အခန်း ၁၁၂၂
Vol. 75 Ch. 1122
အခန်း (၁၁၂၂) တစ္ဆေနတ်ဘုရားကျောက်တုံး။
နတ်ဘုရားနန်းတော်ကြီးလေးခုသည် စမ်းသပ်မှုမစ်ရှင်များကို အသီးသီး ထုတ်ပြန်ပြီး ကတည်းက အချိန်သုံးလကျော် ကုန်ဆုံးသွားခဲ့ပြီ။ ဤသုံးလအတွင်း ချင်ယွင်နှင့် စီတူဝူဒီ တို့သည် တစ္ဆေနတ်ဘုရားကျောက်တုံးရှိသည့် နေရာကို ရှာဖွေခဲ့ကြသည်။
စည်သူဝူဒီသည် နောက်ဆုံးတွင် တစ္ဆေနတ်ဘုရားကျောက်တုံးရှိသည့် နေရာကို ရှာဖွေပြီး၊ အတော်လေးရိုးရှင်းသော ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ရွေးချယ်ခဲ့ သည်။
အဆုံးတွင် ချူယွန်နှင့် ရှေးဟောင်းတာအိုဆရာသခင် နှစ်ယောက်စလုံးသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ရွေးချယ်ခဲ့ကြပြီး၊ ဝူဝမ် ဓားသိုင်းကို နားလည်ဆင်ခြင်ရန် ခရီးထွက်သွားကြသည်။
ချင်ယွင်အနေနှင့်မူ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ အခက်ခဲဆုံးနှင့် ပြောစရာစကားပင် မဲ့လောက်သည့် မစ်ရှင်ကို သဘာဝအတိုင်း ရွေးချယ်ခဲ့သည်။ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ကြည့်ရူနိုင်ရန်အတွက်ပင်၊ သူသည် နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်သုံးခုလုံးကို အရင်ဆုံး ပြီးမြောက်စေရ မည်။
ထို့ကြောင့်၊ ချင်ယွင်၏ အကြံအစည်မှာ တစ္ဆေနတ်ဘုရားကျောက်တုံးကို ဦးစွာ ရှာဖွေရန် ဖြစ်ပြီး၊ ထို့နောက်မှ ဝူဝမ်ဓားသိုင်းကို နားလည်ဆင်ခြင်ကာ၊ နောက်ဆုံးကျမှ နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် နည်းလမ်းကို တွေးတောနေခြင်း ဖြစ်သည်။
သို့သော် သုံးလကြာသည်အထိ ချင်ယွင်သည် တစ္ဆေနတ်ဘုရားကျောက်တုံးကိုပင် မတွေ့ခဲ့ရသေးပေ။ နောက်ထပ် မစ်ရှင်များကို ပြီးမြောက်ရန် အလွန်နည်းပါသည်။
"ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်က နောက်ဆုံးရက်ကို အချိန်သုံးနှစ် သတ်မှတ် ပေးထားမှာ အံ့သြစရာတော့ မရှိဘူး။ ဒီတစ္ဆေနတ်ဘုရားကျောက်တုံးကို ရှာရတာ တကယ်ကို လွယ်ကူတဲ့အလုပ် မဟုတ်ဘူးပဲ။" ချင်ယွင်က သူ၏စိတ်ထဲမှာ သက်ပြင်းချ လိုက်မိပါသည်။
သုံးလကြာပြီးနောက် သူသည် ဝူဝမ်တောင်တန်းဒေသအနှံ့နီးပါး လျှောက်လှမ်းခဲ့ပြီးပြီ။ သို့သော် သူသည် တစ္ဆေနတ်ဘုရားကျောက်တုံး တစ်တုံးတစ်လေကိုပင် မတွေ့ဖူးသေးပါ။ သူ့အတွက် အချိန်က နှစ်နှစ်သာ ကျန်ပါတော့သည်။ အခု သူတို့ သုံးယောက် အောင်မြင် သွားရင်တောင် သူ့မှာ ပြီးစီးအောင်မြင်အောင်လုပ်ရန် နောက်ထပ် မစ်ရှင်နှစ်ခု ကျန်နေပါ သေးသည်။ သူ့အတွက် အချိန်က အလွန့်လွန် ကျပ်တည်းနေသည်ဟု ဆိုနိုင်ပါသည်။
အကယ်၍, ဤအတိုင်းသာ ဆက်သွားပါက၊ သူ့အတွက် နတ်ဘုရားနန်းတော်ကြီးလေးခု၏ မစ်ရှင်များကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ပြီးမြောက်ရန် မဖြစ်နိုင်ပေ။
"တွေ့ပြီ.." ချင်ယွင်သည် ဝမ်းနည်းနေချိန်မှာ အဝေးမှ စည်သူဝူဒီက ရုတ်တရက် အားရဝမ်းသာ အော်ဟစ်လိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ခေါင်းကိုမော့လိုက်ပြီး၊ စည်သူဝူဒီ၏ ဘေးတွင် မှော်ဆန်သည့် ပုံရိပ်တစ်ခုနှယ် ပေါ်လာသည်။
စည်သူဝူဒီသည် သူ၏လက်ထဲတွင် ခရမ်းရောင် သလင်းကျောက်ကဲ့သို့ လက်သီးဆုပ် အရွယ် ကျောက်တုံးတစ်ခုကို ဆုပ်ကိုင်ထားသည်။ ၎င်း၏အတွင်းပိုင်းသည် ကြည်လင်ပြီး တောက်ပနေသောကြောင့် နေရောင်အောက်တွင် အလွန်စူးရှတောက်ပနေပုံပေါ်သည်။
ပထမဆုံး အကြည့်တစ်ချက်ဖြင့်ဆို, ဤကျောက်တုံးသည် သာမန်ခရမ်းရောင် ကျောက်တုံးများနှင့် ကွာခြားခြင်း မရှိပါဘူး။ သို့သော် သေချာကြည့်လိုက်လျှင်, ဤကျောက်တုံး၏ မျက်နှာပြင်မှ ထွက်ပေါ်နေသည့် ပြင်းထန်သော စိတ်ဝိညာဉ် အတက်အကျလှိုင်းများ ရှိနေသည်ကို သင် သေချာပေါက် တွေ့ရပေလိမ့်မည်။
တစ္ဆေနတ်ဘုရား ကျောက်တုံးဟုခေါ်သည့် ကျောက်တုံးများသည် ရှေးဟောင်း နတ်ဘုရားများ ကွယ်လွန်သွားပြီးနောက် စိတ်ဝိညာဉ် အပိုင်းအစများ၏ သလင်းကျောက် များ ဖြစ်ပါသည်။
ကျင့်ကြံနေစဉ် ရှေးဟောင်းနတ်ဘုရားများနှင့် ဆက်သွယ်နိုင်ရခြင်း၏ အကြောင်းရင်းမှာ တစ္ဆေနတ်ဘုရားကျောက်တုံးအတွင်း၌ နတ်ဘုရားစိတ်ဝိညာဉ်အပိုင်းအစကို စတင် အသက်သွင်းရန် ကိုယ်ပိုင်စွမ်းအား အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အစောပိုင်းတွင် ဖော်ပြခဲ့သော ချူယွန်ပြောပြသည့် အမွေနှစ်ဟူသည်မှာ ရှေးဟောင်း နတ်ဘုရားစိတ်ဝိညာဉ် အပိုင်းအစများ၏ မပြည့်စုံသော မှတ်ဉာဏ်များထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
"ဂုဏ်ယူပါတယ် စီနီယာ..၊ စီနီယာက တစ္ဆေနတ်ဘုရားကျောက်တုံးကို အမြန် ရှာတွေ့တဲ့ အတွက် ဂုဏ်ယူပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
စည်သူဝူဒီလည်း တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူ အရမ်းကို ပျော်ရွှင်နေသည်မှာ သိသာလှပါသည်။
ဝှီး…။
သို့သော် ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် စည်သူဝူဒီတို့ကြားတွင် လျင်မြန်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး စည်သူဝူဒီ၏လက်မှ တစ္ဆေနတ်ဘုရားကျောက်တုံး ကို ချက်ချင်း လုယူသွားခဲ့သည်။
"ဟား…၊ ဟား…၊ နောက်ဆုံးတော့ ငါ တစ္ဆေနတ်ဘုရားကျောက်တုံးကို ရှာတွေ့ခဲ့ပြီ။ ဒီ တစ္ဆေနတ်ဘုရားကျောက်တုံးကို ငါ့ပိုင်တယ်" ချင်ယွင်၊ စည်သူဝူဒီတို့နှင့် မနီးမဝေးတွင် ချောမောသော လူငယ်တစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူသည် တစ္ဆေနတ်ဘုရားကျောက်တုံးကို ကိုင်ထားကာ ကျယ်လောင်စွာ ရယ်မောနေလေသည်။ ဤတစ္ဆေနတ်ဘုရားကျောက်တုံးသည် စည်သူဝူဒီ၏လက်မှ သူ လုယူသွားခဲ့သည့်အရာ ဖြစ်သည်။
“တစ္ဆေနတ်ဘုရားကျောက်တုံးကို ငါ့ကို ပြန်ပေးပါ။" စည်သူဝူဒီ ချက်ချင်း အော်ပြောလိုက် သည်။
ဒီတစ္ဆေနတ်ဘုရားကျောက်တုံးကို ရှာတွေ့ရန် သုံးလလောက် အချိန်ယူခဲ့ရပါသည်။ သို့သော် ယခု တစ်စုံတစ်ယောက်သည် ၎င်းကို သိမ်းပိုက်သွားစဉ်ချိန်မှာ, သူ မည်သို့ သည်းခံနိုင်မည်နည်း?။
"ဟမ့်၊ ဒီတစ္ဆေနတ်ဘုရားကျောက်တုံးက ခင်ဗျား ပိုင်တယ်လို့ ဘာလို့ ပြောရတာလဲ?။ တစ္ဆေနတ်ဘုရားကျောက်တုံးက သဘာဝပစ္စည်းတစ်ခုပဲလေ။ ဆိုတော့, သဘာဝအတိုင်း အရည်အချင်းရှိတဲ့လူတိုင်း ပိုင်ဆိုင်နိုင်တယ်။ တကယ်လို့ ခင်ဗျားမှာ အစွမ်းအစရှိရင် ခင်ဗျားကိုယ်တိုင် လာပြီး လုယူနိုင်တယ်။" လူငယ်သည် စည်သူဝူဒီနှင့် ချင်ယွင်တို့ကို အထင်အမြင်သေးပြီး ကဲ့ရဲ့ရှုံ့ချသည်။ သူသည် ချင်ယွင်နှင့် စည်သူဝူဒီတို့ကို သူ၏ မျက်လုံးထဲမှာ လုံးဝ မထည့်ထားပါဘူး။
ချင်ယွင်၏ မျက်လုံးများသည်လည်း အမျက်ဒေါသများဖြင့် တောက်ပလာခဲ့သည်။ သူ၏ရှေ့မှ ဤလူငယ်သည် သူတို့ပစ္စည်းကို ခိုးယူရုံတင်မကဘဲ အတင်းအကြပ်လည်း တွန်းအားပေးနေခဲ့သည်။ ဤအရာက သူတပါးကို အလွန်အမင်း အနိုင်ကျင့်ချင်ရုံ သက်သက်ဖြစ်သည်။
ချင်ယွင်သည် လူငယ်အား သေသေချာချာ ကြည့်လိုက်ရာ သူ၏ ကျင့်ကြံမှုသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင် ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော်၊ သူ၏ နတ်ဘုရား ခန္ဓာကိုယ် သန့်စင်မူသည် ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပုံရသည်၊ ၎င်းသည် စည်သူဝူဒီ ထက် ၁၀ ရာခိုင်နှုန်း ပိုများပါသည်။
ထို့အပြင်၊ သူ အစောပိုင်းက ပြသခဲ့သည့် အမြန်နှုန်းသည် အလွန်မင်း မြန်ဆန်လွန်းသည်။ ထင်ရှားသည်မှာ၊ သူသည် နတ်ဘုရားစွမ်းရည် အမျိုးအစား လှုပ်ရှားမှုနည်းပညာရပ်ကို လေ့ကျင့်ထားကြောင်း သိသာပါသည်။ မဟုတ်ပါက၊ သူသည် စည်သူဝူဒီ၏လက်မှ တစ္ဆေနတ်ဘုရားကျောက်တုံးကို အလွယ်တကူ လုယူရန် မဖြစ်နိုင်ပေ။
"မင်းက အရည်အချင်းရှိတဲ့လူကို သိချင်တယ်ဆိုမှတော့, ငါက ငါ့ရဲ့ခွန်အားကို မင်းကို ခံစားခွင့်ပေးမယ်" စည်သူဝူဒီသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ ဌာနမှူး ဖြစ်ထိုက်ပါသည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် လူငယ်ကို စိုက်ကြည့်နေစဉ်, သူ၏လေသံက အနှိုင်းမဲ့လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
"ဟမ့်၊ အဘိုးကြီး၊ ဒါဆိုလည်း လှုပ်ရှားလိုက်ပါ" လူငယ်သည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေ၏။
စည်သူဝူဒီ၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် ချက်ချင်း လင်းလက် သွားသည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း ပျံထွက်ပြီး လူငယ်လေးဆီသို့ ပြေးသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းတစ်ခုက သူ၏လက်ဖဝါးမှ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး၊ ကြောက်မက်ဖွယ် လေပြင်းများနှင့်အတူ လူငယ်လေးဆီသို့ အပြင်းအထန် ရိုက်ချလိုက်ပါသည်။
စည်သူဝူဒီ၏ လက်ဖဝါးရိုက်ချက်ကို ထိုလူငယ် မြင်လိုက်ရသောအခါ, သူ၏မျက်နှာတွင် လေးနက်သည့် အရိပ်အယောင် မတွေ့ခဲ့ရဘဲ၊ သူ၏ လှောင်ပြောင်သရော်မှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"အရှိန်ဟုန်က အရမ်းကို နှေးလွန်းတယ်။" လူငယ်လေးသည် တစ္ဆေသရဲကဲ့သို့ စည်သူဝူဒီ ၏ နောက်တွင် အော်ဟစ်ပြီး ပေါ်လာပါသည်။
"ဘုန်း…"လူငယ်၏လက်ဖဝါးက ဓားတစ်လက်အသွင် ပြောင်းလဲပြီး စည်သူဝူဒီ၏ လည်ပင်းကို ချက်ချင်း ပိုင်းဖြတ်လိုက်သည်။
စည်သူဝူဒီသည် သူ၏နောက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။
သို့သော် ထိုအချိန်တွင် လူငယ်ထံမှ ရုတ်တရက် ဆန့်ထွက်လာသော ကန်ချက်က စည်သူဝူဒီ၏ ရင်ဘတ်ကို တိုက်ရိုက် ကန်မိသွားခဲ့သည်။ ထို့နောက် စည်သူဝူဒီသည် အလျားလိုက် လွင့်ပျံသွားကာ၊ အဝေးမှ နတ်တောင်တစ်ခု၏ ကျောက်နံရံကို ပစ်မှန်ပြီး၊ နတ်တောင်၏ မာကျောသော ကျောက်နံရံပေါ်၌ တွင်းနက်ဝကြီးတစ်ခု ဖန်တီးသွားခဲ့ သည်။
"ဟမ့်၊ ကိုယ်ရဲ့ခွန်အားကို ဘယ်လိုတိုင်းတာရမှန်းတောင် မသိဘူး။ ပြီးတော့ ကိုယ့်ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ဘယ်လိုအသုံးချရမှန်းတောင် မသိသေးဘူး။ ဒီစွမ်းရည် နည်းနည်းလေးနဲ့များ ငါကို တိုက်ခိုက်ချင်နေတယ်။" လူငယ်သည် လှောင်ပြောင် ပြောလိုက်ပြီး အဝေးမှ စည်သူဝူဒီကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် လှောင်ပြောင်သရော်မူများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိပေ။
"စီနီယာ.." ချင်ယွင်သည် စည်သူဝူဒီ၏ နံဘေးသို့ အမြန် ပြေးသွားခဲ့သည်။
သို့သော်၊ စည်သူဝူဒီသည် ဒဏ်ရာအပြင်းအထန် ရရှိနေခဲ့ပြီ။ သူ၏နတ်ဘုရားခန္ဓာကိုယ် သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။
အစောပိုင်းက ဤလူငယ် တိုက်ခိုက်ခဲ့စဉ်က အနည်းငယ်မျှ သနားကရုဏာ မပြသခဲ့ပေ။ သူသည် စည်သူဝူဒီ၏ နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်အများစုကို ဖျက်ဆီးပစ်ရန် အထူးနည်းလမ်း အချို့ကို အသုံးပြုခဲ့သည်မှာ ထင်ရှားသည်။ မဟုတ်ပါက စည်သူဝူဒီသည် ထိုတိုက်ခိုက်မှု နှစ်ချက်ကြောင့် မလှုပ်ရှားနိုင်သည့် အနေထားမျိုး ဖြစ်မည် မဟုတ်ပေ။
"ဟမ့်၊ ဒီလိုအမှိုက်တွေကများ။ မင်းတို့ကို သတ်တာက ငါ့လက်ကို ညစ်ပတ်စေရုံပဲ ဖြစ်လိမ့်မယ်။ တိုက်ပွဲမစခင် မင်းတို့ရဲ့ နတ်ဘုရားတန်ခိုးကို ဘယ်လိုအသုံးချရမလဲဆိုတာ အရင်ဆုံး သင်ယူလိုက်ဦး။" လူငယ်က အေးစက်စွာ အော်ပြောလိုက်သည်။
သူပြောပြီးသည်နှင့် လှည့်ထွက်သွားရန် ရည်ရွယ်ထားသော်လည်း, သူ၏မျက်လုံးများက အထင်အမြင်သေးသည့် အကြည့်များဖြင့် ပေါ်လွင်နေသည်။
စည်သူဝူဒီ၏ မျက်နှာသည် သေလုမတတ်ပင် ဖြူဖျော့နေ၏။ တဖက်မှာလည်း ၎င်းသည် သူ၏ဒဏ်ရာများကြောင့် ဖြစ်သည်။ တစ်ဖက်တွင်မူ ထိုလူငယ်၏ စကားကြောင့် သူသည် အလွန်တုန်လှုပ်သွားခဲ့ရသည်။ သူ၏မျက်လုံးတွေ စိတ်ရှုပ်ထွေးသည့် အမူအရာ ပေါ်လာပါသည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်သောအခါတွင် သူ၏မျက်ခုံးများသည် ချက်ချင်းပင် တင်းတင်းကျပ်ကျပ် တွန့်သွားခဲ့ပြီး၊ ပြင်းထန်သော အမျက်ဒေါသက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
"ရပ်လိုက်စမ်း…" ချင်ယွင်သည် လူငယ်လေးအား ရူးသွပ်ဆာလောင်နေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ ကြည့်နေရင်း ခက်ထန်စွာ အော်ပြောလိုက်သည်။
လူငယ်သည် ထွက်ခွာသွားတော့မည့်အခိုက်မှာ ချင်ယွင်၏အော်သံကို ရုတ်တရက် ကြားလိုက်ရပြီး၊ ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သို့သော်, သူသည် ချင်ယွင်၏ ခက်ထန်သော အကြည့်ကို မြင်လိုက်ရသည့်အခါ, သူ၏နှလုံးသားက မတုန်လှုပ်ဘဲ မနေခဲ့ပေ။