အခန်း ၁၁၂၄
Vol. 75 Ch. 1124
အခန်း (၁၁၂၄) ဝိညာဉ်ကိုးပါးခွဲထုတ်ခြင်းကြာပွတ်။ (ဝိညာဉ်ကိုးပါးအကြောင်းကို ရှေ့မှာ ဗဟုသုတအဖြစ် ရေးပြခဲ့ပြီးဖြစ်သည်။)
ချင်ယွင်နှင့် လီဂျွန်တို့သည် သူတို့၏ နတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်း အပြင်းအထန် ရိုက်ခတ်မူကြောင့် ချက်ချင်း နောက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့နှစ်ယောက်က မရပ်တန့်ခင် ပေရာပေါင်းများစွာအထိ လျှောတိုက်ဆုတ်သွားခဲ့သည်။
ဝှီး….။
ချင်ယွင်သည် ရပ်တန့်သွားသည်နှင့်တပြိုက်နက်, သူသည် ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
သူ၏လက်ထဲမှ အနက်ရောင် ဖျက်ဆီးခြင်းနတ်ဘုရားတန်ခိုး စွမ်းအားက လီဂျွန်ဆီကို အကန့်အသတ်မဲ့ အဖျက်စွမ်းအားနှင့်အတူ ခုတ်ပိုင်းလိုက်ရင်း ပြင်းထန်စွာ တုန်လှုပ်သွား ခဲ့သည်။
လီဂျွန်၏ အကြည့်များသည် လျှပ်စီးလက်သလို ပြင်းထန်လွန်းသည်။ နတ်ဘုရား အလင်းသည် သူ၏နတ်ဘုရားခန္ဓာကိုယ်မှ တဟုန်ထိုး ပျံထွက်သွားပြီး၊ သူ၏ရွှေရောင် နတ်ဘုရားတန်ခိုးသည် ချင်ယွင်၏ အနက်ရောင် ဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုးမှ ဖန်တီးထားသော ဆေဘာအလင်းနှင့် အညှာအတာမဲ့စွာ တိုက်မိသွားကြသည်။
"ဘုန်း…..။"
နတ်ဘုရားတန်ခိုးနှစ်ခု၏ အပြင်းအထန် တိုက်မိမှုကြောင့် လေဟာနယ်တစ်ခုလုံး ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားကမ္ဘာသည် အမှန်တကယ်ပင် နတ်ဘုရားကမ္ဘာဟု ခေါ်ဆိုထိုက်ပါသည်။ အင်မော်တယ်ကမ္ဘာ၏ လေဟာနယ်သည် အင်မော်တယ်ကမ္ဘာထက် နှစ်ဆပေါင်း မည်မျှ ပို၍ အားကောင်းသည်ကို မသိနိုင်ပါ။ အကယ်၍ ဤနေရာသည် အင်မော်တယ်ကမ္ဘာ အဖြစ်သို့ ပြောင်းလဲထားမည်ဆိုပါက၊ ထိုကဲ့သို့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ကြီးမားလှသော လေဟာနယ် ဧရိယာသည် အတိုင်းအတာတစ်ခုအထိ ပြိုလဲသွားမည် ဖြစ်သည်။ သို့သော်၊ နတ်ဘုရားကမ္ဘာမှာတော့ လေဟာနယ်ကို လှိုင်းထအောင်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။ နတ်ဘုရားကမ္ဘာ၏ လေဟာနယ်သည် မည်မျှ တည်ငြိမ်နေမည်ကို တွေးကြည့်နိုင်ပါသည်။
ချင်ယွင်နှင့် လီဂျွန်တို့သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင် မုန်တိုင်းကို ဖြတ်ကျော်ကာ အချင်းချင်း အပြင်းအထန် တိုက်ခိုက်ကြပြန်သည်။
သူတို့နှစ်ဦးသည် အကြိမ်ပေါင်း ရာနှင့်ချီ၍ တိုက်ရိုက်ပင် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲက လုံးဝ လက်ရည်တူဖြစ်နေခဲ့ပြီး၊ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအားက နှိုင်းယှဉ်၍ မရအောင်ပင် ကြီးမားလှသည်။
ဤမြင်ကွင်းကို အဝေးမှ လှည့်ကြည့်ရင်း၊ စီတူဝူဒီ၏ မျက်လုံးများသည် ထိတ်လန့်မူအပြည့် ဖြစ်နေသည်။
ချင်ယွင်၏ စွမ်းအားသည် အပေါ်ယံမျက်နှာပြင်ပေါ်တွင် ပေါ်နေသလောက် ရိုးရှင်းမည် မဟုတ်ဟု သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။၊ သို့သော် သူသည် ဤမျှလောက် အစွမ်းထက် မည်ဟု မည့်သည့်အခါမှ မမျှော်လင့်ထားပေ။ သူသည် အမှန်တကယ်ပင် နတ်ဘုရား ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီးသော နတ်ဘုရားတစ်ပိုင်းနှင့်ပင် တန်းတူ ရပ်တည်နေပါသည်။
ဤအရာက သူ၏နှလုံးသားတွင် ပျော်ရွှင်မိသလို ခါးသီးမူကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
"ကောင်းကင်ရေလှိုင်း အင်ပါရီယန်နတ်ဘုရားလက်ဝါး" သို့သော် ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် အဝေးမှာ တိုက်ခိုက်နေသော လီဂျွန်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်မှ သေစေလောက်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
လီဂျွန်၏ လက်ဖဝါးတွင် ရွှေရောင်နတ်တန်ခိုးများ စုစည်းလာကာ၊ ၎င်းသည် အလွန့်လွန် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။ ထိုအလင်းရောင် အပေါ်မှ အငွေ့အသက်သည် ချင်ယွင်ကို ရုတ်တရက် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားရစေ သည်။
"လက်ဖဝါး ပညာရပ်လား?" ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
"ငရဲကို သွားလိုက်တော့.." လီဂျွန်က ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏လက်ဖဝါး ပေါ်ရှိ အလင်းရောင်သည် ပို၍ပင် စူးရှလာကာ လက်ဖဝါးပေါ်ရှိ စွမ်းအင်အတက်အကျ လှိုင်းများသည် ပို၍ ကြောက်စရာကောင်းလာသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ၏ခြေချောင်းတွေကို မြေပြင်ပေါ် ထောက်ပြီး နောက်ပြန် ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နှင့် မြေကြီးဖြစ်စဉ်လက်သီးကို တခဏအတွင်း အသုံးပြုခဲ့သည်။
ကြီးမားသော လက်သီးကြီးသည် လီဂျွန်၏ လက်ဖဝါးနှင့် အပြင်းအထန် ထိမိသွားခဲ့သည်။
"ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ပတ်ဝန်းကျင် မြေပြင်သည် ချက်ချင်း ကွဲအက်သွားပြီး ပင့်ကူမျှင်များကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့သွားခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် အဝေးသို့ လွင့်ထွက်ကာ တဆတ်ဆတ် တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ, ပေခုနစ်ထောင် အကွာအထိပင် လွင့်ပျံသွား ကာ သူ၏ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာသည်။
ချင်ယွင်က သူ၏ရင်ဘတ်ကို အုပ်လိုက်ပြီး သူ၏မျက်နှာက ဖြူဖျော့သွားပါသည်။ သူ၏ မျက်လုံးများကလည်း လေးနက်သော အမူအရာကို ပေါ်လွင်စေသည်။
အစောပိုင်းက သူသည် လီဂျွန်၏ လက်ဖဝါးရိုက်ချက်ကို တားဆီးခဲ့သော်လည်း လီဂျွန်၏ လက်ဖဝါးရိုက်ချက်တွင် ပါရှိသော နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
နတ်ဘုရားတန်ခိုးဖြင့် ကောင်းချီးပေးထားသော နတ်ဘုရားခန္ဓာကိုယ်များသည် နတ်ဘုရား ခန္ဓာကိုယ်အပေါ်အတွင် ပြင်းထန်သော အဖျက်စွမ်းအား သက်ရောက်မူရှိသောကြောင့် ချင်ယွင်၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရနေသေးသည်။
အကယ်၍ နတ်ဘုရားခန္ဓာကိုယ်များကို မသန့်စင်ရသေးသည့် သာမန် နတ်ဘုရားတစ်ပိုင်း များသာဆိုပါက, ဤလက်ဖဝါး ရိုက်ချက်ကြောင့် ၎င်းတို့သည် မြေပြင်ပေါ်တွင် လဲလျောင်း နေရပြီး၊ လုံးဝ မလှုပ်ရှားနိုင်လောက်ပေ။
လီဂျွန်သည်လည်း ချင်ယွင်၏ ထိုးနှက်ချက်ကြောင့် နောက်ပြန် ဆုတ်သွားခဲ့ရသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်နေသည်။
ဤလက်ဖဝါးရိုက်ချက်ဖြင့်ဆို, နတ်ဘုရားခန္ဓာကိုယ်၏ ၅၀ ရာခိုင်နှုန်းကို သန့်စင်ပြီးသော လူများသည်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ နတ်ဘုရားခန္ဓာကိုယ်ကို လုံးဝ မသန့်စင်ရ သေးသည့် သူ၏ရှေ့မှ ဤလူငယ်သည် သူ၏ လက်ဖဝါးကို ခံနိုင်ရည်ရှိနေခဲ့သည်။ ဤအရာက သူ့ကို မယုံကြည်နိုင်မူကို ခံစားရစေသည်။
'"ကြည့်ရတာ, မင်းရဲ့အစွမ်းက ထင်သလောက် ရိုးရှင်းပုံမရဘူး။ တကယ်လို့, ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်နေရင် မင်းရဲ့အစွမ်းက နတ်ဘုရားခန္ဓာကိုယ်ကို ၇၅ ရာခိုင်နှုန်း လောက် သန့်စင်ပြီးတဲ့ နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူများနဲ့ အတူတူ ဖြစ်သင့်တယ်။ အရင်က မင်းကို ငါ တကယ်ပဲ လျှော့တွက်ခဲ့မိတယ်။" လီဂျွန်သည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကလည်း သူ၏မျက်လုံးထဲ တွင် ပေါ်လာသည်။
မနာလိုမူ…..။
မှန်ပါသည်။ ယခုအချိန်တွင် လီဂျွန်သည် သူ၏နှလုံးသားထဲမှာ ပြင်းထန်သည့် မနာလိုစိတ်ကို ခံစားလိုက်ရပါသည်။
နတ်ဘုရားခန္ဓာကိုယ် မသန့်စင်ရသေးသည့် လူတစ်ယောက်သည် နတ်ဘုရားခန္ဓာကိုယ်ကို ၇၀ ရာခိုင်နှုန်း သန့်စင်ပြီးသော နတ်ဘုရားတစ်ပိုင်းများထွက် ပို၍သန်မာသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်လျှင် သူ၏နတ်ဘုရားခန္ဓာကိုယ် သန့်စင်ပြီးနောက် သူသည် မည်မျှ အစွမ်းထက်လာမည်နည်း?။
"မဟုတ်ဘူး၊ ဒီလူ သေကိုသေရမယ်။" လီဂျွန်က သူ့ကိုယ်သူ ပြတ်သားစွာ ပြောလိုက် သည်။
နတ်ဘုရားကမ္ဘာမှာ ပါရမီရှင်တွေ အများကြီးရှိသော်လည်း၊ သူသည် အခြားပါရမီရှင်များကို ရင်ဆိုင်မတွေ့ခဲ့ရပါဘူး။ သူသည် ထိုလူများကို လျစ်လျူရှုရုံသာ တတ်နိုင်ပါသည်။ သူ၏ရှေ့မှ ဤလူငယ်ကို သူတွေ့လိုက်ရသည့်အခါ, သူ၏ကြီးထွားမှုကို သဘာဝအတိုင်း သည်းမခံနိုင်ပါဘူး။ ထို့အပြင် သူသည် ဤလူနှင့် ရန်ငြိုးဖွဲ့ခဲ့ပြီး ဖြစ်သည်။ အကယ်၍, အခုချိန် မသတ်ဘူးဆိုလျှင်, နောင်တချိန်မှာ သူ အသတ်ခံရနိုင်သည်။
ထို့ကြောင့် လီဂျွန်သည် သူ၏ယခင်ဆော့စကားလိုသည့် စိတ်ကို ဘေးဖယ်ထားလိုက်ပြီး၊ လုံးဝကို လေးနက်လာတော့သည်။
ချင်ယွင်သည် လီဂျွန်၏ မျက်လုံးများမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်လိုက်ရပြီး လီဂျွန်၏အတွေးများကို သိလိုက်ပုံရသည်။ အေးစက်သော အပြုံးက သူ၏ မျက်နှာပေါ်တွင် မထိန်းနိုင်ဘဲ ပေါ်လွင်လာခဲ့သည်။
"မင်းက ငါ့ကို သတ်ချင်နေမှတော့, ငါကလည်း ဒီနေ့ မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အလွန်မင်း စူးရှလာကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လီဂျွန်၏ ခမ်းနား ထည်ဝါသော အငွေ့အသက်များနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
ချက်ခြင်းပင်၊ ပြင်းထန်သော မုန်တိုင်းတစ်ခုသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော် ဝင်ရောက် ခဲ့ပြီး၊ သဲများလွင့်ပျံသွားကာ ကျောက်တုံဂများလည်း လွင့်စင်သွားခဲ့သည်။
စည်သူဝူဒီသည် သူသည် အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုထဲသို့ ထိုးကျသွားသလို ခံစားရ သည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားမူနှင့်အတူ ခပ်လှမ်းလှမ်းမှ လူနှစ်ယောက်ကို ကြည့်လိုက်ပါသည်။ သူ၏ရှေ့ရှိ ဤလူနှစ်ယောက်ထံမှ ထွက်ပေါ်လာ သော သတ်ဖြတ်လိုသည့်ဆန္ဒက သူ့ကို ကြောက်စရာကောင်းသည့် ခံစားချက်ကို ဖြစ်ပေါ် စေသည်။ သူတို့နှစ်ယောက်ကြားမှ နောက်ထပ် တိုက်ပွဲက မည်သို့ဖြစ်လာမည်ကို တွေးကြည့်ရန်ပင် သူ့အတွက် တကယ်ကို ခက်ခဲလွန်းသည်။
"တိုက်စမ်း၊ မင်းရဲ့စစ်မှန်တဲ့ စွမ်းအားကို ထုတ်ပြလိုက်ပါ။ မဟုတ်ရင် မင်း စိတ်ဆင်းရဲစွာ သေရလိမ့်မယ်။" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။
ဓားကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ကြီးမားသော ဓားဆန္ဒက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။ ချင်ယွင်၏ အနီးအနားရှိ ကျောက်တုံးများ အားလုံးသည် သူ၏ခန္ဓာကိုယ် မှ ထွက်ပေါ်လာသော ဓားဆန္ဒကြောင့် ကွဲကြေသွားကြသည် ။
"ဟမ့်၊ မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့။" လီဂျွန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ဟစ်အော်လိုက်သည်။ ရွှေရောင်အလင်းတန်းက သူ၏နတ်ဘုရားခန္ဓာကိုယ် ပေါ်မှာ ဖျတ်ခနဲ လင်းလက်သွားပြီး၊ ကွင်းဆက်ကိုးခုပါကြာပွတ်တစ်ချောင်းက သူ၏ လက်ထဲတွင် ပေါ်လာပါသည်။
ရှည်လျားသော လှံကွင်းဆက်ကိုးခုပါ ကြာပွတ်သည် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများဖြင့် တဖျပ်ဖျပ် ခတ်နေပါ သည်။ ၎င်းတို့တွင်ပါရှိသော အငွေ့အသက်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ဖြစ်ပြီး ဦးရေပြားကိုပင် ထုံကျင်စေသည်။
"ကွင်းဆက်ကိုးခုပါကြာပွတ်လား..?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
ဤလက်နက်မျိုးသည် လေ့ကျင့်ရန် အလွန်ခက်ခဲသောကြောင့် အသုံးနည်းပါသည်။ သေချာသည်မှာ, အကယ်၍, တစ်စုံတစ်ယောက်သည် ထိုလက်နက်ကို ကောင်းကောင်း လေ့ကျင့်နိုင်သည်ဆိုလျှင်, သူ၏အစွမ်းကလည်း ကြောက်စရာ ကောင်းနေပါလိမ့်မည်။
ကွင်းဆက်ကိုးခုပါကြာပွတ်၏ စွမ်းအားသည် အဆတိုး မြင့်တက်လာနိုင်ပြီး တိုက်ခိုက်စဉ် ကထက် ကိုးဆ ပိုမိုပြင်းထန်ပါသည်။
"ဟမ့်၊ ဒီနေ့ ငါ့ရဲ့ ဝိညာဉ်ကိုးပါးခွဲထုတ်ခြင်းကြာပွတ်ရဲ့ စွမ်းအားကို မင်းကို မြည်းစမ်းခွင့် ပေးမယ်။" လီဂျွန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ကွင်းဆက် ကိုးခုပါကြာပွတ်ကို ချက်ခြင်း လှုပ်ယမ်းလိုက်သည်။ ၎င်းသည် ပေထောင်ပေါင်းများစွာ သော အကွာအဝေးမှပင် ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။
ချင်ယွင်၏ အမူအရာသည် အလျင်စလို ပြောင်းလဲသွားပြီး၊ နောက်ကွယ်တွင် ပုံရိပ်ယောင်များအဖြစ် ထင်ကျန်ရစ်ကာ ရှောင်ထွက်သွားခဲ့သည်။
"ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ကွင်းဆက်ကိုးခုပါကြာပွတ်သည် ချင်ယွင်၏ နောက်ဘက်ရှိ တောင်ပုလေးတစ်ခုပေါ်သို့ တိုက်ရိုက် ကျရောက်သွားကာ၊ ပေတစ်ရာ ကျော်မြင့်သော ထိုတောင်ပုလေးသည် တိုက်ရိုက် ပေါက်ကွဲပြီး ကောင်းကင်တစ်ခုလုံး အစိပ်စိပ်မွှာမွှာ ပြန့်ကြဲသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။
ကွင်းဆက်ကိုးခုပါကြာပွတ်၏ စွမ်းအားသည် သေးငယ်မည် မဟုတ်ကြောင်း သူ ကြာမြင့်စွာကတည်းက မှန်းဆခဲ့သော်လည်း ၎င်းသည် ဤမျှ အစွမ်းထက်မည်ဟု မထင်ခဲ့ပေ။
နတ်ဘုရားကမ္ဘာရှိ တောင်တန်းကျောက်တုံးများ၏ မာကျောမှုသည် အင်မော်တယ်ကမ္ဘာ ထက် များစွာသာလွန်ပါသည်။ ချင်ယွင်သည်ပင် ခွန်အားအပြည့်ဖြင့် ဤတောင်ငယ်လေး ကို မပေါက်ခွဲနိုင်ပေ။ လီဂျွန်၏ ကွင်းဆက်ကိုးခုပါကြာပွတ်သည် မည်မျှ အစွမ်းထက် မည်ကို တွေးကြည့်နိုင်သည်။
"ဟမ့်၊ မင်းက အတွေးလွန်နေသေးတာပဲ။ မင်း ရှောင်နိုင်မယ်လို့ ထင်နေလား?"
ထိုအချိန်တွင် လီဂျွန်၏ အေးစက်စက် ရယ်မောသံက အဝေးမှ ထွက်ပေါ်လာသည်။ နတ်ဘုရားတန်ခိုး ပါရှိသော ကွင်းဆက်ကိုးခုပါကြာပွတ်သည် ချင်ယွင်ဆီသို့ တဖန်ပြန်၍ ရိုက်နှက်လာပြန်သည်။ ၎င်း၏ အရှိန်ဟုန်သည် အလွန်လျင်မြန်လွန်းသဖြင့် လေထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ် တိုက်ရိုက် ပြောင်းလဲကာ ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။