← Chapters

အခန်း ၁၁၁၆

Vol. 75 Ch. 1116

အခန်း ၁၁၁၆

Vol. 75 Ch. 1116

အခန်း (၁၁၁၆) ရှေးဟောင်း နတ်ဘုရားကမ္ဘာ။

ချင်ယွင်သည် သူ၏ခြေဖဝါးအောက်မှ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ခံစားလိုက်ရပြီး သူ၏မျက်နှာသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာကို ပေါ်လွင်စေသည်။

နတ်ဘုရားကမ္ဘာ လမ်းကြောင်းပေါ်ရှိ ဆွဲငင်အားသည် အလွန်ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာထက် အဆတစ်သောင်းပင် ဖြစ်နိုင်ချေရှိသည်။

ချင်ယွင်၏အဆင့်ဖြင့်ဆို, အင်မော်တယ်ကမ္ဘာရှိ တွင်းနက်ကြီးများကပင် သူ့ကို သက်ရောက်မှုရှိမည် မဟုတ်တော့ပေ။ သို့သော်၊ နတ်ဘုရားကမ္ဘာ လမ်းကြောင်းပေါ်ရှိ ဆွဲငင်အားက သူ့အား ပြင်းထန်သော ဖိအားတစ်ခု ပေါက်ကွဲသွားစေသည်ကို ခံစားရသည်။

"နတ်ဘုရားကမ္ဘာရဲ့ ဆွဲငင်အားက အရမ်းကို ကြောက်စရာကောင်းလွန်းတယ် မဟုတ်လား?။ အင်မော်တယ် ဧကရာဇ်တွေကို ဝင်ခွင့်မပြုကြတာ အံ့သြစရာ မရှိတော့ဘူး။ အင်မော်တယ် ဧကရာဇ်တွေတောင် ဒီလိုကြောက်စရာကောင်းတဲ့ ဆွဲငင်အားကို ခံနိုင်ရည် မရှိမှာကို ငါကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက် သည်။

ယခုအချိန်တွင်၊ ထိုကဲ့သို့သော ဆွဲငင်အားအောက်တွင်, သူသည် သူ၏နတ်ဘုရားတန်ခိုး စွမ်းအားကို အသုံးပြုထားလျှင်ပင်၊ သူသည် သူ့ကိုယ်သူ မြေပြင်ပေါ်မှ မီတာတစ်ရာသာ ခွာနိုင်မည် ဖြစ်ပါသည်။ ဤနတ်ဘုရားကမ္ဘာလမ်းကြောင်း၏ ဆွဲငင်အားသည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို တွေးကြည့်နိုင်သည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ နတ်ဘုရား ကမ္ဘာလမ်းကြောင်းပေါ်ရှိ မြေဆွဲအားကြောင့် သူတို့ ထိတ်လန့်သွားသည်မှာ ထင်ရှားသည်။

သို့သော် ဆွဲငင်အား အားကောင်းလေလေ၊ ၎င်းသည် ပို၍အစွမ်းထက်လေ ဖြစ်ပါသည်။ ချင်ယွင်နှင့် အခြားလူများကို မလှုပ်ရှားနိုင်လောက်အောင် လုပ်ဆောင်ရန်အတွက်တော့ မလုံလောက်သေးပါဘူး။ ထို့ကြောင့် ချင်ယွင်နှင့် အခြားလူများသည် နတ်ဘုရားကမ္ဘာ လမ်းကြောင်း၏အဆုံးသို့ အလျင်အမြန် ရောက်ရှိလာကြပြီး၊ ရှေးခေတ် ဖင်းဂေါ့ဂ်ကြီး ရှေ့သို့ ရောက်ရှိလာကြသည်။

ချင်ယွင်သည် နှိုင်းယှဉ်ပြ၍မရအောင် မြင့်မားသော ရှေးခေတ် ဖင်းဂေါ့ဂ်ကြီးကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်ပြီး၊ သဘောကျစွာ မထိန်းနိုင်ဘဲ အော်ဟစ်မိသည်။

သူသည်လည်း ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံထားခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်သည် နှိုင်းစာ၍မရအောင် အရပ်ရှည်လာသော်လည်း၊ သူသည် စစ်မှန်သော ရှေးခေတ် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် မဟုတ်သေးပေ။ သူ၏ရှေ့မှ ဧရာမလူ့ဘီလူးကြီးသည် စစ်မှန်သော ရှေးဟောင်း သဘာဝဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ချင်ယွင်သည် သူ၏ရှေ့ရှိ ရှေးခေတ် ဖင်းဂေါ့ဂ်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်ပြန့်သော ချီပင်လယ်နှင့် သွေးအင်များကို ခံစားနိုင်ပြီး၊ သူ၏ အငွေ့အသက်သည် တုနှိုင်းမရလောက် အောင် ကြောက်စရာကောင်းသည်။

ဤဖင်းဂေါ့ဂ်ကြီးနှင့် နှိုင်းယှဉ်လျှင် ချင်ယွင်၏ သွေးစွမ်းအင်သည် ကြယ်ပင်လယ်အတွင်းရှိ ကြယ်တစ်ပွင့်သဖွယ် အလွန်သေးငယ်လွန်းပါသည်။

"ဒါဆို, ရှေးခေတ် ဖင်းဂေါ့ဂ်တွေမှာ ဒီလိုစွမ်းအားတွေလည်း ရှိနိုင်တယ်ပေါ့။ သူ့ရဲ့ အစွမ်းက ကြယ်နတ်ဘုရားထက် နိမ့်ကျခြင်းမရှိမှာ ငါ ကြောက်မိတယ်။" ချင်ယွင်က သူ၏ စိတ်နှလုံးထဲမှာ သက်ပြင်းချလိုက်ပါသည်။ ဤရှေးခေတ် ဖင်းဂေါ့ဂ်ကြီး၏ ရှေ့တွင် ရပ်နေရင်း, သူသည် သူ၏နှလုံးသား အောက်ခြေမှ သေးသိမ်သည့် ခံစားချက်ကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။

သူတစ်ဦးတည်းသာမဟုတ်ပေ။ ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း သူ့အတိုင်းပင်။ သူတို့၏မျက်နှာများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"မင်းတို့က ဒီလမ်းရဲ့အဆုံးကို ရောက်ရှိလာပြီဆိုတော့ မင်းတို့မှာ နတ်ဘုရားကမ္ဘာထဲကို ဝင်ဖို့ အရည်အချင်းတွေ ရှိတယ်လို့ ဆိုလိုတာပဲ။ ဝင်သွားလိုက်ပါ။ မင်းတို့ နတ်ဘုရားကမ္ဘာ ဝင်ပေါက်ကို ဖြတ်သန်းသွားတာနဲ့ နတ်ဘုရားကမ္ဘာထဲကို ဝင်ရောက်နိုင်လိမ့်မယ်။" ဖင်းဂေါ့ဂ်ကြီးက ချင်ယွင်နှင့် အခြားလူများကို ကြည့်ပြီး ပြောလိုက်သည်။ သူ၏အသံက အနှိုင်းမဲ့ ကျယ်လောင်ပြီး ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာနေရာအနှံ့ ပဲ့တင်ထပ် နေပါသည်။

ထိုသို့ပြောပြီးနောက်, သူသည် ခြေတစ်လှမ်း နောက်ပြန်ဆုတ်ကာ လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးလိုက်ပါသည်။ ချင်ယွင်နှင့် အခြားလူများ၏ရှေ့တွင် ကြီးမားသော ခုနစ်ရောင်ခြယ် လေဟာနယ်ဝဲဂယက်ကြီးကို ပြသလာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်နှင့် အခြားလူတွေ အားလုံးလည်း ကြီးမားလှသည့် ဝဲဂယက်ကြီးကို ကြည့်ပြီး သူတို့၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမူက အထိန်းကွပ်မဲ့ ထွက်ပေါ်လာသည်။

သူတို့အားလုံးသည် အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများ ဖြစ်ကြပြီး၊ အင်မော်တယ်ကမ္ဘာတွင် လေနှင့်မိုးကိုပင် ခေါ်ဆောင်နိုင်သော်လည်း၊ သူတို့သည် နတ်ဘုရားကမ္ဘာ အဝင်တံခါးဝသို့ ဖြတ်သန်းသွားသည်နှင့် တပြိုင်နက်၊ သူတို့၏ ဘုန်းအသရေအားလုံးကို ပျက်ဆီးသွားပါလိမ့်မည်။ နောက်ဆုံးတော့၊ နတ်ဘုရား ကမ္ဘာမှာ သူတို့ထက် ပိုအားကောင်းသည့် လူတွေ အမြောက်အများ ရှိနေပါသည်။

"ဆရာကြီး၊ စီနီယာ စည်သူ သွားကြရအောင်" ချင်ယွင်က ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီအား စိတ်လှုပ်ရှားမှုနှင့်အတူ စိတ်ဓာတ်တက်ကြွနေသည့် အရိပ်မြွက်များ သယ်ဆောင်ထားသည့် အသံဖြင့် ပြောလိုက်ပါသည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ကြပြီး၊ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေကြပါသည်။

သူတို့သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ကြသော မွန်းစတားအိုကြီးများ ဖြစ်လျှင်ပင်၊ ကြီးမြတ်လှသော နတ်ဘုရားကမ္ဘာကို ရင်ဆိုင်ရသောအခါတွင်, သူတို့၏ စိတ်အခြေအနေ သည် လွှမ်းမိုးမူမရှိမဟုတ် ရှိနေခဲ့သည်။

ထို့နောက် ချင်ယွင်နှင့် အခြားလူများသည် နတ်ဘုရားကမ္ဘာ အဝင်တံခါးဆီသို့ လျှောက်သွားကြသည်။

ချင်ယွင်နှင့် အခြားလူများသည် နတ်ဘုရားကမ္ဘာ အဝင်တံခါးသို့ ချဉ်းကပ်သောအခါ၊ သူတို့သည် နတ်ဘုရားကမ္ဘာ အဝင်တံခါးမှ ထွက်ပေါ်လာသည့် အနှိုင်းမဲ့ အစွမ်းထက်သော စုပ်ယူခြင်း စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထို့နောက် သူတို့၏ မျက်လုံးများ မည်းမှောင်သွားကာ သူတို့လည်း ပျောက်ကွယ်သွားခဲ့သည်။

ရှေးဟောင်း ဖင်းဂေါ့ဂ်ကြီးသည် ချင်ယွင်နှင့်အခြားလူများ ပျောက်ကွယ်သွားခဲ့သည့် နေရာကို ကြည့်နေရင်း၊ ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ သူ၏မျက်လုံးများတွင် ရေလှိုင်းတစ်ခု ပေါ်လာပါသည်။

"စိတ်ဝင်စားစရာပဲ။ သူကျင့်ကြံတာ နှစ်တစ်ရာမပြည့်ခင်မှာပဲ, သူက နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ နတ်ဘုရားကမ္ဘာမှာတောင် ဒီလို ပါရမီအရည်အချင်းမျိုးက အထွတ်အထိပ်ပဲ။ ဒါ့အပြင်, လူသားတစ်ယောက်က ငါတို့ဖင်းဂေါ့ဂ်မျိုးနွယ်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့တယ်။" ဧရာမဖင်းဂေါ့ဂ်ကြီးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူသည် ချင်ယွင်ကို ဟိုတချိန်တုန်းက သူ နှင်ထုတ်ခဲ့သည့် စိတ်ဝိညာဉ်ပိုင်ရှင်အဖြစ် သဘာဝကျကျ မှတ်မိသည်။ မူလက ၎င်းကို အလေးအနက် မထားသော်လည်း ချင်ယွင်ကို သေချာစုံစမ်းပြီးနောက်တွင် သူ၏ရှေ့ရှိ ဤလူသား ကောင်စုတ်လေးသည် ထူးထူးခြားခြား ဖြစ်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။

"ကြည့်ရတာ, နတ်ဘုရားကမ္ဘာကတော့ လှုပ်ရှားမှုတွေနဲ့အတူ စည်ကားနေမယ့်ပုံပဲ။ လူသားလေး၊ မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်။" ဖင်းဂေါ့ဂ်ကြီးသည် ဝင်းလက် တောက်ပသော အကြည့်ဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် ကြီးမားသော ဧရာမရုပ်အသွင်ကြီးသည် ယခင်ကကဲ့သို့ ရုတ်တရက် ပေါ်လာပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသကဲ့သို့ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

…

ချင်ယွင်နှင့်အခြားလူများသည် နတ်ဘုရားကမ္ဘာ အဝင်တံခါးကို ဖြတ်သန်းလာပြီးနောက်, သူတို့သည် မြင့်မြတ်သော နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာကြသည်။

သို့သော် ချင်ယွင်နှင့် အခြားလူများသည် နတ်ဘုရားကမ္ဘာတွင် ပေါ်လာသည့်အခိုက်မှာပင်, သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြရသည်။

ကီလိုမီတာ သောင်းနှင့်ချီ၍ ဝေးကွာသောအရပ်မှာ ကြီးမားလှသော ဧရာမ အနက်ရောင် တောင်ကြီးသည် ပေပေါင်း ရာထောင်ချီမြင့်သော တောင်ကြီးတစ်ခု၏ ထိပ်အပေါ်တွင် ရစ်ပတ်ထားသည်။ ၎င်း၏ကြီးမားသော ကိုယ်ထည်ကြီးသည် တောင်ကြီးကို ဒါဇင်ထက် မနည်းကို ကြိမ်ဖန်များစွာ ရစ်ပတ်ထားပြီး၊ တောင်တန်းတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထား သည်။ (အမှန်တော့ တောင်ကြီးမဟုတ်ပါ။ တောင်ကြီးသဖွယ် တင်စားပြီး ရေးသားဟန် တူပါသည်)။

အကယ်၍ ဤကြီးမားသော အနက်ရောင် အစင်းကြောင်းကြီးကို ဖြည်လိုက်မည်ဆိုပါက ချင်ယွင် သေချာပါသည်။ ၎င်းသည် ပေပေါင်း သောင်းနှင့်ချီ၍ ရှည်လျားပါလိမ့်မည်။

နေရောင်အောက်တွင်၊ အနက်ရောင် နတ်တောင်ကြီး၏ ကြေးခွံများသည် အနှိုင်းမဲ့ နက်မှောင်သော အလင်းအရောင်ဖြင့် ဝင်းလက်တောက်ပနေကာ ပြိုင်ဘက်ကင်း ခံစားချက်ကို ပေးစွမ်းသည်။

၎င်း၏ဦးထိပ်ပေါ်တွင် ချင်ယွင် မြင်ဖူးသည့် ဦးချိုများကဲ့သို့ပင် ဦးချိုတစ်စုံ ပါရှိနေသော် လည်း၊ ၎င်း၏အငွေ့အသက်သည် ချင်ယွင် မြင်ဖူးသမျှ ဧရာမနဂါးကြီးထက်ပင် ပို၍ပင် ကြောက်စရာကောင်းပါသည်။

ချင်ယွင်နှင့် အခြားလူများသည် ကီလိုမီတာတစ်သောင်းအကွာမှပင် ပြင်းထန်သော ဖိအားကို ခံစားခဲ့ရသည်။

"ဒါက နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးပဲ။ ငါ ရှေးဟောင်း စာအုပ်ထဲမှာ သူ့အကြောင်း ဖတ်ဖူးတယ်။ နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားသားရဲတစ်ကောင် တကယ်ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" စည်သူဝူဒီက စိတ်လှုပ်ရှားစွာ မပြောဘဲ မနေနိုင်ခဲ့ပေ။

ရှေးဟောင်းတာအိုနှင့် အခြားလူများလည်း အလွန်မင်း အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်ထားကြသည်။ ထင်ရှားသည်မှာ, သူတို့အနေဖြင့် ဤသည်မှာ နတ်ဘုရားသားရဲ တစ်ကောင်ကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်ပါသည်။

ကံကောင်းစွာဖြင့်, ချင်ယွင် အလှည့်ရောက်လာသည်။ သူသည် နတ်ဘုရားကမ္ဘာ၏ နေရာတိုင်းတွင် နတ်သားဘုရားရဲများ ရှိနေကြောင်းကို ဝိညာဉ်နတ်ဘုရားမ၏ နှုတ်တော်မှ ပြောဆိုခဲ့သည်ကို ကြာမြင့်စွာကတည်းက လေ့လာကြားသိခဲ့ဖူးသည်။

သို့သော်၊ သူတို့သည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ဝင်ချင်းမှာပင်, ဤမျှ ကြောက်စရာကောင်း သော နတ်ဘုရားသားရဲတစ်ကောင်နှင့် တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဝိညာဉ်နတ်ဘုရားမ ပြောဆိုဖူးသည့်အတိုင်းဆိုလျှင်၊ နတ်ဘုရားသားရဲများသည် သဘာဝ အလျောက် နတ်ဘုရားသားရဲများ ဖြစ်လာနိုင်သည်။ အချို့ အစွမ်းထက်သည့် နတ်ဘုရား သားရဲများသည် အရွယ်ပြီးနောက်တွင် မြေကမ္ဘာနတ်ဘုရားများ သို့မဟုတ် ကောင်းကင် နတ်ဘုရားများပင် ဖြစ်လာနိုင်သည်။ သို့ရာတွင်၊ နောက်ဆုံးနှစ်ခုသည် အလွန့်လွန် ရှားပါးလွန်းသည်။

သူ၏ရှေ့မှ နတ်ဘုရားသားရဲကြီးသည် အရွယ်ရောက်ခါနီး ဖြစ်သည်နေမှာ ထင်ရှားပါ သည်။ ၎င်းသည် ကြယ်နတ်ဘုရားနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။ သို့တိုင်အောင် ဤအဆင့်ရှိ နတ်ဘုရားသားရဲသည် ချင်ယွင်နှင့် အခြားသူများ ခုခံနိုင်သည့် အရာမဟုတ်ပေ။

ကံကောင်းထောက်မစွာ၊ ဧရာမမြွေနက်ကြီးသည် ချင်ယွင်နှင့် အခြားသူများကို စိုက်မကြည့်ဘဲ အခြားဘက်သို့ စိုက်ကြည့်နေသည်။

ချင်ယွင်နှင့် အခြားလူများသည် မြွေနက်ကြီး စိုက်ကြည့်နေသည့် လမ်းကြောင်းအတိုင်း အကြည့်ရောက်သွားကြသည်။ အနက်ရောင်ဆံပင်နှင့် ဓားနက်ကိုင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေထဲတွင် ရပ်လျက် နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးဆီ မျက်နှာမူနေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုသူသည် ပညာကြီးမားပြီး၊ မြင့်မြတ်ထည်ဝါသည်။ သူ၏ ခန္ဓာကိုယ်သည် နှိုင်ယှဉ်၍ မရအောင် အစွမ်းထက်သည့် နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်ထားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားနှင့်တူ၏။ ယင်းက လူတစ်ဦးတစ်ယောက်ကို သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုကို အထိန်းကွပ်မဲ့ ခံစားရစေသည်။

"ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၊ တကယ်ကို ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပဲ။" ချင်ယွင်က အံ့သြတကြီး ရေရွတ်လိုက်ပြီး၊ သူ၏မျက်နှာက အံ့သြခြင်းများ ပြည့်နှက်နေခဲ့သည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း ထိတ်လန့်သွားကြသည်။

နတ်ဘုရားကမ္ဘာ၏ ကြီးမားပြင်းထန်သော မြေဆွဲငင်အားအောက်တွင်၊ ထိုလူသည် ကြယ်နတ်ဘုရား နယ်ပယ်သို့ မရောက်ရှိခဲ့ပါက၊ လေဟာနယ်ထဲတွင် အချိန်အကြာကြီး ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိ ချင်ယွင်ပင်လျှင် လေထဲမှာ အသက်ရှုသွင်းရုံ ဒါဇင်အနည်းငယ်မျှပင် ခံနိုင်ရည်ရှိ မည် မဟုတ်ပေ။ ထို့ကြောင့်၊ လေထဲတွင် အေးအေးဆေးဆေး ရပ်တည်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်ရလိမ့်မည်။

"သူက ဒီဘုရားနတ်သားရဲ အရိုင်းစိုင်း စပါးအုံးမြွေကြီးနဲ့ တိုက်ခိုက်တော့မှာလား?။" ချင်ယွင်သည် သူ၏စိတ်နှလုံးထဲမှ မှန်းဆလိုက်သည်။ အဝေးမှာ လူတစ်ယောက်နှင့် မြွေတစ်ကောင်တို့ ထိပ်တိုက်တွေ့နေသည်ကို ကြည့်လိုက်ရင်း, သူ၏မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်တွေ ပေါ်လာပါသည်။

All Chapters