အခန်း ၁၁၁၈
Vol. 75 Ch. 1118
အခန်း (၁၁၁၈) နတ်ဘုရားကမ္ဘာရှိ ဝူဝမ်တောင်တန်း။
"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်လဲ..။ အကြည့်တစ်ချက်နဲ့တင် ငါ့စိတ်ဝိညာဉ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ဒါက ကြယ်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားပဲလား။" ချင်ယွင်သည် သူ့ကိုယ်သူ ထိတ်လန့်တကြား ရေရွတ်လိုက်ရင်း၊ သူ၏စိတ်ထဲတွင် ဤဆံပင်အနက်ရောင်နှင့်လူကို ပို၍ပင် ကြောက်လာ သည်။
ယခုအချိန်တွင်၊ သူသည် အမှောင်ထုစွမ်းအင်ကို အသုံးပြုထားလျှင်ပင် ဤဆံပင် အနက်ရောင်နှင့် အမျိုးသားနှင့် ပြိုင်ဘက်ဖြစ်မည်မဟုတ်ကြောင်း သေချာသွားပါသည်။
ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့၏မျက်လုံးများသည်လည်း သတိအပြည့်နှင့် ရှိကြနေသည်။ သေချာသည်မှာ ဤဆံပင်အနက်ရောင်နှင့် အမျိုးသားထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို သူတို့လည်း ခံစားခဲ့ရသည်မှာ ထင်ရှားပါသည်။
"မင်းတို့က ဘယ်သူတွေလဲ?။ မင်းတို့က ဘာလို့ ဒီလိုလာပြီး ချောင်းကြည့်နေတာလဲ?" ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်တန့်တွင်, ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် ကီလိုမီတာ တစ်သောင်း အကွာမှ ရှိနေပါသည်။ သို့သော် နောက်အခိုက်အတန့်တွင် ချင်ယွင်နှင့် အခြားလူများ၏ ရှေ့တွင် သူ၏ရုပ်အသွင်က ထူးထူးခြားခြား ပေါ်လာပါသည်။ သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသောကြောင့် ချင်ယွင်သည် သူ မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် မမြင်နိုင်ခဲ့ပါဘူး။
ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် ချင်ယွင်နှင့် အခြားသူများကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"စီနီယာ..၊ ကျွန်တော်တို့က အင်မော်တယ်ကမ္ဘာကနေ နတ်ဘုရားကမ္ဘာကို ရောက်လာကြ တာပါ။ နတ်ဘုရားကမ္ဘာ ဝင်ပေါက်ကို ဖြတ်ပြီး ဒီနေရာကို တည်နေရာရွှေ့ပြောင်းခြင်း ခံလိုက်ရတာပါ။" ချင်ယွင်က လေးလေးစားစား ပြန်ပြောသည်။
ဆံပင်အနက်ရောင်နှင့် အမျိုးသား၏ အငွေ့အသက်သည် အလွန်ပြင်းထန်ပြီး သူတို့ကို ပြင်းထန်သော ဖိအားများပေးသော်လည်း ချင်ယွင်နှင့် အခြားလူများသည် ထိုဆံပင် အနက်ရောင်နှင့် အမျိုးသားထံမှ မည်သည့်သတ်ဖြတ်လိုသည့်ဆန္ဒကိုမှ မခံစားရပေ။ ထို့ကြောင့်၊ ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် သတိထားရုံသာ ဖြစ်နိုင်ပြီး၊ သူတို့အပေါ် အမှန်တကယ် ရန်ငြိုးထားခြင်းမရှိဟု သူတို့ ယူဆကြသည်။
"အင်မော်တယ်ကမ္ဘာကနေ တက်လှမ်းလာကြတာလား?" ဆံပင်အနက်ရောင်နှင့် အမျိုးသားသည် ချင်ယွင်၏ စကားကို ကြားပြီးနောက် အံ့သြမှု အရိပ်အယောင် ပေါ်လာ သည်။
သူသည် ချင်ယွင်နှင့် အခြားလူများကို သေသေချာချာ စစ်ဆေးပြီးနောက်၊ ဤတစ်ကြိမ် တွင် သူသည် ခေါင်းညိတ်လိုက်သည်။
"ငါ့နာမည်က ချူယွန်ပါ။ မင်းတို့အားလုံးလိုပဲ ငါလည်း အင်မော်တယ်ကမ္ဘာကနေ တက်လှမ်းလာသူပါပဲ။ ဒါပေမယ့် ငါက လွန်ခဲ့တဲ့ အနှစ် ၁၀၀၀၀ ကတည်းက နတ်ဘုရား ကမ္ဘာကို ရောက်ရှိနေပြီ။ မင်းကိုတွေ့တာနဲ့ အတိတ်ကိုတောင် ပြန်သတိရမိတယ်။" ဆံပင်အနက်ရောင်နှင့် အမျိုးသားက သ်၏လက်ထဲမှ သံမဏိဓားကို ဖယ်ရှားလိုက်ပြီး ချင်ယွင်နှင့် အခြားလူများကို ပြုံးပြလိုက်သည်။ သူ၏လေသံက ရည်မွန်လာသည်။
ချင်ယွင်နှင့် အခြားလူများလည်း သက်ပြင်းကိုယ်စီချကာ သူတို့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာကြသည်။
ဤဆံပင်အနက်ရောင်နှင့် အမျိုးသားသည် အင်မော်တယ်ကမ္ဘာကနေ တက်လှမ်းလာသူ တစ်ယောက်ဟု သူတို့အနေဖြင့် အမှန်တကယ် မမျှော်လင့်ထားခဲ့ပါဘူး။ ယင်းကြောင့် ၎င်းတို့ကြားရှိ အကွာအဝေးသည် ချက်ချင်း တိုတောင်းလာခဲ့သည်။
"မင်္ဂလာပါ, စီနီယာ ချူယွန်၊ ကျွန်တော်က ချင်ယွင်ပါ။ ဒါက ကျွန်တော့်ဆရာ ရှေးဟောင်းတာအိုနဲ့၊ စီနီယာ စည်သူဝူဒီကတော့ ကျွန်တော်တို့ အကယ်ဒမီရဲ့ ဌာနမှူးပါ။" ချင်ယွင်က ချူယွန်ကို မိတ်ဆက်ပေးသည်။
ချူယွန်က ခေါင်းညိတ်ပြီး ပြောသည် "လူတိုင်းက အင်မော်တယ်ကမ္ဘာကနေ တက်လှမ်း လာကြပြီဆိုတော့ ဒီနေရာမှာ ထုံတမ်းစဉ်လာတွေ မလိုအပ်တော့ပါဘူး။ နတ်ဘုရား ကမ္ဘာမှာတော့ အသက်ဘယ်လောက်ပဲကြီးကြီး ညီအစ်ကိုတွေလိုပဲ တစ်ယောက်နဲ့ တစ်ယောက် စကားပြောလေ့ ရှိကြတယ်။ မင်းတို့က ငါ့ကို ညီအစ်ကိုချူလို့ပဲ ခေါ်လို့ရ ပါတယ်။"
"အစ်ကို ချူယွန်" ချင်ယွင်နှင့် အခြား သုံးဦးတို့သည် တစ်ချိန်တည်းတွင် တစ်ယောက်ကို တစ်ယောက် စကားပြော မိတ်ဆက်ကြသည်။
ယေဘုယျအားဖြင့်ပြောရလျှင်၊ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် အလွန် အသက်ကြီးကြပါသည်။ ၎င်းတို့သည် သက်တမ်းအားဖြင့် နှစ်သောင်းချီ သို့မဟုတ် နှစ်သိန်းချီ သက်တမ်းရှိခဲ့ကြပါသည်။ သူတို့၏ အသက်ကို ဆုံးဖြတ်ရ ခက်ခဲလှသည်။ ထို့ကြောင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် အချင်းချင်း ညီအစ်ကိုများဟု ရိုးရိုးရှင်းရှင်း ခေါ်ဆိုကြသည်။ ထို့ကြောင့်၊ သူတို့ကြားမှာ နှစ်ထောင်သောင်း သို့မဟုတ် နှစ်သိန်းသန်းချီ ရှိနေလျှင်ပင်၊ နတ်ဘုရားကမ္ဘာတွင် ညီအစ်ကိုများကို အချင်းချင်း ခေါ်ဆိုခြင်းသည် သာမာန်ကိစ္စသာ ဖြစ်သည်။
"အင်…, ညီအစ်ကိုချင်,ညီအစ်ကိုဂူနဲ့ ညီအစ်ကိုစည်သူ, မင်းတို့က နတ်ဘုရားကမ္ဘာကို အခုမှ ရောက်လာတာဆိုတော့, ဒီနေရာက နတ်ဘုရားကမ္ဘာရဲ့ ဘယ်နေရာလဲဆိုတာ မင်း မသိလောက်သေးဘူး ဟုတ်တယ်မဟုတ်လား?" ချူယွန်က ချင်ယွင်နှင့် အခြားလူတွေကို ကြည့်ပြီး မေးလိုက်ပါသည်။ (အစ်ကိုဂူဟူသည်မှာ ရှေးဟောင်းတာအိုကို ခေါ်ခြင်း ဖြစ်ပါသည်။)
"ကျွန်တော်တို့ တကယ် မသိပါဘူး။ ညီအစ်ကိုချူက ကျွန်တော့်တို့ကို ညွှန်ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။
ချင်ယွင်နှင့် စည်သူဝူဒီတို့သည် ချူယွန်ကို ကြည့်ကြသည်။ သူတို့သည် နတ်ဘုရားကမ္ဘာရှိ မည်သည့်နေရာသို့ ပို့ဆောင်ခံရသည်ကို သူတို့လည်း အလွန်သိချင်နေခဲ့ကြသည်။
ရှေးဟောင်းတာအို၏ အဖြေကြောင့် ချူယွန်က အံ့သြသွားခြင်း မရှိပါ။ ယင်းအစား, သူက "ဒါက နတ်ဘုရားကမ္ဘာရဲ့ ဝူဝမ်တောင်တန်းနဲ့ ကမ္ဘာမြေကြီးပဲ" ဟု အလေးအနက်ထားကာ ပြောလိုက်ပါသည်။
"ဝူဝမ်တောင်လား...?" ချင်ယွင်နှင့် အခြားလူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါသည်။ သူတို့သည် ဤဝူဝမ်တောင်နှင့်ပတ်သက်ပြီး မည်သည့် ထူးခြားချက်တွေ ရှိနေလဲဆိုသည်ကို နားမလည်ကြပါဘူး။
"ဒီဝူဝမ်တောင်တန်းဟာ နတ်ဘုရားကမ္ဘာတိုက်ကြီး တစ်ခုလုံးရဲ့ အလယ်ပိုင်းဒေသပဲ။ နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ဒေသကြီးငါးခု ခွဲခြားပြီး ပြောရရင် လေဟာနယ်-အချိန် ဒေသ၊ ကောင်းကင်တုန်လှုပ်ခြင်းဒေသ၊ မြင့်မြတ်သော ကောင်းကင်ဘုံဒေသ၊ ခေါင်းလောင်းလေ နတ်ဘုရားဒေသနဲ့ ဒီဝူဝမ်တောင်တန်းဒေသတို့ပဲ။ ဒီဝူဝမ်တောင်တန်း ဒေသမှလွဲပြီး၊ အခြားဒေသကြီးလေးခုစလုံးက နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြတယ်။” ချူယွန်က ရှင်းပြသည်။
ချင်ယွင်နှင့် အခြားသူများသည် သူတို့၏ မျက်နှာများတွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်များ ရှိနေကြပြီး၊ သူတို့၏စိတ်ထဲတွင် နတ်ဘုရားကမ္ဘာကို အကြမ်းဖျင်း နားလည်သွားသည်။
"ဒီဒေသကြီးလေးခုကို နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ ထိန်းချုပ်မှု အောက်မှာ ထားရှိ ကြတယ်။ ၎င်းတို့ကိုလည်း နတ်ဘုရားနန်းတော်ကြီးလေးခုအတိုင်း နာမည်အသီးသီး ပေးထားကြတယ်။ ဒီဒေသနာမည်တွေမှတဆင့် နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ နာမည်တွေကို ကြားသိနိုင်တယ်။ ငါ အဓိကပြောချင်တာက ဝူဝမ်တောင်တန်းဒေသ အကြောင်းပဲ။ ဒီနေရာက နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ ပေါင်းစပ်ထိန်းချုပ်မှု အောက် မှာတည်ရှိပြီး၊ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ စမ်းသပ်ကွင်းလို့လည်း ခေါ်ကြတယ်။” ချူယွန်က ဆက်ပြောသည် ။
"စမ်းသပ်ကွင်းလား?" ချင်ယွင်နှင့် အခြားလူများသည် ချူယွန်ကို ကြည့်ရင်း အံ့ဩသော အမူအရာများကို ချက်ချင်း ထုတ်ဖော်ပြသကြသည်။
"မှန်တယ်၊ ဒီနေရာက စမ်းသပ်ကွင်းပဲ။ နှစ်တစ်ထောင်ပြည့်တိုင်း နတ်ဘုရားနန်းတော်ကြီး လေးခုဟာ ဝူဝမ်တောင်တန်းဒေသမှာ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်းကျောက်ဖြာ တွေ ဆင်းသက်လာလိမ့်မယ်။ အဲဒီကမ္ဗည်းကျောက်ဖြာတွေမှာ နတ်ဘုရားနန်းတော်ကြီး လေးခုကနေ ထုတ်ပြန်တဲ့ မစ်ရှင်တွေ ပါရှိလိမ့်မယ်။ အဲဒီမစ်ရှင်တွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့ ဘယ်သူမဆို နတ်ဘုရားနန်းတော်ကြီးလေးခုနဲ့ ပူးပေါင်းနိုင်ပြီး၊ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ အဖွဲ့ဝင်များ ဖြစ်လာနိုင်တယ်။ တိုက်ဆိုင်စွာပဲ, သိပ်မကြာခင်မှာ, နတ်ဘုရားနန်းတော်ကြီးလေးခုကနေ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်း ကျောက်ဖြာတွေ မကြာမီ ဆင်းသက်လာလိမ့်မယ်”။ ချူယွန်က ပြောသည်။
"မကြာသေးခင်လား?။ ဖြစ်နိုင်တာက ငါတို့ဟာ နတ်ဘုရားနန်းတော်ကြီးလေးခု မစ်ရှင်ထုတ်ပြန်တဲ့အချိန်ကို အတိအကျ ရောက်လာတာလား?။" စည်သူဝူဒီက အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်နှင့် ရှေးဟောင်းတာအိုတို့သည် အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော် မိကြသည်။ ယခုလိုတိုက်ဆိုင်မှုမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့လည်း မမျှော်လင့်ထားကြပါ ဘူး။ သူတို့သည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ဝင်ချင်းမှာပင်, နတ်ဘုရားနန်းတော်ကြီးလေးခု ၏ မစ်ရှင်ကြေညာချက်ကို အချိန်မှီခဲ့ကြသည်။
"မင်းတို့ရဲ့ကံက တကယ်ကို ကောင်းလွန်းတယ်။ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ စမ်းသပ်မှုတွေကို မင်းတို့ တွေ့ဖူးသွားတာပေါ့။ အခုအချိန်မှာ၊ နတ်ဘုရားတစ်ပိုင်း ပညာရှင် အများအပြားဟာ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ စမ်းသပ်ဖို့အတွက် ဝူဝမ်တောင်တန်း ဒေသထဲကို အပြည့်လျှံ ဝင်ရောက်နေခဲ့ပြီ။ “ချူယွန်က ပြုံးပြီး ပြောသည် ။
"အယ်၊ များပြားလှတဲ့နတ်ဘုရားတွေ ရောက်ရှိနေတာလား?။ ကျွန်တော်တို့ ဘာလို့ မတွေ့ခဲ့ရတာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
သူတို့သည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်ပါပြီ။ သို့သော် ဧရာမ မြွေနက်ကြီးနှင့် ချူယွန်မှလွဲ၍ အခြားမည်သူမျှ မမြင်ဖူးသေးပေ။
"ဒီဝူဝမ်တောင်တန်းဒေသက သိပ်ကို ကြီးမားကျယ်ပြန့်လွန်းတာကြောင့် ပုံမှန်အတိုင်းဆို ဘာမှ မတွေ့ရဘူး။ ဒီဒေသတစ်ခုတည်းကတင် မင်းတို့ရဲ့အင်မော်တယ်ကမ္ဘာမှာရှိတဲ့ တိုက်ကြီးတစ်ခုနဲ့ ထပ်တူကျနေမှာတောင် ငါ ကြောက်မိတယ်။ နောက်ပြီး ဒီဒေသက ဒေသငါးခုထဲမှာ အသေးငယ်ဆုံးပဲ။" ချူယွန်က ပြုံးပြီး ပြောသည် ။
"ဒီဝူဝမ်တောင်က ဒီလောင်တောင် ကြီးတာလား?" ချင်ယွင်နှင့် အခြားလူများသည် အံ့အားသင့်သွားသည့် အမူအရာများကို ချက်ချင်း ထုတ်ဖော်လာပြန်သည်။ နတ်ဘုရား ကမ္ဘာကြီးသည် သူတို့ထင်ထားသည်ထက် များစွာ ကြီးမားနေပုံရသည်။
"ဘုန်း..”။
ချင်ယွင်က မေးခွန်းတွေ ဆက်လက်မေးမြန်နေစဉ်မှာပင်, အဝေးမှ ကြောက်မက်ဖွယ် ကျယ်လောင်သည့် အသံကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး၊ သူတို့ခြေဖဝါးအောက်ရှိ မြေပြင်သည် ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်သွားပါသည်။
"ဘာဖြစ်တာလဲ၊ ဘာလို့ ငလျင်လှုပ်တာလဲ" စည်သူဝူဒီ အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်လည်း ဝေခွဲမရဖြစ်ဟန် အမူအရာဖြင့် ချူယွင်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ချူယွန်သည် အသံထွက်ပေါ်လာသည့် လမ်းကြောင်းကို စိုက်ကြည့်နေပြီး သူ၏မျက်နှာပေါ်ရှိ အမူအရာမှာ တုနှိုင်းမရအောင် လေးနက်လာသည်။
"အစ်ကိုချူ၊ ဘာဖြစ်တာလဲ" ချင်ယွင်သည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး မေးလိုက် သည်။
ချင်ယွင်၏မေးခွန်းကို ကြားတော့ ချူယွန်သည် ချင်ယွင်နှင့် အခြားလူများကို လှည့်ကြည့် လိုက်ပြီး ပြောသည် "နတ်ဘုရားနန်းတော်ကြီးတွေရဲ့ ပထမဆုံး ကောင်းကင်ဘုံဗိမာန် ကမ္ဗည်းကျောက်ဖြာက ဆင်းသက်လာခဲ့ပြီ။ အခုလေးတင် ငလျင်လှုပ်သွားတာက နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်းကျောက်ဖြာကြောင့် ဖြစ်ပေါ်လာတာပဲ။ ဒါပေမယ့်၊ အဲဒီနေရာက အရမ်းကို ဝေးလွန်းတယ်။ ဘယ်နတ်ဘုရား နန်းတော်က အဲဒါကို ထုတ်ပြန်လဲဆိုတာ ငါလည်း သိချင်မိသား”။
ချင်ယွင်လည်း အံ့အားသင့်ဟန် အမူအရာ ဖြစ်ပေါ်လာသည်။ ယခုလေးတင် သူတို့သည် နတ်ဘုရားနန်းတော်ကြီးလေးခု၏ စမ်းသပ်မှုအကြောင်းကို ဆွေးနွေးနေကြဆဲ ဖြစ်သော် လည်း, ယခုအခါ နတ်ဘုရားနန်းတော်ကြီးလေးခု၏ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်း ကျောက်ဖြာသည် ဤမျှ လျင်မြန်စွာ ဆင်းသက်လာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြ ပေ။
"သွားကြည့်ရအောင်။" ချူယွန်က ပြောသည်။
ချင်ယွင်နှင့် အခြားလူများလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။ ထို့နောက်, သူတို့သုံးယောက်သည် အသံထွက်ပေါ်လာသည့် ဦးတည်ရာအရပ်ဆီကို အမြန် ပြေးသွားကြသည်။