← Chapters

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း (၁၁၂၃) လီဂျွန်နှင့်တိုက်ခိုက်ခြင်း။

"ဒီကောင်စုတ်လေးရဲ့အကြည့်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ?။ သူက ငါ့ကို တကယ်ကို ကြောက်လန့်သွားစေတယ်။ ဒါပေမယ့်၊ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ် ကို မသန့်စင်ရသေးတာ ရှင်းရှင်းလင်းလင်း သိသာပါတယ်။ သူ့ရဲ့ ခွန်အားက အခုနက အဘိုးကြီးထက် အများကြီး နိမ့်ကျနေတယ်။ သူ့ကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး။" လီဂျွန်က သူ့ကိုယ်သူ တွေးနေမိသည်။

ထိုအချိန်တွင် ချင်ယွင်၏ အကြည့်များက သူ့ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။ ထိုအချိန်တွင် သူသည် ဆာလောင်နေသော ကြောက်မက်ဖွယ် ဝံပုလွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသလို ခံစားရသည်။

သို့သော် ချင်ယွင်သည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကိုပင် မသန့်စင်ရသေးသည်ကို သူ မြင်လိုက်ရသောအခါ, သူ၏စိတ်ထဲတွင် အထင်မြင်သေးမူက တစ်ဖန် ပေါ်လာပြန်သည်။

နတ်ဘုရားခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော အဘိုးအိုတောင်မှ သူ့အတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။ နတ်ဘုရားခန္ဓာကိုယ်ကို လုံးဝမသန်စင်ရသေးသည့် အဝါရောင်ဆံပင်နှင့် ဒီကောင်စုတ်လေးဆို စကားထဲပင် ထည့်ပြောစရာ မလိုပေ။

"ကောင်စုတ်, အခုနက မင်း ငါ့ကို စကားပြောလိုက်တာလား?။" လီဂျွန်က ချင်ယွင်ကို လှောင်ပြောင်သည်။

သူ၏ရည်ရွယ်ချက်မှာ တစ္ဆေနတ်ဘုရားကျောက်တုံးကို ရှာဖွေပြီးနောက် ခေါင်းလောင်း လေနတ်ဘုရားနန်းတော်ထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ အခု သူ့မှာ တစ္ဆေနတ်ဘုရား ကျောက်တုံးရှိနေသည့်အတွက် စိတ်ကောင်းဝင်နေခဲ့သည်။ ထို့ကြောင့်, သူ၏ရှေ့မှ ဤချာတိတ်ကလေးနှင့် အချိန်ကြာကြာ ဆော့ကစားရန် စိတ်မ၀င်စားတော့ပါဘူး။

"တစ္ဆေနတ်ဘုရားကျောက်တုံးကို လွှဲပေးလိုက်ပါ။ မင်းအသက်ကို ငါ ချမ်းသားပေးနိုင် တယ်" ချင်ယွင်သည် လီဂျွန်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်ပြီး၊ ငြင်းဆန်၍ မရနိုင်သော အမိန့်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

လီဂျွန်သည် သူတို့ ဝီရိယရှိရှိ ရှာဖွေတွေ့ရှိခဲ့သော တစ္ဆေနတ်ဘုရားကျောက်တုံးကို လုယူသွားရုံသာမက၊ စီတူဝူဒီကိုလည်း ဒဏ်ရာရစေခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် သူတို့ကိုပင် အရှက်ခွဲခဲ့သည်။ ဤအရာက ချင်ယွင်ကို အသက်ရူပင် ကြပ်စေခဲ့သည်။

"ငါ့ကို ချမ်းသားပေးမယ် ဟုတ်လား?။ ဟား…. ဟား…၊ မင်း ငါ့ကို သတ်နိုင်မယ် ထင်နေတာလား?။ ငါ မလှုပ်မယှက် မတ်တပ်ရပ်နေရင်တောင် မင်းက ငါ့ကို သတ်နိုင်ခြင်း မရှိမှာ ငါ ကြောက်မိတယ်။ မင်းကများ ငါ့ကို ချမ်းသာပေးမယ်လို့ အသံကျယ်ကျယ်နဲ့ ပြောရဲတယ်။ ဘယ်လိုဟာသမျိုးလဲ?။ ဟား…၊ ဟား…. လီဂျွန်သည် ဟာသကြီးတစ်ခု ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဘေးမှာရပ်နေသည့် စီတူဝူဒီလည်း မတ်တပ် ပြန်ထရပ်လာသည်။ သူက ချင်ယွင်၏ ဝတ်စုံ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး တီးတိုးပြောသည် "မေ့လိုက်ပါ၊ ချင်ယွင်, မင်းက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ တစ္ဆေနတ်ဘုရားကျောက်တုံးက ဆုံးရှုံးသွားရင်, ငါတို့ ပြန်ရှာလို့ ရတယ်။ ဒါပေမယ့် ငါတို့အသက်တွေ ဆုံးရှုံးရမယ်ဆိုရင်တော့, အဲဒါက မတန်ဘူး"

သို့သော်လည်း ချင်ယွင်သည် စည်သူဝူဒီ၏ စကားများကို လျစ်လျူရှုထားပြီး လီဂျွန်ဆီကို ကြည့်သည့် သ်၏အကြည့်များက အေးစက်နေဆဲ ဖြစ်သည်။

“ငါ နောက်တကြိမ် ထပ်မေးမယ်။ မင်း အဲဒီကျောက်တုံးကို လွှဲပေးမှာလား?။ မလွှဲပေးဘူး လား?။” ချင်ယွင်က အေးစက်စွာ မေးလိုက်သည်၊ သူ၏အသံက အကန့်အသတ်မဲ့ ကြီးစိုးနိုင်သော ဂုဏ်သိက္ခာနှင့် ပြည့်နေခဲ့သည်။

"ဟမ့်၊ ငါမလွှဲပေးဘူးကွာ..။ မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" လီဂျွန် က လှောင်ပြောင် ပြောလိုက်ပြီး၊ သူ၏မျက်လုံးထဲတွင် ချင်ယွင်ကို လုံးဝ ထည့်မထားခဲ့ပေ။

သူ၏အမြင်အရဆို၊ နတ်ဘုရားခန္ဓာကိုယ်ကိုတောင် ပိုင်ဆိုင်ထားခြင်းမရှိသည့် နတ်ဘုရား တစ်ပိုင်းတစ်ယောက်ကို တစ်ချက်လှုပ်ရုံဖြင့် အလွယ်တကူ သတ်ပစ်နိုင်ပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် ခုန်ပေါက်နေသည့် နှံကောင် တစ်ကောင်မျှသာ ဖြစ်ပါသည်။

"ဒါဆိုလည်း သေလိုက်တော့။" ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လိုက်စိတ်များ ပေါက်ကြားလာခဲ့ပြီး၊ သူ၏ရုပ်အသွင်သည် ချက်ချင်း ပျံထွက်သွားခဲ့သည်။

သူ၏ခြေထောက်အောက်မှ မြေပြင်က ကွဲအက်သွားသည်။ ချင်ယွင်သည် တောင်ပေါ်မှ ဆင်းလာသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်နှင့်တူပြီး သူ၏ အငွေ့အသက် သည် ကြောက်မက်ဖွယ်ကောင်းသည်။

လီဂျွန်၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ရှေ့မှ ဤကောင်စုတ်လေး သည် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပေါက်ကွဲ ထွက်လာမည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော်၊ ချင်ယွင်၏တိုက်ခိုက်မှုကို တားဆီးရန် သူ၏နတ်တန်ခိုးကို အသုံးပြုစဉ်မှာပင်, ချင်ယွင်၏ ရုပ်သွင်သည် လီဂျွန်ရှေ့တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာပါသည်။

လီဂျွန်၏ ဝမ်းဗိုက်ထဲသို့ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ သူ၏ ခွန်အားသည် ကောင်းကင်နှင့် မြေကြီးကို ဖြိုခွဲနိုင်ပြီး၊ အလွန်မင်း ကြောက်စရာကောင်းသည်။

လီဂျွန်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ သူသည် အလွန့်လွန် နာကျင်ခံစားရ သည့် အမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီဂျွန်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ရှင်းနေသည်မှာ၊ ဤအရာသည် နတ်ဘုရားခန္ဓာကိုယ် လုံးဝ သန့်စင်ရခြင်း မရှိသေးသူ တစ်ဦး၏ ခွန်အားဖြစ်သည်ကို သူ မယုံနိုင်ဖြစ်သည်မှာ ထင်ရှားပါသည်။

"ဟမ့်၊ မင်းက မင်းရဲ့ရန်သူကို အများကြီဂ လျှော့တွက်နေတာပဲ။" ချင်ယွင်က လှောင်ရယ် ရယ်လိုက်ပြီး၊ သူ၏ပါးစပ်ထောင့်မှ မထီမဲ့မြင်ပြုဟန် အရိပ်မြွက် ပေါ်လာပါသည်။

သို့သော် သူ၏လက်ထဲမှ လှုပ်ရှားမှုက ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သူ၏လက်တွေက လျှပ်စီးလက်သလို မြန်ဆန်ပြီး လီဂျွန်၏လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏လက်မောင်းကို လှည့်လိုက်သည်နှင့် အရိုးကွဲအက်သံများ ထွက်ပေါ်လာ သည်။

"အား…." လီဂျွန်က သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်သည် ။

သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်နေပြီ ဖြစ်သော်လည်း၊ အကယ်၍ သူ၏ ခန္ဓာကိုယ် ထိခိုက်ပျက်စီးသွားပါက နာကျင်ရပါသေးသည်။ သို့သော်၊ သူ့နတ်ဘုရား ခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်နှုန်းသည် သာမန်ခန္ဓာကိုယ်များထက် မြန်ဆန်ပါသည်။

ချင်ယွင်သည် လီဂျွန်၏လက်ကို ချိုးလိမ်လိုက်ပြီး မရပ်တန့်သေးပေ။ သူသည် လီဂျွန်၏ ယခင် လှုပ်ရှားမှုများအတိုင်း အတုလိုက်ကာ လီဂျွန်၏ ဝမ်းဗိုက်ကို ကန်ထုတ်ပြီး၊ ပုဇွန်တစ်ကောင်လို လွင့်ပျံသွားစေခဲ့သည်။

"ဘုန်း….။"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လီဂျွန်သည် အဝေးမှ တောင်နံရံကို ပစ်မှန်သွား ပြီး၊ တောင်ကုန်းကို ချက်ချင်းပင် ဖြိုချကာ အပျက်အစီးများအဖြစ် နစ်မြှုပ်သွားခဲ့သည်။

အဝေးမှ စည်သူဝူဒီသည် သူ၏မျက်နှာတွင် အံ့သြနေသည့် အမူအရာ ရှိနေပါသည်။ သူသည် ချင်ယွင်ကို ယခုခွန်အားမျိုးနှင့် ပေါက်ကွဲထွက်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး အဝေးမှ ကျောက်တုံးကြီးတစ်ခု၏ ဖိနှိမ့်ထားခြင်းကို ခံနေရသော လီဂျွန်ကို သူ၏မျက်နှာပေါ်တွင် အေးစက်မှု အရိပ်အယောင် ဖြင့် ကြည့်နေလေသည်။

လီဂျွန်သည် သူ၏ပြိုင်ဘက်ကို အလွန်အမင်း လျှော့တွက်ထားသောကြောင့် အစောပိုင်းက အောင်မြင်မူ ရရှိခဲ့သည်ကို သူ သိပါသည်။ နောက်ပိုင်းတွင် လီဂျွန်သည် စစ်မှန်သော ခွန်အားဖြင့် ပေါက်ကွဲထွက်လာမည်မှာ သေချာပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤအကြိမ်အနည်းငယ်အတွင်းမှာ လီဂျွန်ကို မည်သည့်အရာကိုမဆို လုပ်နိုင်မည်ဟု မျှော်လင့်မထားတော့ပေ။

လီဂျွန်၏ ခန္ဓာကိုယ်ကို ကျောက်တုံးများဖြင့် ဖိထားပါသည်။ သူ၏ဆံပင်တွေ ရှုပ်ပွနေပြီး သူ၏ပါးစပ်ထောင့်မှာ သွေးစွန်းရာများ စီးကျနေသည်။ သူ၏မျက်လုံးများက အေးစက်ပြီး ညှို့မှိုင်းနေသည်။

"ခွင့်မလွှတ်နိုင်ဘူး၊ ငါ မင်းကို သေစေချင်တယ်။" လီဂျွန်သည် အရူးအမူး ဟိန်းဟောက်ရင်း သူ၏မျက်လုံးများက ချင်ယွင်ကို အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု လွင့်ပျံလာပုံရပြီး၊ ပြင်းထန်သော နတ်ဘုရားတန်ခိုးက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျောက်တုံးများ အားလုံး ကြေမွသွားကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

လီဂျွန်သည် မြေပြင်မှ မတ်တပ်ထရပ်ကာ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးကိုပင် စိမ့်ဝင်နေသည့် ပြင်းထန်သော အငွေ့အသက်နှင့်အတူ နတ်ဘုရား အလင်းတန်းများဖြင့် တောက်ပနေသည်။

"ဒါက နတ်ဘုရားခန္ဓာကိုယ်ရဲ့ တန်ခိုးလား?။" ချင်ယွင်သည် လီဂျွန်၏ နတ်ဘုရား ခန္ဓာကိုယ်ပေါ် ပျံ့နှံ့လင်းလက်နေသော အလင်းတန်းကို ကြည့်၍ အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

နတ်ဘုရားများကြား ခြားနားချက်မှာ နတ်ဘုရားခန္ဓာကိုယ်များသည် အလွန်မင်း အစွမ်းထက်သော ပြန်လည်ကုစားနိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ သာမန်တိုက်ခိုက်မှုတွေက သူ့ကို ဒုက္ခမပေးနိုင်ပါဘူး။ နတ်ဘုရားတန်ခိုးများ ထည့်သွင်းထားသော နတ်ဘုရားစွမ်းရည်များကသာ နတ်ဘုရားခန္ဓာကိုယ်များကို ဖျက်ဆီးနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူများသည် သူတို့၏နတ်ဘုရား ခန္ဓာကိုယ်ကို ပို၍သန့်စင်နိုင်လေလေ, နတ်ဘုရားခန္ဓာကိုယ်များကို မသန့်စင်ရသေးသော နတ်ဘုရားတစ်ပိုင်းများနှင့် နှိုင်းယှဥ်လျှင် ပို၍ အားကောင်းလေလေ ဖြစ်သည်။

"အယုတ်တမာကောင်..၊ မင်းက ငါ့ကို ဒီအနေထားထိ တွန်းပို့နိုင်ခဲ့တာက မင်းအတွက် ဂုဏ်ယူစရာပဲ။ ဒီနေ့ နတ်ဘုရားခန္ဓာကိုယ်ရဲ့ စစ်မှန်တဲ့ စွမ်းအားက ဘာလဲဆိုတာ မင်းကို ငါပြောပြမယ်။" လီဂျွန်သည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏မျက်လုံးများတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

အစွမ်းထက်သော နတ်ဘုရားတန်ခိုးသည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ပေါ်တွင် တဟုန်ထိုး ပျံ့လွင့်နေသည်။ ရွှေရောင် နတ်ဘုရားအလင်းသည် ရွှေရောင် ဒီရေလှိုင်းကဲ့သို့ ဖြစ်နေပြီး၊ ပြိုင်ဘက်ကင်းခံစားချက်မျိုးကို ပေးနေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ အမူအရာက လေးနက်လာသော်လည်း၊ သူ၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ အဲဒီတော့ ဘာဖြစ်လဲကွာ..၊ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ငါ ဖောက်ခွဲပစ် နိုင်သေးတယ်။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ပြင်းထန်သော အဖျက်စွမ်းအင် ဖရိုဖရဲ နတ်ဘုရားတန်ခိုးက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွား သည်။ ၎င်းသည် ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ကို အနက်ရောင် ဝတ်ရုံဖြင့် ဖုံးအုပ်ထားပုံရသည်။

လီဂျွန်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် နတ်ဘုရားတန်ခိုးများ ပျံ့လွင့်လာ သည်ကို တွေ့လိုက်ရသောအခါတွင် သူ၏မျက်လုံးများသည် နိုးကြားသတိထားသည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော် ဤသတိထားမှုသည် လျင်မြန်စွာပင် အထင်အမြင်သေးမှု အဖြစ်သို့ ပြောင်းလဲသွားသည်။

"သေလိုက်တော့…" လီဂျွန်က ဟစ်​အော်​ပြီး ချင်​ယွင်​ဆီသို့ ​ပြေးသွားခဲ့သည်​။ သူ၏ အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင် အလင်းတန်းတစ်ခုလိုပင်။

ချင်ယွင်သည် သူ့ဘက်သို့ ပစ်ဝင်လာသော လီဂျွန်ကိုကြည့်ရင်း၊ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိခဲ့ပေ။ အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်း ပျံထွက်သွားပြီး လီဂျွန်နှင့် အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ယောက် ချက်ခြင်းပင် အပြင်းအထန် တိုက်ခိုက်ကြသည်။ သူတို့၏ လက်သီးများ သည် အချင်းချင်း ထိတွေ့ကြပြီး ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူတို့၏ခြေအောက်ရှိ မြေပြင်သည် တစ်လက်မချင်းအနေထားဖြင့် အက်ကွဲသွားကာ၊၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး၏ အငွေ့အသက်က ကမ္ဘာကြီးကို ဖြတ်သန်းသွားသည့် မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။

All Chapters