှောင်ထုစွမ်းအင်ကို စုဆောင်းရန် ကြိုးစားပါတော့သည်။
သူ့ကို အံ့သြသွားစေသည်က သူသည် ဤအမှောင်ထုစွမ်းအင်ကို အမှန်တကယ် အသုံးချ နိုင်ခြင်းကိုပါ။
ဘန်း…။
ချင်ယွင်သည် လက်တဖက်ကို ဆေဘာအသွင်ဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်ပြီး အမှောင်ထုထဲမှ စွမ်းအားများဖြင့် လုံးလုံးလျားလျား သိပ်သည်းထားသော ဆေဘာ အလင်းတစ်ချက်က လေဟာနယ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
ဤဆေဘာအလင်းသည် ကြီးကြီးမားမား မဟုတ်ခဲ့ပေ။ ၎င်းသည် ရှစ်ပေမျှသာ ရှည်လျား သော်လည်း ၎င်းတွင်ပါရှိသော စွမ်းအားသည် အလွန့်လွန်ကြောက်စရာကောင်းလွန်း သည်။
ဆေဘာအလင်းသည် ကီလိုမီတာ တစ်သောင်းအကွာသို့ ချက်ချင်း ပျံသန်းသွားကာ၊ ပတ်ဝန်းကျင်ရှိ အမှောင်ထုစွမ်းအင် တိမ်တိုက်များအား တိုက်ရိုက်ပင် နှစ်ပိုင်းခွဲထုတ်ပြီး၊ မီတာတစ်သောင်း ရှည်လျားသော လေဟာနယ်လမ်းကြောင်းကြီးကို ဖြစ်ပေါ်လာစေ သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏ မျက်နှာသည် နှိုင်းယှဉ်၍မရအောင်ပင် အံ့အားသင့်ဖွယ် အမူအရာတစ်ခု ချက်ခြင်း ထွက်ပေါ်လာသည်။
ထိုအမှောင်ထုစွမ်းအင်သည် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားမည်ကို သူ မျှော်လင့်ခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း၊ ထိုမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ ဘယ်သော အခါမှ မမျှော်လင့်ထားခဲ့ပေ။
ဤအမှောင်ထုစွမ်းအင် တိမ်တိုက်သည် လေဟာနယ်ကို လွှမ်းခြုံထားသော်လည်း ၎င်း၏ ပေါင်းစပ်စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။
အကယ်၍ ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အသုံးပြုခဲ့မည်ဆိုလျှင်၊ သူသည် ကျန်းသုံးရာကိုသာ ဖောက်ထုတ်နိုင်မည် ဖြစ်သည်။ သူသည် ဖရိုဖရဲ ဖျက်စီးခြင်း နတ်ဘုရားတန်ခိုးကို အသုံးပြုပြီး ကျန်းတစ်ထောင် အကွာအဝေးထိ ထိုးဖောက် ဝင်ရောက် နိုင်လျှင်ပင်, ဤသည်မှာ ကောင်းကင်ဘုံ၏ အထွတ်အထိပ်ဟု ယူဆ၍ရဆဲဖြစ်သည်။
ယခုမူ ချင်ယွင်သည် ပေတစ်သောင်းအကွာအဝေးကို ခွဲထုတ်ရန် ဤအမှောင်ထုစွမ်းအင်ကို အသုံးချနိုင်နေပြီ ဖြစ်သည်။ ဤအမှောင်ထုစွမ်းအင်သည် မည်မျှ ထိတ်လန့်စရာကောင်း သည်ကို တွေးကြည့်နိုင်သည်။
"တကယ်လို့, ငါသာ ဒီအမှောင်ထုစွမ်းအင်ကို အသုံးချနိုင်ခဲ့ရင်၊ နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်ဖို့ဆို တာ မဖြစ်နိုင်တာ မဟုတ်တော့ဘူး။" ချင်ယွင်က သူ၏လက်သီးတွေကို တင်းကြပ်စွာ ဆုပ်ထားပြီး၊ သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပါသည်။ သူ၏မျက်လုံးများက ရူးသွပ်သော အမူအရာ ပေါ်လာသည်။
ဤအမှောင်ထုစွမ်းအင်သည် သူ၏ အစွမ်းထက်ဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်လာပါလိမ့်မည်။ ဤနည်းဖြင့် ချင်ယွင်သည် နတ်ဘုရားကမ္ဘာတွင် ရှင်သန်ခြင်းနှင့် ပတ်သက်၍ ပို၍ပင် ယုံကြည်လာခဲ့သည်။
"ငါ ဒီအမှောင်ထုစွမ်းအင်ကို ပိုမိုစုပ်ယူဖို့ လိုအပ်မယ့်ပုံပဲ။ မဟုတ်ရင်, ငါတို့ နတ်ဘုရား ကမ္ဘာကို ရောက်တဲ့အခါ၊ ချွေတာသုံးနေရဦးမယ်။" ချင်ယွင်က သူ့ကိုယ်သူ ပြောလိုက် သည်။
သူပြောပြီးသည်နှင့် သူသည် အမှောင်ထုစွမ်းအင်ကို အရူးအမူး ဝါးမြိုပါသွားတော့သည်။ အဆုံးတွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အနှံ့ တွင်းနက်ကြီးတစ်ခုကဲ့သို့ အမှန်တကယ် ဝါးမျိုတော့သည်။ ထို့နောက် သူသည် အမှောင်ထုစွမ်းအင် တိမ်တိုက်ထဲသို့ တိုက်ရိုက် တိုးဝင်ပြီး အရူးအမူး စုပ်ယူရင်း ရှေ့သို့ အလျင်စလို ပျံသန်းသွားခဲ့သည်။
ကံကောင်းစွာဖြင့်၊ ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့သည် ချင်ယွင်နှင့် အဝေးမှာ ရှိနေခဲ့ သည်။ ထိုသို့မဟုတ်ဘဲ, အကယ်၍, သူတို့သာ ဤမြင်ကွင်းကို မြင်လိုက်ရလျှင်, သူတို့အနေဖြင့် ပြောစရာစကားမဲ့နေမည်မှာ သေချာပါသည်။
သို့သော် ချင်ယွင်၏ ကနဦးစကြဝဠာတွင် ဤအမှောင်ထု စွမ်းအင်ပမာဏများစွာကို မသိုလှောင်နိုင်ခဲ့ပေ။ ချင်ယွင်သည် အမှောင်ထုစွမ်းအင်အချို့ကို စုပ်ယူပြီးနောက် စကြဝဠာတစ်ခုလုံး တုန်လှုပ်သွားတော့သည်။
အကယ်၍, သူသာ ဤအမှောင်ထုစွမ်းအင်ကို ဆက်လက်စုပ်ယူနေပါက၊ ကနဦးစကြဝဠာ သည် ဤအမှောင်ထုစွမ်းအင်ကို ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ၊ စကြဝဠာတစ်ခုလုံး၏ နိယာမများကို ပရမ်းပတာ ဖြစ်စေလိမ့်မည်။ ဤအရာက ပို၍ကြောက်စရာကောင်းလိမ့် မည်။
ထို့ကြောင့် ချင်ယွင်သည် အမှောင်ထုစွမ်းအင်ကို စုပ်ယူခြင်းကို ချက်ချင်း ရပ်လိုက်ပြီး သူ၏ ပုံမှန်ခရီးကို စတင်ခဲ့သည်။
သို့သော်၊ ဤစုပ်ယူမှုသည် တိုက်ပွဲများစွာကို ပံ့ပိုးရန် လုံလောက်သည်အထိ အမှောင်ထု စွမ်းအင် ပမာဏများစွာကို သိမ်းဆည်းနိုင်ခဲ့ပါသည်။
"တကယ်လို့ ငါ့ရဲ့ကနဦးစကြာဝဠာသာ ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ခဲ့ရင်၊ ဒီလို အမှောင်ထုစွမ်းအင်မျိုးကို ငါလည်း ထုတ်လုပ်နိုင်မှာကို မဟုတ်ဘူးလား?" ချင်ယွင်သည် ကနဦးစကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်ကို မျှော်မှန်းတောင်းတရင်း သူ့ကိုယ်သူ အသံထွက် ရေရွတ်လိုက်မိသည်။
ကနဦးစကြာဝဠာ ဆက်လက် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သူ၏ခွန်အားသည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။ တစ်နေ့တွင်၊ သူသည် ကနဦးစကြဝဠာကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ကောင်းကင်ဘုံတည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးရင်း ချင်ယွင်၏စိတ်နှလုံးက နတ်ဘုရားကမ္ဘာအပေါ် သူ၏ခရီးစဉ် အတွက် ပို၍ ယုံကြည်မူရှိလာခဲ့ပါသည်။
"နတ်ဘုရားကမ္ဘာကြီး…၊ ငါ ဒီမှာ ရောက်နေပြီ…။" သူသည် ရှေ့ကို ဆက်လျှောက်လာရင်း ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော စိတ်အားထက်သန်မူက ပေါက်ကွဲထွက်လာ ခဲ့သည်။
ချင်ယွင်နှင့် ရှေးဟောင်းတာအိုနှင် စည်သူဝူဒီတို့သည် ဖရိုဖရဲပင်လယ်၏ အလယ်ဗဟိုသို့ ရောက်ရှိရန် အချိန်သုံးရက် ယူခဲ့ရသည်။
ချင်ယွင်သည် အဝေးမှ အလွန်မင်း ဝင်းလက်တောက်ပနေသော အလင်းတန်းများ ထုတ်လွှတ်သော နတ်ဘုရားကမ္ဘာ အဝင်တံခါးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် နှိုင်းစာ၍မရသည့် အံ့အားသင့်ဟန် အမူအရာ ပေါ်လာပါသည်။
"ဒါက နတ်ဘုရားကမ္ဘာရဲ့ အဝင်တံခါးလား?။" ချင်ယွင်က သူ၏စိတ်ထဲတွင် အံ့ဩဘနန်း ရေရွတ်လိုက်သည်။
ယခင်အကြိမ်တုန်းက သူ၏စိတ်ဝိညာဉ်သည် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာ, နတ်ဘုရားကမ္ဘာ အဝင်တံခါး၏ အုပ်ထိန်းသူထံမှ အော်ဟစ်သံကြောင့် ပြန်ဆုတ်သွားနိုင်ခဲ့ သည်။ ဤတစ်ကြိမ်တွင်၊ သူသည် နတ်ဘုရားကမ္ဘာ အဝင်တံခါး၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ကြီးမားလှသော ဧရာမလေဝဲကြီးတစ်ခုသည် လေဟာနယ်ထဲတွင် တည်ရှိနေခဲ့သည်။ ၎င်းလေဝဲကြီးသည် အချင်းပေသန်းပေါင်းများစွာနှင့်အတူ အနှိုင်းမဲ့ ကြီးမားလွန်းလှသည်။ ထိုလေဝဲကြီး၏ ရှေ့မှာ ချင်ယွင်သည် ပုရွက်ဆိတ်တစ်ကောင်သာသာ သေးငယ်လွန်းနေ သည်။
ထိုမျှမက၊ ဤကြီးမားလှသော လေဝဲကြီးသည် အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးများ အပြည့်အလျှံပါဝင်နေသော သက်တံ့ရောင်နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။
လေဝဲကြီးအောက်ခြေတွင် ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားသော လမ်းကြောင်း ကြီးတစ်ခု ရှိနေပါသည်။
ဤလမ်းကြောင်းကြီးကို အမည်မသိ ကျောက်တုံးများဖြင့် ခင်းထားသည့်အပြင်၊ ၎င်းတို့ အထံမှ နှိုင်းစာ၍မရအောင် ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
အကယ်၍, သူ အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင်ပင်, ထိုဝဲဂယက် ဉမင်လိုဏ်ခေါင်းရှိ ကျောက်ချပ်များကို မချိုးဖျက်နိုင်ဟု ချင်ယွင် ခံစားမိသည်။ ဤဉမင်လိုဏ်ခေါင်းကြီးသည် မည်မျှ မာကြောသည်ကို တွေးကြည့်နိုင်သည်။
"ဘယ်လောက်တောင် ခမ်းနားထည်ဝါလိုက်တဲ့ မြင်ကွင်းလဲ?။" ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းကိုယ်စီ မချဘဲ မနေနိုင်တော့ပေ။ နတ်ဘုရားကမ္ဘာအဝင်တံခါးကိုမြင်ပြီး သူတို့လည်း အံ့ဩထိတ်လန့်သွားကြသည်မှာ ထင်ရှားပါသည်။
ချင်ယွင်နှင့် ရှေးဟောင်းတာအိုတို့သည် ရှည်လျားသော လမ်းကြောင်းပေါ်တွင် လွင့်မျော ပျံသန်းသွားကာ သူတို့၏အောက်ခြေမှ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ချက်ချင်း ခံစားလိုက်ရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားသည် အလွန်မင်း ပြင်းထန်သည်ဟု သူတို့ပင် ခံစားခဲ့ရသည်။
"ဒီလမ်းရဲ့ ဆွဲငင်အားက ဘာကြောင့် ဒီလောက်တောင် ပြင်းထန်နေရတာလဲ?။" စည်သူဝူဒီ က အံ့သြစွာ ပြောသည်။
ချင်ယွင်နှင့် ရှေးဟောင်းတာအိုလည်း ခေါင်းယမ်းလိုက်ကြသည်။ သူတို့ သုံးယောက်သည် နတ်ဘုရားကမ္ဘာကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် အရာတွေဖြစ်နေမှန်း သူတို့လည်း မသိကြပါဘူး။
တကယ်တော့ ဒီဆွဲငင်အားက ပြင်းထန်သည်ဟု ပြော၍ရသလို မပြင်းထန်ဟုလည်း ပြော၍ရပါသည်။ ချင်ယွင်၏ လက်ရှိစွမ်းအားဖြင့် ၎င်းကို လုံး၀ ခံနိုင်ရည်ရှိပါသည်။
"ဒီလမ်းကြောင်းက နတ်ဘုရားကမ္ဘာ အဝင်တံခါးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒီလမ်းကြောင်းရဲ့ ဆွဲငင်အားကို ခံနိုင်ရည်ရှိသူတွေပဲ နတ်ဘုရားကမ္ဘာထဲကို ဝင်ရောက်နိုင် မယ်။ မဟုတ်ပါက, မင်းတို့အားလုံး သေဆုံးရုံပဲရှိလိမ့်မယ်။ နတ်ဘုရားကမ္ဘာရဲ့ ဆွဲငင်အား က ဒီလမ်းကြောင်းရဲ့ ဆွဲငင်အားထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။."
ထိုအချိန်တွင် ချင်ယွင်နှင့် အခြားလူများ၏နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်နှင့် အခြားလူများ အားလုံးသည် အသံထွက်လာသည့် ဦးတည်ရာဆီသို့ မျှော်ကြည့် ကြပြီး၊ နတ်ဘုရားကမ္ဘာ လေဝဲကြီး၏ရှေ့တွင် နောက်ထပ် ရုပ်အသွင်ပြင်တစ်ခုကိုပါ မြင်လိုက်ရပါသည်။
ထိုရုပ်အသွင်ပြင်သည် အမြင့်ပေ တစ်သောင်းလောက် မြင့်မားသည်။ ၎င်း၏ ခန္ဓာကိုယ် သည် တုနှိုင်း၍မရအောင်ပင် ကြောက်မက်ဖွယ်ကောင်းပြီး၊ နတ်ဘုရားတစ်ပါး၏ စွမ်းအား ကို ထုတ်လွှတ်နေသည်။ ၎င်းသည် အနှိုင်းမဲ့ ကြောက်စရာကောင်းလွန်းသည်။ ဤလူ့ဘီလူးကြီးရှေ့မှာ ချင်ယွင်သည် ပုရွက်ဆိတ်တစ်ကောင်လိုပင်။
"ရှေးခေတ်ဖင်းဂေါ့ဂ့်လား..?" ချင်ယွင်သည် ဤလူ့ဘီလူးကြီးကို မြင်လိုက်ရသောအခါတွင် သူ၏မျက်နှာသည် အလွန်အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။
ဤအခိုက်အတန့်တွင် သူသည် ဤလူ့ဘီလူးကြီး၏ ကိုယ်ရေးအချက်လက်ကို ခန့်မှန်းပြီး ဖြစ်သည်။ အကယ်၍, သူ ခန့်မှန်းထားသည့်အတိုင်းသာ မှန်ကန်ပါက, ဤလူ့ဘီလူးကြီး သည် နတ်ဘုရားကမ္ဘာ အဝင်တံခါး၏ အုပ်ထိန်းသူ ဖြစ်သင့်သည်။
ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့၏ မျက်နှာများသည် အံ့သြဟန် အမူအရာများ ထွက်ပေါ်လာသည်။ နတ်ဘုရားကမ္ဘာတွင် ရှေးခေတ်ဖင်းဂေါ့ဂ်များ ရှိနေသည်ကို သူတို့ ကြာမြင့်စွာကတည်းက သိရှိခဲ့ကြသော်လည်း ၎င်းတို့ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယခုအချိန်တွင် ၎င်းတို့ကို မြင်တွေ့ရရုံဖြင့် သူတို့သည် အလွန်မင်း တုန်လှုပ်နေသေးသည်။
"ဒီလမ်းကြောင်းက နတ်ဘုရားကမ္ဘာ အဝင်တံခါးနဲ့ ပိုနီးကပ်လာလေ ဆွဲငင်အားက ပိုအားကောင်းလေပါပဲ။ မင်းတို့ ငါ့ရှေ့အထိ လျှောက်လှမ်းလာနိုင်တာနဲ့, မင်းတို့မှာ နတ်ဘုရားကမ္ဘာထဲကို ဝင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်လို့ ဆိုလိုတာပဲ။ မဟုတ်ရင် အခုပဲ ထွက်သွားလိုက်ပါ။" ဖင်းဂေါ့ဂ်ကြီးက ထပ်ပြောပြန်သည်။
ရှေးဟောင်းတာအို, စည်သူဝူဒီတို့နှင့်အတူ အကြည့်ချင်း ဖလှယ်ပြီးနောက် ချင်ယွင်သည် နတ်ဘုရားကမ္ဘာ အဝင်တံခါးဆီသို့ စတင်လျှောက်လာခဲ့သည်။
ချင်ယွင် ရှေ့တိုးလာသည်နှင့်အမျှ သူ၏ခြေဖဝါးအောက်ရှိ ဆွဲငင်အားသည် ပို၍ ကြောက်စရာကောင်းလာသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ဒုတိယတစ်ဝက် ရောက်ရှိလာချိန်မှာတော့ သူတို့သည် မြေပြင်ပေါ်မှာတောင် မပြေးလွှားနိုင်တော့ပါဘူး။