← Chapters

အခန်း ၁၁၂၀

Vol. 75 Ch. 1120

အခန်း ၁၁၂၀

Vol. 75 Ch. 1120

အခန်း (၁၁၂၀) ဓားက ငါ့ဘဝ။

"အစ်ကိုချူ၊ ဒီတစ္ဆေနတ်ဘုရားကျောက်တုံးဆိုတာက အတိအကျ ဘာလဲ?" ချင်ယွင်က ချူယွန်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း တူညီစွာပင် ပဟေဋ္ဌိဖြစ်နေသော အမူအရာဖြင့် ချူယွန်ကို ကြည့်လိုက်ကြသည်။ သူတို့လည်း ဤတစ္ဆေနတ်ဘုရားကျောက်တုံး အကြောင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

"တစ္ဆေနတ်ဘုရားကျောက်တုံးဆိုတာ ဝူဝမ်တောင်တန်းဒေသထွက် အလွန်ရှားပါးတဲ့ နတ်ဘုရားကျောက်တုံး တစ်မျိုးဖြစ်တယ်။ ကျင့်ကြံတဲ့အခါ, မင်းတို့အနေနဲ့, ရှေးဟောင်း တစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ တန်ခိုးကို သိရှိခံစားနိုင်တယ်။ အဲဒီတန်ခိုးက မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိတယ်။" ချူယွန်က ရှင်းပြသည်။

"ရှေးဟောင်းတစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ တန်ခိုးအစွမ်းကို ခံစားမိနိုင်တာလား?။" ချင်ယွင်သည် တွေဝေမိန်းမောသွားခဲ့သည်။

ရှေးဟောင်း တစ္ဆေများနှင့် နတ်ဘုရားများ၏ ထိုးထွင်းသိမြင်နိုင်စွမ်းဟု ခေါ်ဝေါ်သည့် အရာသည် အလွန်မင်းအစွမ်းထက်သော ကျင့်ကြံခြင် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ရှေးဟောင်း နတ်ဘုရားများ၏ တည်ရှိမှုကို ခံစားနိုင်ပြီး၊ ရှေးဟောင်း တစ္ဆေများ နှင့် နတ်ဘုရားများ၏ အကူအညီဖြင့် သူတို့ကြုံတွေ့နေရသည့် အတားအဆီးများနှင့် ပိတ်ဆို့မှုများကို ဖြတ်ကျော်ရာမှာ ကျင့်ကြံသူများကို အကူညီ ပေးနိုင်ပါသည်။ ကံကောင်းသူများဆိုလျှင် ရှေးဟောင်းနတ်ဘုရားများ၏ အမွေနှစ်ကိုပင် ရယူနိုင်ကြပါ သည်။ (ဆိုလိုသည်မှာ ထိုကျောက်တုံးများတွင် ရှေးဟောင်းတစ္ဆေများနှင့် နတ်ဘုရားများ ၏ ထိုးထွင်းသိမြင်မူတန်ခိုးအစွမ်းများ ပါဝင်နေသည်။ ထိုကျောက်တုံးများဖြင့် ကျင့်ကြံ လျှင်, ၎င်းတို့၏ ထိုးထွင်းသိမြင်နိုင်စွမ်းများကို ခံစားနိုင်သည့်အတွက် ထိုထိုးထွင်းသိမြင်မူ အကူညီဖြင့် ကျင့်ကြံသူများ ကြုံတွေ့နေရသည့် ပိတ်ဆို့မူများကို ကျော်ဖြတ်နိုင်သည်ဟု ဆိုလိုဟန်တူပါသည်)။

ရှေးဟောင်းနတ်ဘုရားများ၏ အမွေနှစ်သည် များသောအားဖြင့် အလွန်မင်း အစွမ်းထက် သည်။ ဤတစ္ဆေနတ်ဘုရား ကျောက်တုံးများသည် ရှေးဟောင်းနတ်ဘုရားများနှင့် အမှန်တကယ်ပင် ဆက်သွယ်နိုင်သည်။ ဤတစ္ဆေနတ်ဘုရားကျောက်တုံများသည် မည်မျှ အဖိုးတန်သည်ကို တွေးကြည့်နိုင်ပါသည်။

ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း ထိတ်လန့်သွားကြသည်။ သိသာထင်ရှားသည် မှာ, ဤတစ္ဆေနတ်ဘုရားကျောက်တုံး၏ အကျိုးသက်ရောက်မှုကြောင့် သူတို့လည်း ထိတ်လန့်သွားသည်မှာ ထင်ရှားပါသည်။

"ဒါပေမယ့်၊ ဒီတစ္ဆေနတ်ဘုရားကျောက်တုံးက ရှာရတာ အရမ်းကို ခက်တယ်။ ငါတို့ရဲ့ နတ်ဘုရားအာရုံတောင်မှ အဲဒါကို ရှာမတွေ့နိုင်ဘူး။ သာမန်မျက်စိကိုပဲ အားကိုးလို့ရတယ်။ ဒီဝူဝမ်တောင် ဧရိယာက အရမ်းကို ကျယ်ဝန်းလွန်တယ်။ လက်ဖဝါးအရွယ် ကျောက်တုံး တစ်တုံးကို ရှာဖွေရခြင်းက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ပိုခက်တယ်လို့ ပြောလို့ရတယ်။ မဟုတ်ရင်, ငါတို့ကို ဘယ်လိုလုပ် သုံးနှစ်ဆိုတဲ့အချိန် ကန့်သတ်ချက် ပေးမှာလဲ?။ ချူယွန်က ဆက်ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။

ဤဝူဝမ်တောင်သည် အင်မော်တယ်ကမ္ဘာရှိ တိုက်ကြီးတစ်ခုနှင့် ညီမျှပြီး ၎င်း၏ ဧရိယာ သည် အနှိုင်းမဲ့ ကြီးမားကျယ်ပြန့်လွန်းသည်။ သာမန်မျက်စိဖြင့် ဤတိုက်ကြီးအတွင်းရှိ လက်ဖဝါးအရွယ် ကျောက်တုံးတစ်တုံးကို ရှာတွေ့ရန်မှာ ကောက်ရိုးပုံထဲ အပ်တစ်ချောင်း ကို ရှာဖွေရသလိုပင်။

"အစ်ကိုချူ၊ မင်း အရင်က ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်က အရိုးရှင်းဆုံး လို့ ပြောခဲ့ပေမယ့် အခု ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်က အရမ်းကို ခက်ခဲနေတော့ တခြားနတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေက ဒီထက်ပိုခက်မယ် ဆိုတာ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ဘူး မဟုတ်လား?" ရှေးဟောင်းတာအို က မတတ်နိုင်ဘဲ မေးလိုက်ပါသည်။

"အတိတ်ကစမ်းသပ်မူများအရဆို၊ အဲဒီစကားက အမှန်ပဲ။ ဒီ ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်က နတ်ဘုရားနန်းတော်ကြီး လေးခုထဲမှာ အားနည်းဆုံးဖြစ်တယ်။ ဒါကြောင့်, မစ်ရှင်တစ်ခုထုတ်ရင် အတော်လေး လွယ်ကူတယ်။ ဒါပေမယ့်, ဒီစမ်းသပ်မှု မစ်ရှင်က တောင် အရမ်းကို ခက်ခဲနေမယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူး။" ချူယွန်က တုန့်ပြန် ပြေသည်။ သိသာထင်ရှားသည်မှာ သူလည်း အလွန်အံ့သြသွားရသည်။

ထိုစကားကို ကြားတော့ ရှေးဟောင်းတာအိုက မျက်မှောင်ကြုတ်သွားပါသည်။

ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသောအခါ, ရှေးဟောင်းတာအို၏ ရည်ရွယ်ချက်က ခေါင်းလောင်းလေနတ်ဘုရားနန်းတော် မဟုတ်တော့ကြောင်း ချက်ခြင်း သဘောပေါက် သွားသဖြင့်, သူက ရှေးဟောင်းတာအိုကို ကြည့်ပြီး "ဆရာကြီး၊ ဆရာကြီးကရော ဘယ်နတ်ဘုရားနန်းတော်ကို ဝင်ဖို့ စီစဉ်ထားလဲ" ဟု မေးလိုက်ပါသည်။

"ငါက မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို ဝင်ချင်တယ်။ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ကို အဓိကအားဖြင့် ဓားလမ်းစဉ် ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုကြတယ်။ ငါက ဓားလမ်းစဉ်ကို ဆက်လက် လိုက်စားချင်တယ်။ ဒါကြောင့် ဒီမြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်က ငါ့အတွက် အသင့်တော် ဆုံး ဖြစ်တယ် “ ရှေးဟောင်းတာအိုက ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တုန်းက၊ ဝိညာဉ်နတ်ဘုရားမသည် ဤမြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်က ဓားတာအိုကျင့်ကြံသူများအတွက် အထူးအကူအညီ ဖြစ်ကြောင်း သူအား ပြောပြခဲ့ဖူးသည်။ ၎င်းနေရာသည် ဓားကျင့်ကြံသူများအားလုံး အိပ်မက်မက်ခဲ့ရသော နေရာတစ်ခု ဖြစ်သည်။

အကယ်၍, သူသည် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်နှင့် ပတ်သက်၍ စိတ်ကူးယဉ်မှုများသာ မရှိခဲ့ပါက၊ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်သို့ ဝင်ရောက်ရန် ဝိညာဉ်နတ်ဘုရားမ၏ ဖိတ်ကြား ချက်ကို သဘောတူခဲ့ပေလိမ့်မည်။

“ဘုန်း…”။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး၊ အဝေးမှ ဧရာမဘုရားတောင်ထိပ်ပေါ်သို့ ချက်ချင်း ဆင်းသက်လာ သည်။

နဂိုအတိုင်းရှိနေသော နတ်တောင်ထိပ်သည် ချက်ချင်း ပေါက်ကွဲသွားပြီး၊ နေရာတိုင်းတွင် ကြေမွအက်ကွဲနေသော ကျောက်တုံးစများ ပေါက်ကွဲထွက်ကာ မြေပြင်တစ်ခုလုံး လုံးဝ ကွဲအက်သွားပြီး ကြီးမားသော အက်ကြောင်းကြီးများ ဖြစ်ပေါ်လာသည်။

မြေပြင်သည် တုန်ခါသွားပြီး ချင်ယွင်နှင့် အခြားလူများပင် ငြိမ်ငြိမ်မနေနိုင်ခဲ့ပေ။

ချင်ယွင်နှင့် အခြားလူများအားလုံးသည် သူတို့၏မျက်နှာပေါ်တွင် မှင်သက်နေဟန် အမူအရာများဖြင့် နတ်တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ မူလက တည်ရှိနေ သော နတ်တောင်ထိပ်သည် လုံးဝ ပျောက်ကွယ်သွားပြီး ကြီးမားသော ကျောက်ဓားကြီး တစ်လက်ဖြင့် အစားထိုးသွားခဲ့သည်။

ဤကျောက်ဓားကြီးသည် မီးလျှံကဲ့သို့ နီမြန်းနေပြီး၊ ၎င်း၏ကိုယ်ထည်တစ်ခုလုံးလည်း နီရဲနေသည်။ ၎င်းသည် ပေသုံးထောင်ကျော်ရှည်လျားပြီး၊ လူအများပြားကို သူတို့၏ ကျောပေါ်မှာ ဝင်းလက်တောက်ပနေသည်ဟု ခံစားရစေပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည့် ဓားစွမ်းအားများဖြင့် ပြည့်နှက်နေပါသည်။

"ဒါဟာ ကောင်းကင်ဘုံနတ်ဘုရားခန်းမရဲ့ ကမ္ဗည်းကျောက်ဖြာပဲ။ တစ်စုံတစ်ယောက်က သတိပေးနှိုးဆော်သံဖြင့် အော်ဟစ်လိုက်ပါသည်။

ထိုအော်သံအသံကြားသည်နှင့် လူတိုင်းသည် ကြီးမားလှသော ဧရာမဓားနီကြီးဆီသို့ ပြေးသွားကြတော့သည်။

"ဒါက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်း ကျောက်ဖြာပဲလား?။ ကောင်းကင်ဘုံနတ်ဘုရားခန်းမက ဘယ်လို မစ်ရှင်မျိုးတွေ ထုတ်ပေးမလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပါသည်။

"သွားရအောင်.." ရှေးဟောင်းတာအိုက ဦးဆောင်ပြီး နီမြန်းသည့် ဧရာမဓားနီကြီးဆီသို့ အရှိန်မြှင့်လိုက်ပါသည်။

ချင်ယွင်နှင့် အခြားလူများလည်း ချက်ချင်း လိုက်ပါသွားကြသည်။ သူတို့နှင့် သိပ်မဝေးလှ သောကြောင့် သူတို့သည် ဓားပုံစံ ဧရာမကျောက်ပြားကြီး ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာ ကြသည်။

ဓားပုံစံ ဧရာမကျောက်ပြားကြီးရှေ့ ရောက်ရောက်ချင်း, ချင်ယွင်သည် တောက်လောင်ပြီး စူးရှသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် ဓားပုံစံဧရာမကျောက်ပြားကြီးပေါ်တွင် စကားလုံးများ ပေါ်လာပါ သည်။ ကျောက်ပြားကြီးပေါ်တွင် အဖြူရောင်စာတန်းကြီးတစ်ကြောင်း ပေါ်လာပါတော့ သည်။

“ဝူဝမ်ဓားသိုင်းကို သုံးနှစ်အတွင်း စတင်နားလည်သည့်အဆင့်သို့ (ကနဦးအဆင့်) ရောက်ရှိတဲ့ လူမှန်သမျှ ငါတို့ရဲ့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်သို့ ဝင်ရောက်နိုင်ပြီဟု ဆိုလို့ ရပြီ”။

“ဝူဝမ်ဓားသိုင်းလား။ မင်းတို့က တကယ်ပဲ ဝူဝမ်ဓားသိုင်းကို နားလည်စေချင်တာလား?။ ဒါ့အပြင် အချိန်ကသုံးနှစ်ထဲ။ သုံးနှစ်မပြောနဲ့ အနှစ်သုံးရာ၊ အနှစ်သုံးထောင်ဆိုရင်တောင် မလုံလောက်ဘူး။ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်က ဘာလို့ ဒီလောက်ခက်ခဲတဲ့ မစ်ရှင်မျိုးကို ထုတ်ပေးရတာလဲ?။” လူအုပ်ထဲမှ နောက်ထပ် တုန်လှုပ်ခြောက်ခြားသွားဟန် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

"မှန်တယ်။ ခေတ်တွေတစ်လျှောက်လုံးမှာ ဝူဝမ်ဓားသိုင်းကို နားလည်နိုင်တဲ့လူက အလွန်ကို နည်းပါးခဲ့တယ်။ သူတို့က စတင်နားလည်တဲ့အဆင့်လို့ ပြောရင်တောင် သုံးနှစ်လောက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" တစ်စုံတစ်ယောက် သက်ပြင်းချမိသည်။

သူတို့ဦးဆောင်ပြောပြီးသည်နှင့် ပတ်ဝန်းကျင်က လူတွေလည်း အဆုံးမဲ့ သက်ပြင်းတွေ အကြိမ်ကြိမ် ချပြီး ခေါင်းကို ခါယမ်းနေကြပါသည်။

ချင်ယွင်သည် ထိုလူများကို ကြည့်ကာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

"အစ်ကိုချူး၊ ဒီဝူဝမ်ဓားသိုင်းက တကယ်ပဲ နားလည်ရခက်သလား?" ချင်ယွင်က ချူယွန်ကို ထပ်မေးလိုက်သည်။

ချူယွန်၏ မျက်နှာပေါ်ရှိ အမူအရာက အလွန်လေးနက်နေသည့်အပြင် ကျောက်ပြားပေါ်ရှိ မစ်ရှင်ကြောင့်လည်း ထိတ်လန့်သွားသလိုပင်။

'"မှန်တယ်။ ဒီဝူဝမ်ဓားသိုင်းဟာ နတ်ဘုရားကမ္ဘာမှာတော့ လေ့ကျင့်ဖို့ အလွန်ကို ခက်ခဲတဲ့ နတ်ဘုရားပညာရပ်တစ်ခုပေါ့။ ဒဏ္ဍာရီတွေအရဆို ဒီဝူဝမ်တောင်တန်းကို ဝူဝမ်တောင်လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ , တစ်ချိန်တုန်းက ဘိုးဘေးနတ်ဘုရားတစ်ပါးဟာ ဒီနေရာမှာ ကျင့်ကြံပြီး၊ ဝူဝမ်ဓားသိုင်းကို နားလည်သဘောပေါက်သွားခဲ့တာကြောင့်ပဲ။ အဲဒီအချိန်ကစပြီး ဒီဒေသကို ဝူဝမ်တောင်လို့ ခေါ်လာကြတာပဲ။ ဝူဝမ်ဓားသိုင်းက နားလည် ဆင်ခြင်ဖို့ ထိုက်တန်တဲ့ နတ်ဘုရားပညာရပ်တစ်ခုပဲ” ချူယွန်က လေးနက်စွာ ပြောသည်။

ချင်ယွင်လည်း အံ့အားသင့်သော အမူအရာကို ထုတ်ပြလာသည်။

အခြားမည်သည့်အရာကိုမျှ မပြောနှင့်ဦး, “ဘိုးဘေးနတ်ဘုရား” ဟူသော စကားလုံးကပင် လူပေါင်းများစွာ လက်လှမ်းမမီနိုင်လောက်အောင် ဖြစ်နေပါပြီ။ ထို့အပြင်၊ ထိုသို့သော ကျွမ်းကျင်ပညာရှင်တစ်ဦး နားလည်ထားသော နတ်ဘုရားစွမ်းရည်များသည် တွေးနေစရာ ပင် မလိုအပ်ပေ။ ၎င်းသည် နားလည်သဘောပေါက်ရန် အလွန့်လွန် ခက်ခဲပါလိမ့်မည်။

"ဒါဆို ဘိုးဘေးနတ်ဘုရားဝူဝမ်က ဒီဓားတာအို နတ်ဘုရားစွမ်းရည်ကို ဒီနေရာမှာ ထားခဲ့တာလား?" ရှေးဟောင်းတာအိုက ကမန်းကတန်း မေးလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် ပူလောင်နေသည့် အရိပ်မြွက်တစ်ခု ရှိနေသည်။ ထင်ရှားသည်မှာ၊ သူသည် ဝူဝမ်ဓားသိုင်းကို အလွန်စိတ်ဝင်စားနေခဲ့သည်။

"မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီအချိန်တုန်းက၊ ဘိုးဘေးနတ်ဘုရား ဝူဝမ်က ဒီဓားသိုင်းရဲ့ ဆက်စပ်မူအယူဆကို နားလည်သွားခဲ့တယ်။ ဒီဓားသိုင်းရဲ့ဆက်စပ်မူအယူဆ အတွင်းမှာ ဒီကမ္ဘာကြီးအတွင်းမှ အရာအားလုံးပါဝင်နေပြီး နောင်လာနောက်သားတွေက ဒီစကားကို တချိန်ချိန်မှာ နားလည်နိုင်မယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး ယနေ့ခေတ်အထိ ဒီဓားသိုင်းရဲ့ဆက်စပ်မူအယူဆကို ဘယ်သူမှ အပြည့်အဝ နားမလည်နိုင် ကြဘူး။" ချူယွန်က ပြောသည်။

ချင်ယွင်လည်း အနှိုင်းမဲ့ ထိတ်လန့်သွားသည်။

ဓားကျမ်းများကိုပြုစုပြီး နတ်ဘုရားစွမ်းရည်များနှင့် ဓားသိုင်းပညာကို နားလည် သဘော ပေါက်ရန်အတွက် ကောင်းကင်နှင့်မြေကြီးကိုအသုံပြုခြင်း၊ ယင်းက ကောင်းကင်ဘုံကို မည်မျှ အံတုလိုက်ပါသနည်း?။

ရှေးဟောင်းတာအို၏ မျက်လုံးများသည် တောက်ပနေပြီး သူ့မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်ကို ဖော်ထုတ်ပေးသည်။ ထိုအချိန်တွင် သူ့တွင် မြင့်မားသော ဝိညာဉ်များနှင့် ပြည့်နှက်နေသော ရောင်ဝါရှိသည်။

"ဆရာကြီး၊ ဒီဝူဝမ်ဓားသိုင်းကို နားလည်ဆင်ခြင်ဖို့ တကယ် စီစဉ်နေတာလား?။" ချင်ယွင်သည် ရှေးဟောင်းတာအို၏ မျက်လုံးများတွင် တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်ကို မြင်လိုက်ပြီး၊ သူ တွေးနေသည့်အရာကို သိလိုက်သည်။

ရှေးဟောင်းတာအိုက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး၊ ဧရာမ ကြက်သွေးရောင် ကျောက်ဓားကြီးကို ကြည့်လိုက်သည်။ "ငါ့အတွက်တော့ ဓားက ငါ့ကံကြမ္မာပဲ"

ချင်ယွင်သည် ထိုစကားလုံးများကို တိတ်ဆိတ်စွာ ရေရွတ်ရင်း၊ သူ၏စိတ်ထဲတွင် အလွန်မင်း လှုပ်ရှားသွားကာ ချက်ချင်းပင် မှင်သက်သွားခဲ့သည်။

All Chapters