← Chapters

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း (၁၁၁၇) နတ်ဘုရားအဆင့် ယှဉ်ပြိုင်တိုက်ခိုက်မူ။

ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဖြစ်သော်လည်း၊ အစစ်အမှန် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် မည်သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို သူ မသိသေးပါ။

ထို့ကြောင့် ချင်ယွင်သည် ဓားကိုင်ထားသော အနက်ရောင်ဆံပင်ပိုင်ရှင် အမျိုးသားနှင့် နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးတို့အကြား တိုက်ပွဲကို စောင့်မျှော်နေခဲ့သည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့သည်လည်း အဝေးမှ လူတစ်ဦးနှင့် မြွေတစ်ကောင်ကို မမှိတ်မလှုပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။ သေချာသည်မှာ, သူတို့လည်း ယခုလိုတိုက်ပွဲမျိုးကို စောင့်မျှော်နေခဲ့သည်မှာ ထင်ရှားပါသည်။

"ရွှီး….."

ထိုအချိန်တွင် နတ်တောင်ကြီးကို ရစ်ပတ်နေသော ဧရာမမြွေကြီးသည် ရုတ်တရက် ၎င်း၏ ပါးစပ်ကြီးကို ဖွင့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ အနှိုင်းမဲ့ အားပြင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဟိန်းဟောက်သံလဲ။" ချင်ယွင်က စိတ်ထဲမှာ မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။

ယခုလေးတင် နတ်ဘုရားသားရဲကြီး၏ ဟိန်းဟောက်သံသည် သူ၏ နားစည်များကို ပြင်းထန်စွာ လှုပ်ခါသွားစေပြီး၊ သူ၏ဦးခေါင်းပင် ပေါက်ကွဲတော့မည်ဟု ခံစားရလေသည်။

ချင်ယွင်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသားဆီကို မကြည့်နိုင်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လှံတစ်ချောင်းကဲ့သို့ လေထဲတွင် ဖြောင်မတ်စွာ ရပ်တန့်နေကာ၊ ထိုစွမ်းအင်မုန်တိုင်းက သူ့ကို လုံးဝ မထိခိုက်စေခဲ့ပေ။

ထိုလူ၏ခါးသည် ဖြောင့်စင်းနေပြီး၊ တောင်ကြီးကဲ့သို့ တည်ငြိမ်ကာ၊ သူ၏ မျက်လုံးများက ကြယ်ရောင်ကောင်းကင်ကဲ့သို့ နက်ရှိုင်းနေသည်။

စွမ်းအင်မုန်တိုင်းက သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပြီး၊ သူ၏ဆံပင်နှင့်၊ ဝတ်ရုံသည်ပင် တဖျပ်ဖျပ်ခတ်ကာ လွင့်မျောနေသော်လည်း၊ သူ၏ရုပ်အသွင်က လေထဲတွင် သံမှိုဖြင့် ရိုက်နှက်ထားသည့်အလား မလှုပ်မယှက် ဖြစ်နေပုံရပါသည်။

ချင်ယွင် အလွန်မင်း အံ့သြမိသည်။ သူ ထိုကဲ့သို့ သေချာပေါက် မလုပ်နိုင်ဟု သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။ ဤမျှဖြင့်ပင် ချင်ယွင်သည် သူ၏ရှေ့မှ လူကို စိတ်ရင်းမှန်ဖြင့် လေစားမိသည်။

"ဟစ်!"

ဤအခိုက်အတန့်တွင် နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်ရန် အစပြုလာခဲ့သည်။

သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ ဆန့်တမ်းလာခဲ့ပြီး၊ အနက်ရောင် အကြေးခွံများသည် နတ်တောင်ပေါ်ရှိ ကျောက်ဆောင်များနှင့် ပွတ်တိုက်သွားကာ၊ သည်းထိတ်ရင်ဖိုအသံနှင့်အတူ နားထဲယားကျိကျိအသံကို ထွက်ပေါ်စေသည်။

သို့သော် ၎င်း၏အရှိန်ဟုန်သည် အလွန်မင်း မြန်ဆန်လွန်းသည်။ သူ့ခန္ဓာကိုယ်၏ ဖျတ်ခနဲ့ လင်းလက်မူနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ဆန့်ထုတ်ပြီး ကောင်းကင်ယံမှ ဆံပင်အနက်ရောင်နှင့် လူသားဆီကို လှမ်းကိုက်လိုက်သည်။

ကြီးမားလှသော သွေးနီရောင် ပါးစပ်ကြီးသည် တွင်းနက်ကြီးတစ်ခုလိုဖြစ်နေပြီး၊ ၎င်းသည် တစ်ကြိမ်ကိုက်လျှင် နတ်တောင်၏ထက်ဝက်ကျော်ကိုပင် မျိုချနိုင်သည်ဟု ခန့်မှန်းရသည်။

နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးသည် ဆံပင်အနက်ရောင်လူကို မျိုချတော့မည်ကို ကြည့်နေစဉ်မှာ, ဆံပင်အနက်ရောင်လူက ရုတ်တရက် လှုပ်ရှားသွားသည်။ ဖျတ်ခနဲ လင်းလက်မူနှင့်အတူ, သူသည် ဧရာမမြွေနက်ကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း ဘေးတစ်ဖက်တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။

"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ.." ချင်ယွင်က မအော်ဘဲ မနေနိုင်ခဲ့ပေ။

အစောပိုင်းက ဆံပင်အနက်ရောင် အမျိုသား မည်သို့ လှုပ်ရှားသွားမှန်းတောင် သူ မသိလိုက်ပါဘူး။ သူသည် နောက်ကွယ်မှ အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး၊ ဆံပင်အနက်ရောင်လူသည် ဘေးတဖက်တွင် ပေါ်လာသည်။

"အရမ်းကို သန်မာတယ်။ ငါ အမှောင်ထုစွမ်းအင်ကို ထုတ်သုံးရင်တောင် ဒီလူရဲ့ပြိုင်ဘက် မဖြစ်မှာ ငါ ကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ မှန်းဆလိုက်သည်။

မူလက သူသည် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်ရန်အတွက် အမှောင်ထုစွမ်းအင်ကို သုံးနိုင်မည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုအခါ၊ သူသည် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို အလွန်အမင်း လျှော့တွက်ထားပုံရသည်။

သူ၏ရှေ့မှ ကြယ်နတ်ဘုရားနယ်ပယ် ထိုအမြန်နှုန်းဖြင့်ပင် သူ့ကို ချက်ခြင်း သတ်ပစ်နိုင် ပြီး၊ သူ့အနေဖြင့် တိုက်ခိုက်ရန် အခွင့်အရေးတောင် ရှိမှာမဟုတ်ပါဘူး။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့သည် ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ထားသည်။ သေချာသည်မှာ ဆံပင်အနက်ရောင် အမျိုးသား၏ အရှိန်ဟုန် ကြောင့် သူတို့လည်း ထိတ်လန့်သွားကြသည်။

"နတ်ဆိုးသားရဲကြီး၊ သေလိုက်တော့..”။

ထိုအခိုက်တွင် ဆံပင်အနက်ရောင်နှင့် အမျိုးသားက ရုတ်တရက် စကားပြောလာသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် အလွန်မင်း ထက်ရှလာခဲ့ပြီး သူ၏လက်ထဲမှ အနက်ရောင် သံမဏိဓားက ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ထုတ်လွှတ်လိုက် သည်။

ထိုမှသာလျှင် ချင်ယွင်နှင့် အခြားလူများသည် ဆံပင်အနက်ရောင်နှင့်လူ၏ လက်ထဲမှ အနက်ရောင် ဓားရှည်သည် နတ်ဘုရားပစ္စည်းတစ်ခုဘဲ, သေမျိုးကမ္ဘာရှိ သာမာန် နက်နဲသိမ်မွေ့ သံမဏိဓားတစ်လက်ဖြစ်ကြောင်း သိမြင်လာကြသည်။

ချင်ယွင်ကို မပြောဘဲ၊ သာမန် အစစ်အမှန် အင်မော်တယ်များပင်လျှင်, ထိုအနက်ရောင် သံမဏိဓားကို လက်နှစ်ချောင်းဖြင့် ချေမွပစ်နိုင်သည်။ သို့သော်၊ ထိုသံမဏိဓားသည် ဆံပင်အနက်ရောင်နှင့်လူ၏ လက်ထဲတွင် နတ်ဘုရားပစ္စည်းထက်ပင် ပို၍ ကြောက်စရာ ကောင်းနေပါသည်။

"သူက ဒီနတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးကို သတ်ရန်အတွက် ဒီဓားကိုသုံးဖို့ စီစဉ်နေ တာလား။" စည်သူဝူဒီက အံ့အားသင့်သွားပြီး သူ၏မျက်နှာ မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေသည်။

"ဒါက ပျက်စီးယိုယွင်းမှုရဲ့ ဒဏ္ဍာရီဆန်ဆန် မှော်ဆန်တဲ့အသွင်ပြောင်းခြင်းမျိုး ဖြစ်နိုင် တယ်။ ထိပ်တန်းကျွမ်းကျင်သူတွေဟာ ပန်းပွင့်လေး မြက်ပင်တွေကိုတောင် ဓားတွေအဖြစ် အသုံးပြုနိုင်ပြီး၊ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေကိုတောင် သတ်ပစ်နိုင်တယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုထားကြတယ်။" ရှေးဟောင်းတာအိုက လေးနက်သော အမူအရာဖြင့် ပြောလိုက်ပြီး, ဆံပင်အနက်ရောင်နှင့်လူကို စူးစူးစိုက်စိုက် ကြည့်ကာ ရိုသေလေးစားမှု အပြည့်ရှိနေသည်။

သူကိုယ်တိုင် ဓားသမားတစ်ဦး ဖြစ်သောကြောင့်၊ ဓားသမားကို သူ့နှလုံးသား၏ အောက်ခြေကနေ သဘာဝအတိုင်း လေးစားသဘောကျပါသည်။ သေချာသည်မှာ ဤဆံပင်အနက်ရောင်နှင့် အမျိုးသား၏ ဓားအပေါ်နားလည်မူသည် သူ့ထက် သာလွန်နေ ပါသည်။

နတ်ဘုရားသားရဲ တစ်ကောင်ကို သတ်ရန် သေမျိုးဓားတစ်ချောင်းကို အသုံးပြုခြင်းလား? ။ ချင်ယွင်လည်း အံ့အားသင့်သွားခဲ့သည်။

သူ၏အမြင်အရဆို, ဤအရာက အမှန်တကယ် မဖြစ်နိုင်ပါဘူး။

သေမျိုးဓားကို မဆိုထားနှင့်၊ အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ဓားနှင့် ဖရိုရဲ ကောင်းကင်ရတနာများပင်လျှင် နတ်ဘုရားသားရဲတစ်ကောင်၏ အကြေးခွံများကိုပင် ချိုးဖြတ်၍ မရနိုင်လောက်ပေ။ အခု သေမျိုးဓားတစ်ချောင်းကို အသုံးပြုပြီး၊ နတ်ဘုရားသားရဲတစ်ကောင်ကို သတ်ချင်နေသည်လား?။

ဟုတ်ပါသည်၊ ချင်ယွင်ကို စိတ်ရှုပ်ထွေးစေသည့်အရာက ဆံပင်အနက်ရောင်နှင့်လူ၏ နတ်ဘုရားတန်ခိုးသည် အနက်ရောင် သံမဏိဓားထဲသို့ သွန်းလောင်းထည့်လိုက်ပါလျှက်, အနက်ရောင် သံမဏိဓားသည် အဘယ့်ကြောင့် အစိပ်စိပ်မွှာမွှာ ကျိုးပဲ့ပျက်ဆီးသွားခြင်း မရှိရပါသနည်း? ဆိုသည့် အကြောင်းပါ။

သာမာန် သိမ်မွေ့နက်နဲ သံမဏိဓားများကို မဆိုထားနှင့်, အကြီးမြတ်ဆုံးအဆင့် အင်မော်တယ် ပစ္စည်းများပင်လျှင်, နတ်ဘုရား တန်ခိုးကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားကို ခံနိုင်ရည်မရှိနိုင်သည်ကို သိထားရလိမ့်မည်။

"ရွှီး….."

နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးက ဒေါသတကြီး ဟိန်းဟောက်သည်။

နတ်ဘုရားသားရဲတို့ပင်လျှင် နတ်ဘုရားသားရဲတို့၏ မာန်မာနရှိကြပါသည်။ ဤလူသားက သူ့ကို သေမျိုးဓားတစ်လက်ဖြင့် သတ်ဖြတ်ချင်နေခဲ့သည်။ ဤအရာက သူ့အတွက် စော်ကားမှုတစ်ခုပင်။ နတ်ဘုရားသားရဲ တစ်ယောက်အနေဖြင့်, သူ မည်သို့ သည်းခံနိုင်မည် နည်း?။

ထို့ကြောင့် နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီးသည် နောက်တစ်ကြိမ် ပျံထွက်သွားပြီး ဆံပင်အနက်ရောင်နှင့် လူကို ထပ်မံကိုက်ရန် ၎င်း၏ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်သည်။

သူ၏ပါးစပ်ထဲမှ ကြောက်မက်ဖွယ် နတ်ဘုရားတန်ခိုးများပါဝင်နေသည့် အေးစက်စက် အပြာရောင် နတ်ဘုရားတန်ခိုး အလင်းတိုင်လုံးတစ်ခုကို ထွေးထုတ်လိုက်ပါသည်။

အလင်းတိုင်လုံး၏ စွမ်းအားသည် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ချင်ယွင်နှင့် အခြားလူများ အားလုံး ထိတ်လန့်သွားကြသည်။ အကယ်၍, သူတို့သာ ဤနတ်ဘုရားတန်ခိုး တိုင်လုံးဖြင့် ထိမှန်ခံရပါလျှင်, သူတို့အနေဖြင့် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိဟု သူတို့ သေချာပေါက် သိကြသည်။

သို့သော် ယခုတစ်ကြိမ်မှာလည်း ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် ရှောင်တိမ်းသွား ခြင်း မရှိခဲ့ပေ။ ယင်းအစား, သူ၏မျက်လုံးများသည် ပြင်းထန်သည့် အလင်းရောင်တွေနှင့် ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏လက်ထဲမှာ အချိန်အတော်ကြာ စုပ်ကိုင်ထားသည့် ဓားက ထိုအချိန်မှာပင်, မည်သည့် ထိန်းချုပ်မူမှမရှိဘဲ ခုတ်ပိုင်းသွားခဲ့ပါသည်။

ဆန်းကြယ်သော လှုပ်ရှားမှုမျိုး မရှိခဲ့သလို၊ အနှိုင်းမဲ့ လှပသော ဓားအလင်းလည်း မရှိခဲ့ပေ။

ထက်ရှသော အနက်ရောင် ဓားပုံစံအလင်းတန်းတစ်ခုသာ ရှိခဲ့ပြီး၊ ထိုဓားအလင်းသည် လည်း ကြီးမားခြင်း မရှိပေ။ ၎င်းသည် ဆယ်ကျန်းသာသာလောက်သာ ရှိခဲ့သော်လည်း၊ ၎င်းတွင် ပါရှိသော ဓားစွမ်းအားက ချင်ယွင်နှင့် အခြားလူများကို အသက်ရှူကြပ်စေခဲ့ သည်။

"ဖျန်း….။"

အနက်ရောင် ဓားအလင်းက ဧရာမမြွေနက်ကြီး ထွေးထုတ်လိုက်သော အေးခဲပြာရောင် အလင်းတိုင်လုံးကို ချက်ချင်းပင် နှစ်ခြမ်းခွဲကာ လေထဲတွင် တိုက်ရိုက် လွင့်စင်သွားခဲ့သည်။

သို့သော် အနက်ရောင် ဓားအလင်းသည် ရပ်တန့်သွားခြင်း မရှိသေးဘဲ၊ အဆုံးတွင် ၎င်းသည် ဧရာမ နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီး ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

အနက်ရောင် ဓားအလင်းသည် ဧရာမမြွေနက်ကြီးကို ထိမှန်လိုက်သည့်အခိုက်တွင်၊ ရှေးဟောင်း ဖရိုဖရဲ ရတနာများ ချက်ခြင်း ကွဲအက်သွားပုံရသည့်အလား ဧရာမ မြွေနက်ကြီး၏ အနက်ရောင် အကြေးခွံများသည် ချက်ချင်း အက်ကွဲသွားပါသည်။

ထို့နောက် ချင်ယွင်နှင့် အခြားလူများကို ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ ခဲ့သည်။ အနက်ရောင် ဓားအလင်းက နတ်ဘုရားသားရဲ ဧရာမမြွေနက်ကြီး၏ ခန္ဓာကိုယ်ကို ထက်ဝက် ခွဲခြမ်းလိုက်သည် ။

ဓားအလင်းတွင်ပါရှိသော အဖျက်စွမ်းအားသည် ဧရာမမြွေနက်ကြီး၏ နတ်ဘုရား ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးကို တိုက်ရိုက်ကွဲကြေသွားကာ သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကိုပင် အလွတ်မပေးခဲ့ပေ။

ဒေါင်!

ဧရာမမြွေနက်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး၊ မြေပြင်ပေါ်သို့ လေးလံစွာ ပစ်ကျသွားခဲ့သည်။

သို့သော် ချင်ယွင်နှင့် အခြားသူများသည် ထိုနေရာတွင် ကြောင်တက်တက်ဖြင့် ရပ်နေကြပြီး၊ သူတို့၏ မျက်လုံးများသည် တုနှိုင်းမရအောင်ပင် တုန်လှုပ်ခြောက်ခြားနေ သည့် အမူအရာ ပေါ်လွင်နေသည်။

"သူက နတ်ဘုရားသားရဲ တစ်ကောင်ကို သတ်ဖြတ်ဖို့အတွက် သေမျိုးဓားတစ်ချောင်းကို တကယ် အသုံးပြုခဲ့တယ်" ချင်ယွင်က သူ့ကိုယ်သူ သူ၏စိတ်ထဲမှာ ရေရွတ်လိုက်မိသည်။

အကယ်၍, သူ၏မျက်စိဖြင့်သာ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ပါက, ချင်ယွင်သည် ဤအရာအားလုံးက အမှန်တရားဆိုသည်ကို မည်သည့်အခါမှ ယုံကြည်မှာ မဟုတ်ပါဘူး။

သူတို့ရှေ့မှ ဆံပင်အနက်ရောင်နှင့် အမျိုးသား၏ စွမ်းအားသည် သူတို့၏ စိတ်ကူးနိုင်စွမ်း ထက် ကျော်လွန်နေသည်ဟု ဆိုနိုင်ပါသည်။ ချင်ယွင်သည် သူ၏နည်းလမ်းအားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင်ပင်, သူ့အတွက် ပြိုင်ဘက် ဖြစ်ကောင်းမှဖြစ်ပါလိမ့်မည်။

ဘန်း…။

သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်မှ ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် ချင်ယွင်နှင့် အခြားလူများဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်ခုက သူ၏ အနက်ရောင် မျက်လုံးများတွင် တောက်ပလာသည်။

ချင်ယွင်နှင့် အခြားသူများ၏ ကျောပြင်များသည် ချက်ချင်းပင် အေးစိမ့်လာပြီး၊ ပေတစ်သောင်းရှိ ရေခဲလွင်ပြင်ထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပါသည်။

All Chapters